6 အကြောင်းမူကား ဘုရားသခင်သည် လူအသီးသီးရို့အား မိမိရို့ ကျင့်သည့်အတိုင်း အကျိုးအပြစ်ကို ပီးတော်မူလိမ့်မည်။ 7 ကောင်းသောအကျင့်ကို အမြဲကျင့်လျက် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်တော်ကိုလည်းကောင်း၊ ဖေါက်ပြန် ပျက်စီးခြင်းမဟိသောအသက်ကိုလည်းကောင်း ရှာသော သူရို့အား ဘုရားသခင်က ထာဝရအသက်ကို ပီးတော်မူလိမ့်မည်။ 8 သို့ရာတွင် တစ်ကိုယ်ကောင်းဆန်၍ မတရားသောအမှုကို ပြုခြင်းငှာ သမ္မာတရားကို ငြင်းပယ်သောသူရို့အား ဘုရားသခင်က မိမိ၏အမျက်ဒေါသကို သွန်းလောင်းတော်မူလိမ့်မည်။ 9 ပထမဆုံး ယုဒလူ၊ ထို့နောက် တခြားလူမျိုးမှစ၍ ဆိုးယုတ်သောအကျင့်ကို ကျင့်သမျှသော သူရို့သည် ဆင်းရဲဒုက္ခဝေဒနာကို ခံစားကြရလိမ့်မည်။ 10 သို့ရာတွင် ပထမဆုံး ယုဒလူ၊ ထို့နောက် တခြားလူမျိုးမှစ၍ ကောင်းသော အကျင့်ကို ကျင့်သမျှသော သူတိအား ဘုရားသခင်က ဘုန်းတန်ခိုး ဂုဏ်အသရေနှင့် ငြိမ်သက်ခြင်းကို ပီးတော်မူလိမ့်မည်။ 11 အကြောင်းမူကား ဘုရားသခင်သည် လူတိုင်းကို တန်းတူထား၍ တရားစီရင်တော်မူ၏။