ဘုရားသခင်နှင့်အတူ ဖြောင့်မတ်ခြင်း
1 အဂုတွင် ငါရို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခံရပြီးလျှင် ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့်အတူ ငြိမ်းသက်ခြင်းကို ရဟိကြ၏။၅.၁ ရဟိကြ၏၊ တချို့သော လက်ရီးမူကျမ်းများ၌ ငါရို့ ရဟိကြစို့။ 2 ငါရို့သည် အဂု အသက်ရှင်လျက်ဟိသော ဘဝ၌ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ခံစားရသောအခွင့်ကို ထိုအသျှင်အားဖြင့် ရဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မျှော်လင့်ခြင်း၌ ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။၅.၂ ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏၊ သို့မဟုတ် ငါရို့သည်လည်း ဝင့်ကြွား နိန်ကတ်ပါ။