3 ထိုမျှမက ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ဖြစ်စီတတ်၏ဟု သိသောကြောင့် ဒုက္ခဆင်းရဲခြင်း၌လည်း ငါရို့သည် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။၅.၃ ငါရို့သည် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏၊ သို့မဟုတ် ငါရို့သည်လည်း ဝင့်ကြွား ကြစို့။ အကြောင်းမူကား 4 သည်းခံခြင်းသည် ဘုရားသခင်၏ သက်သီကို ဖြစ်စီတတ်၏။ ကိုယ်တော်၏သက်သီသည် မျှော်လင့်ခြင်းကို ဖြစ်စီတတ်၏။ 5 ဤမျှော်လင့်ခြင်းသည် ငါရို့ကို အရှက်ရစီမည် မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် မိမိ၏မေတ္တာကို ငါရို့ စိတ်နှလုံးထဲသို့ သွန်းလောင်းပီးထားသောကြောင့် ဖြစ်၏။ ထိုသန့်ယှင်းသော ဝိညာဉ်တော်သည်ကား ငါရို့အတွက် ဘုရားသခင်၏ လက်ဆောင်ဖြစ်ပေ၏။