7 သူတော်ကောင်းတစ်ယောက်အတွက် အသီခံပီးဝံ့သူ ဟိကောင်းဟိလိမ့်မည်။ ဖြောင့်မတ်သောသူ တစ်ယောက်အတွက် အသီခံပီးမည့်သူ ဟိခဲ၏။ 8 သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။