4 ၆.၄ ကော ၂.၁၂ထို့ကြောင့် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံကို ခံယူထားကြသည်ဖြစ်၍ ထိုအသျှင်နှင့် အတူ သင်္ဂြိုဟ်ခြင်းကို ခံထားပြီးဖြစ်ကြ၏။ သို့ဖြစ်၍ ခရစ်တော်သည် အဖ၏ဘုန်းတန်ခိုးတော်ဖြင့် သီခြင်းမှ ထမြောက်လာသကဲ့သို့၊ ငါရို့သည်လည်း အသစ်သော အသက်တာတစ်ခုဖြင့် ရှင်သန်ရကြ၏။
5 ငါရို့သည် ထိုအသျှင်၏အသီခံခြင်း၌ ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိခသကဲ့သို့ ထိုအသျှင်သည် သီခြင်းမှ ထမြောက်သောအခါ၌လည်း ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိကြရလိမ့်မည်။