5 ငါရို့သည် ထိုအသျှင်၏အသီခံခြင်း၌ ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိခသကဲ့သို့ ထိုအသျှင်သည် သီခြင်းမှ ထမြောက်သောအခါ၌လည်း ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိကြရလိမ့်မည်။ 6 ထို့ပြင် ငါရို့သည် အပြစ်၏ကျွန် မဖြစ်လိုသောကြောင့် ငါရို့၏ခန္ဓာဟောင်းကို ဖျက်ဆီးခြင်းငှာ လက်ဝါးကပ်တိုင်မှာ ခရစ်တော်နှင့်အတူ အသီခံထားကြပြီဟု သိကြ၏။ 7 အကြောင်းမူကား သီလားပြီးသောသူမည်သည်ကား အပြစ်တရား၏လက်မှ လွတ်လေပြီ။