15 ၇.၁၅ ဂလာ ၅.၁၇အကြောင်းမူကား၊ ငါသည် ကျင့်ချင်သော အကျင့်ကို မကျင့်၊ မကျင့်ချင်သော အကျင့်တိကို ကျင့်နိန်ရသောကြောင့် ငါပြုသောအမှုကို ငါသည်ပင် နားမလည်နိုင်။ 16 ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်နိန်ရသည်မှန်လျှင် ပညတ်တရား ကောင်းမြတ်ကြောင်းကို ငါ ဝန်ခံခြင်း ဖြစ်၏။ 17 ထို့ကြောင့် အမှန်အားဖြင့် ငါ မကျင့်ချင်သောအကျင့်ကို ငါ ကိုယ်တိုင် ကျင့်နိန်သည် မဟုတ်။ ငါ့အထဲ၌ ဟိနိန်သော အပြစ်တရားက ကျင့်နိန်ခြင်းဖြစ်၏။
Publicidade