24 ငါသည် အလွန် သောကရောက်နိန်သော လူတစ်ယောက် ဖြစ်နိန်ပါသည်တကား။ သီခြင်းတရားသို့ ပို့ဆောင်နိန်သော ဤခန္ဓာမှ ဇာသူသည် ငါ့ကို ကယ်တင်ပါမည်နည်း။ 25 ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ကယ်တင်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
ထိုသို့ ငါသည် မိမိ၏စိတ်နှလုံးအားဖြင့် ဘုရားသခင်၏ ပညတ်တရားအလိုသို့ လည်းကောင်း၊ လူ့ဇာတိသဘောအားဖြင့် အပြစ်တရား၏အလိုသို့လည်းကောင်း လိုက်တတ်၏။