4 ထို့ကြောင့် ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည်လည်း ဘုရားသခင်အတွက် အသီးကို သီးစီရန် သီခြင်းမှ ထမြောက်တော်မူသော အခြားသောသူတည်းဟူသော ကိုယ်တော်နှင့် သက်ဆိုင်စီခြင်းငှာ ပညတ်တရား၏အလိုအတွက် ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် အသီခံထားပြီးခယာ။ 5 အကြောင်းမူကား ငါရို့သည် လူ့ဇာတိသဘောဖြင့် အသက်ရှင်ခစဉ် ပညတ်တရားအားဖြင့် ပြင်းပြသည့် အပြစ်ပြုလိုသောစိတ်သည် ငါရို့၏ကိုယ်ခန္ဓာထဲ၌ သီခြင်းတရားအတွက် အသီးကို သီးစီရန်ဖြစ်၏။ 6 သို့သော်လည်း ယခင်က ငါရို့ကို ချုပ်နှောင်ထားသော ပညတ်တရားလက်၌ ငါရို့သည် အသီခံထားပြီးဖြစ်၍ အဂုမူကား ထိုပညတ်တရားမှ လွတ်မြောက်လျက်ဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ကျမ်းစာ၌ ရီးထားသော ပညတ်ဟောင်းအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ နည်းလမ်းသစ်အတိုင်း လုပ်ဆောင်လျက်ဟိကြ၏။