20 အကြောင်းမူကား ဖန်ဆင်းခံလောကသည် ပျက်ဆီးခြင်းတရား၌ သူ့သဘောနှင့်သူ တည်ဟိနိန်သည် မဟုတ်၊ ဘုရားသခင်၏ အလိုတော်အားဖြင့်သာ တည်ဟိနိန်ရ၏။ သို့ရာတွင် မျှော်လင့်စရာအကြောင်းကား ဟိနိန်၏။ 21 အကြောင်းမှာ ဖန်ဆင်းခံလောက ကိုယ်တိုင် ပျက်စီးခြင်း၏ကျွန်အဖြစ်မှ လွတ်မြောက်၍ ဘုရားသခင်သားသမီးရို့၏ ဘုန်းတန်ခိုးတော်နှင့် လွတ်မြောက်ခြင်းချမ်းသာထဲသို့ ဝင်စားရမည်ဖြစ်သောကြောင့် ဖြစ်၏။ 22 ဖန်ဆင်းခံအားလုံးသည် အဂုအချိန်ထိတိုင်အောင် အချေမွီးဖွားခြင်းကဲ့သို့ နာကျင်ခြင်းဝေဒနာကို ခံစားလျက် ညည်းတွားနိန်ကြသည်ကို ငါရို့ သိကြ၏။
Publicidade