6 ဇာတိပကတိသဘောသည် သီခြင်းတရားဖြစ်၏။ ဝိညာဉ်တော်၏အလိုကား အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းဖြစ်၏။ 7 မိမိရို့၏ဇာတိပကတိစိတ်ဖြင့် အသက်ရှင်သောသူရို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာကြ၏။ အကြောင်းမူကား သူရို့သည် ဘုရားသခင်၏ပညတ်တော်အတိုင်း မလိုက်လျှောက်ကြ။ လိုက်လျှောက်ရန်လည်း မတတ်နိုင်ကြပေ။ 8 ဇာတိပကတိနောက်သို့ လိုက်သောသူရို့သည် ဘုရားသခင်၏စိတ်တော်နှင့် မတွိ့နိုင်။