9 ငါရို့သည် လျှာဖြင့် ငါရို့၏သခင်ဘုရားနှင့် ခမည်းတော်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူတိကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။ 10 နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတိ ထွက်တတ်ပါ၏တကား။ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည်ကား ဤသို့ မဖြစ်စီကတ်ကေ့။ 11 ရီမျက်တွင်း တစ်တွင်းထဲမှ ရေချိုနှင့် ရီငန် နှစ်မျိုးစလုံး ထွက်တတ်သလော။ 12 ညီအစ်ကို မောင်နှမရို့၊ သဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သဖန်းသီးကို သီးနိုင်သလော။ ထို့အတူ ရီငန် ရီမျက်တွင်းမှ ရီချို မထွက်နိုင်ပေ။
Publicidade