4 သို့သော် ငါရို့ ကယ်တင်သျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားတိ ပေါ်ထွန်းလာသောအခါ 5 ကိုယ်တော်သည် ငါရို့၏ကောင်းသောအကျင့်အားဖြင့် မဟုတ်ဘဲ မိမိ၏ကရုဏာတော်အားဖြင့် ကယ်တင်တော် မူခလေ၏။ ကိုယ်တော်သည် ဒုတိယမွီးဖွားခြင်းနှင့်ဆိုင်သော ဆီးကြောခြင်းနှင့် သန့်ယှင်းသောဝိညာဉ်တော်၏ အသစ်ပြုပျင်ခြင်းအားဖြင့် အကျွန်ရို့ကို ကယ်တင်တော် မူခလေ၏။ 6 ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါရို့၏ ကယ်တင်သျှင် ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။