1 וַיָּבִ֨יאוּ֙ אֶת־אֲר֣וֹן הָֽאֱלֹהִ֔ים וַיַּצִּ֣יגוּ אֹת֔וֹ בְּת֣וֹךְ הָאֹ֔הֶל אֲשֶׁ֥ר נָֽטָה־ל֖וֹ דָּוִ֑יד וַיַּקְרִ֛יבוּ עֹל֥וֹת וּשְׁלָמִ֖ים לִפְנֵ֥י הָאֱלֹהִֽים׃ 2 וַיְכַ֣ל דָּוִ֔יד מֵהַעֲל֥וֹת הָעֹלָ֖ה וְהַשְּׁלָמִ֑ים וַיְבָ֥רֶךְ אֶת־הָעָ֖ם בְּשֵׁ֥ם יְהוָֽה׃ 3 וַיְחַלֵּק֙ לְכָל־אִ֣ישׁ יִשְׂרָאֵ֔ל מֵאִ֖ישׁ וְעַד־אִשָּׁ֑ה לְאִישׁ֙ כִּכַּר־לֶ֔חֶם וְאֶשְׁפָּ֖ר וַאֲשִׁישָֽׁה׃ 4 וַיִּתֵּ֞ן לִפְנֵ֨י אֲר֧וֹן יְהוָ֛ה מִן־הַלְוִיִּ֖ם מְשָׁרְתִ֑ים וּלְהַזְכִּיר֙ וּלְהוֹד֣וֹת וּלְהַלֵּ֔ל לַיהוָ֖ה אֱלֹהֵ֥י יִשְׂרָאֵֽל׃ פ 5 אָסָ֥ף הָרֹ֖אשׁ וּמִשְׁנֵ֣הוּ זְכַרְיָ֑ה יְעִיאֵ֡ל וּשְׁמִֽירָמ֡וֹת וִֽיחִיאֵ֡ל וּמַתִּתְיָ֡ה וֶאֱלִיאָ֡ב וּבְנָיָהוּ֩ וְעֹבֵ֨ד אֱדֹ֜ם וִֽיעִיאֵ֗ל בִּכְלֵ֤י נְבָלִים֙ וּבְכִנֹּר֔וֹת וְאָסָ֖ף בַּֽמְצִלְתַּ֥יִם מַשְׁמִֽיעַ׃ 6 וּבְנָיָ֥הוּ וְיַחֲזִיאֵ֖ל הַכֹּהֲנִ֑ים בַּחֲצֹצְר֣וֹת תָּמִ֔יד לִפְנֵ֖י אֲר֥וֹן בְּרִית־הָאֱלֹהִֽים׃ 7 בַּיּ֣וֹם הַה֗וּא אָ֣ז נָתַ֤ן דָּוִיד֙ בָּרֹ֔אשׁ לְהֹד֖וֹת לַיהוָ֑ה בְּיַד־אָסָ֖ף וְאֶחָֽיו׃ פ 8 הוֹד֤וּ לַֽיהוָה֙ קִרְא֣וּ בִשְׁמ֔וֹ הוֹדִ֥יעוּ בָעַמִּ֖ים עֲלִילֹתָֽיו׃ 9 שִׁ֤ירוּ לוֹ֙ זַמְּרוּ־ל֔וֹ שִׂ֖יחוּ בְּכָל־נִפְלְאֹתָֽיו׃ 10 הִֽתְהַֽלְלוּ֙ בְּשֵׁ֣ם קָדְשׁ֔וֹ יִשְׂמַ֕ח לֵ֖ב מְבַקְשֵׁ֥י יְהוָֽה׃ 11 דִּרְשׁ֤וּ יְהוָה֙ וְעֻזּ֔וֹ בַּקְּשׁ֥וּ פָנָ֖יו תָּמִֽיד׃ 12 זִכְר֗וּ נִפְלְאֹתָיו֙ אֲשֶׁ֣ר עָשָׂ֔ה מֹפְתָ֖יו וּמִשְׁפְּטֵי־פִֽיהוּ׃ 13 זֶ֚רַע יִשְׂרָאֵ֣ל עַבְדּ֔וֹ בְּנֵ֥י יַעֲקֹ֖ב בְּחִירָֽיו׃ 14 ה֚וּא יְהוָ֣ה אֱלֹהֵ֔ינוּ בְּכָל־הָאָ֖רֶץ מִשְׁפָּטָֽיו׃ 15 זִכְר֤וּ לְעוֹלָם֙ בְּרִית֔וֹ דָּבָ֥ר צִוָּ֖ה לְאֶ֥לֶף דּֽוֹר׃ 16 אֲשֶׁ֤ר כָּרַת֙ אֶת־אַבְרָהָ֔ם וּשְׁבוּעָת֖וֹ לְיִצְחָֽק׃ 17 וַיַּעֲמִידֶ֤הָ לְיַעֲקֹב֙ לְחֹ֔ק לְיִשְׂרָאֵ֖ל בְּרִ֥ית עוֹלָֽם׃ 18 לֵאמֹ֗ר לְךָ֙ אֶתֵּ֣ן אֶֽרֶץ־כְּנָ֔עַן חֶ֖בֶל נַחֲלַתְכֶֽם׃ 19 בִּֽהְיֽוֹתְכֶם֙ מְתֵ֣י מִסְפָּ֔ר כִּמְעַ֖ט וְגָרִ֥ים בָּֽהּ׃ 20 וַיִּֽתְהַלְּכוּ֙ מִגּ֣וֹי אֶל־גּ֔וֹי וּמִמַּמְלָכָ֖ה אֶל־עַ֥ם אַחֵֽר׃ 21 לֹא־הִנִּ֤יחַ לְאִישׁ֙ לְעָשְׁקָ֔ם וַיּ֥וֹכַח עֲלֵיהֶ֖ם מְלָכִֽים׃ 22 אַֽל־תִּגְּעוּ֙ בִּמְשִׁיחָ֔י וּבִנְבִיאַ֖י אַל־תָּרֵֽעוּ׃ פ 23 שִׁ֤ירוּ לַֽיהוָה֙ כָּל־הָאָ֔רֶץ בַּשְּׂר֥וּ מִיּֽוֹם־אֶל־י֖וֹם יְשׁוּעָתֽוֹ׃ 24 סַפְּר֤וּ בַגּוֹיִם֙ אֶת־כְּבוֹד֔וֹ בְּכָל־הָעַמִּ֖ים נִפְלְאֹתָֽיו׃ 25 כִּי֩ גָד֨וֹל יְהוָ֤ה וּמְהֻלָּל֙ מְאֹ֔ד וְנוֹרָ֥א ה֖וּא עַל־כָּל־אֱלֹהִֽים׃ 26 כִּ֠י כָּל־אֱלֹהֵ֤י הָעַמִּים֙ אֱלִילִ֔ים וַיהוָ֖ה שָׁמַ֥יִם עָשָֽׂה׃ 27 ה֤וֹד וְהָדָר֙ לְפָנָ֔יו עֹ֥ז וְחֶדְוָ֖ה בִּמְקֹמֽוֹ׃ 28 הָב֤וּ לַֽיהוָה֙ מִשְׁפְּח֣וֹת עַמִּ֔ים הָב֥וּ לַיהוָ֖ה כָּב֥וֹד וָעֹֽז׃ 29 הָב֥וּ לַיהוָ֖ה כְּב֣וֹד שְׁמ֑וֹ שְׂא֤וּ מִנְחָה֙ וּבֹ֣אוּ לְפָנָ֔יו הִשְׁתַּחֲו֥וּ לַיהוָ֖ה בְּהַדְרַת־קֹֽדֶשׁ׃ 30 חִ֤ילוּ מִלְּפָנָיו֙ כָּל־הָאָ֔רֶץ אַף־תִּכּ֥וֹן תֵּבֵ֖ל בַּל־תִּמּֽוֹט׃ 31 יִשְׂמְח֤וּ הַשָּׁמַ֨יִם֙ וְתָגֵ֣ל הָאָ֔רֶץ וְיֹאמְר֥וּ בַגּוֹיִ֖ם יְהוָ֥ה מָלָֽךְ׃ 32 יִרְעַ֤ם הַיָּם֙ וּמְלוֹא֔וֹ יַעֲלֹ֥ץ הַשָּׂדֶ֖ה וְכָל־אֲשֶׁר־בּֽוֹ׃ 33 אָ֥ז יְרַנְּנ֖וּ עֲצֵ֣י הַיָּ֑עַר מִלִּפְנֵ֣י יְהוָ֔ה כִּי־בָ֖א לִשְׁפּ֥וֹט אֶת־הָאָֽרֶץ׃ 34 הוֹד֤וּ לַיהוָה֙ כִּ֣י ט֔וֹב כִּ֥י לְעוֹלָ֖ם חַסְדּֽוֹ׃ 35 וְאִמְר֕וּ הוֹשִׁיעֵ֨נוּ֙ אֱלֹהֵ֣י יִשְׁעֵ֔נוּ וְקַבְּצֵ֥נוּ וְהַצִּילֵ֖נוּ מִן־הַגּוֹיִ֑ם לְהֹדוֹת֙ לְשֵׁ֣ם קָדְשֶׁ֔ךָ לְהִשְׁתַּבֵּ֖חַ בִּתְהִלָּתֶֽךָ׃ 36 בָּר֤וּךְ יְהוָה֙ אֱלֹהֵ֣י יִשְׂרָאֵ֔ל מִן־הָעוֹלָ֖ם וְעַ֣ד הָעֹלָ֑ם וַיֹּאמְר֤וּ כָל־הָעָם֙ אָמֵ֔ן וְהַלֵּ֖ל לַֽיהוָֽה׃ פ 37 וַיַּֽעֲזָב־שָׁ֗ם לִפְנֵי֙ אֲר֣וֹן בְּרִית־יְהוָ֔ה לְאָסָ֖ף וּלְאֶחָ֑יו לְשָׁרֵ֞ת לִפְנֵ֧י הָאָר֛וֹן תָּמִ֖יד לִדְבַר־י֥וֹם בְּיוֹמֽוֹ׃ 38 וְעֹבֵ֥ד אֱדֹ֛ם וַאֲחֵיהֶ֖ם שִׁשִּׁ֣ים וּשְׁמוֹנָ֑ה וְעֹבֵ֨ד אֱדֹ֧ם בֶּן־יְדִית֛וּן וְחֹסָ֖ה לְשֹׁעֲרִֽים׃ 39 וְאֵ֣ת ׀ צָד֣וֹק הַכֹּהֵ֗ן וְאֶחָיו֙ הַכֹּ֣הֲנִ֔ים לִפְנֵ֖י מִשְׁכַּ֣ן יְהוָ֑ה בַּבָּמָ֖ה אֲשֶׁ֥ר בְּגִבְעֽוֹן׃ 40 לְֽהַעֲלוֹת֩ עֹל֨וֹת לַיהוָ֜ה עַל־מִזְבַּ֧ח הָעֹלָ֛ה תָּמִ֖יד לַבֹּ֣קֶר וְלָעָ֑רֶב וּלְכָל־הַכָּתוּב֙ בְּתוֹרַ֣ת יְהוָ֔ה אֲשֶׁ֥ר צִוָּ֖ה עַל־יִשְׂרָאֵֽל׃ 41 וְעִמָּהֶם֙ הֵימָ֣ן וִֽידוּת֔וּן וּשְׁאָר֙ הַבְּרוּרִ֔ים אֲשֶׁ֥ר נִקְּב֖וּ בְּשֵׁמ֑וֹת לְהֹדוֹת֙ לַֽיהוָ֔ה כִּ֥י לְעוֹלָ֖ם חַסְדּֽוֹ׃ 42 וְעִמָּהֶם֩ הֵימָ֨ן וִֽידוּת֜וּן חֲצֹצְר֤וֹת וּמְצִלְתַּ֨יִם֙ לְמַשְׁמִיעִ֔ים וּכְלֵ֖י שִׁ֣יר הָאֱלֹהִ֑ים וּבְנֵ֥י יְדוּת֖וּן לַשָּֽׁעַר׃ 43 וַיֵּלְכ֥וּ כָל־הָעָ֖ם אִ֣ישׁ לְבֵית֑וֹ וַיִּסֹּ֥ב דָּוִ֖יד לְבָרֵ֥ךְ אֶת־בֵּיתֽוֹ׃ פ
သေတ္တာတော်ကိုတဲ၌ထားခြင်း
1 ထိုသို့ ဘုရားသခင်၏သေတ္တာတော်ကိုဆောင်ခဲ့၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်၌ထားပြီးမှ၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ကြ၏။ 2 မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ပူဇော်ခြင်းအမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ၊ ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းချီးပေးလေ၏။ 3 ဣသရေလ လူယောက်ျားမိန်းမအပေါင်းတို့အား မုန့်တစ်ပြား၊ အမဲသားတစ်တစ်၊ စပျစ်သီးပျဉ်တစ်ပြားစီ ဝေငှတော်မူ၏။
4 တစ်ဖန် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ အမှုတော်ကိုဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့်အတိုင်း ချီးမွမ်းစေခြင်းငှာ ခန့်ထားတော်မူသော လေဝိသားများဟူမူကား၊ 5 ခွက်ကွင်းတီးသော အကြီးအကဲ အာသပ်၊ သူ့နောက် စောင်းတယောတီးသော ဇာခရိ၊ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေလ တစ်စုနှင့်၊ 6 ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ အစဉ်တံပိုးမှုတ်သော ယဇ်ပုရောဟိတ် ဗေနာယနှင့် ယဟာဇေလတည်း။
7 ထိုနေ့၌ ဒါဝိဒ်သည် အာသပ်နှင့် သူ့ညီတို့အားအပ်သော ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းရာ ဆာလံသီချင်းသစ်ဟူမူကား၊
ကျေးဇူးတော်ချီးမွမ်းရာ ဆာလံ
8 ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ 9 ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ 10 သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက်ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။ 11 ထာဝရဘုရားနှင့် တန်ခိုးတော်ကိုရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ 12 စီရင်တော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်တော်ထွက် ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။ 13 ထာဝရဘုရား၏ကျွန် ဣသရေလအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့၊ 14 ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံး၌ စီရင်ပိုင်တော်မူ၏။ 15-19 ငါသည် သင်တို့အမွေခံရာဖို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည်ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ကတိထား၍ ဣဇာက်၌ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှာ၊ လူမျိုးအဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။က၊ ၁၂:၇၊၂၆:၃။20 သူတို့သည် တစ်မြို့မှတစ်မြို့သို့လည်းကောင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့လည်းကောင်း၊ လှည့်လည်၍သွားကြသောအခါ၊ 21 သူတို့ကိုညှဉ်းဆဲစေခြင်းငှာ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကိုဆုံးမလျက်၊က၊ ၂၀:၃-၇။22 ငါ့ထံ၌ ဘိသိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ့ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
23 မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။ ကယ်တင်တော်မူခြင်းတရားကို တစ်နေ့ထက်တစ်နေ့ ညွှန်ကြားကြလော့။ 24 ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။ 25 ထာဝရဘုရားသည် ကြီးမြတ်၍၊ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ 26 တစ်ပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ 27 ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဝမ်းမြောက်ခြင်းအကြောင်းလည်း နေတော်မူရာ၌ ရှိ၏။ 28 လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုး အစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူသည်ဟု ဝန်ခံကြလော့။ 29 ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သကာကို ဆောင်ခဲ့လျက် ရှေ့တော်သို့ ချဉ်းကပ်ကြလော့။ သန့်ရှင်းသောတန်ဆာကိုဆင်၍ ထာဝရဘုရားကို ကိုးကွယ်ကြလော့။ 30 မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်းရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ 31 ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တစ်ပါးအမျိုးသားတို့တွင် ဟောပြောကြစေ။ 32 ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံပြုစေ။ လယ်ပြင်နှင့် လယ်ပြင်၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ။ 33 ထိုအခါ တော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ 34 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။၆ ရာ၊ ၅:၁၃၊၇:၃၊ဧဇ၊ ၃:၁၁၊ဆာ၊ ၁၀၀:၅၊၁၀၆:၁၊၁၀၇:၁၊၁၁၈:၁၊၁၃၆:၁၊ယေ၊ ၃၃:၁၁။35 အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား၊ အကျွန်ုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ်ကျေးဇူးကိုဝန်ခံ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တစ်ပါးအမျိုးသားထဲကနုတ်၍ စုဝေးစေတော်မူပါဟု မြွက်ဆိုကြလော့။ 36 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ၊ လူများအပေါင်းတို့သည် အာမင်ဟုဝန်ခံလျက် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
သေတ္တာတော်အမှုထမ်းများ
37 ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ၊ နေ့တိုင်း ဆောင်ရွက်စရာအမှုကို အစဉ်အမြဲ ဆောင်ရွက်စေခြင်းငှာ၊ အာသပ်နှင့် သူ၏ညီတို့ကိုလည်းကောင်း၊ 38 ဩဗဒေဒုံနှင့် ညီခြောက်ကျိပ်ရှစ်ယောက်၊ တံခါးစောင့်ဟောသံနှင့် ယေဒုသုန်သား ဩဗဒေဒုံတို့ကိုလည်းကောင်း၊ သေတ္တာတော်ရှေ့မှာ ထားတော်မူ၏။ 39,40 မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တစ်ခါ ညဉ့်ဦးတစ်ခါ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ပါသမျှအတိုင်း ပြုစေခြင်းငှာ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။ 41 ထာဝရဘုရား၏ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းစေခြင်းငှာ၊ 42 သီချင်းသည်တို့၏ အဆောင်၊ တံပိုး၊ ခွက်ကွင်း အစရှိသော ဘုရားသခင်၏ တူရိယာမျိုးကိုကိုင်သော ဟေမန်နှင့်ယေဒုသုန်အစရှိသော ရွေးကောက်၍ စာရင်းသွင်းသောသူ အခြားတို့ကိုလည်း ထားတော်မူ၏။ ယေဒုသုန်သားတို့သည်လည်း တံခါးစောင့်ဖြစ်ကြ၏။ 43 ထိုနောက်မှ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။ ဒါဝိဒ်သည်လည်း နန်းတော်သားတို့ကို ကောင်းချီးပေးခြင်းငှာ သွားတော်မူ၏။၂ရာ၊၆:၁၉-၂၀။