Pular para o conteúdo
Publicidade Remover anúncios

1 Chronicles 16

WLC · Westminster Leningrad Codex

1 וַיָּבִ֨יאוּ֙ אֶת־אֲר֣וֹן הָֽאֱלֹהִ֔ים וַיַּצִּ֣יגוּ אֹת֔וֹ בְּת֣וֹךְ הָאֹ֔הֶל אֲשֶׁ֥ר נָֽטָה־ל֖וֹ דָּוִ֑יד וַיַּקְרִ֛יבוּ עֹל֥וֹת וּשְׁלָמִ֖ים לִפְנֵ֥י הָאֱלֹהִֽים׃ 2 וַיְכַ֣ל דָּוִ֔יד מֵהַעֲל֥וֹת הָעֹלָ֖ה וְהַשְּׁלָמִ֑ים וַיְבָ֥רֶךְ אֶת־הָעָ֖ם בְּשֵׁ֥ם יְהוָֽה׃ 3 וַיְחַלֵּק֙ לְכָל־אִ֣ישׁ יִשְׂרָאֵ֔ל מֵאִ֖ישׁ וְעַד־אִשָּׁ֑ה לְאִישׁ֙ כִּכַּר־לֶ֔חֶם וְאֶשְׁפָּ֖ר וַאֲשִׁישָֽׁה׃ 4 וַיִּתֵּ֞ן לִפְנֵ֨י אֲר֧וֹן יְהוָ֛ה מִן־הַלְוִיִּ֖ם מְשָׁרְתִ֑ים וּלְהַזְכִּיר֙ וּלְהוֹד֣וֹת וּלְהַלֵּ֔ל לַיהוָ֖ה אֱלֹהֵ֥י יִשְׂרָאֵֽל׃ פ 5 אָסָ֥ף הָרֹ֖אשׁ וּמִשְׁנֵ֣הוּ זְכַרְיָ֑ה יְעִיאֵ֡ל וּשְׁמִֽירָמ֡וֹת וִֽיחִיאֵ֡ל וּמַתִּתְיָ֡ה וֶאֱלִיאָ֡ב וּבְנָיָהוּ֩ וְעֹבֵ֨ד אֱדֹ֜ם וִֽיעִיאֵ֗ל בִּכְלֵ֤י נְבָלִים֙ וּבְכִנֹּר֔וֹת וְאָסָ֖ף בַּֽמְצִלְתַּ֥יִם מַשְׁמִֽיעַ׃ 6 וּבְנָיָ֥הוּ וְיַחֲזִיאֵ֖ל הַכֹּהֲנִ֑ים בַּחֲצֹצְר֣וֹת תָּמִ֔יד לִפְנֵ֖י אֲר֥וֹן בְּרִית־הָאֱלֹהִֽים׃ 7 בַּיּ֣וֹם הַה֗וּא אָ֣ז נָתַ֤ן דָּוִיד֙ בָּרֹ֔אשׁ לְהֹד֖וֹת לַיהוָ֑ה בְּיַד־אָסָ֖ף וְאֶחָֽיו׃ פ 8 הוֹד֤וּ לַֽיהוָה֙ קִרְא֣וּ בִשְׁמ֔וֹ הוֹדִ֥יעוּ בָעַמִּ֖ים עֲלִילֹתָֽיו׃ 9 שִׁ֤ירוּ לוֹ֙ זַמְּרוּ־ל֔וֹ שִׂ֖יחוּ בְּכָל־נִפְלְאֹתָֽיו׃ 10 הִֽתְהַֽלְלוּ֙ בְּשֵׁ֣ם קָדְשׁ֔וֹ יִשְׂמַ֕ח לֵ֖ב מְבַקְשֵׁ֥י יְהוָֽה׃ 11 דִּרְשׁ֤וּ יְהוָה֙ וְעֻזּ֔וֹ בַּקְּשׁ֥וּ פָנָ֖יו תָּמִֽיד׃ 12 זִכְר֗וּ נִפְלְאֹתָיו֙ אֲשֶׁ֣ר עָשָׂ֔ה מֹפְתָ֖יו וּמִשְׁפְּטֵי־פִֽיהוּ׃ 13 זֶ֚רַע יִשְׂרָאֵ֣ל עַבְדּ֔וֹ בְּנֵ֥י יַעֲקֹ֖ב בְּחִירָֽיו׃ 14 ה֚וּא יְהוָ֣ה אֱלֹהֵ֔ינוּ בְּכָל־הָאָ֖רֶץ מִשְׁפָּטָֽיו׃ 15 זִכְר֤וּ לְעוֹלָם֙ בְּרִית֔וֹ דָּבָ֥ר צִוָּ֖ה לְאֶ֥לֶף דּֽוֹר׃ 16 אֲשֶׁ֤ר כָּרַת֙ אֶת־אַבְרָהָ֔ם וּשְׁבוּעָת֖וֹ לְיִצְחָֽק׃ 17 וַיַּעֲמִידֶ֤הָ לְיַעֲקֹב֙ לְחֹ֔ק לְיִשְׂרָאֵ֖ל בְּרִ֥ית עוֹלָֽם׃ 18 לֵאמֹ֗ר לְךָ֙ אֶתֵּ֣ן אֶֽרֶץ־כְּנָ֔עַן חֶ֖בֶל נַחֲלַתְכֶֽם׃ 19 בִּֽהְיֽוֹתְכֶם֙ מְתֵ֣י מִסְפָּ֔ר כִּמְעַ֖ט וְגָרִ֥ים בָּֽהּ׃ 20 וַיִּֽתְהַלְּכוּ֙ מִגּ֣וֹי אֶל־גּ֔וֹי וּמִמַּמְלָכָ֖ה אֶל־עַ֥ם אַחֵֽר׃ 21 לֹא־הִנִּ֤יחַ לְאִישׁ֙ לְעָשְׁקָ֔ם וַיּ֥וֹכַח עֲלֵיהֶ֖ם מְלָכִֽים׃ 22 אַֽל־תִּגְּעוּ֙ בִּמְשִׁיחָ֔י וּבִנְבִיאַ֖י אַל־תָּרֵֽעוּ׃ פ 23 שִׁ֤ירוּ לַֽיהוָה֙ כָּל־הָאָ֔רֶץ בַּשְּׂר֥וּ מִיּֽוֹם־אֶל־י֖וֹם יְשׁוּעָתֽוֹ׃ 24 סַפְּר֤וּ בַגּוֹיִם֙ אֶת־כְּבוֹד֔וֹ בְּכָל־הָעַמִּ֖ים נִפְלְאֹתָֽיו׃ 25 כִּי֩ גָד֨וֹל יְהוָ֤ה וּמְהֻלָּל֙ מְאֹ֔ד וְנוֹרָ֥א ה֖וּא עַל־כָּל־אֱלֹהִֽים׃ 26 כִּ֠י כָּל־אֱלֹהֵ֤י הָעַמִּים֙ אֱלִילִ֔ים וַיהוָ֖ה שָׁמַ֥יִם עָשָֽׂה׃ 27 ה֤וֹד וְהָדָר֙ לְפָנָ֔יו עֹ֥ז וְחֶדְוָ֖ה בִּמְקֹמֽוֹ׃ 28 הָב֤וּ לַֽיהוָה֙ מִשְׁפְּח֣וֹת עַמִּ֔ים הָב֥וּ לַיהוָ֖ה כָּב֥וֹד וָעֹֽז׃ 29 הָב֥וּ לַיהוָ֖ה כְּב֣וֹד שְׁמ֑וֹ שְׂא֤וּ מִנְחָה֙ וּבֹ֣אוּ לְפָנָ֔יו הִשְׁתַּחֲו֥וּ לַיהוָ֖ה בְּהַדְרַת־קֹֽדֶשׁ׃ 30 חִ֤ילוּ מִלְּפָנָיו֙ כָּל־הָאָ֔רֶץ אַף־תִּכּ֥וֹן תֵּבֵ֖ל בַּל־תִּמּֽוֹט׃ 31 יִשְׂמְח֤וּ הַשָּׁמַ֨יִם֙ וְתָגֵ֣ל הָאָ֔רֶץ וְיֹאמְר֥וּ בַגּוֹיִ֖ם יְהוָ֥ה מָלָֽךְ׃ 32 יִרְעַ֤ם הַיָּם֙ וּמְלוֹא֔וֹ יַעֲלֹ֥ץ הַשָּׂדֶ֖ה וְכָל־אֲשֶׁר־בּֽוֹ׃ 33 אָ֥ז יְרַנְּנ֖וּ עֲצֵ֣י הַיָּ֑עַר מִלִּפְנֵ֣י יְהוָ֔ה כִּי־בָ֖א לִשְׁפּ֥וֹט אֶת־הָאָֽרֶץ׃ 34 הוֹד֤וּ לַיהוָה֙ כִּ֣י ט֔וֹב כִּ֥י לְעוֹלָ֖ם חַסְדּֽוֹ׃ 35 וְאִמְר֕וּ הוֹשִׁיעֵ֨נוּ֙ אֱלֹהֵ֣י יִשְׁעֵ֔נוּ וְקַבְּצֵ֥נוּ וְהַצִּילֵ֖נוּ מִן־הַגּוֹיִ֑ם לְהֹדוֹת֙ לְשֵׁ֣ם קָדְשֶׁ֔ךָ לְהִשְׁתַּבֵּ֖חַ בִּתְהִלָּתֶֽךָ׃ 36 בָּר֤וּךְ יְהוָה֙ אֱלֹהֵ֣י יִשְׂרָאֵ֔ל מִן־הָעוֹלָ֖ם וְעַ֣ד הָעֹלָ֑ם וַיֹּאמְר֤וּ כָל־הָעָם֙ אָמֵ֔ן וְהַלֵּ֖ל לַֽיהוָֽה׃ פ 37 וַיַּֽעֲזָב־שָׁ֗ם לִפְנֵי֙ אֲר֣וֹן בְּרִית־יְהוָ֔ה לְאָסָ֖ף וּלְאֶחָ֑יו לְשָׁרֵ֞ת לִפְנֵ֧י הָאָר֛וֹן תָּמִ֖יד לִדְבַר־י֥וֹם בְּיוֹמֽוֹ׃ 38 וְעֹבֵ֥ד אֱדֹ֛ם וַאֲחֵיהֶ֖ם שִׁשִּׁ֣ים וּשְׁמוֹנָ֑ה וְעֹבֵ֨ד אֱדֹ֧ם בֶּן־יְדִית֛וּן וְחֹסָ֖ה לְשֹׁעֲרִֽים׃ 39 וְאֵ֣ת ׀ צָד֣וֹק הַכֹּהֵ֗ן וְאֶחָיו֙ הַכֹּ֣הֲנִ֔ים לִפְנֵ֖י מִשְׁכַּ֣ן יְהוָ֑ה בַּבָּמָ֖ה אֲשֶׁ֥ר בְּגִבְעֽוֹן׃ 40 לְֽהַעֲלוֹת֩ עֹל֨וֹת לַיהוָ֜ה עַל־מִזְבַּ֧ח הָעֹלָ֛ה תָּמִ֖יד לַבֹּ֣קֶר וְלָעָ֑רֶב וּלְכָל־הַכָּתוּב֙ בְּתוֹרַ֣ת יְהוָ֔ה אֲשֶׁ֥ר צִוָּ֖ה עַל־יִשְׂרָאֵֽל׃ 41 וְעִמָּהֶם֙ הֵימָ֣ן וִֽידוּת֔וּן וּשְׁאָר֙ הַבְּרוּרִ֔ים אֲשֶׁ֥ר נִקְּב֖וּ בְּשֵׁמ֑וֹת לְהֹדוֹת֙ לַֽיהוָ֔ה כִּ֥י לְעוֹלָ֖ם חַסְדּֽוֹ׃ 42 וְעִמָּהֶם֩ הֵימָ֨ן וִֽידוּת֜וּן חֲצֹצְר֤וֹת וּמְצִלְתַּ֨יִם֙ לְמַשְׁמִיעִ֔ים וּכְלֵ֖י שִׁ֣יר הָאֱלֹהִ֑ים וּבְנֵ֥י יְדוּת֖וּן לַשָּֽׁעַר׃ 43 וַיֵּלְכ֥וּ כָל־הָעָ֖ם אִ֣ישׁ לְבֵית֑וֹ וַיִּסֹּ֥ב דָּוִ֖יד לְבָרֵ֥ךְ אֶת־בֵּיתֽוֹ׃ פ

JBMLE · Judson Bible

သေ​တ္တာ​တော်​ကို​တဲ၌​ထား​ခြင်း

1 ထို​သို့ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ဆောင်​ခဲ့၍ ဒါ​ဝိဒ်​ဆောက်​နှင့်​သော တဲ​အ​လယ်၌​ထား​ပြီး​မှ၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပူ​ဇော်​ကြ၏။ 2 မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဒါ​ဝိဒ်​မင်း​သည် ပြီး​စီး​စေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။ 3 ဣ​သ​ရေ​လ လူ​ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား မုန့်​တစ်​ပြား၊ အ​မဲ​သား​တစ်​တစ်၊ စ​ပျစ်​သီး​ပျဉ်​တစ်​ပြား​စီ ဝေ​ငှ​တော်​မူ၏။

4 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ အ​မှု​တော်​ကို​ဆောင်​ရွက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​လှည့်​အ​တိုင်း ချီး​မွမ်း​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော လေ​ဝိ​သား​များ​ဟူ​မူ​ကား၊ 5 ခွက်​ကွင်း​တီး​သော အ​ကြီး​အ​ကဲ အာ​သပ်၊ သူ့​နောက် စောင်း​တ​ယော​တီး​သော ဇာ​ခ​ရိ၊ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မ​တ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ ဩ​ဗ​ဒေ​ဒုံ၊ ယေ​လ တစ်​စု​နှင့်၊ 6 ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ အ​စဉ်​တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ် ဗေ​နာ​ယ​နှင့် ယ​ဟာ​ဇေ​လ​တည်း။

7 ထို​နေ့၌ ဒါ​ဝိဒ်​သည် အာ​သပ်​နှင့် သူ့​ညီ​တို့​အား​အပ်​သော ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရာ ဆာ​လံ​သီ​ချင်း​သစ်​ဟူ​မူ​ကား၊

ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ ဆာ​လံ

(ဆာ​လံ၊ ၁၀၅:၁-၁၅၊ ၉၆:၁-၁၃၊ ၁၀၆:၄၇-၄၈)

8 ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​အား ပြ​သ​ကြ​လော့။ 9 ထာ​ဝ​ရ​ဘု​ရား​ကို သီ​ချင်း​ဆို​ကြ​လော့။ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော အ​မှု​တော်​အ​ပေါင်း​တို့​ကို ဟော​ပြော​ကြ​လော့။ 10 သန့်​ရှင်း​သော နာ​မ​တော်၌ ဝါ​ကြွား​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့​သည် စိတ်​နှ​လုံး ရွှင်​လန်း​ကြ​စေ။ 11 ထာ​ဝ​ရ​ဘု​ရား​နှင့် တန်​ခိုး​တော်​ကို​ရှာ​ကြ​လော့။ မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ်​ရှာ​ကြ​လော့။ 12 စီ​ရင်​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို​လည်း​ကောင်း၊ ထူး​ဆန်း​သော​အ​မှု​တော်​တို့​နှင့် နှုတ်​တော်​ထွက် ပ​ညတ်​တို့​ကို​လည်း​ကောင်း အောက်​မေ့​ကြ​လော့။ 13 ထာ​ဝ​ရ​ဘု​ရား၏​ကျွန် ဣ​သ​ရေ​လ​အ​မျိုး၊ ရွေး​ကောက်​တော်​မူ​သော ယာ​ကုပ်​အ​နွယ်​တို့၊ 14 ကိုယ်​တော်​မြတ် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး၌ စီ​ရင်​ပိုင်​တော်​မူ၏။ 15-19 ငါ​သည် သင်​တို့​အ​မွေ​ခံ​ရာ​ဖို့၊ ခါ​နာန်​ပြည်​ကို သင်၌​ပေး​မည်​ဟု ငါ​တို့​အ​မျိုး​သည် အ​ရေ​အ​တွက်​အား​ဖြင့်​မ​များ၊ အ​လွန်​နည်း၍၊ ထို​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သော​အ​ခါ၊ အာ​ဗြ​ဟံ၌​က​တိ​ထား၍ ဣ​ဇာက်၌​ကျိန်​ဆို​တော်​မူ​လျက်၊ ယာ​ကုပ်၌ မြဲ​မြံ​သော​တ​ရား၊ ဣ​သ​ရေ​လ၌ နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ဆက်​တစ်​ထောင်​တိုင်​အောင် မိန့်​မြွက်​တော်​မူ​သော နှုတ်​က​ပတ်​တည်း​ဟူ​သော ဝန်​ခံ​ခြင်း​တ​ရား​တော်​ကို အ​စဉ်​အ​မြဲ အောက်​မေ့​တော်​မူ၏။က၊ ၁၂:၇၊၂၆:၃။20 သူ​တို့​သည် တစ်​မြို့​မှ​တစ်​မြို့​သို့​လည်း​ကောင်း၊ တစ်​နိုင်​ငံ​မှ တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊ လှည့်​လည်၍​သွား​ကြ​သော​အ​ခါ၊ 21 သူ​တို့​ကို​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​အား​မျှ အ​ခွင့်​ပေး​တော်​မ​မူ။ သူ​တို့​အ​တွက်​လည်း ရှင်​ဘု​ရင်​တို့​ကို​ဆုံး​မ​လျက်၊က၊ ၂၀:၃-၇။22 ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​တို့​ကို မ​ထိ​မ​ခိုက်​နှင့်။ ငါ့​ပ​ရော​ဖက်​တို့​ကို အ​ပြစ်​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။

23 မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို တစ်​နေ့​ထက်​တစ်​နေ့ ညွှန်​ကြား​ကြ​လော့။ 24 ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။ 25 ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍၊ အ​လွန်​ချီး​မွမ်း​ဖွယ်​ဖြစ်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ 26 တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​ရှိ​သ​မျှ​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ၏။ 27 ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် ရှေ့​တော်၌​ရှိ၏။ အ​စွမ်း​သ​တ္တိ​နှင့် ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​လည်း နေ​တော်​မူ​ရာ၌ ရှိ၏။ 28 လူ​အ​မျိုး​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ 29 ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​လျက် ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။ 30 မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။ လော​က​ဓာတ်​သည် မ​လှုပ်​မ​ရှား​နိုင်​အောင် မြဲ​မြံ​စွာ​တည်​လိမ့်​မည်။ 31 ကောင်း​ကင်​သည် ဝမ်း​မြောက်​ခြင်း​ရှိ​စေ။ မြေ​ကြီး​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ​စေ။ ထာ​ဝ​ရ​ဘု​ရား စိုး​စံ​တော်​မူ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဟော​ပြော​ကြ​စေ။ 32 ပင်​လယ်​နှင့် ပင်​လယ်​တန်​ဆာ​သည် အ​သံ​ဗ​လံ​ပြု​စေ။ လယ်​ပြင်​နှင့် လယ်​ပြင်၌ ရှိ​သ​မျှ​သည်​လည်း ဝမ်း​မြောက်​စေ။ 33 ထို​အ​ခါ တော၌ ရှိ​သ​မျှ​သော အ​ပင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ 34 ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။၆ ရာ၊ ၅:၁၃၊၇:၃၊ဧဇ၊ ၃:၁၁၊ဆာ၊ ၁၀၀:၅၊၁၀၆:၁၊၁၀၇:၁၊၁၁၈:၁၊၁၃၆:၁၊ယေ၊ ၃၃:၁၁။35 အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် သန့်​ရှင်း​သော​နာ​မ​တော် ဂုဏ်​ကျေး​ဇူး​ကို​ဝန်​ခံ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း၌ ဝါ​ကြွား​ဝမ်း​မြောက်​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​ပါ။ တစ်​ပါး​အ​မျိုး​သား​ထဲ​က​နုတ်၍ စု​ဝေး​စေ​တော်​မူ​ပါ​ဟု မြွက်​ဆို​ကြ​လော့။ 36 ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု သီ​ချင်း​ဆို​ကြ​သော​အ​ခါ၊ လူ​များ​အ​ပေါင်း​တို့​သည် အာ​မင်​ဟု​ဝန်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

သေ​တ္တာ​တော်​အ​မှု​ထမ်း​များ

37 ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ၊ နေ့​တိုင်း ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​စဉ်​အ​မြဲ ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ အာ​သပ်​နှင့် သူ၏​ညီ​တို့​ကို​လည်း​ကောင်း၊ 38 ဩ​ဗ​ဒေ​ဒုံ​နှင့် ညီ​ခြောက်​ကျိပ်​ရှစ်​ယောက်၊ တံ​ခါး​စောင့်​ဟော​သံ​နှင့် ယေ​ဒု​သုန်​သား ဩ​ဗ​ဒေ​ဒုံ​တို့​ကို​လည်း​ကောင်း၊ သေ​တ္တာ​တော်​ရှေ့​မှာ ထား​တော်​မူ၏။ 39,40 မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​မှာ နေ့​ရက်​အ​စဉ် အ​တိုင်း၊ နံ​နက်​တစ်​ခါ ညဉ့်​ဦး​တစ်​ခါ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သ​မျှ​အ​တိုင်း ပြု​စေ​ခြင်း​ငှာ၊ ဂိ​ဗောင်​မြို့၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား တဲ​တော်​ရှေ့​တွင်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် သူ၏​ညီ ယဇ်​ပု​ရော​ဟိတ်​များ​ကို​လည်း ထား​တော်​မူ၏။ 41 ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့် ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ 42 သီ​ချင်း​သည်​တို့၏ အ​ဆောင်၊ တံ​ပိုး၊ ခွက်​ကွင်း အ​စ​ရှိ​သော ဘု​ရား​သ​ခင်၏ တူ​ရိ​ယာ​မျိုး​ကို​ကိုင်​သော ဟေ​မန်​နှင့်​ယေ​ဒု​သုန်​အ​စ​ရှိ​သော ရွေး​ကောက်၍ စာ​ရင်း​သွင်း​သော​သူ အ​ခြား​တို့​ကို​လည်း ထား​တော်​မူ၏။ ယေ​ဒု​သုန်​သား​တို့​သည်​လည်း တံ​ခါး​စောင့်​ဖြစ်​ကြ၏။ 43 ထို​နောက်​မှ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း နန်း​တော်​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ သွား​တော်​မူ၏။၂​ရာ၊၆:၁၉-၂၀။

Todos os capítulos de 1 Chronicles 29
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.