Pular para o conteúdo
Publicidade Remover anúncios

1 Samuel 15

WLC · Westminster Leningrad Codex

1 וַיֹּ֤אמֶר שְׁמוּאֵל֙ אֶל־שָׁא֔וּל אֹתִ֨י שָׁלַ֤ח יְהוָה֙ לִמְשָׁחֳךָ֣ לְמֶ֔לֶךְ עַל־עַמּ֖וֹ עַל־יִשְׂרָאֵ֑ל וְעַתָּ֣ה שְׁמַ֔ע לְק֖וֹל דִּבְרֵ֥י יְהוָֽה׃ ס 2 כֹּ֤ה אָמַר֙ יְהוָ֣ה צְבָא֔וֹת פָּקַ֕דְתִּי אֵ֛ת אֲשֶׁר־עָשָׂ֥ה עֲמָלֵ֖ק לְיִשְׂרָאֵ֑ל אֲשֶׁר־שָׂ֥ם לוֹ֙ בַּדֶּ֔רֶךְ בַּעֲלֹת֖וֹ מִמִּצְרָֽיִם׃ 3 עַתָּה֩ לֵ֨ךְ וְהִכִּֽיתָ֜ה אֶת־עֲמָלֵ֗ק וְהַֽחֲרַמְתֶּם֙ אֶת־כָּל־אֲשֶׁר־ל֔וֹ וְלֹ֥א תַחְמֹ֖ל עָלָ֑יו וְהֵמַתָּ֞ה מֵאִ֣ישׁ עַד־אִשָּׁ֗ה מֵֽעֹלֵל֙ וְעַד־יוֹנֵ֔ק מִשּׁ֣וֹר וְעַד־שֶׂ֔ה מִגָּמָ֖ל וְעַד־חֲמֽוֹר׃ ס 4 וַיְשַׁמַּ֤ע שָׁאוּל֙ אֶת־הָעָ֔ם וַֽיִּפְקְדֵם֙ בַּטְּלָאִ֔ים מָאתַ֥יִם אֶ֖לֶף רַגְלִ֑י וַעֲשֶׂ֥רֶת אֲלָפִ֖ים אֶת־אִ֥ישׁ יְהוּדָֽה׃ 5 וַיָּבֹ֥א שָׁא֖וּל עַד־עִ֣יר עֲמָלֵ֑ק וַיָּ֖רֶב בַּנָּֽחַל׃ 6 וַיֹּ֣אמֶר שָׁא֣וּל אֶֽל־הַקֵּינִ֡י לְכוּ֩ סֻּ֨רוּ רְד֜וּ מִתּ֣וֹךְ עֲמָלֵקִ֗י פֶּן־אֹֽסִפְךָ֙ עִמּ֔וֹ וְאַתָּ֞ה עָשִׂ֤יתָה חֶ֨סֶד֙ עִם־כָּל־בְּנֵ֣י יִשְׂרָאֵ֔ל בַּעֲלוֹתָ֖ם מִמִּצְרָ֑יִם וַיָּ֥סַר קֵינִ֖י מִתּ֥וֹךְ עֲמָלֵֽק׃ 7 וַיַּ֥ךְ שָׁא֖וּל אֶת־עֲמָלֵ֑ק מֵֽחֲוִילָה֙ בּוֹאֲךָ֣ שׁ֔וּר אֲשֶׁ֖ר עַל־פְּנֵ֥י מִצְרָֽיִם׃ 8 וַיִּתְפֹּ֛שׂ אֶת־אֲגַ֥ג מֶֽלֶךְ־עֲמָלֵ֖ק חָ֑י וְאֶת־כָּל־הָעָ֖ם הֶחֱרִ֥ים לְפִי־חָֽרֶב׃ 9 וַיַּחְמֹל֩ שָׁא֨וּל וְהָעָ֜ם עַל־אֲגָ֗ג וְעַל־מֵיטַ֣ב הַצֹּאן֩ וְהַבָּקָ֨ר וְהַמִּשְׁנִ֤ים וְעַל־הַכָּרִים֙ וְעַל־כָּל־הַטּ֔וֹב וְלֹ֥א אָב֖וּ הַחֲרִימָ֑ם וְכָל־הַמְּלָאכָ֛ה נְמִבְזָ֥ה וְנָמֵ֖ס אֹתָ֥הּ הֶחֱרִֽימוּ׃ פ 10 וַֽיְהִי֙ דְּבַר־יְהוָ֔ה אֶל־שְׁמוּאֵ֖ל לֵאמֹֽר׃ 11 נִחַ֗מְתִּי כִּֽי־הִמְלַ֤כְתִּי אֶת־שָׁאוּל֙ לְמֶ֔לֶךְ כִּֽי־שָׁב֙ מֵאַֽחֲרַ֔י וְאֶת־דְּבָרַ֖י לֹ֣א הֵקִ֑ים וַיִּ֨חַר֙ לִשְׁמוּאֵ֔ל וַיִּזְעַ֥ק אֶל־יְהוָ֖ה כָּל־הַלָּֽיְלָה׃ 12 וַיַּשְׁכֵּ֧ם שְׁמוּאֵ֛ל לִקְרַ֥את שָׁא֖וּל בַּבֹּ֑קֶר וַיֻּגַּ֨ד לִשְׁמוּאֵ֜ל לֵאמֹ֗ר בָּֽא־שָׁא֤וּל הַכַּרְמֶ֨לָה֙ וְהִנֵּ֨ה מַצִּ֥יב לוֹ֙ יָ֔ד וַיִּסֹּב֙ וַֽיַּעֲבֹ֔ר וַיֵּ֖רֶד הַגִּלְגָּֽל׃ 13 וַיָּבֹ֥א שְׁמוּאֵ֖ל אֶל־שָׁא֑וּל וַיֹּ֧אמֶר ל֣וֹ שָׁא֗וּל בָּר֤וּךְ אַתָּה֙ לַֽיהוָ֔ה הֲקִימֹ֖תִי אֶת־דְּבַ֥ר יְהוָֽה׃ 14 וַיֹּ֣אמֶר שְׁמוּאֵ֔ל וּמֶ֛ה קֽוֹל־הַצֹּ֥אן הַזֶּ֖ה בְּאָזְנָ֑י וְק֣וֹל הַבָּקָ֔ר אֲשֶׁ֥ר אָנֹכִ֖י שֹׁמֵֽעַ׃ 15 וַיֹּ֨אמֶר שָׁא֜וּל מֵעֲמָלֵקִ֣י הֱבִיא֗וּם אֲשֶׁ֨ר חָמַ֤ל הָעָם֙ עַל־מֵיטַ֤ב הַצֹּאן֙ וְהַבָּקָ֔ר לְמַ֥עַן זְבֹ֖חַ לַיהוָ֣ה אֱלֹהֶ֑יךָ וְאֶת־הַיּוֹתֵ֖ר הֶחֱרַֽמְנוּ׃ ס 16 וַיֹּ֤אמֶר שְׁמוּאֵל֙ אֶל־שָׁא֔וּל הֶ֚רֶף וְאַגִּ֣ידָה לְּךָ֔ אֵת֩ אֲשֶׁ֨ר דִּבֶּ֧ר יְהוָ֛ה אֵלַ֖י הַלָּ֑יְלָה ויאמרו ל֖וֹ דַּבֵּֽר׃ ס 17 וַיֹּ֣אמֶר שְׁמוּאֵ֔ל הֲל֗וֹא אִם־קָטֹ֤ן אַתָּה֙ בְּעֵינֶ֔יךָ רֹ֛אשׁ שִׁבְטֵ֥י יִשְׂרָאֵ֖ל אָ֑תָּה וַיִּמְשָׁחֲךָ֧ יְהוָ֛ה לְמֶ֖לֶךְ עַל־יִשְׂרָאֵֽל׃ 18 וַיִּשְׁלָחֲךָ֥ יְהוָ֖ה בְּדָ֑רֶךְ וַיֹּ֗אמֶר לֵ֣ךְ וְהַחֲרַמְתָּ֞ה אֶת־הַֽחַטָּאִים֙ אֶת־עֲמָלֵ֔ק וְנִלְחַמְתָּ֣ ב֔וֹ עַ֥ד כַּלּוֹתָ֖ם אֹתָֽם׃ 19 וְלָ֥מָּה לֹא־שָׁמַ֖עְתָּ בְּק֣וֹל יְהוָ֑ה וַתַּ֨עַט֙ אֶל־הַשָּׁלָ֔ל וַתַּ֥עַשׂ הָרַ֖ע בְּעֵינֵ֥י יְהוָֽה׃ ס 20 וַיֹּ֨אמֶר שָׁא֜וּל אֶל־שְׁמוּאֵ֗ל אֲשֶׁ֤ר שָׁמַ֨עְתִּי֙ בְּק֣וֹל יְהוָ֔ה וָאֵלֵ֕ךְ בַּדֶּ֖רֶךְ אֲשֶׁר־שְׁלָחַ֣נִי יְהוָ֑ה וָאָבִ֗יא אֶת־אֲגַג֙ מֶ֣לֶךְ עֲמָלֵ֔ק וְאֶת־עֲמָלֵ֖ק הֶחֱרַֽמְתִּי׃ 21 וַיִּקַּ֨ח הָעָ֧ם מֵהַשָּׁלָ֛ל צֹ֥אן וּבָקָ֖ר רֵאשִׁ֣ית הַחֵ֑רֶם לִזְבֹּ֛חַ לַֽיהוָ֥ה אֱלֹהֶ֖יךָ בַּגִּלְגָּֽל׃ 22 וַיֹּ֣אמֶר שְׁמוּאֵ֗ל הַחֵ֤פֶץ לַֽיהוָה֙ בְּעֹל֣וֹת וּזְבָחִ֔ים כִּשְׁמֹ֖עַ בְּק֣וֹל יְהוָ֑ה הִנֵּ֤ה שְׁמֹ֨עַ֙ מִזֶּ֣בַח ט֔וֹב לְהַקְשִׁ֖יב מֵחֵ֥לֶב אֵילִֽים׃ 23 כִּ֤י חַטַּאת־קֶ֨סֶם֙ מֶ֔רִי וְאָ֥וֶן וּתְרָפִ֖ים הַפְצַ֑ר יַ֗עַן מָאַ֨סְתָּ֙ אֶת־דְּבַ֣ר יְהוָ֔ה וַיִּמְאָסְךָ֖ מִמֶּֽלֶךְ׃ ס 24 וַיֹּ֨אמֶר שָׁא֤וּל אֶל־שְׁמוּאֵל֙ חָטָ֔אתִי כִּֽי־עָבַ֥רְתִּי אֶת־פִּֽי־יְהוָ֖ה וְאֶת־דְּבָרֶ֑יךָ כִּ֤י יָרֵ֨אתִי֙ אֶת־הָעָ֔ם וָאֶשְׁמַ֖ע בְּקוֹלָֽם׃ 25 וְעַתָּ֕ה שָׂ֥א נָ֖א אֶת־חַטָּאתִ֑י וְשׁ֣וּב עִמִּ֔י וְאֶֽשְׁתַּחֲוֶ֖ה לַֽיהוָֽה׃ 26 וַיֹּ֤אמֶר שְׁמוּאֵל֙ אֶל־שָׁא֔וּל לֹ֥א אָשׁ֖וּב עִמָּ֑ךְ כִּ֤י מָאַ֨סְתָּה֙ אֶת־דְּבַ֣ר יְהוָ֔ה וַיִּמְאָסְךָ֣ יְהוָ֔ה מִהְי֥וֹת מֶ֖לֶךְ עַל־יִשְׂרָאֵֽל׃ ס 27 וַיִּסֹּ֥ב שְׁמוּאֵ֖ל לָלֶ֑כֶת וַיַּחֲזֵ֥ק בִּכְנַף־מְעִיל֖וֹ וַיִּקָּרַֽע׃ 28 וַיֹּ֤אמֶר אֵלָיו֙ שְׁמוּאֵ֔ל קָרַ֨ע יְהוָ֜ה אֶֽת־מַמְלְכ֧וּת יִשְׂרָאֵ֛ל מֵעָלֶ֖יךָ הַיּ֑וֹם וּנְתָנָ֕הּ לְרֵעֲךָ֖ הַטּ֥וֹב מִמֶּֽךָּ׃ 29 וְגַם֙ נֵ֣צַח יִשְׂרָאֵ֔ל לֹ֥א יְשַׁקֵּ֖ר וְלֹ֣א יִנָּחֵ֑ם כִּ֣י לֹ֥א אָדָ֛ם ה֖וּא לְהִנָּחֵֽם׃ 30 וַיֹּ֣אמֶר חָטָ֔אתִי עַתָּ֗ה כַּבְּדֵ֥נִי נָ֛א נֶ֥גֶד זִקְנֵֽי־עַמִּ֖י וְנֶ֣גֶד יִשְׂרָאֵ֑ל וְשׁ֣וּב עִמִּ֔י וְהִֽשְׁתַּחֲוֵ֖יתִי לַֽיהוָ֥ה אֱלֹהֶֽיךָ׃ 31 וַיָּ֥שָׁב שְׁמוּאֵ֖ל אַחֲרֵ֣י שָׁא֑וּל וַיִּשְׁתַּ֥חוּ שָׁא֖וּל לַֽיהוָֽה׃ ס 32 וַיֹּ֣אמֶר שְׁמוּאֵ֗ל הַגִּ֤ישׁוּ אֵלַי֙ אֶת־אֲגַג֙ מֶ֣לֶךְ עֲמָלֵ֔ק וַיֵּ֣לֶךְ אֵלָ֔יו אֲגַ֖ג מַעֲדַנֹּ֑ת וַיֹּ֣אמֶר אֲגָ֔ג אָכֵ֖ן סָ֥ר מַר־הַמָּֽוֶת׃ ס 33 וַיֹּ֣אמֶר שְׁמוּאֵ֔ל כַּאֲשֶׁ֨ר שִׁכְּלָ֤ה נָשִׁים֙ חַרְבֶּ֔ךָ כֵּן־תִּשְׁכַּ֥ל מִנָּשִׁ֖ים אִמֶּ֑ךָ וַיְשַׁסֵּ֨ף שְׁמוּאֵ֧ל אֶת־אֲגָ֛ג לִפְנֵ֥י יְהוָ֖ה בַּגִּלְגָּֽל׃ ס 34 וַיֵּ֥לֶךְ שְׁמוּאֵ֖ל הָרָמָ֑תָה וְשָׁא֛וּל עָלָ֥ה אֶל־בֵּית֖וֹ גִּבְעַ֥ת שָׁאֽוּל׃ 35 וְלֹא־יָסַ֨ף שְׁמוּאֵ֜ל לִרְא֤וֹת אֶת־שָׁאוּל֙ עַד־י֣וֹם מוֹת֔וֹ כִּֽי־הִתְאַבֵּ֥ל שְׁמוּאֵ֖ל אֶל־שָׁא֑וּל וַיהוָ֣ה נִחָ֔ם כִּֽי־הִמְלִ֥יךְ אֶת־שָׁא֖וּל עַל־יִשְׂרָאֵֽל׃ פ

JBMLE · Judson Bible

အာ​မ​လက်​အ​မျိုး​သား​တို့​နှ​င့်​စစ်​ဖြစ်​ခြင်း

1 တစ်​ဖန် ရှ​မွေ​လ​က၊ ထာ​ဝ​ရ​ဘု​ရား၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ သင့်​ကို ဘိ​သိက်​ပေး​မည်​အ​ကြောင်း၊ ငါ့​ကို အ​ထက်​က​စေ​လွှတ်​တော်​မူ​သည်​ဖြစ်၍၊ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​လော့။၁​ရာ၊၁၀:၁။2 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး၌၊ အာ​မ​လက်​အ​မျိုး​ပြု​သော ဆီး​တား​ခြင်း​အ​မှု​ကို ငါ​မှတ်​လျက်​ရှိ၏။ထွ၊ ၁၇:၈-၁၄၊တရား၊ ၂၅:၁၇-၁၉။3 ယ​ခု​သွား၍ ထို​အ​မျိုး​ကို​လုပ်​ကြံ​လော့။ နှ​မြော​ခြင်း​မ​ရှိ​ဘဲ၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ နို့​စို့​မှ​စ၍၊ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​တို့​ကို​သတ်​လော့​ဟု ရှော​လု​အား ဆင့်​ဆို​သည်​အ​တိုင်း၊ 4 ရှော​လု​သည် လူ​တို့​ကို​စု​ဝေး​စေ၍ တေ​လိမ်​မြို့​မှာ စာ​ရင်း​ယူ​သ​ဖြင့်၊ ခြေ​သည်​သူ​ရဲ နှစ်​သိန်း၊ ယု​ဒ​စစ်​သူ​ရဲ တစ်​သောင်း​ရှိ​ကြ၏။ 5 ရှော​လု​သည်​လည်း အာ​မ​လက်​မြို့​သို့​စစ်​ချီ၍ ချိုင့်၌​တပ်​ချ​ပြီး​မှ၊ 6 ကေ​နိ​လူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လျက်၊ သင်​တို့​ကို အာ​မ​လက်​လူ​တို့​နှင့်​အ​တူ ငါ​ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​အ​ထဲ​က ထွက်​သွား၍ နေ​ရာ​ပြောင်း​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ သင်​တို့​သည် ကျေး​ဇူး​ပြု​ကြ​ပြီ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ကေ​နိ​လူ​တို့​သည် အာ​မ​လက်​လူ​တို့​အ​ထဲ​က ထွက်​သွား​ကြ၏။ 7 ရှော​လု​သည် ဟ​ဝိ​လ​မြို့​မှ​စ၍ အဲ​ဂု​တ္တု​ပြည် တစ်​ဖက်​တစ်​ချက်၌​နေ​သော ရှု​ရ​မြို့​တိုင်​အောင် အာ​မ​လက်​လူ​တို့​ကို လုပ်​ကြံ​လေ၏။ 8 အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို အ​ရှင်​ဖမ်း​မိ၏။ လူ​အ​ပေါင်း​တို့​ကို ဓား​ဖြင့် ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။ 9 သို့​ရာ​တွင် ရှော​လု​နှင့် လူ​များ​တို့​သည် အာ​ဂတ်​မင်း​နှင့်​တ​ကွ၊ သိုး နွား​အ​မြတ်​အ​လတ်၊ ဆူ​သော သိုး​သ​ငယ်၊ ကောင်း​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို နှ​မြော၍ ရှင်း​ရှင်း​မ​ဖျက်​ဆီး​ကြ။ အ​သုံး​မ​ဝင် ယုတ်​မာ​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို​သာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။

ဘု​ရင်​အ​ဖြစ်​မှ​ရှော​လု​အ​ပယ်​ခံ​ရ​ခြင်း

10 ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ရှ​မွေ​လ​သို့ ရောက်​လာ၍၊ 11 ငါ​သည် ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သည်​အ​မှု​ကြောင့် နောင်​တ​ရ၏။ သူ​သည် ငါ၏​ပ​ညတ်​တို့​ကို​မ​ကျင့်၊ ငါ့​နောက်​သို့​မ​လိုက်၊ လမ်း​လွှဲ​ပြီ​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည် ဝမ်း​နည်း၍ တစ်​ည​လုံး ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ပြီး​လျှင်၊ 12 နံ​နက်​စော​စော​ထ၍ ရှော​လု​ကို ကြို​ဆို​ခြင်း​ငှာ သွား​သော​အ​ခါ၊ ရှော​လု​သည် က​ရ​မေ​လ​မြို့​သို့​ရောက်၍ အောင်​တိုင်​ကို​စိုက်​ပြီး​မှ၊ လှည့်​လည်​သ​ဖြင့် ဂိ​လ​ဂါ​လ​မြို့​သို့ လွန်​သွား​ကြောင်း​ကို ကြား​သော​ကြောင့်၊ ရှော​လု​ရှိ​ရာ​သို့ သွား​လေ၏။ 13 ရှော​လု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​အ​တိုင်း ပြု​ပါ​ပြီ​ဟု ဆို၏။ 14 ရှ​မွေ​လ​က​လည်း၊ သို့​ဖြစ်​လျှင် ငါ​ကြား​ရ​သော သိုး​မြည်​သံ၊ နွား​မြည်​သံ​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​သော်၊ 15 ရှော​လု​က၊ အာ​မ​လက်​ပြည်​မှ ဆောင်​ခဲ့​ပါ​ပြီ။ လူ​များ​တို့​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လို​သော​ငှာ အ​ကောင်း​ဆုံး​သော သိုး​နွား​တို့​ကို နှ​မြော၍၊ ကြွင်း​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​ပြီ​ဟု ဆို၏။ 16 ရှ​မွေ​လ​က​လည်း၊ နေ​ပါ​ဦး​လော့။ မ​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ပြန်​ပြော​ပါ​မည်​ဟု ရှော​လု​အား​ဆို​လျှင်၊ ရှော​လု​က ပြော​ပါ​တော့​ဟု​ဆို၏။ 17 ရှ​မွေ​လ​က​လည်း၊ သင်​သည် ကိုယ်​အ​ထင်​အ​တိုင်း ငယ်​သော​သူ​ဖြစ်​လျက်​ပင်၊ ဣ​သ​ရေ​လ​အ​မျိုး​တို့၏ အ​ထွတ်​သို့​ရောက်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သည်​မ​ဟုတ်​လော။ 18 ထာ​ဝ​ရ​ဘု​ရား​က၊ သွား​လော့။ အ​ပြစ်​များ​သော အာ​မ​လက်​အ​မျိုး​သား​တို့​ကို ရှင်း​ရှင်း ဖျက်​ဆီး​လော့။ မ​ဖျက်​ဆီး​မီ​တိုင်​အောင် စစ်​တိုက်​လော့​ဟု သင့်​ကို​ဝေး​သော​အ​ရပ်​သို့ စေ​လွှတ်​တော်​မူ၏။ 19 သို့​ဖြစ်၍ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ ရန်​သူ၏​ဥ​စ္စာ​ကို လု​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဤ​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့်​ပြု​ဘိ​သ​နည်း​ဟု ပြော​ဆို​သော်၊ 20 ရှော​လု​က၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဧ​ကန်​အ​မှန် နား​ထောင်​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား စေ​ခိုင်း​တော်​မူ​သော​လမ်း​သို့ လိုက်​ပါ​ပြီ။ အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို​ဆောင်​ခဲ့၍၊ အာ​မ​လက်​အ​မျိုး​သား​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​ပြီ။ 21 သို့​ရာ​တွင် လူ​များ​တို့​သည် ဂိ​လ​ဂါ​လ​မြို့၌ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လို​သော​ငှာ​လု​ယူ​သော သိုး နွား၊ ရှင်း​ရှင်း​ဖျက်​ဆီး​အပ်​သော​အ​ရာ အ​ကောင်း​ဆုံး​တို့​ကို သိမ်း​ယူ​ကြ​ပါ​ပြီ​ဟု ပြော​ဆို​ပြန်၏။ 22 ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ခြင်း၌ အား​ရ​တော်​မူ​သ​ကဲ့​သို့၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ခြင်း၌ အား​ရ​တော်​မူ​မည်​လော။ အ​လို​တော်​သို့​လိုက်​ခြင်း​သည် ယဇ်​မျိုး​ထက်​သာ၍ ကောင်း၏။ နား​ထောင်​ခြင်း​သည် သိုး​ထီး​ဆီ​ဥ​ထက်​သာ၍ ကောင်း၏။ 23 ငြင်း​ဆန်​သော​သ​ဘော​သည် နတ်​ဆိုး​နှင့် ပေါင်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ ခိုင်​မာ​သော​သ​ဘော​သည် ဗေ​ဒင်​တန်​ဆာ​ကို သုံး​ခြင်း​ကဲ့​သို့​လည်း​ကောင်း အ​ပြစ်​ကြီး၏။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ဆို၏။ 24 ရှော​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ပြစ်​မှား​ပါ​ပြီ။ လူ​များ​ကို​ကြောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်၏​စ​ကား​ကို​လည်း​ကောင်း လွန်​ကျူး​ပါ​ပြီ။ 25 အ​ကျွန်ုပ်​အ​ပြစ်​ကို သည်း​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သော်​လည်း၊ 26 ရှ​မွေ​လ​က၊ သင်​နှင့်​အ​တူ ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ရှော​လု​အား​ဆို​ပြီး​မှ၊ 27 လှည့်​သွား​သော​အ​ခါ ရှော​လု​သည် ရှ​မွေ​လ၏​ဝတ်​လုံ​စွန်း​ကို ကိုင်​ဆွဲ၍ ဝတ်​လုံ​စုတ်​လေ၏။ 28 ရှ​မွေ​လ​က​လည်း၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို သင်​မှ​ဆုတ်​ယူ၍၊ သင့်​ထက်​ကောင်း​သော သင်၏​အိမ်​နီး​ချင်း​အား​ပေး​တော်​မူ​ပြီ။၁​ရာ၊ ၂၈:၁၇။ ၃​ရာ၊ ၁၁:၃၀-၃၁။29 ထို​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး၏​အ​စွမ်း​သ​တ္တိ​ဖြစ်​သော ဘု​ရား​သည် မု​သား​သုံး​ခြင်း၊ နောင်​တ​ရ​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ၏။ နောင်​တ​ရ​အံ့​သော​ငှာ​လူ​ဖြစ်​တော်​မ​မူ​ဟု ဆို​သော်၊ 30 ရှော​လု​က အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​မျိုး​သား​ချင်း အ​သက်​ကြီး​သူ​တို့​ရှေ့၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့၌​လည်း​ကောင်း၊ အ​ကျွန်ုပ်၏​ဂုဏ်​အ​သ​ရေ​ကို မ​ဖျက်​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သည်​အ​တိုင်း၊ 31 ရှ​မွေ​လ​သည် ရှော​လု​နောက်​သို့ လိုက်၍၊ ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​လေ၏။ 32 ထို​အ​ခါ ရှ​မွေ​လ​က၊ အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​ဟု ဆို​သည်​အ​တိုင်း၊ အာ​ဂတ်​က သေ​ဘေး​သည် စင်​စစ်​လွန်​သွား​ပြီ​ဟု ဆို​လျက် ရွှင်​လန်း​စွာ​လာ၏။ 33 ရှ​မွေ​လ​က၊ မိန်း​မ​များ​တို့​သည် သင်၏​ဓား​ကြောင့် သား​ဆုံး​သ​ကဲ့​သို့၊ သင်၏​အ​မိ​သည် သား​ဆုံး​သော မိန်း​မ​ဖြစ်​ရ​မည်​ဟု​ဆို​လျက်၊ ဂိ​လ​ဂါ​လ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အာ​ဂတ်​ကို အ​ပိုင်း​ပိုင်း ဖြတ်​စေ၏။ 34 ထို​နောက် ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​သွား၍ ရှော​လု​သည် မိ​မိ​နေ​ရာ ဂိ​ဗာ​မြို့၊ နန်း​တော်​သို့ ပြန်​သွား​လေ၏။ 35 ရှော​လု အ​နိ​စ္စ​မ​ရောက်​မီ​တိုင်​အောင်၊ ရှ​မွေ​လ​သည် နောက်​တစ်​ဖန် အ​ကြည့်​အ​ရှု​မ​လာ။ သို့​ရာ​တွင် ရှ​မွေ​လ​သည် ရှော​လု​အ​တွက် စိတ်​မ​သာ​ညည်း​တွား​လျက်​နေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော​အ​မှု​ကို နောင်​တ​ရ​တော်​မူ၏။

Todos os capítulos de 1 Samuel 31
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.