Pular para o conteúdo
Publicidade Remover anúncios

1 Samuel 2

WLC · Westminster Leningrad Codex

1 וַתִּתְפַּלֵּ֤ל חַנָּה֙ וַתֹּאמַ֔ר עָלַ֤ץ לִבִּי֙ בַּֽיהוָ֔ה רָ֥מָה קַרְנִ֖י בַּֽיהוָ֑ה רָ֤חַב פִּי֙ עַל־א֣וֹיְבַ֔י כִּ֥י שָׂמַ֖חְתִּי בִּישׁוּעָתֶֽךָ׃ 2 אֵין־קָד֥וֹשׁ כַּיהוָ֖ה כִּ֣י אֵ֣ין בִּלְתֶּ֑ךָ וְאֵ֥ין צ֖וּר כֵּאלֹהֵֽינוּ׃ 3 אַל־תַּרְבּ֤וּ תְדַבְּרוּ֙ גְּבֹהָ֣ה גְבֹהָ֔ה יֵצֵ֥א עָתָ֖ק מִפִּיכֶ֑ם כִּ֣י אֵ֤ל דֵּעוֹת֙ יְהוָ֔ה ולא נִתְכְּנ֖וּ עֲלִלֽוֹת׃ 4 קֶ֥שֶׁת גִּבֹּרִ֖ים חַתִּ֑ים וְנִכְשָׁלִ֖ים אָ֥זְרוּ חָֽיִל׃ 5 שְׂבֵעִ֤ים בַּלֶּ֨חֶם֙ נִשְׂכָּ֔רוּ וּרְעֵבִ֖ים חָדֵ֑לּוּ עַד־עֲקָרָה֙ יָלְדָ֣ה שִׁבְעָ֔ה וְרַבַּ֥ת בָּנִ֖ים אֻמְלָֽלָה׃ 6 יְהוָ֖ה מֵמִ֣ית וּמְחַיֶּ֑ה מוֹרִ֥יד שְׁא֖וֹל וַיָּֽעַל׃ 7 יְהוָ֖ה מוֹרִ֣ישׁ וּמַעֲשִׁ֑יר מַשְׁפִּ֖יל אַף־מְרוֹמֵֽם׃ 8 מֵקִ֨ים מֵעָפָ֜ר דָּ֗ל מֵֽאַשְׁפֹּת֙ יָרִ֣ים אֶבְי֔וֹן לְהוֹשִׁיב֙ עִם־נְדִיבִ֔ים וְכִסֵּ֥א כָב֖וֹד יַנְחִלֵ֑ם כִּ֤י לַֽיהוָה֙ מְצֻ֣קֵי אֶ֔רֶץ וַיָּ֥שֶׁת עֲלֵיהֶ֖ם תֵּבֵֽל׃ 9 רַגְלֵ֤י חסידו יִשְׁמֹ֔ר וּרְשָׁעִ֖ים בַּחֹ֣שֶׁךְ יִדָּ֑מּוּ כִּֽי־לֹ֥א בְכֹ֖חַ יִגְבַּר־אִֽישׁ׃ 10 יְהוָ֞ה יֵחַ֣תּוּ מריבו עלו בַּשָּׁמַ֣יִם יַרְעֵ֔ם יְהוָ֖ה יָדִ֣ין אַפְסֵי־אָ֑רֶץ וְיִתֶּן־עֹ֣ז לְמַלְכּ֔וֹ וְיָרֵ֖ם קֶ֥רֶן מְשִׁיחֽוֹ׃ פ 11 וַיֵּ֧לֶךְ אֶלְקָנָ֛ה הָרָמָ֖תָה עַל־בֵּית֑וֹ וְהַנַּ֗עַר הָיָ֤ה מְשָׁרֵת֙ אֶת־יְהוָ֔ה אֶת־פְּנֵ֖י עֵלִ֥י הַכֹּהֵֽן׃ 12 וּבְנֵ֥י עֵלִ֖י בְּנֵ֣י בְלִיָּ֑עַל לֹ֥א יָדְע֖וּ אֶת־יְהוָֽה׃ 13 וּמִשְׁפַּ֥ט הַכֹּהֲנִ֖ים אֶת־הָעָ֑ם כָּל־אִ֞ישׁ זֹבֵ֣חַ זֶ֗בַח וּבָ֨א נַ֤עַר הַכֹּהֵן֙ כְּבַשֵּׁ֣ל הַבָּשָׂ֔ר וְהַמַּזְלֵ֛ג שְׁלֹ֥שׁ־הַשִּׁנַּ֖יִם בְּיָדֽוֹ׃ 14 וְהִכָּ֨ה בַכִּיּ֜וֹר א֣וֹ בַדּ֗וּד א֤וֹ בַקַּלַּ֨חַת֙ א֣וֹ בַפָּר֔וּר כֹּ֚ל אֲשֶׁ֣ר יַעֲלֶ֣ה הַמַּזְלֵ֔ג יִקַּ֥ח הַכֹּהֵ֖ן בּ֑וֹ כָּ֚כָה יַעֲשׂ֣וּ לְכָל־יִשְׂרָאֵ֔ל הַבָּאִ֥ים שָׁ֖ם בְּשִׁלֹֽה׃ 15 גַּם֮ בְּטֶרֶם֮ יַקְטִר֣וּן אֶת־הַחֵלֶב֒ וּבָ֣א ׀ נַ֣עַר הַכֹּהֵ֗ן וְאָמַר֙ לָאִ֣ישׁ הַזֹּבֵ֔חַ תְּנָ֣ה בָשָׂ֔ר לִצְל֖וֹת לַכֹּהֵ֑ן וְלֹֽא־יִקַּ֧ח מִמְּךָ֛ בָּשָׂ֥ר מְבֻשָּׁ֖ל כִּ֥י אִם־חָֽי׃ 16 וַיֹּ֨אמֶר אֵלָ֜יו הָאִ֗ישׁ קַטֵּ֨ר יַקְטִיר֤וּן כַּיּוֹם֙ הַחֵ֔לֶב וְקַ֨ח־לְךָ֔ כַּאֲשֶׁ֥ר תְּאַוֶּ֖ה נַפְשֶׁ֑ךָ וְאָמַ֥ר ׀ לו כִּ֚י עַתָּ֣ה תִתֵּ֔ן וְאִם־לֹ֖א לָקַ֥חְתִּי בְחָזְקָֽה׃ 17 וַתְּהִ֨י חַטַּ֧את הַנְּעָרִ֛ים גְּדוֹלָ֥ה מְאֹ֖ד אֶת־פְּנֵ֣י יְהוָ֑ה כִּ֤י נִֽאֲצוּ֙ הָֽאֲנָשִׁ֔ים אֵ֖ת מִנְחַ֥ת יְהוָֽה׃ 18 וּשְׁמוּאֵ֕ל מְשָׁרֵ֖ת אֶת־פְּנֵ֣י יְהוָ֑ה נַ֕עַר חָג֖וּר אֵפ֥וֹד בָּֽד׃ 19 וּמְעִ֤יל קָטֹן֙ תַּעֲשֶׂה־לּ֣וֹ אִמּ֔וֹ וְהַעַלְתָ֥ה ל֖וֹ מִיָּמִ֣ים ׀ יָמִ֑ימָה בַּֽעֲלוֹתָהּ֙ אֶת־אִישָׁ֔הּ לִזְבֹּ֖חַ אֶת־זֶ֥בַח הַיָּמִֽים׃ 20 וּבֵרַ֨ךְ עֵלִ֜י אֶת־אֶלְקָנָ֣ה וְאֶת־אִשְׁתּ֗וֹ וְאָמַר֙ יָשֵׂם֩ יְהוָ֨ה לְךָ֥ זֶ֨רַע֙ מִן־הָאִשָּׁ֣ה הַזֹּ֔את תַּ֚חַת הַשְּׁאֵלָ֔ה אֲשֶׁ֥ר שָׁאַ֖ל לַֽיהוָ֑ה וְהָלְכ֖וּ לִמְקֹמֽוֹ׃ 21 כִּֽי־פָקַ֤ד יְהוָה֙ אֶת־חַנָּ֔ה וַתַּ֛הַר וַתֵּ֥לֶד שְׁלֹשָֽׁה־בָנִ֖ים וּשְׁתֵּ֣י בָנ֑וֹת וַיִּגְדַּ֛ל הַנַּ֥עַר שְׁמוּאֵ֖ל עִם־יְהוָֽה׃ ס 22 וְעֵלִ֖י זָקֵ֣ן מְאֹ֑ד וְשָׁמַ֗ע אֵת֩ כָּל־אֲשֶׁ֨ר יַעֲשׂ֤וּן בָּנָיו֙ לְכָל־יִשְׂרָאֵ֔ל וְאֵ֤ת אֲשֶֽׁר־יִשְׁכְּבוּן֙ אֶת־הַנָּשִׁ֔ים הַצֹּ֣בְא֔וֹת פֶּ֖תַח אֹ֥הֶל מוֹעֵֽד׃ 23 וַיֹּ֣אמֶר לָהֶ֔ם לָ֥מָּה תַעֲשׂ֖וּן כַּדְּבָרִ֣ים הָאֵ֑לֶּה אֲשֶׁ֨ר אָנֹכִ֤י שֹׁמֵ֨עַ֙ אֶת־דִּבְרֵיכֶ֣ם רָעִ֔ים מֵאֵ֖ת כָּל־הָעָ֥ם אֵֽלֶּה׃ 24 אַ֖ל בָּנָ֑י כִּ֠י לֽוֹא־טוֹבָ֤ה הַשְּׁמֻעָה֙ אֲשֶׁ֣ר אָנֹכִ֣י שֹׁמֵ֔עַ מַעֲבִרִ֖ים עַם־יְהוָֽה׃ 25 אִם־יֶחֱטָ֨א אִ֤ישׁ לְאִישׁ֙ וּפִֽלְל֣וֹ אֱלֹהִ֔ים וְאִ֤ם לַֽיהוָה֙ יֶֽחֱטָא־אִ֔ישׁ מִ֖י יִתְפַּלֶּל־ל֑וֹ וְלֹ֤א יִשְׁמְעוּ֙ לְק֣וֹל אֲבִיהֶ֔ם כִּֽי־חָפֵ֥ץ יְהוָ֖ה לַהֲמִיתָֽם׃ 26 וְהַנַּ֣עַר שְׁמוּאֵ֔ל הֹלֵ֥ךְ וְגָדֵ֖ל וָט֑וֹב גַּ֚ם עִם־יְהוָ֔ה וְגַ֖ם עִם־אֲנָשִֽׁים׃ ס 27 וַיָּבֹ֥א אִישׁ־אֱלֹהִ֖ים אֶל־עֵלִ֑י וַיֹּ֣אמֶר אֵלָ֗יו כֹּ֚ה אָמַ֣ר יְהוָ֔ה הֲנִגְלֹ֤ה נִגְלֵ֨יתִי֙ אֶל־בֵּ֣ית אָבִ֔יךָ בִּֽהְיוֹתָ֥ם בְּמִצְרַ֖יִם לְבֵ֥ית פַּרְעֹֽה׃ 28 וּבָחֹ֣ר אֹ֠תוֹ מִכָּל־שִׁבְטֵ֨י יִשְׂרָאֵ֥ל לִי֙ לְכֹהֵ֔ן לַעֲל֣וֹת עַֽל־מִזְבְּחִ֗י לְהַקְטִ֥יר קְטֹ֛רֶת לָשֵׂ֥את אֵפ֖וֹד לְפָנָ֑י וָֽאֶתְּנָה֙ לְבֵ֣ית אָבִ֔יךָ אֶת־כָּל־אִשֵּׁ֖י בְּנֵ֥י יִשְׂרָאֵֽל׃ 29 לָ֣מָּה תִבְעֲט֗וּ בְּזִבְחִי֙ וּבְמִנְחָתִ֔י אֲשֶׁ֥ר צִוִּ֖יתִי מָע֑וֹן וַתְּכַבֵּ֤ד אֶת־בָּנֶ֨יךָ֙ מִמֶּ֔נִּי לְהַבְרִֽיאֲכֶ֗ם מֵרֵאשִׁ֛ית כָּל־מִנְחַ֥ת יִשְׂרָאֵ֖ל לְעַמִּֽי׃ 30 לָכֵ֗ן נְאֻם־יְהוָה֮ אֱלֹהֵ֣י יִשְׂרָאֵל֒ אָמ֣וֹר אָמַ֔רְתִּי בֵּֽיתְךָ֙ וּבֵ֣ית אָבִ֔יךָ יִתְהַלְּכ֥וּ לְפָנַ֖י עַד־עוֹלָ֑ם וְעַתָּ֤ה נְאֻם־יְהוָה֙ חָלִ֣ילָה לִּ֔י כִּֽי־מְכַבְּדַ֥י אֲכַבֵּ֖ד וּבֹזַ֥י יֵקָֽלּוּ׃ 31 הִנֵּה֙ יָמִ֣ים בָּאִ֔ים וְגָֽדַעְתִּי֙ אֶת־זְרֹ֣עֲךָ֔ וְאֶת־זְרֹ֖עַ בֵּ֣ית אָבִ֑יךָ מִֽהְי֥וֹת זָקֵ֖ן בְּבֵיתֶֽךָ׃ 32 וְהִבַּטְתָּ֙ צַ֣ר מָע֔וֹן בְּכֹ֥ל אֲשֶׁר־יֵיטִ֖יב אֶת־יִשְׂרָאֵ֑ל וְלֹֽא־יִהְיֶ֥ה זָקֵ֛ן בְּבֵיתְךָ֖ כָּל־הַיָּמִֽים׃ 33 וְאִ֗ישׁ לֹֽא־אַכְרִ֤ית לְךָ֙ מֵעִ֣ם מִזְבְּחִ֔י לְכַלּ֥וֹת אֶת־עֵינֶ֖יךָ וְלַאֲדִ֣יב אֶת־נַפְשֶׁ֑ךָ וְכָל־מַרְבִּ֥ית בֵּיתְךָ֖ יָמ֥וּתוּ אֲנָשִֽׁים׃ 34 וְזֶה־לְּךָ֣ הָא֗וֹת אֲשֶׁ֤ר יָבֹא֙ אֶל־שְׁנֵ֣י בָנֶ֔יךָ אֶל־חָפְנִ֖י וּפִֽינְחָ֑ס בְּי֥וֹם אֶחָ֖ד יָמ֥וּתוּ שְׁנֵיהֶֽם׃ 35 וַהֲקִימֹתִ֥י לִי֙ כֹּהֵ֣ן נֶאֱמָ֔ן כַּאֲשֶׁ֛ר בִּלְבָבִ֥י וּבְנַפְשִׁ֖י יַעֲשֶׂ֑ה וּבָנִ֤יתִי לוֹ֙ בַּ֣יִת נֶאֱמָ֔ן וְהִתְהַלֵּ֥ךְ לִפְנֵֽי־מְשִׁיחִ֖י כָּל־הַיָּמִֽים׃ 36 וְהָיָ֗ה כָּל־הַנּוֹתָר֙ בְּבֵ֣יתְךָ֔ יָבוֹא֙ לְהִשְׁתַּחֲוֺ֣ת ל֔וֹ לַאֲג֥וֹרַת כֶּ֖סֶף וְכִכַּר־לָ֑חֶם וְאָמַ֗ר סְפָחֵ֥נִי נָ֛א אֶל־אַחַ֥ת הַכְּהֻנּ֖וֹת לֶאֱכֹ֥ל פַּת־לָֽחֶם׃ ס

JBMLE · Judson Bible

ဟ​န္န​၏​ဆု​တောင်း​ပ​တ္ထ​နာ

1 တစ်​ဖန် ဟ​န္န​သည် ပ​တ္ထ​နာ​စ​ကား​ကို မြွက်​ဆို​သည်​ကား၊ ငါ့​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ရွှင်​လန်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ့​ဦး​ချို​မြင့်​လျက်​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်၍၊ ရန်​သူ​တို့​အား ဝါ​ကြွား​သော​စ​ကား​ကို ပြော​ရ၏။လု၊ ၁:၄၆-၅၅။2 ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း​တော်​မူ​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​သန့်​ရှင်း။ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။ 3 ငါ​တို့ ဘု​ရား​သ​ခင်​ကဲ့​သို့​သော ခို​လှုံ​စ​ရာ​မ​ရှိ။ ကိုယ်​ကို​ကိုယ် မ​ချီး​မြှောက်​ကြ​နှင့်။ ဝါ​ကြွား​စော်​ကား​သော စ​ကား​ကို မ​ပြော​ကြ​နှင့်။ အ​ဓ​မ္မ​စ​ကား​ကို နှုတ်​ထဲ​က မ​ထွက်​စေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဗ္ဗ​ညု​တ​ဘု​ရား ဖြစ်​တော်​မူ၏။ အ​မှု​အ​ရာ​တို့​ကို ညှိ​ညွှတ်​တော်​မူ၏။ 4 သူ​ရဲ​တို့ ကိုင်​သော​လေး​များ​ကျိုး​လျက်၊ လဲ​တတ်​သော​သူ​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​လျက် ရှိ​ကြ၏။ 5 ဝ​စွာ​စား​သော​သူ​တို့​သည် စား​စ​ရာ​ကို​ရ​ခြင်း​ငှာ၊ သူ​ငှား​လုပ်​ရ​ကြ​ပြီ။ ငတ်​မွတ်​သော သူ​တို့​မူ​ကား၊ တစ်​ဖန်​ဝ​ကြ​ပြီ။ မြုံ​သော​သူ​သည် ခု​နစ်​ကြိမ်​တိုင်​အောင် ဖွား​မြင်​ပြီ။ သား​များ​သော​သူ​မူ​ကား၊ တစ်​ဖန်​အား​လျော့​ပြီ။ 6 ထာ​ဝ​ရ​ဘု​ရား​သည် သေ​စေ​သော​အ​ခွင့်၊ အ​သက်​ရှင်​စေ​သော​အ​ခွင့်၊ မ​ရ​ဏနိုင်​ငံ​သို့ နှိမ့်​ချ​သော​အ​ခွင့်၊ ထ​မြောက်​စေ​သော​အ​ခွင့် ရှိ​တော်​မူ၏။ 7 ဆင်း​ရဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပြု၍၊ နှိမ့်​ချ​သော​အ​ခွင့်၊ ချီး​မြှောက်​သော​အ​ခွင့် ရှိ​တော်​မူ၏။ 8 ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​လည်း​ကောင်း ချီး​မြှောက်၍၊ မင်း​သား​တို့​နှင့် ထိုင်​ရ​သော​အ​ခွင့်၊ ဘုန်း​ကြီး​သော​ပ​လ္လင်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တိုင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်၍ ထို​တိုင်​တို့​အ​ပေါ်​မှာ လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။ 9 မိ​မိ​သန့်​ရှင်း​သူ​တို့​ခြေ​ကို စောင့်​မ​တော်​မူ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​သည် မှောင်​မိုက်၌ တိတ်​ဆိတ်​စွာ နေ​ရ​ကြ​လိမ့်​မည်။ ကိုယ်​အ​စွမ်း​သ​တ္တိ​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​နိုင်​ရာ။ 10 ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို ချိုး​ဖဲ့​တော်​မူ​မည်။ သူ​တို့​အ​ပေါ်၌ မိုး​ကောင်း​ကင်​မှ မိုး​ချုန်း​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် တ​ရား​စီ​ရင်​သ​ဖြင့်၊ ခန့်​ထား​တော်​မူ​သော ရှင်​ဘု​ရင်​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ၍ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ​ကို ချီး​မြှောက်​တော်​မူ​မည်​ဟု မြွက်​ဆို၏။ 11 ထို​နောက်​မှ၊ ဧ​လ​ကာ​န​သည် ရာ​မ​မြို့၌​ရှိ​သော မိ​မိ​အိမ်​သို့​သွား၍၊ သူ​ငယ်​သည် ယဇ်​ပု​ရော​ဟိတ် ဧ​လိ​ရှေ့​တွင် အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။

ဧ​လိ​၏​သား​များ

12 ဧ​လိ၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ၊ အ​ဓ​မ္မ​လူ​ဖြစ်​ကြ၏။ 13 လူ​များ​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​ပြု​သော ထုံး​စံ​ဟူ​မူ​ကား၊ ယဇ်​ပူ​ဇော်၍ အ​မဲ​သား​ကို ပြုတ်​စဉ်​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​တစ်​ယောက်​သည်​လာ၍ သုံး​ချောင်း​ရှိ​သော အ​မဲ​ချိတ်​ကို ကိုင်​လျက်၊ 14 အိုး​အ​စ​ရှိ​သည်​တို့၌ ထိုး​ခပ်၍၊ အ​မဲ​ချိတ်​တွင် ပါ​သ​မျှ​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​တတ်၏။ ရှိ​လော​မြို့​သို့ ရောက်​လာ​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​အား ထို​သို့​ပြု​ကြ၏။ 15 ဆီ​ဥ​ကို မီး​မ​ရှို့​မီ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​သည်​လာ၍၊ ယဇ်​ပု​ရော​ဟိတ်​ဖို့ ကင်​စ​ရာ​အ​မဲ​သား​ကို ပေး​ပါ။ ပြုတ်​သော အ​မဲ​သား​ကို မ​ယူ။ စိမ်း​သော​အ​မဲ​သား​ကို​သာ​ယူ​မည်​ဟု ယဇ်​ပူ​ဇော်​သော​သူ​အား ဆို​တတ်၏။ 16 ထို​သူ​က၊ ဆီ​ဥ​ကို​အ​ရင် မီး​ရှို့​ပါ​ရ​စေ။ နောက်​မှ ယူ​ချင်​တိုင်း​ယူ​ပါ​ဟု ဆို​လျှင်၊ မ​ဟုတ်​ဘူး၊ ယ​ခု​ပေး​ရ​မည်။ သို့​မ​ဟုတ် အ​နိုင်​ယူ​မည်​ဟု ပြော​ဆို​တတ်၏။ 17 ထို​ယဇ်​ပု​ရော​ဟိတ်​ပျို​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ဝတ်​ကို လူ​များ ရွံ​စ​ရာ​ပြု​သော​ကြောင့်၊ ရှေ့​တော်၌ အ​လွန်​အ​ပြစ်​ကြီး​သော​သူ ဖြစ်​ကြ၏။

ရှိ​လော​မြို့​တွင်​ရှိ​သော​ရှ​မွေ​လ

18 သူ​ငယ် ရှ​မွေ​လ​သည် ပိတ်​သင်​တိုင်း​ကို ဝတ်​စည်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။ 19 နှစ်​စဉ်​ပြု​ရ​သော​ယဇ်​ကို​ပူ​ဇော်​ခြင်း​ငှာ၊ သူ၏​မိ​ဘ​သည်​ရောက်​လာ​သော​အ​ခါ၊ အ​မိ​သည် တစ်​နှစ်​မ​ပြတ် သား​အ​ဖို့ အင်္ကျီ​ငယ်​ကို​ချုပ်၍ ဆောင်​ခဲ့​တတ်၏။ 20 တစ်​ရံ​ရော​အ​ခါ၊ ဧ​လိ​က၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ငှား​ထား​သော သား​အ​တွက်၊ ဤ​မိန်း​မ​တွင် အ​မျိုး​အ​နွယ်​ကို ပေး​တော်​မူ​ပါ​စေ​သော​ဟု ဧ​လ​ကာ​န​လင်​မ​ယား​ကို ကောင်း​ချီး​ပေး၏။ ထို​သူ​တို့​သည် နေ​ရာ​အိမ်​သို့ ပြန်​သွား​သော​နောက်၊ 21 ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍၊ သား​သုံး​ယောက်၊ သ​မီး​နှစ်​ယောက်​တို့​ကို ဖွား​မြင်​လေ၏။ သူ​ငယ်​ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​ပွား​သ​တည်း။

ဧ​လိ​နှင့်​သူ​၏​သား​များ

22 ဧ​လိ​သည် အ​သက်​အ​ရွယ်​လွန်​သော​အ​ခါ၊ သူ၏​သား​တို့​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့၌ ပြု​သ​မျှ​ကို​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ စည်း​ဝေး​သော​မိန်း​မ​နှင့် မှား​ယွင်း​ကြောင်း​ကို လည်း​ကောင်း ကြား​သိ​လျှင်၊ 23 သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ သင်​တို့​ပြု​သော ဒု​စ​ရိုက်​တို့​ကို လူ​အ​ပေါင်း​တို့​သည် ပြော၍ ငါ​ကြား​ရ၏။ 24 မ​ကောင်း​ဘူး ငါ့​သား​တို့။ ငါ​ကြား​သော သ​တင်း​သည် ကောင်း​သော​သ​တင်း​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား၏ လူ​တို့​သည် ပြစ်​မှား​ရ​မည်​အ​ကြောင်း၊ သင်​တို့​ပြု​ကြ​သည် တ​ကား။ 25 လူ​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြစ်​မှား​လျှင်၊ တ​ရား​သူ​ကြီး စစ်​ကြော​စီ​ရင်​ရ၏။ လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​လျှင်၊ သူ့​အ​တွက် အ​ဘယ်​သူ တောင်း​ပန်​လိမ့်​မည်​နည်း​ဟု ဆုံး​မ​သော်​လည်း၊ သူ​တို့​သည် အ​ဘ၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကွပ်​မျက်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။ 26 သူ​ငယ်​ရှ​မွေ​လ​သည် ကြီး​ပွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ လူ​တို့​ရှေ့၌ မျက်​နှာ​ရ​လေ၏။လု၊ ၂:၅၂။

ဧ​လိ​မိ​သား​စု​နှ​င့်​ဆိုင်​သော​ဗျာ​ဒိတ်​တော်

27 ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ဧ​လိ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၊ ဖာ​ရော​ဘု​ရင်​ထံ၌​နေ​ရ​သော သင့်​အ​ဘ၏​အ​မျိုး​အား​ငါ​ထင်​ရှား​သည် မ​ဟုတ်​လော။ 28 ငါ၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ့​ရှေ့​မှာ သင်​တိုင်း​ကို​ဝတ်​ခြင်း အ​မှု​ကို စောင့်​ရ​သော ငါ၏​ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​အ​ထဲ​က ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ ရှိ​သ​မျှ​တို့​ကို၊ သင့်​အ​ဘ၏​အ​မျိုး​အား ငါ​ပေး​သည်​မ​ဟုတ်​လော။ထွ၊ ၂၈:၁-၄။ ဝတ်၊ ၇:၃၅-၃၆။29 ငါ့​အိမ်၌ ငါ​စီ​ရင်​သော​ယဇ်၊ ငါ့​ပူ​ဇော်​သ​ကာ​ကို အ​ဘယ်​ကြောင့် ခြေ​နှင့်​ကန်​သ​နည်း။ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား တင်​လှူ​သော ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​တို့​တွင်၊ အ​မြတ်​ဆုံး​သော​အ​ရာ​ကို ဝ​စွာ​စား​စေ၍၊ သင်၏​သား​တို့​ကို ငါ့​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ချီး​မြှောက်​သ​နည်း။ 30 ထို​သို့​ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​မျိုး၊ သင့်​အ​ဘ၏​အ​မျိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ် သွား​လာ​ရ​လိမ့်​မည်​ဟု ငါ​ဆို​မိ​သော်​လည်း၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​က​တိ​သည် ငါ​နှင့်​ဝေး​ပါ​စေ။ ငါ့​ကို ချီး​မြှောက်​သော သူ​တို့​ကို ငါ​ချီး​မြှောက်​မည်။ ငါ့​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​သည် ဂုဏ်​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့်​မည်။ 31 သင်၏​အ​မျိုး​တွင် အို​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​စေ​ခြင်း​ငှာ၊ သင်၏​လက်​ရုံး​နှင့် သင့်​အ​ဆွေ​အ​မျိုး၏ လက်​ရုံး​ကို ငါ​ဖြတ်​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ 32 ဣ​သ​ရေ​လ​အ​မျိုး​အား ငါ​ပေး​သော​စည်း​စိမ်​ရှိ​ရာ အိမ်​ပေါ်​မှာ ဘေး​ဥ​ပဒ်​ရောက်​ကြောင်း​ကို သင်​မြင်​ရ​လိမ့်​မည်။ သင်၏​အ​မျိုး​တွင် အို​သော​သူ​တစ်​ယောက်​မျှ အ​စဉ်​မ​ရှိ​ရ။ 33 ငါ၏​ယဇ်​ပ​လ္လင်​မှ ငါ​မ​ပယ်​မ​ဖြတ်​သော သင်၏​အ​မျိုး​သား​သည်၊ သင့်​မျက်​စိ​ပျက်၍ စိတ်​နာ​ကျင်​ဖို့ ရာ​ဖြစ်​လိမ့်​မည်။ သင်၏ သား​စဉ်​မြေး​ဆက်​တို့​သည် အ​သက်​ပျို​စဉ်​ပင် သေ​ရ​ကြ​လိမ့်​မည်။ 34 သင်၏​သား ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​နှစ်​ယောက်​တို့၌ ဖြစ်​စေ၍၊ သင့်​အား ငါ​ပေး​သော ပု​ပ္ပ​နိ​မိတ်​ဟူ​မူ​ကား၊ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​နေ့​ချင်း​တွင် သေ​လိမ့်​မည်။၁​ရာ၊၄:၁၁။35 တစ်​ဖန် ငါ့​စိတ်​နှ​လုံး​အ​လို​သို့​လိုက်၍ သ​စ္စာ​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​ကို ငါ​ပေါ်​ထွန်း​စေ​မည်။ မြဲ​သော​အိမ်​ကို သူ့​အ​ဖို့ ငါ​ဆောက်​ပေး​သ​ဖြင့်၊ သူ​သည် ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​ရှေ့​မှာ အ​စဉ်​သွား​လာ​ရ​လိမ့်​မည်။ 36 သင်၏​အ​မျိုး၌ ကျန်​ကြွင်း​သော​သူ​တိုင်း သူ့​ထံ​သို့​လာ၍၊ ကျွန်​တော်​သည် မုန့်​အ​နည်း​ငယ်​ကို စား​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော အ​မှု​တစ်​စုံ​တစ်​ခု၌ ကျွန်​တော်​ကို စေ​ခိုင်း​ပါ​လော့​ဟု ငွေ​စ၊ မုန့်​စ​ကို​ရ​လို​သော​ငှာ၊ ရှိ​ခိုး​လျက် တောင်း​ပန်​လိမ့်​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။

Todos os capítulos de 1 Samuel 31
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.