Pular para o conteúdo
Publicidade Remover anúncios

1 Samuel 29

WLC · Westminster Leningrad Codex

1 וַיִּקְבְּצ֧וּ פְלִשְׁתִּ֛ים אֶת־כָּל־מַחֲנֵיהֶ֖ם אֲפֵ֑קָה וְיִשְׂרָאֵ֣ל חֹנִ֔ים בַּעַ֖יִן אֲשֶׁ֥ר בְּיִזְרְעֶֽאל׃ 2 וְסַרְנֵ֤י פְלִשְׁתִּים֙ עֹֽבְרִ֔ים לְמֵא֖וֹת וְלַאֲלָפִ֑ים וְדָוִ֣ד וַאֲנָשָׁ֗יו עֹֽבְרִ֛ים בָּאַחֲרֹנָ֖ה עִם־אָכִֽישׁ׃ 3 וַיֹּֽאמְרוּ֙ שָׂרֵ֣י פְלִשְׁתִּ֔ים מָ֖ה הָעִבְרִ֣ים הָאֵ֑לֶּה וַיֹּ֨אמֶר אָכִ֜ישׁ אֶל־שָׂרֵ֣י פְלִשְׁתִּ֗ים הֲלֽוֹא־זֶ֨ה דָוִ֜ד עֶ֣בֶד ׀ שָׁא֣וּל מֶֽלֶךְ־יִשְׂרָאֵ֗ל אֲשֶׁ֨ר הָיָ֤ה אִתִּי֙ זֶ֤ה יָמִים֙ אוֹ־זֶ֣ה שָׁנִ֔ים וְלֹֽא־מָצָ֤אתִי בוֹ֙ מְא֔וּמָה מִיּ֥וֹם נָפְל֖וֹ עַד־הַיּ֥וֹם הַזֶּֽה׃ פ 4 וַיִּקְצְפ֨וּ עָלָ֜יו שָׂרֵ֣י פְלִשְׁתִּ֗ים וַיֹּ֣אמְרוּ לוֹ֩ שָׂרֵ֨י פְלִשְׁתִּ֜ים הָשֵׁ֣ב אֶת־הָאִ֗ישׁ וְיָשֹׁב֙ אֶל־מְקוֹמוֹ֙ אֲשֶׁ֣ר הִפְקַדְתּ֣וֹ שָׁ֔ם וְלֹֽא־יֵרֵ֤ד עִמָּ֨נוּ֙ בַּמִּלְחָמָ֔ה וְלֹא־יִֽהְיֶה־לָּ֥נוּ לְשָׂטָ֖ן בַּמִּלְחָמָ֑ה וּבַמֶּ֗ה יִתְרַצֶּ֥ה זֶה֙ אֶל־אֲדֹנָ֔יו הֲל֕וֹא בְּרָאשֵׁ֖י הָאֲנָשִׁ֥ים הָהֵֽם׃ 5 הֲלוֹא־זֶ֣ה דָוִ֔ד אֲשֶׁ֧ר יַעֲנוּ־ל֛וֹ בַּמְּחֹל֖וֹת לֵאמֹ֑ר הִכָּ֤ה שָׁאוּל֙ בַּֽאֲלָפָ֔יו וְדָוִ֖ד ברבבתו׃ ס 6 וַיִּקְרָ֨א אָכִ֜ישׁ אֶל־דָּוִ֗ד וַיֹּ֣אמֶר אֵ֠לָיו חַי־יְהוָ֞ה כִּי־יָשָׁ֣ר אַתָּ֗ה וְט֣וֹב בְּ֠עֵינַי צֵאתְךָ֨ וּבֹאֲךָ֤ אִתִּי֙ בַּֽמַּחֲנֶ֔ה כִּ֠י לֹֽא־מָצָ֤אתִֽי בְךָ֙ רָעָ֔ה מִיּ֛וֹם בֹּאֲךָ֥ אֵלַ֖י עַד־הַיּ֣וֹם הַזֶּ֑ה וּבְעֵינֵ֥י הַסְּרָנִ֖ים לֹֽא־ט֥וֹב אָֽתָּה׃ 7 וְעַתָּ֥ה שׁ֖וּב וְלֵ֣ךְ בְּשָׁל֑וֹם וְלֹֽא־תַעֲשֶׂ֣ה רָ֔ע בְּעֵינֵ֖י סַרְנֵ֥י פְלִשְׁתִּֽים׃ ס 8 וַיֹּ֨אמֶר דָּוִ֜ד אֶל־אָכִ֗ישׁ כִּ֣י מֶ֤ה עָשִׂ֨יתִי֙ וּמַה־מָּצָ֣אתָ בְעַבְדְּךָ֔ מִיּוֹם֙ אֲשֶׁ֣ר הָיִ֣יתִי לְפָנֶ֔יךָ עַ֖ד הַיּ֣וֹם הַזֶּ֑ה כִּ֣י לֹ֤א אָבוֹא֙ וְנִלְחַ֔מְתִּי בְּאֹיְבֵ֖י אֲדֹנִ֥י הַמֶּֽלֶךְ׃ 9 וַיַּ֣עַן אָכִישׁ֮ וַיֹּ֣אמֶר אֶל־דָּוִד֒ יָדַ֕עְתִּי כִּ֣י ט֥וֹב אַתָּ֛ה בְּעֵינַ֖י כְּמַלְאַ֣ךְ אֱלֹהִ֑ים אַ֣ךְ שָׂרֵ֤י פְלִשְׁתִּים֙ אָֽמְר֔וּ לֹֽא־יַעֲלֶ֥ה עִמָּ֖נוּ בַּמִּלְחָמָֽה׃ 10 וְעַתָּה֙ הַשְׁכֵּ֣ם בַּבֹּ֔קֶר וְעַבְדֵ֥י אֲדֹנֶ֖יךָ אֲשֶׁר־בָּ֣אוּ אִתָּ֑ךְ וְהִשְׁכַּמְתֶּ֣ם בַּבֹּ֔קֶר וְא֥וֹר לָכֶ֖ם וָלֵֽכוּ׃ 11 וַיַּשְׁכֵּ֨ם דָּוִ֜ד ה֤וּא וַֽאֲנָשָׁיו֙ לָלֶ֣כֶת בַּבֹּ֔קֶר לָשׁ֖וּב אֶל־אֶ֣רֶץ פְּלִשְׁתִּ֑ים וּפְלִשְׁתִּ֖ים עָל֥וּ יִזְרְעֶֽאל׃ ס

JBMLE · Judson Bible

ဖိ​လိ​တ္တိ​တို့​ဒါ​ဝိဒ်​ကို​ဝိုင်း​ပယ်​ခြင်း

1 ဖိ​လိ​တ္တိ​လူ​တို့​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​မှာ စု​ဝေး​စေ​ကြ၏။ ဣ​သ​ရေ​လ လူ​တို့​သည် ယေ​ဇ​ရေ​လ​မြို့​မှာ ရှိ​သော စမ်း​ရေ​တွင်း​အ​နား၌ တပ်​ချ​ကြ၏။ 2 ဖိ​လိ​တ္တိ​မင်း​တို့​သည် လူ​တစ်​ရာ​တပ်၊ တစ်​ထောင်​တပ်​အ​စဉ်​အ​တိုင်း ချီ​သွား​သ​ဖြင့်၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် နောက်​တပ်၌ အာ​ခိတ်​မင်း​နှင့်​အ​တူ လိုက်​ကြ၏။ 3 ဖိ​လိ​တ္တိ​မင်း​တို့​က​လည်း၊ သင်​နှင့်​လိုက်​သော ထို​သူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ အာ​ခိတ်​မင်း​က၊ ဤ​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လု၏​ကျွန်​ဒါ​ဝိဒ် ဖြစ်​သည်​မ​ဟုတ်​လော။ ကြာ​မြင့်​စွာ ငါ့​ထံ​မှာ​နေ​ပြီ။ ငါ့​ထံ​သို့ ရောက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် သူ၌​အ​ပြစ်​တင်​စ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​ဟု ဖိ​လိ​တ္တိ​မင်း​တို့​အား ပြော​ဆို​သော်​လည်း၊ 4 ဖိ​လိ​တ္တိ​မင်း​တို့​သည် စိတ်​ဆိုး​လျက် ဤ​သူ​ပြန်​ပါ​စေ။ မင်း​နေ​ရာ​ချ​သော အ​ရပ်​သို့ သွား၍​နေ​ပါ​စေ။ ငါ​တို့​နှင့်​အ​တူ စစ်​တိုက်​မ​လိုက်​စေ​နှင့်။ စစ်​တိုက်​ရာ​တွင် ငါ​တို့​ရန်​ဘက်၌ နေ​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ၏။ သူ​သည် သူ့​သ​ခင်၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။ ငါ​တို့​လူ​များ၏ အ​သက်​ကို​အပ်၍ ပြု​နိုင်​သည်​မ​ဟုတ်​လော။ 5 ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု အ​လှည့်​လှည့်​က​လျက် သီ​ချင်း​ဆို​ကြ​သော​အ​ခါ၊ ဤ​ဒါ​ဝိဒ်​ကို ရည်​ဆောင်၍ သီ​ချင်း​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု အ​ပြစ်​တင်​သော​ကြောင့်၊၁​ရာ၊၁၈:၇၊ ၂၁:၁၁။ ၁​ရာ၊၂၅:၄၂-၄၃။6 အာ​ခိတ်​မင်း​သည် ဒါ​ဝိဒ်​ကို​ခေါ်၍၊ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်မူသည်​အ​တိုင်း သင်​သည် ဖြောင့်​မတ်​စွာ​ပြု​ပြီ။ ငါ​နှင့်​အ​တူ တပ်​မှု​တပ်​ရေး၌ သင်​သွား​လာ​ပြု​မူ​ခြင်း​ကို ငါ​အား​ရ​ပြီ။ သင်​သည် ငါ့​ထံ​သို့​ရောက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် သင်၌ အ​ပြစ်​ကို​မ​တွေ့။ သို့​သော် ဖိ​လိ​တ္တိ​မင်း​တို့​သည် သင့်​ကို အ​လို​မ​ရှိ​ကြ။ 7 သို့​ဖြစ်၍ ယ​ခု​ငြိမ်​ဝပ်​စွာ ပြန်​သွား​တော့။ ဖိ​လိ​တ္တိ​မင်း​တို့​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်​ဟု​ဆို​သော်၊ 8 ဒါ​ဝိဒ်​က ကျွန်​တော်​သည် ကျွန်​တော်​သ​ခင် ရှင်​ဘု​ရင်၏​ရန်​သူ​တို့​ကို စစ်​တိုက်​မ​သွား​စေ​ခြင်း​ငှာ အ​ဘယ်​သို့ ပြု​ဘိ​သ​နည်း။ ကိုယ်​တော်​ထံ​မှာ နေ​သ​မျှ​ကာ​လ​ပတ်​လုံး ယ​နေ့​တိုင်​အောင် အ​ဘယ်​အ​ပြစ်​ကို တွေ့​တော်​မူ​သ​နည်း​ဟု အာ​ခိတ်​မင်း​အား မေး​လျှောက်​သော်၊ 9 အာ​ခိတ်​မင်း​က၊ သင်​သည် ငါ့​ရှေ့​မှာ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ကောင်း​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ​တို့​နှင့်​အ​တူ စစ်​တိုက်​မ​လိုက်​စေ​နှင့်​ဟု ဖိ​လိ​တ္တိ​မင်း​တို့​သည် စီ​ရင်​ကြ​ပြီ။ 10 သို့​ဖြစ်၍ သင်​နှင့်​လိုက်​လာ​သော သင့်​သ​ခင်၏ ကျွန်​တို့​နှင့်​အ​တူ နံ​နက်​စော​စော​ထ၍ မိုး​လင်း​သော​အ​ခါ ပြန်​သွား​တော့​ဟု ဒါ​ဝိဒ်​အား ဆို​သည်​အ​တိုင်း၊ 11 ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် နံ​နက်​စော​စော​ထ၍ ဖိ​လိ​တ္တိ​ပြည်​သို့ ပြန်​သွား​ကြ၏။ ဖိ​လိ​တ္တိ လူ​တို့​သည်​လည်း၊ ယေ​ဇ​ရေ​လ​မြို့​သို့ ချီ​သွား​ကြ၏။

Todos os capítulos de 1 Samuel 31
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.