Pular para o conteúdo
Publicidade Remover anúncios

2 Kings 13

WLC · Westminster Leningrad Codex

1 בִּשְׁנַ֨ת עֶשְׂרִ֤ים וְשָׁלֹשׁ֙ שָׁנָ֔ה לְיוֹאָ֥שׁ בֶּן־אֲחַזְיָ֖הוּ מֶ֣לֶךְ יְהוּדָ֑ה מָ֠לַךְ יְהוֹאָחָ֨ז בֶּן־יֵה֤וּא עַל־יִשְׂרָאֵל֙ בְּשֹׁ֣מְר֔וֹן שְׁבַ֥ע עֶשְׂרֵ֖ה שָׁנָֽה׃ 2 וַיַּ֥עַשׂ הָרַ֖ע בְּעֵינֵ֣י יְהוָ֑ה וַ֠יֵּלֶךְ אַחַ֨ר חַטֹּ֜את יָרָבְעָ֧ם בֶּן־נְבָ֛ט אֲשֶׁר־הֶחֱטִ֥יא אֶת־יִשְׂרָאֵ֖ל לֹא־סָ֥ר מִמֶּֽנָּה׃ 3 וַיִּֽחַר־אַ֥ף יְהוָ֖ה בְּיִשְׂרָאֵ֑ל וַֽיִּתְּנֵ֞ם בְּיַ֣ד ׀ חֲזָאֵ֣ל מֶֽלֶךְ־אֲרָ֗ם וּבְיַ֛ד בֶּן־הֲדַ֥ד בֶּן־חֲזָאֵ֖ל כָּל־הַיָּמִֽים׃ 4 וַיְחַ֥ל יְהוֹאָחָ֖ז אֶת־פְּנֵ֣י יְהוָ֑ה וַיִּשְׁמַ֤ע אֵלָיו֙ יְהוָ֔ה כִּ֤י רָאָה֙ אֶת־לַ֣חַץ יִשְׂרָאֵ֔ל כִּֽי־לָחַ֥ץ אֹתָ֖ם מֶ֥לֶךְ אֲרָֽם׃ 5 וַיִּתֵּ֨ן יְהוָ֤ה לְיִשְׂרָאֵל֙ מוֹשִׁ֔יעַ וַיֵּ֣צְא֔וּ מִתַּ֖חַת יַד־אֲרָ֑ם וַיֵּשְׁב֧וּ בְנֵֽי־יִשְׂרָאֵ֛ל בְּאָהֳלֵיהֶ֖ם כִּתְמ֥וֹל שִׁלְשֽׁוֹם׃ 6 אַ֠ךְ לֹֽא־סָ֜רוּ מֵחַטֹּ֧אות בֵּית־יָרָבְעָ֛ם אֲשֶׁר־החטי אֶת־יִשְׂרָאֵ֖ל בָּ֣הּ הָלָ֑ךְ וְגַם֙ הָאֲשֵׁרָ֔ה עָמְדָ֖ה בְּשֹׁמְרֽוֹן׃ 7 כִּ֣י לֹא֩ הִשְׁאִ֨יר לִיהוֹאָחָ֜ז עָ֗ם כִּ֣י אִם־חֲמִשִּׁ֤ים פָּֽרָשִׁים֙ וַעֲשָׂ֣רָה רֶ֔כֶב וַעֲשֶׂ֥רֶת אֲלָפִ֖ים רַגְלִ֑י כִּ֤י אִבְּדָם֙ מֶ֣לֶךְ אֲרָ֔ם וַיְשִׂמֵ֥ם כֶּֽעָפָ֖ר לָדֻֽשׁ׃ 8 וְיֶ֨תֶר דִּבְרֵ֧י יְהוֹאָחָ֛ז וְכָל־אֲשֶׁ֥ר עָשָׂ֖ה וּגְבוּרָת֑וֹ הֲלוֹא־הֵ֣ם כְּתוּבִ֗ים עַל־סֵ֛פֶר דִּבְרֵ֥י הַיָּמִ֖ים לְמַלְכֵ֥י יִשְׂרָאֵֽל׃ 9 וַיִּשְׁכַּ֤ב יְהֽוֹאָחָז֙ עִם־אֲבֹתָ֔יו וַֽיִּקְבְּרֻ֖הוּ בְּשֹׁמְר֑וֹן וַיִּמְלֹ֛ךְ יוֹאָ֥שׁ בְּנ֖וֹ תַּחְתָּֽיו׃ פ 10 בִּשְׁנַ֨ת שְׁלֹשִׁ֤ים וָשֶׁ֨בַע֙ שָׁנָ֔ה לְיוֹאָ֖שׁ מֶ֣לֶךְ יְהוּדָ֑ה מָ֠לַךְ יְהוֹאָ֨שׁ בֶּן־יְהוֹאָחָ֤ז עַל־יִשְׂרָאֵל֙ בְּשֹׁ֣מְר֔וֹן שֵׁ֥שׁ עֶשְׂרֵ֖ה שָׁנָֽה׃ 11 וַיַּֽעֲשֶׂ֥ה הָרַ֖ע בְּעֵינֵ֣י יְהוָ֑ה לֹ֣א סָ֗ר מִכָּל־חַטֹּ֞אות יָרָבְעָ֧ם בֶּן־נְבָ֛ט אֲשֶׁר־הֶחֱטִ֥יא אֶת־יִשְׂרָאֵ֖ל בָּ֥הּ הָלָֽךְ׃ 12 וְיֶ֨תֶר דִּבְרֵ֤י יוֹאָשׁ֙ וְכָל־אֲשֶׁ֣ר עָשָׂ֔ה וּגְב֣וּרָת֔וֹ אֲשֶׁ֣ר נִלְחַ֔ם עִ֖ם אֲמַצְיָ֣ה מֶֽלֶךְ־יְהוּדָ֑ה הֲלֽוֹא־הֵ֣ם כְּתוּבִ֗ים עַל־סֵ֛פֶר דִּבְרֵ֥י הַיָּמִ֖ים לְמַלְכֵ֥י יִשְׂרָאֵֽל׃ 13 וַיִּשְׁכַּ֤ב יוֹאָשׁ֙ עִם־אֲבֹתָ֔יו וְיָרָבְעָ֖ם יָשַׁ֣ב עַל־כִּסְא֑וֹ וַיִּקָּבֵ֤ר יוֹאָשׁ֙ בְּשֹׁ֣מְר֔וֹן עִ֖ם מַלְכֵ֥י יִשְׂרָאֵֽל׃ פ 14 וֶֽאֱלִישָׁע֙ חָלָ֣ה אֶת־חָלְי֔וֹ אֲשֶׁ֥ר יָמ֖וּת בּ֑וֹ וַיֵּ֨רֶד אֵלָ֜יו יוֹאָ֣שׁ מֶֽלֶךְ־יִשְׂרָאֵ֗ל וַיֵּ֤בְךְּ עַל־פָּנָיו֙ וַיֹּאמַ֔ר אָבִ֣י ׀ אָבִ֔י רֶ֥כֶב יִשְׂרָאֵ֖ל וּפָרָשָֽׁיו׃ 15 וַיֹּ֤אמֶר לוֹ֙ אֱלִישָׁ֔ע קַ֖ח קֶ֣שֶׁת וְחִצִּ֑ים וַיִּקַּ֥ח אֵלָ֖יו קֶ֥שֶׁת וְחִצִּֽים׃ 16 וַיֹּ֣אמֶר ׀ לְמֶ֣לֶךְ יִשְׂרָאֵ֗ל הַרְכֵּ֤ב יָֽדְךָ֙ עַל־הַקֶּ֔שֶׁת וַיַּרְכֵּ֖ב יָד֑וֹ וַיָּ֧שֶׂם אֱלִישָׁ֛ע יָדָ֖יו עַל־יְדֵ֥י הַמֶּֽלֶךְ׃ 17 וַיֹּ֗אמֶר פְּתַ֧ח הַחַלּ֛וֹן קֵ֖דְמָה וַיִּפְתָּ֑ח וַיֹּ֤אמֶר אֱלִישָׁ֤ע יְרֵה֙ וַיּ֔וֹר וַיֹּ֗אמֶר חֵץ־תְּשׁוּעָ֤ה לַֽיהוָה֙ וְחֵ֣ץ תְּשׁוּעָ֣ה בַֽאֲרָ֔ם וְהִכִּיתָ֧ אֶת־אֲרָ֛ם בַּאֲפֵ֖ק עַד־כַּלֵּֽה׃ 18 וַיֹּ֛אמֶר קַ֥ח הַחִצִּ֖ים וַיִּקָּ֑ח וַיֹּ֤אמֶר לְמֶֽלֶךְ־יִשְׂרָאֵל֙ הַךְ־אַ֔רְצָה וַיַּ֥ךְ שָֽׁלֹשׁ־פְּעָמִ֖ים וַֽיַּעֲמֹֽד׃ 19 וַיִּקְצֹ֨ף עָלָ֜יו אִ֣ישׁ הָאֱלֹהִ֗ים וַיֹּ֨אמֶר֙ לְהַכּ֨וֹת חָמֵ֤שׁ אוֹ־שֵׁשׁ֙ פְּעָמִ֔ים אָ֛ז הִכִּ֥יתָ אֶת־אֲרָ֖ם עַד־כַּלֵּ֑ה וְעַתָּ֕ה שָׁלֹ֥שׁ פְּעָמִ֖ים תַּכֶּ֥ה אֶת־אֲרָֽם׃ ס 20 וַיָּ֥מָת אֱלִישָׁ֖ע וַֽיִּקְבְּרֻ֑הוּ וּגְדוּדֵ֥י מוֹאָ֛ב יָבֹ֥אוּ בָאָ֖רֶץ בָּ֥א שָׁנָֽה׃ 21 וַיְהִ֞י הֵ֣ם ׀ קֹבְרִ֣ים אִ֗ישׁ וְהִנֵּה֙ רָא֣וּ אֶֽת־הַגְּד֔וּד וַיַּשְׁלִ֥יכוּ אֶת־הָאִ֖ישׁ בְּקֶ֣בֶר אֱלִישָׁ֑ע וַיֵּ֜לֶךְ וַיִּגַּ֤ע הָאִישׁ֙ בְּעַצְמ֣וֹת אֱלִישָׁ֔ע וַיְחִ֖י וַיָּ֥קָם עַל־רַגְלָֽיו׃ פ 22 וַֽחֲזָאֵל֙ מֶ֣לֶךְ אֲרָ֔ם לָחַ֖ץ אֶת־יִשְׂרָאֵ֑ל כֹּ֖ל יְמֵ֥י יְהוֹאָחָֽז׃ 23 וַיָּחָן֩ יְהוָ֨ה אֹתָ֤ם וַֽיְרַחֲמֵם֙ וַיִּ֣פֶן אֲלֵיהֶ֔ם לְמַ֣עַן בְּרִית֔וֹ אֶת־אַבְרָהָ֖ם יִצְחָ֣ק וְיַֽעֲקֹ֑ב וְלֹ֤א אָבָה֙ הַשְׁחִיתָ֔ם וְלֹֽא־הִשְׁלִיכָ֥ם מֵֽעַל־פָּנָ֖יו עַד־עָֽתָּה׃ 24 וַיָּ֖מָת חֲזָאֵ֣ל מֶֽלֶךְ־אֲרָ֑ם וַיִּמְלֹ֛ךְ בֶּן־הֲדַ֥ד בְּנ֖וֹ תַּחְתָּֽיו׃ 25 וַיָּ֜שָׁב יְהוֹאָ֣שׁ בֶּן־יְהוֹאָחָ֗ז וַיִּקַּ֤ח אֶת־הֶֽעָרִים֙ מִיַּד֙ בֶּן־הֲדַ֣ד בֶּן־חֲזָאֵ֔ל אֲשֶׁ֣ר לָקַ֗ח מִיַּ֛ד יְהוֹאָחָ֥ז אָבִ֖יו בַּמִּלְחָמָ֑ה שָׁלֹ֤שׁ פְּעָמִים֙ הִכָּ֣הוּ יוֹאָ֔שׁ וַיָּ֖שֶׁב אֶת־עָרֵ֥י יִשְׂרָאֵֽל׃ פ

JBMLE · Judson Bible

ဣ​သ​ရေ​လ​ဘု​ရင်​ယော​ခတ်

1 ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား ယော​ရှ​နန်း​စံ နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ယေ​ဟု​သား​ယော​ခတ်​သည် ရှ​မာ​ရိ​မြို့၌ မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဆယ်​ခု​နစ်​နှစ်​စိုး​စံ၏။ 2 ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို​မ​ရှောင်၊ လိုက်​လေ၏။ 3 ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်၍၊ ယော​ခတ်​မင်း​လက်​ထက် ကာ​လ​ပတ်​လုံး၊ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​နှင့် သူ၏​သား​ဗင်္ယာ​ဒဒ်​လက်​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို အပ်​တော်​မူ၏။ 4 တစ်​ဖန် ယော​ခတ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​လေ၏။ ရှု​ရိ​ရှင်​ဘု​ရင်​ညှဉ်း​ဆဲ၍ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​လွန်​ခံ​ရ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည်​မြင်၍ ယော​ခတ်​စ​ကား​ကို နား​ထောင်​တော်​မူ၏။ 5 ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​သော​သ​ခင်​ကို ပေး​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​လူ​တို့​လက်​မှ ထွက်​မြောက်၍ အ​ထက်​က​နည်း​တူ မိ​မိ​တို့​နေ​ရာ၌ နေ​ရ​ကြ၏။ 6 သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်​မင်း​မျိုး၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို​မ​ရှောင်၊ လိုက်​ကြ၏။ ရှ​မာ​ရိ​မြို့၌​လည်း အာ​ရှ​ရ​ပင် ရှိ​သေး၏။ 7 ရှု​ရိ​ရှင်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဖျက်​ဆီး၍၊ စ​ပါး​နင်း​ရာ​တွင် လွင့်​သော​အ​မှုန့်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့်၊ မြင်း​စီး​သူ​ရဲ ငါး​ကျိပ်၊ ရ​ထား​တစ်​ဆယ်၊ ခြေ​သည်​သူ​ရဲ​တစ်​သောင်း​ကို​သာ ယော​ခတ်၌​ကြွင်း​စေ၏။ 8 ယော​ခတ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 9 ယော​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယ​ဟော​ရှ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ

10 ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ နန်း​စံ​သုံး​ဆယ်​ခု​နစ်​နှစ်​တွင်၊ ယော​ခတ်​သား ယ​ဟော​ရှ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဆယ်​ခြောက်​နှစ် စိုး​စံ၏။ 11 ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​မ​ရှောင်၊ အ​ကုန်​အ​စင်​လိုက်​လေ၏။ 12 ယ​ဟော​ရှ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို စစ်​တိုက်​ရာ​တွင်၊ တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 13 ယ​ဟော​ရှ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ဧ​လိ​ရှဲ​ကွယ်​လွန်​ခြင်း

14 ထို​အ​ခါ ဧ​လိ​ရှဲ​သည် သေ​နာ​စွဲ၍ နာ​နေ​စဉ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ယ​ဟော​ရှ​သည် လာ၍ သူ့​ရှေ့​မှာ​ငို​ကြွေး​လျက် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဆို၏။၄​ရာ၊၂:၁၂။15 ဧ​လိ​ရှဲ​က​လည်း၊ လေး​နှင့် မြား​တို့​ကို ယူ​လော့​ဟု ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​ယူ၏။ 16 လေး​ကို​တင်​လော့​ဟု တစ်​ဖန်​ဆို​သည်​အ​တိုင်း လေး​ကို​တင်၍၊ ဧ​လိ​ရှဲ​သည် မိ​မိ​လက်​ကို ရှင်​ဘု​ရင်​လက်​ပေါ်​မှာ တင်​လျက်၊ 17 အ​ရှေ့​ပြတင်း​ပေါက်​ကို ဖွင့်​လော့​ဟု​ဆို၍ ဖွင့်​လေ၏။ ပစ်​လော့​ဟု​ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​သည် ပစ်​လေ၏။ ဧ​လိ​ရှဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ရာ​မြား၊ ရှု​ရိ​မင်း​လက်​မှ ကယ်​နုတ်​ရာ​မြား​ဖြစ်၏။ အာ​ဖက်​မြို့၌ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင်​လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။ 18 မြား​တို့​ကို​ယူ​ဦး​လော့​ဟု တစ်​ဖန်​ဆို​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​သည် ယူ၏။ မြေ​ပေါ်​သို့ ရိုက်​လော့​ဟု​ဆို၍ သုံး​ကြိမ်​ရိုက်​လေ၏။ 19 ထို​အ​ခါ ဘု​ရား​သ​ခင်၏​လူ​သည် အ​မျက်​ထွက်၍၊ အ​ဘယ်​ကြောင့် ငါး​ကြိမ်​ခြောက်​ကြိမ် မ​ရိုက်​သ​နည်း။ ထို​သို့​ရိုက်​လျှင်၊ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင် လုပ်​ကြံ​ရ​လိမ့်​မည်။ ယ​ခု​မူ​ကား၊ သုံး​ကြိမ်​သာ လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။ 20 ဧ​လိ​ရှဲ​သေ၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​မှ၊ နောင်​နှစ်​တွင် မော​ဘ​တပ်​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ​ကြ၏။ 21 ဣ​သ​ရေ​လ​လူ​တို့​သည် လူ​တစ်​ယောက်​ကို သင်္ဂြိုဟ်​စဉ်​တွင်၊ မော​ဘ​တပ်​လာ​သည်​ကို မြင်၍၊ အ​လောင်း​ကို ဧ​လိ​ရှဲ​သင်္ချိုင်း​တွင်း၌ ချ​ထား​ကြ၏။ သေ​သော​သူ​သည် အောက်​သို့​ရောက်၍၊ ဧ​လိ​ရှဲ​အ​ရိုး​တို့​ကို ထိ​သော​အ​ခါ၊ အ​သက်​ရှင်​ပြန်​သ​ဖြင့် မတ်​တတ်​ထ၏။

ဣ​သ​ရေ​လ​နှ​င့်​ရှု​ရိ​ပြည်​အ​ကြား​စစ်​ပွဲ

22 ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သည် ယော​ခတ်​လက်​ထက် ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​ကို ညှဉ်း​ဆဲ၏။ 23 ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သ​နား​စုံ​မက်၍ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့် ဖွဲ့​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​ကို အောက်​မေ့​လျက် သူ​တို့​ကို မ​ဖျက်​ဆီး၊ အ​ထံ​တော်​မှ မ​နှင်​ထုတ်​သေး​ဘဲ ကြည့်​ရှု​ပြု​စု​တော်​မူ၏။ 24 ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သေ၍၊ သား​တော်​ဗင်္ဟာ​ဒဒ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ 25 ဟာ​ဇေ​လ​သည်​စစ်​တိုက်၍ ယော​ခတ်​မင်း​လက်​မှ နုတ်​ယူ​သော မြို့​ရွာ​တို့​ကို ယော​ခတ်​သား ယ​ဟော​ရှ​သည် ဟာ​ဇေ​လ​သား​ဗင်္ဟာ​ဒဒ်​လက်​မှ တစ်​ဖန်​နုတ်​ယူ၏။ သုံး​ကြိမ်​တိုင်​အောင် ယ​ဟော​ရှ​သည်​နိုင်၍ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ရ​ပြန်​လေ၏။

Todos os capítulos de 2 Kings 25
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.