Pular para o conteúdo
Publicidade Remover anúncios

Daniel 11

WLC · Westminster Leningrad Codex

1 וַאֲנִי֙ בִּשְׁנַ֣ת אַחַ֔ת לְדָרְיָ֖וֶשׁ הַמָּדִ֑י עָמְדִ֛י לְמַחֲזִ֥יק וּלְמָע֖וֹז לֽוֹ׃ 2 וְעַתָּ֕ה אֱמֶ֖ת אַגִּ֣יד לָ֑ךְ הִנֵּה־עוֹד֩ שְׁלֹשָׁ֨ה מְלָכִ֜ים עֹמְדִ֣ים לְפָרַ֗ס וְהָֽרְבִיעִי֙ יַעֲשִׁ֤יר עֹֽשֶׁר־גָּדוֹל֙ מִכֹּ֔ל וּכְחֶזְקָת֣וֹ בְעָשְׁר֔וֹ יָעִ֣יר הַכֹּ֔ל אֵ֖ת מַלְכ֥וּת יָוָֽן׃ 3 וְעָמַ֖ד מֶ֣לֶךְ גִּבּ֑וֹר וּמָשַׁל֙ מִמְשָׁ֣ל רַ֔ב וְעָשָׂ֖ה כִּרְצוֹנֽוֹ׃ 4 וּכְעָמְדוֹ֙ תִּשָּׁבֵ֣ר מַלְכוּת֔וֹ וְתֵחָ֕ץ לְאַרְבַּ֖ע רוּח֣וֹת הַשָּׁמָ֑יִם וְלֹ֣א לְאַחֲרִית֗וֹ וְלֹ֤א כְמָשְׁלוֹ֙ אֲשֶׁ֣ר מָשָׁ֔ל כִּ֤י תִנָּתֵשׁ֙ מַלְכוּת֔וֹ וְלַאֲחֵרִ֖ים מִלְּבַד־אֵֽלֶּה׃ 5 וְיֶחֱזַ֥ק מֶֽלֶךְ־הַנֶּ֖גֶב וּמִן־שָׂרָ֑יו וְיֶחֱזַ֤ק עָלָיו֙ וּמָשָׁ֔ל מִמְשָׁ֥ל רַ֖ב מֶמְשַׁלְתּֽוֹ׃ 6 וּלְקֵ֤ץ שָׁנִים֙ יִתְחַבָּ֔רוּ וּבַ֣ת מֶֽלֶךְ־הַנֶּ֗גֶב תָּבוֹא֙ אֶל־מֶ֣לֶךְ הַצָּפ֔וֹן לַעֲשׂ֖וֹת מֵישָׁרִ֑ים וְלֹֽא־תַעְצֹ֞ר כּ֣וֹחַ הַזְּר֗וֹעַ וְלֹ֤א יַעֲמֹד֙ וּזְרֹע֔וֹ וְתִנָּתֵ֨ן הִ֤יא וּמְבִיאֶ֨יהָ֙ וְהַיֹּ֣לְדָ֔הּ וּמַחֲזִקָ֖הּ בָּעִתִּֽים׃ 7 וְעָמַ֛ד מִנֵּ֥צֶר שָׁרָשֶׁ֖יהָ כַּנּ֑וֹ וְיָבֹ֣א אֶל־הַחַ֗יִל וְיָבֹא֙ בְּמָעוֹז֙ מֶ֣לֶךְ הַצָּפ֔וֹן וְעָשָׂ֥ה בָהֶ֖ם וְהֶחֱזִֽיק׃ 8 וְגַ֣ם אֱֽלֹהֵיהֶ֡ם עִם־נְסִֽכֵיהֶם֩ עִם־כְּלֵ֨י חֶמְדָּתָ֜ם כֶּ֧סֶף וְזָהָ֛ב בַּשְּׁבִ֖י יָבִ֣א מִצְרָ֑יִם וְהוּא֙ שָׁנִ֣ים יַעֲמֹ֔ד מִמֶּ֖לֶךְ הַצָּפֽוֹן׃ 9 וּבָ֗א בְּמַלְכוּת֙ מֶ֣לֶךְ הַנֶּ֔גֶב וְשָׁ֖ב אֶל־אַדְמָתֽוֹ׃ 10 ובנו יִתְגָּר֗וּ וְאָסְפוּ֙ הֲמוֹן֙ חֲיָלִ֣ים רַבִּ֔ים וּבָ֥א ב֖וֹא וְשָׁטַ֣ף וְעָבָ֑ר וְיָשֹׁ֥ב ויתגרו עַד־מעזה׃ 11 וְיִתְמַרְמַר֙ מֶ֣לֶךְ הַנֶּ֔גֶב וְיָצָ֕א וְנִלְחַ֥ם עִמּ֖וֹ עִם־מֶ֣לֶךְ הַצָּפ֑וֹן וְהֶעֱמִיד֙ הָמ֣וֹן רָ֔ב וְנִתַּ֥ן הֶהָמ֖וֹן בְּיָדֽוֹ׃ 12 וְנִשָּׂ֥א הֶהָמ֖וֹן ירום לְבָב֑וֹ וְהִפִּ֛יל רִבֹּא֖וֹת וְלֹ֥א יָעֽוֹז׃ 13 וְשָׁב֙ מֶ֣לֶךְ הַצָּפ֔וֹן וְהֶעֱמִ֣יד הָמ֔וֹן רַ֖ב מִן־הָרִאשׁ֑וֹן וּלְקֵ֨ץ הָֽעִתִּ֤ים שָׁנִים֙ יָ֣בוֹא ב֔וֹא בְּחַ֥יִל גָּד֖וֹל וּבִרְכ֥וּשׁ רָֽב׃ 14 וּבָעִתִּ֣ים הָהֵ֔ם רַבִּ֥ים יַֽעַמְד֖וּ עַל־מֶ֣לֶךְ הַנֶּ֑גֶב וּבְנֵ֣י ׀ פָּרִיצֵ֣י עַמְּךָ֗ יִֽנַּשְּׂא֛וּ לְהַעֲמִ֥יד חָז֖וֹן וְנִכְשָֽׁלוּ׃ 15 וְיָבֹא֙ מֶ֣לֶךְ הַצָּפ֔וֹן וְיִשְׁפֹּךְ֙ סֽוֹלֲלָ֔ה וְלָכַ֖ד עִ֣יר מִבְצָר֑וֹת וּזְרֹע֤וֹת הַנֶּ֨גֶב֙ לֹ֣א יַעֲמֹ֔דוּ וְעַם֙ מִבְחָרָ֔יו וְאֵ֥ין כֹּ֖חַ לַעֲמֹֽד׃ 16 וְיַ֨עַשׂ הַבָּ֤א אֵלָיו֙ כִּרְצוֹנ֔וֹ וְאֵ֥ין עוֹמֵ֖ד לְפָנָ֑יו וְיַעֲמֹ֥ד בְּאֶֽרֶץ־הַצְּבִ֖י וְכָלָ֥ה בְיָדֽוֹ׃ 17 וְיָשֵׂ֣ם ׀ פָּ֠נָיו לָב֞וֹא בְּתֹ֧קֶף כָּל־מַלְכוּת֛וֹ וִישָׁרִ֥ים עִמּ֖וֹ וְעָשָׂ֑ה וּבַ֤ת הַנָּשִׁים֙ יִתֶּן־ל֣וֹ לְהַשְׁחִיתָ֔הּ וְלֹ֥א תַעֲמֹ֖ד וְלֹא־ל֥וֹ תִהְיֶֽה׃ 18 וישב ׀ פָּנָ֛יו לְאִיִּ֖ים וְלָכַ֣ד רַבִּ֑ים וְהִשְׁבִּ֨ית קָצִ֤ין חֶרְפָּתוֹ֙ ל֔וֹ בִּלְתִּ֥י חֶרְפָּת֖וֹ יָשִׁ֥יב לֽוֹ׃ 19 וְיָשֵׁ֣ב פָּנָ֔יו לְמָעוּזֵּ֖י אַרְצ֑וֹ וְנִכְשַׁ֥ל וְנָפַ֖ל וְלֹ֥א יִמָּצֵֽא׃ 20 וְעָמַ֧ד עַל־כַּנּ֛וֹ מַעֲבִ֥יר נוֹגֵ֖שׂ הֶ֣דֶר מַלְכ֑וּת וּבְיָמִ֤ים אֲחָדִים֙ יִשָּׁבֵ֔ר וְלֹ֥א בְאַפַּ֖יִם וְלֹ֥א בְמִלְחָמָֽה׃ 21 וְעָמַ֤ד עַל־כַּנּוֹ֙ נִבְזֶ֔ה וְלֹא־נָתְנ֥וּ עָלָ֖יו ה֣וֹד מַלְכ֑וּת וּבָ֣א בְשַׁלְוָ֔ה וְהֶחֱזִ֥יק מַלְכ֖וּת בַּחֲלַקְלַקּֽוֹת׃ 22 וּזְרֹע֥וֹת הַשֶּׁ֛טֶף יִשָּׁטְפ֥וּ מִלְּפָנָ֖יו וְיִשָּׁבֵ֑רוּ וְגַ֖ם נְגִ֥יד בְּרִֽית׃ 23 וּמִן־הִֽתְחַבְּר֥וּת אֵלָ֖יו יַעֲשֶׂ֣ה מִרְמָ֑ה וְעָלָ֥ה וְעָצַ֖ם בִּמְעַט־גּֽוֹי׃ 24 בְּשַׁלְוָ֞ה וּבְמִשְׁמַנֵּ֣י מְדִינָה֮ יָבוֹא֒ וְעָשָׂ֗ה אֲשֶׁ֨ר לֹא־עָשׂ֤וּ אֲבֹתָיו֙ וַאֲב֣וֹת אֲבֹתָ֔יו בִּזָּ֧ה וְשָׁלָ֛ל וּרְכ֖וּשׁ לָהֶ֣ם יִבְז֑וֹר וְעַ֧ל מִבְצָרִ֛ים יְחַשֵּׁ֥ב מַחְשְׁבֹתָ֖יו וְעַד־עֵֽת׃ 25 וְיָעֵר֩ כֹּח֨וֹ וּלְבָב֜וֹ עַל־מֶ֣לֶךְ הַנֶּגֶב֮ בְּחַ֣יִל גָּדוֹל֒ וּמֶ֣לֶךְ הַנֶּ֗גֶב יִתְגָּרֶה֙ לַמִּלְחָמָ֔ה בְּחַֽיִל־גָּד֥וֹל וְעָצ֖וּם עַד־מְאֹ֑ד וְלֹ֣א יַעֲמֹ֔ד כִּֽי־יַחְשְׁב֥וּ עָלָ֖יו מַחֲשָׁבֽוֹת׃ 26 וְאֹכְלֵ֧י פַת־בָּג֛וֹ יִשְׁבְּר֖וּהוּ וְחֵיל֣וֹ יִשְׁט֑וֹף וְנָפְל֖וּ חֲלָלִ֥ים רַבִּֽים׃ 27 וּשְׁנֵיהֶ֤ם הַמְּלָכִים֙ לְבָבָ֣ם לְמֵרָ֔ע וְעַל־שֻׁלְחָ֥ן אֶחָ֖ד כָּזָ֣ב יְדַבֵּ֑רוּ וְלֹ֣א תִצְלָ֔ח כִּי־ע֥וֹד קֵ֖ץ לַמּוֹעֵֽד׃ 28 וְיָשֹׁ֤ב אַרְצוֹ֙ בִּרְכ֣וּשׁ גָּד֔וֹל וּלְבָב֖וֹ עַל־בְּרִ֣ית קֹ֑דֶשׁ וְעָשָׂ֖ה וְשָׁ֥ב לְאַרְצֽוֹ׃ 29 לַמּוֹעֵ֥ד יָשׁ֖וּב וּבָ֣א בַנֶּ֑גֶב וְלֹֽא־תִהְיֶ֥ה כָרִאשֹׁנָ֖ה וְכָאַחֲרֹנָֽה׃ 30 וּבָ֨אוּ ב֜וֹ צִיִּ֤ים כִּתִּים֙ וְנִכְאָ֔ה וְשָׁ֛ב וְזָעַ֥ם עַל־בְּרִֽית־ק֖וֹדֶשׁ וְעָשָׂ֑ה וְשָׁ֣ב וְיָבֵ֔ן עַל־עֹזְבֵ֖י בְּרִ֥ית קֹֽדֶשׁ׃ 31 וּזְרֹעִ֖ים מִמֶּ֣נּוּ יַעֲמֹ֑דוּ וְחִלְּל֞וּ הַמִּקְדָּ֤שׁ הַמָּעוֹז֙ וְהֵסִ֣ירוּ הַתָּמִ֔יד וְנָתְנ֖וּ הַשִּׁקּ֥וּץ מְשׁוֹמֵֽם׃ 32 וּמַרְשִׁיעֵ֣י בְרִ֔ית יַחֲנִ֖יף בַּחֲלַקּ֑וֹת וְעַ֛ם יֹדְעֵ֥י אֱלֹהָ֖יו יַחֲזִ֥קוּ וְעָשֽׂוּ׃ 33 וּמַשְׂכִּ֣ילֵי עָ֔ם יָבִ֖ינוּ לָֽרַבִּ֑ים וְנִכְשְׁל֞וּ בְּחֶ֧רֶב וּבְלֶהָבָ֛ה בִּשְׁבִ֥י וּבְבִזָּ֖ה יָמִֽים׃ 34 וּבְהִכָּ֣שְׁלָ֔ם יֵעָזְר֖וּ עֵ֣זֶר מְעָ֑ט וְנִלְו֧וּ עֲלֵיהֶ֛ם רַבִּ֖ים בַּחֲלַקְלַקּֽוֹת׃ 35 וּמִן־הַמַּשְׂכִּילִ֣ים יִכָּֽשְׁל֗וּ לִצְר֥וֹף בָּהֶ֛ם וּלְבָרֵ֥ר וְלַלְבֵּ֖ן עַד־עֵ֣ת קֵ֑ץ כִּי־ע֖וֹד לַמּוֹעֵֽד׃ 36 וְעָשָׂ֨ה כִרְצוֹנ֜וֹ הַמֶּ֗לֶךְ וְיִתְרוֹמֵ֤ם וְיִתְגַּדֵּל֙ עַל־כָּל־אֵ֔ל וְעַל֙ אֵ֣ל אֵלִ֔ים יְדַבֵּ֖ר נִפְלָא֑וֹת וְהִצְלִ֨יחַ֙ עַד־כָּ֣לָה זַ֔עַם כִּ֥י נֶחֱרָצָ֖ה נֶעֱשָֽׂתָה׃ 37 וְעַל־אֱלֹהֵ֤י אֲבֹתָיו֙ לֹ֣א יָבִ֔ין וְעַל־חֶמְדַּ֥ת נָשִׁ֛ים וְעַֽל־כָּל־אֱל֖וֹהַּ לֹ֣א יָבִ֑ין כִּ֥י עַל־כֹּ֖ל יִתְגַּדָּֽל׃ 38 וְלֶאֱלֹ֨הַּ֙ מָֽעֻזִּ֔ים עַל־כַּנּ֖וֹ יְכַבֵּ֑ד וְלֶאֱל֜וֹהַּ אֲשֶׁ֧ר לֹא־יְדָעֻ֣הוּ אֲבֹתָ֗יו יְכַבֵּ֛ד בְּזָהָ֥ב וּבְכֶ֛סֶף וּבְאֶ֥בֶן יְקָרָ֖ה וּבַחֲמֻדֽוֹת׃ 39 וְעָשָׂ֞ה לְמִבְצְרֵ֤י מָֽעֻזִּים֙ עִם־אֱל֣וֹהַּ נֵכָ֔ר אֲשֶׁ֥ר הכיר יַרְבֶּ֣ה כָב֑וֹד וְהִמְשִׁילָם֙ בָּֽרַבִּ֔ים וַאֲדָמָ֖ה יְחַלֵּ֥ק בִּמְחִֽיר׃ 40 וּבְעֵ֣ת קֵ֗ץ יִתְנַגַּ֤ח עִמּוֹ֙ מֶ֣לֶךְ הַנֶּ֔גֶב וְיִשְׂתָּעֵ֨ר עָלָ֜יו מֶ֣לֶךְ הַצָּפ֗וֹן בְּרֶ֨כֶב֙ וּבְפָ֣רָשִׁ֔ים וּבָאֳנִיּ֖וֹת רַבּ֑וֹת וּבָ֥א בַאֲרָצ֖וֹת וְשָׁטַ֥ף וְעָבָֽר׃ 41 וּבָא֙ בְּאֶ֣רֶץ הַצְּבִ֔י וְרַבּ֖וֹת יִכָּשֵׁ֑לוּ וְאֵ֨לֶּה֙ יִמָּלְט֣וּ מִיָּד֔וֹ אֱד֣וֹם וּמוֹאָ֔ב וְרֵאשִׁ֖ית בְּנֵ֥י עַמּֽוֹן׃ 42 וְיִשְׁלַ֥ח יָד֖וֹ בַּאֲרָצ֑וֹת וְאֶ֣רֶץ מִצְרַ֔יִם לֹ֥א תִהְיֶ֖ה לִפְלֵיטָֽה׃ 43 וּמָשַׁ֗ל בְּמִכְמַנֵּי֙ הַזָּהָ֣ב וְהַכֶּ֔סֶף וּבְכֹ֖ל חֲמֻד֣וֹת מִצְרָ֑יִם וְלֻבִ֥ים וְכֻשִׁ֖ים בְּמִצְעָדָֽיו׃ 44 וּשְׁמֻע֣וֹת יְבַהֲלֻ֔הוּ מִמִּזְרָ֖ח וּמִצָּפ֑וֹן וְיָצָא֙ בְּחֵמָ֣א גְדֹלָ֔ה לְהַשְׁמִ֥יד וּֽלְהַחֲרִ֖ים רַבִּֽים׃ 45 וְיִטַּע֙ אָהֳלֶ֣י אַפַּדְנ֔וֹ בֵּ֥ין יַמִּ֖ים לְהַר־צְבִי־קֹ֑דֶשׁ וּבָא֙ עַד־קִצּ֔וֹ וְאֵ֥ין עוֹזֵ֖ר לֽוֹ׃

JBMLE · Judson Bible

1 ငါ​သည်​လည်း မေ​ဒိ​အ​မျိုး ဒါ​ရိ​မင်း​ကြီး​နန်း​စံ ပ​ထ​မ​နှစ်​တွင် သူ့​ကို​နှိုး​ဆော်၍ ခိုင်​ခံ့​မြဲ​မြံ​စေ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လေ၏။

တောင်​ရှင်​ဘု​ရင်​နှင့်​မြောက်​ရှင်​ဘု​ရင်

2 ယ​ခု​မူ​ကား၊ မှန်​သော​အ​ရာ​ကို ငါ​ပြ​မည်။ ပေ​ရ​သိ​နိုင်​ငံ​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​သုံး​ပါး ပေါ်​လေ​ဦး​မည်။ စ​တု​တ္ထ​ရှင်​ဘု​ရင်​မူ​ကား၊ ထို​သူ​ရှိ​သ​မျှ​တို့​ထက် ငွေ​ရ​တတ်​လိမ့်​မည်။ ထို​သို့​ရ​တတ်၍ အား​ကြီး​သော​ကြောင့်၊ ဟေ​လ​သ​နိုင်​ငံ​ကို ရန်​ဘက်​ပြု​စေ​ခြင်း​ငှာ၊ ခပ်​သိမ်း​သော သူ​တို့​ကို နှိုး​ဆော်​လိမ့်​မည်။ 3 ထို​အ​ခါ တန်​ခိုး​ကြီး​သော ရှင်​ဘု​ရင်​တစ်​ပါး​လည်း ပေါ်​လာ​လိမ့်​မည်။ အာ​ဏာ​တော်​ကြီး​လျက် အ​စိုး​ရ၍ မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း ပြု​လိမ့်​မည်။ 4 ထို​သူ​သည် ပေါ်​လာ​ပြီး​မှ နိုင်​ငံ​တော်​ကျိုး​ပဲ့၍ သူ​တစ်​ပါး​တို့​သည် မိုး​ကောင်း​ကင်​လေး​မျက်​နှာ​တို့၌ ခွဲ​ဝေ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​စိုး​ရ​သော သူ​တို့​သည် အ​မျိုး​အ​နွယ်​တော်​မ​ဟုတ်။ အာ​ဏာ​တော်​နှင့် အ​စိုး​မ​ရ၊ နိုင်​ငံ​တော်​ကို နုတ်​ပစ်၍ အ​မျိုး​အ​နွယ်​တော်​မှ​တစ်​ပါး အ​ခြား​သော သူ​တို့​သည် ရ​ကြ​လိမ့်​မည်။

5 ထို​အ​ခါ တောင်​ရှင်​ဘု​ရင်​သည် တန်​ခိုး​ကြီး​လိမ့်​မည်။ မင်း​စု​ထဲ၌ မင်း​တစ်​ပါး​သည် ထို​သူ​ထက်​တန်​ခိုး​ကြီး၍ အာ​ဏာ​တည်​လိမ့်​မည်။ သူ၏​အာ​ဏာ​လည်း အ​လွန်​ကျယ်​လိမ့်​မည်။ 6 ကာ​လ​လွန်​သော​အ​ခါ သူ​တို့​သည် အ​ဆွေ​ဖွဲ့​ကြ​လိမ့်​မည်။ အ​သင့်​အ​တင့်​ဖြစ်​စေ​ခြင်း​ငှာ တောင်​ရှင်​ဘု​ရင်၏​သ​မီး​သည် မြောက်​ရှင်​ဘု​ရင်​ထံ​သို့ ရောက်​လိမ့်​မည်။ သို့​သော်​လည်း၊ ထို​မင်း​သ​မီး၏​အာ​ဏာ​သည် မ​တည်​ရ။ ထို​မင်း​နှင့်​တ​ကွ အ​မျိုး​အ​နွယ်​တော်​သည်​လည်း မ​တည်​ရ။ မင်း​သ​မီး​ကို​လည်း​ကောင်း၊ ဆောင်​ခဲ့​သော​သူ​တို့​ကို​လည်း​ကောင်း၊ သူ၏​သား​ကို​လည်း​ကောင်း၊ ထို​ကာ​လ၌ သူ့​ကို​ထောက်​ပင့်​သော သူ​များ​ကို​လည်း​ကောင်း ဆုံး​ရှုံး​ခြင်း​သို့ အပ်​ရ​လိမ့်​မည်။ 7 ထို​မင်း​သ​မီး၏ အ​ဆွေ​အ​မျိုး​ဖြစ်​သော သူ​တစ်​ယောက်​သည် အ​ဘ၏​အ​ရိုက်​အ​ရာ​ကို​ရ​သ​ဖြင့် စစ်​ချီ၍ လာ​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်၏ မြို့​တော်​သို့​ရောက်​လျှင်၊ မြို့​သား​တို့​ကို တိုက်၍​နိုင်​လိမ့်​မည်။ 8 သူ​တို့၏​ဘု​ရား​များ၊ သွန်း​သော​ရုပ်​တု​များ၊ အ​ဖိုး​ထိုက်​သော​ငွေ​ဖ​လား၊ ရွှေ​ဖ​လား​များ​ကို အဲ​ဂု​တ္တု​ပြည်​သို့ သိမ်း​သွား​လိမ့်​မည်။ သူ​သည်​လည်း မြောက်​ရှင်​ဘု​ရင်​ထက် အ​သက်​ရှည်​လိမ့်​မည်။ 9 တစ်​ဖန် မြောက်​ရှင်​ဘု​ရင်​သည် တောင်​ရှင်​ဘု​ရင်၏​နိုင်​ငံ​သို့​ဝင်​သော်​လည်း မိ​မိ​ပြည်​သို့ ပြန်​သွား​ရ​လိမ့်​မည်။

10 သား​တော်​တို့​သည် ထ​ပြန်၍ များ​စွာ​သော အ​လုံး​အ​ရင်း​ကို စု​ဝေး​ကြ​လိမ့်​မည်။ သား​တစ်​ယောက်​လည်း ဆက်​ဆက်​လာ၍ လွှမ်း​မိုး​ချင်း​နင်း​လိမ့်​မည်။ တစ်​ဖန် ပြန်​လာ၍ သူ၏​မြို့​တိုင်​အောင် လုပ်​ကြံ​လိမ့်​မည်။ 11 တောင်​ရှင်​ဘု​ရင်​သည် အ​မျက်​ထွက်​သ​ဖြင့်၊ မြောက်​ရှင်​ဘု​ရင်​ကို ဆီး​ကြို၍ တိုက်​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်​သည် များ​စွာ​သော စစ်​သည်​ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​တို့​ကို စီ​ရင်​သော်​လည်း၊ တောင်​ရှင်​ဘု​ရင်​သည် ထို​အ​လုံး​အ​ရင်း​တို့​ကို သိမ်း​ယူ​လိမ့်​မည်။ 12 ထို​အ​လုံး​အ​ရင်း​တို့​ကို ပယ်​ရှင်း​ပြီး​မှ မာ​န​စိတ်​ပေါက်​လျက်၊ အ​ထောင်​အ​သောင်း​မ​က များ​စွာ​သော လူ​တို့​ကို လုပ်​ကြံ​သော်​လည်း၊ မိ​မိ​အာ​ဏာ​ကို မ​တည်​စေ​ရ။ 13 အ​ကြောင်း​မူ​ကား၊ မြောက်​ရှင်​ဘု​ရင်​သည် တစ်​ဖန်​ပေါ်​လာ၍၊ အ​ရင်​ထက်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​ကို စီ​ရင်​ပြီး​မှ ကာ​လ​အ​တန်​အ​ရာ​လွန်​လျှင်၊ စစ်​အင်္ဂါ​များ၊ စည်း​စိမ်​များ​နှင့် ဆက်​ဆက်​လာ​လိမ့်​မည်။ 14 ထို​ကာ​လ၌ တောင်​ရှင်​ဘု​ရင်​ကို ရန်​ဘက်​ပြု​သော သူ​တို့​သည် များ​ကြ​လိမ့်​မည်။ သင်၏​အ​မျိုး​သား​ချင်း​ဖြစ်​သော သူ​ပုန်​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ​ထ၍၊ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ 15 မြောက်​ရှင်​ဘု​ရင်​သည်​လာ၍ မြို့​ရိုး​ကို တည်​ပြီး​လျှင် ခိုင်​ခံ့​သော မြို့​တို့​ကို လုပ်​ကြံ​လိမ့်​မည်။ တောင်​ရှင်​ဘု​ရင်၏ လက်​နက်​များ၊ ရွေး​ချယ်​သော​လူ​များ​တို့​သည် ဆီး​တား​ခြင်း​ငှာ ခွန်​အား​မ​ရှိ​သော​ကြောင့် မ​ဆီး​တား​ရ​ကြ။ 16 တိုက်​လာ​သော​သူ​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ သူ့​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ဘဲ၊ သာ​ယာ​သော​ပြည်​ကို​နင်း​ပြီး​မှ စုံ​လင်​စေ​လိမ့်​မည်။ 17 ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​လျက် ထို​မင်း​သည် မိ​မိ​နိုင်​ငံ၏ အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ဝင်​စား​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်၍၊ မိန်း​မ​ငယ်​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ငှာ ပေး​စား​လိမ့်​မည်။ သို့​သော်​လည်း သူ​သည် အ​ကြံ​မ​မြောက်၊ အ​ကျိုး​မ​ရှိ​ရ။ 18 တစ်​ဖန် ကျွန်း​စု​သို့ မျက်​နှာ​လှည့်၍ ကျွန်း​အ​များ​တို့​ကို လုပ်​ကြံ​လိမ့်​မည်။ သို့​ရာ​တွင်၊ ဗိုလ်​မင်း​တစ်​ပါး​သည် မိ​မိ​ခံ​ရ​သော အ​သ​ရေ​ဖျက်​ခြင်း​ကို မိ​မိ​မှ​လွှဲ​ပယ်၍၊ ထို​အ​သ​ရေ​ဖျက်​ခြင်း​ကို တိုက်​လာ​သော မင်း​အ​ပေါ်​သို့ ပြန်​ရောက်​စေ​လိမ့်​မည်။ 19 ထို​မင်း​သည်​လည်း မိ​မိ​နေ​ရာ​မြို့​တော်​သို့ ပြန်​သွား​ပြီး​လျှင် ထိ​မိ၍ လဲ​သ​ဖြင့် ကွယ်​ပျောက်​လိမ့်​မည်။

20 ထို​မင်း​အ​ရာ၌​လည်း နိုင်​ငံ​တော်၏​ဘုန်း​စည်း​စိမ်​ကို ရှုတ်​ချ​လျက်၊ ငွေ​တော်​ခွဲ​သော​သူ​သည် ပေါ်​လာ၍ ခ​ဏ​ရှိ​ပြီး​မှ၊ ဒေါ​သ​အ​မျက်​မ​ထွက်၊ စစ်​မ​တိုက်​ဘဲ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။ 21 ထို​သူ​အ​ရာ၌​လည်း မင်း​စည်း​စိမ်​ကို ခံ​ထိုက်​သော​သူ မ​ဟုတ်၊ ယုတ်​မာ​သော​သူ ပေါ်​လာ​လိမ့်​မည်။ သူ​သည် အ​နိုင်​အ​ထက်​မ​ပြု၊ ချော့​မော့​ခြင်း​အား​ဖြင့် နိုင်​ငံ​ကို​ရ​လိမ့်​မည်။ 22 လွှမ်း​မိုး​သော လက်​နက်​တို့​သည် သူ​ရှေ့​မှာ​မြုပ်၍ ဆုံး​ရှုံး​လိမ့်​မည်။ မိတ်​သ​ဟာ​ယ​ခံ​သော မင်း​လည်း ဆုံး​ရှုံး​လိမ့်​မည်။ 23 အ​ကြောင်း​မူ​ကား၊ မိတ်​သ​ဟာ​ယ​ပြု​သော​မင်း​သည် သ​စ္စာ​ပျက်​သ​ဖြင့်၊ တက်​လာ၍ လူ​အ​နည်း​ငယ်​မျှ ပါ​သော်​လည်း တန်​ခိုး​ကြီး​လိမ့်​မည်။ 24 အ​သီး​အ​နှံ​များ​သော​ပြည်​ကို အ​နိုင်​အ​ထက်​မ​ပြု​ဘဲ ဝင်​လိမ့်​မည်။ လု​ယူ​သော​ပ​စ္စည်း​ဥ​စ္စာ စည်း​စိမ်​များ​ကို စွန့်​ကြဲ၍၊ မိ​မိ​ဘိုး​ဘေး​မ​ပြု​ဖူး​သော အ​မှု​ကို ပြု​လိမ့်​မည်။ ခိုင်​ခံ့​သော မြို့​ပြ​တို့​ကို​ရ​ခြင်း​ငှာ တာ​ရှည်​စွာ ကြံ​စည်​လိမ့်​မည်။ 25 ကြီး​စွာ​သော အ​လုံး​အ​ရင်း​နှင့်​တ​ကွ တောင်​ရှင်​ဘု​ရင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ မိ​မိ​အ​စွမ်း​သ​တ္တိ​ကို နှိုး​ဆော်​လိမ့်​မည်။ တောင်​ရှင်​ဘု​ရင်​သည်​လည်း၊ အား​ကြီး၍ များ​စွာ​သော အ​လုံး​အ​ရင်း​နှင့်​တ​ကွ စစ်​တိုက်​ခြင်း​ငှာ နှိုး​ဆော်​သော်​လည်း မ​ခံ​မ​ရပ်​နိုင်။ အ​ကြောင်း​မူ​ကား၊ သူ​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ကြ​လိမ့်​မည်။ 26 ထို​သူ​ကျွေး​မွေး​ခြင်း​ကို ခံ​ရ​သော သူ​တို့​သည်​လည်း၊ ထို​သူ၏​အ​ကျိုး​ကို ဖျက်​ဆီး​သော​အား​ဖြင့်၊ သူ၏​တပ်​မြုပ်၍၊ စစ်​သူ​ရဲ​များ​တို့​သည် အ​သက်​ဆုံး​ကြ​လိမ့်​မည်။ 27 ထို​ရှင်​ဘု​ရင် နှစ်​ပါး​တို့​သည် မ​ကောင်း​သော အ​ကြံ​ကို​ကြံ၍၊ တစ်​ခု​သော​စား​ပွဲ၌ မု​သား​စ​ကား​ကို ပြော​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​ကြံ​မ​မြောက်​ရ။ ချိန်း​ချက်​သော အ​ချိန်​ကာ​လ၌ အ​ဆုံး​ဖြစ်​ရ​လိမ့်​မည်။ 28 တစ်​ဖန် မြောက်​ရှင်​ဘု​ရင်​သည် များ​စွာ​သော စည်း​စိမ်​ဥ​စ္စာ​ပါ​လျက် မိ​မိ​ပြည်​သို့ ပြန်၍​သွား​စဉ်​တွင်၊ သန့်​ရှင်း​သော ပ​ဋိ​ညာဉ်​တ​ရား​ကို မ​နာ​လို​သော​စိတ်​ရှိ​သည်​အ​တိုင်း ပြု​ပြီး​မှ မိ​မိ​ပြည်​သို့ ပြန်​သွား​လိမ့်​မည်။ 29 ချိန်း​ချက်​သော အ​ချိန်၌​လည်း တောင်​မျက်​နှာ​သို့ တစ်​ဖန်​ပြန်​လာ​ဦး​မည်။ သို့​သော်​လည်း၊ အ​ရင်​ဖြစ်​သ​ကဲ့​သို့​မ​ဟုတ်။ နောက်​ဖြစ်​သ​ကဲ့​သို့​လည်း မ​ဟုတ်။ 30 အ​ကြောင်း​မူ​ကား ခိ​တ္တိမ်​သင်္ဘော​တို့​သည် ထို​သူ​ကို ဆီး​တား​ကြ​လိမ့်​မည်။ ထို​ကြောင့် စိတ်​နာ​လျက် ပြန်​သွား၍ သန့်​ရှင်း​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အ​မျက်​ထွက်​သည်​အ​တိုင်း ပြု​ပြီး​မှ ပြန်​သွား​စဉ်​တွင် သန့်​ရှင်း​သော ပ​ဋိ​ညာဉ်​တ​ရား​ကို စွန့်​ပစ်​သော​သူ​တို့​နှင့် အ​ဆွေ​ဖွဲ့​လိမ့်​မည်။

31 ထို​မင်း​နောက်​မှ စစ်​လက်​နက်​တို့​သည် ပေါ်​လာ​သ​ဖြင့်၊ တန်​ခိုး​ကြီး​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ၍၊ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း​ကြ​လိမ့်​မည်။ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​ကို​လည်း တည်​ထား​ကြ​လိမ့်​မည်။ဒံ၊ ၉:၂၇၊ ၁၂:၁၁။ မ၊ ၂၄:၁၅။ မာ၊ ၁၃:၁၄။32 ပ​ဋိ​ညာဉ်​တ​ရား​ကို ပြစ်​မှား​သော​သူ​တို့​သည် ချော့​မော့​ရာ​သို့ လိုက်၍ ယို​ယွင်း​ကြ​လိမ့်​မည်။ မိ​မိ​တို့ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​တို့​မူ​ကား၊ ကြီး​စွာ​သော​အား​နှင့် ပြု​ကြ​လိမ့်​မည်။ 33 လူ​စု​ထဲ​မှာ ပ​ညာ​ရှိ​သော​သူ​တို့​သည် အ​များ​သော သူ​တို့​ကို သွန်​သင်​ကြ​ရ​လိမ့်​မည်။ ဓား​နှင့်​ကွပ်​မျက်​ခြင်း၊ မီး​ရှို့​ခြင်း၊ သိမ်း​သွား​ချုပ်​ထား​ခြင်း၊ လု​ယက်​ခြင်း​အား​ဖြင့် အင်​တန်​ကာ​လ​ပတ်​လုံး လဲ​ကြ​လိမ့်​မည်။ 34 လဲ​ကြ​သော​အ​ခါ အ​နည်း​ငယ်​သော မ​စ​ခြင်း​ကို တစ်​ဖန်​ခံ​ရ​ကြ​လိမ့်​မည်။ လူ​အ​များ​တို့​သည် ချော့​မော့​ရာ​သို့​လိုက်၍ ဆည်း​ကပ်​ကြ​လိမ့်​မည်။ 35 အ​မှု​ဆုံး​ရ​သည် ကာ​လ​တိုင်​အောင်၊ ပ​ညာ​ရှိ​သော​သူ အ​ချို့​တို့​သည်​လည်း စုံ​စမ်း​ခြင်း​ကို​ခံ၍၊ သန့်​ရှင်း​ဖြူ​စင်​ရ​မည် အ​ကြောင်း လဲ​ကြ​လိမ့်​မည်။ ထို​အ​မှု​သည် ချိန်း​ချက်​သော ကာ​လ​တိုင်​အောင် ဖြစ်​ရ​သ​တည်း။

36 ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။၂ သက်၊ ၂:၃-၄။ ဗျာ၊ ၁၃:၅-၆။37 ထို​မင်း​သည် ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ဘု​ရား​ကို​လည်း​ကောင်း၊ မိန်း​မ၌ တပ်​မက်​သော အ​လို​ကို​လည်း​ကောင်း၊ တစ်​ပါး​သော ဘု​ရား​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု။ သူ​တ​ကာ​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​လိမ့်​မည်။ 38 ထို​ဘု​ရား​အ​ရာ၌ ရဲ​တိုက်​တို့၏​ဘု​ရား​နှင့်၊ ဘိုး​ဘေး​တို့​မ​သိ​သော​ဘု​ရား​ကို ချီး​မြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်​မြတ်၊ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ပူ​ဇော်​လိမ့်​မည်။ 39 ခိုင်​ခံ့​သော ရဲ​တိုက်​များ​ကို​လည်း​ကောင်း၊ မိ​မိ​ဝန်​ခံ​သော တစ်​ပါး​အ​မျိုး​သား​ဘု​ရား​ကို​လည်း​ကောင်း ပြု​စု၍ ဂုဏ်​အ​သ​ရေ တိုး​ပွား​စေ​လိမ့်​မည်။ လူ​များ​တို့​အ​ပေါ်​မှာ အုပ်​စိုး​ရ​သော​အ​ခွင့်​ကို​ပေး၍ စီး​ပွား​ဖြစ်​ခြင်း​အ​လို​ငှာ မြေ​ကို​ဝေ​ဖန်​လိမ့်​မည်။

40 အ​မှု​ကုန်​ရ​သည်​ကာ​လ၌ တောင်​ရှင်​ဘု​ရင်​သည် ထို​မင်း​ကို တိုက်​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်​သည်​လည်း ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ၊ သင်္ဘော​များ​တို့​နှင့်​တ​ကွ လေ​ပွေ​ကဲ့​သို့ တိုက်​လာ​လျက်၊ ထို​ပြည်​တို့​ကို ဝင်၍ ချင်း​နင်း​လွှမ်း​မိုး​လိမ့်​မည်။ 41 သာ​ယာ​သော​ပြည်​ကို​လည်း ဝင်၍ အ​များ​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ သူ၏​လက်​မှ လွတ်​သော​သူ​ဟူ​မူ​ကား၊ ဧ​ဒုံ​ပြည်​သား၊ မော​ဘ​ပြည်​သား၊ အ​မ္မုန်​အ​မျိုး​သား​အ​ကြီး​တို့​သည် လွတ်​ကြ​လိမ့်​မည်။ 42 ထို​မင်း​သည် အ​ပြည်​ပြည်​တို့​ကို အောင်​မြင်​ရ​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​လည်း မ​လွတ်​ရ။ 43 ထို​ပြည်​မှာ​ရှိ​သော ရွှေ​ဘ​ဏ္ဍာ၊ ငွေ​ဘ​ဏ္ဍာ၊ အ​ဖိုး​ထိုက်​သော ဥ​စ္စာ​များ​ကို အ​ပိုင်​ရ​လိမ့်​မည်။ လိ​ဗု​ပြည်​သား​နှင့် ကု​ရှ​ပြည်​သား​တို့​သည် သူ့​နောက်​သို့ လိုက်​ရ​ကြ​လိမ့်​မည်။ 44 သို့​ရာ​တွင် သူ​သည် အ​ရှေ့​မျက်​နှာ၊ မြောက်​မျက်​နှာ​အ​ရပ်​မှ သ​တင်း​ကို​ကြား၍ စိတ်​ပူ​ပန်​သ​ဖြင့်၊ လူ​အ​များ​တို့​ကို ဖျက်​ဆီး​သုတ်​သင် ပယ်​ရှင်း​ခြင်း​ငှာ၊ ကြီး​စွာ​သော ဒေါ​သ​အ​မျက်​နှင့် ထွက်​သွား​လိမ့်​မည်။ 45 ပင်​လယ်​ကြား​မှာ ဘုန်း​ကြီး၍ သန့်​ရှင်း​သော​တောင်​ပေါ်၌ စံ​ရာ​တဲ​တော်​ကို တည်​ဆောက်​ပြီး​လျှင် အ​ဘယ်​သူ​မျှ​မ​စ​ခြင်း​ငှာ မ​တတ်​နိုင်၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။

Todos os capítulos de Daniel 12
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.