Pular para o conteúdo
Publicidade Remover anúncios

Ecclesiastes 12

WLC · Westminster Leningrad Codex

1 וּזְכֹר֙ אֶת־בּ֣וֹרְאֶ֔יךָ בִּימֵ֖י בְּחוּרֹתֶ֑יךָ עַ֣ד אֲשֶׁ֤ר לֹא־יָבֹ֨אוּ֙ יְמֵ֣י הָֽרָעָ֔ה וְהִגִּ֣יעוּ שָׁנִ֔ים אֲשֶׁ֣ר תֹּאמַ֔ר אֵֽין־לִ֥י בָהֶ֖ם חֵֽפֶץ׃ 2 עַ֠ד אֲשֶׁ֨ר לֹֽא־תֶחְשַׁ֤ךְ הַשֶּׁ֨מֶשׁ֙ וְהָא֔וֹר וְהַיָּרֵ֖חַ וְהַכּוֹכָבִ֑ים וְשָׁ֥בוּ הֶעָבִ֖ים אַחַ֥ר הַגָּֽשֶׁם׃ 3 בַּיּ֗וֹם שֶׁיָּזֻ֨עוּ֙ שֹׁמְרֵ֣י הַבַּ֔יִת וְהִֽתְעַוְּת֖וּ אַנְשֵׁ֣י הֶחָ֑יִל וּבָטְל֤וּ הַטֹּֽחֲנוֹת֙ כִּ֣י מִעֵ֔טוּ וְחָשְׁכ֥וּ הָרֹא֖וֹת בָּאֲרֻבּֽוֹת׃ 4 וְסֻגְּר֤וּ דְלָתַ֨יִם֙ בַּשּׁ֔וּק בִּשְׁפַ֖ל ק֣וֹל הַֽטַּחֲנָ֑ה וְיָקוּם֙ לְק֣וֹל הַצִּפּ֔וֹר וְיִשַּׁ֖חוּ כָּל־בְּנ֥וֹת הַשִּֽׁיר׃ 5 גַּ֣ם מִגָּבֹ֤הַּ יִרָ֨אוּ֙ וְחַתְחַתִּ֣ים בַּדֶּ֔רֶךְ וְיָנֵ֤אץ הַשָּׁקֵד֙ וְיִסְתַּבֵּ֣ל הֶֽחָגָ֔ב וְתָפֵ֖ר הָֽאֲבִיּוֹנָ֑ה כִּֽי־הֹלֵ֤ךְ הָאָדָם֙ אֶל־בֵּ֣ית עוֹלָמ֔וֹ וְסָבְב֥וּ בָשּׁ֖וּק הַסֹּפְדִֽים׃ 6 עַ֣ד אֲשֶׁ֤ר לֹֽא־ירחק חֶ֣בֶל הַכֶּ֔סֶף וְתָרֻ֖ץ גֻּלַּ֣ת הַזָּהָ֑ב וְתִשָּׁ֤בֶר כַּד֙ עַל־הַמַּבּ֔וּעַ וְנָרֹ֥ץ הַגַּלְגַּ֖ל אֶל־הַבּֽוֹר׃ 7 וְיָשֹׁ֧ב הֶעָפָ֛ר עַל־הָאָ֖רֶץ כְּשֶׁהָיָ֑ה וְהָר֣וּחַ תָּשׁ֔וּב אֶל־הָאֱלֹהִ֖ים אֲשֶׁ֥ר נְתָנָֽהּ׃ 8 הֲבֵ֧ל הֲבָלִ֛ים אָמַ֥ר הַקּוֹהֶ֖לֶת הַכֹּ֥ל הָֽבֶל׃ 9 וְיֹתֵ֕ר שֶׁהָיָ֥ה קֹהֶ֖לֶת חָכָ֑ם ע֗וֹד לִמַּד־דַּ֨עַת֙ אֶת־הָעָ֔ם וְאִזֵּ֣ן וְחִקֵּ֔ר תִּקֵּ֖ן מְשָׁלִ֥ים הַרְבֵּֽה׃ 10 בִּקֵּ֣שׁ קֹהֶ֔לֶת לִמְצֹ֖א דִּבְרֵי־חֵ֑פֶץ וְכָת֥וּב יֹ֖שֶׁר דִּבְרֵ֥י אֱמֶֽת׃ 11 דִּבְרֵ֤י חֲכָמִים֙ כַּדָּ֣רְבֹנ֔וֹת וּֽכְמַשְׂמְר֥וֹת נְטוּעִ֖ים בַּעֲלֵ֣י אֲסֻפּ֑וֹת נִתְּנ֖וּ מֵרֹעֶ֥ה אֶחָֽד׃ 12 וְיֹתֵ֥ר מֵהֵ֖מָּה בְּנִ֣י הִזָּהֵ֑ר עֲשׂ֨וֹת סְפָרִ֤ים הַרְבֵּה֙ אֵ֣ין קֵ֔ץ וְלַ֥הַג הַרְבֵּ֖ה יְגִעַ֥ת בָּשָֽׂר׃ 13 ס֥וֹף דָּבָ֖ר הַכֹּ֣ל נִשְׁמָ֑ע אֶת־הָאֱלֹהִ֤ים יְרָא֙ וְאֶת־מִצְוֺתָ֣יו שְׁמ֔וֹר כִּי־זֶ֖ה כָּל־הָאָדָֽם׃ 14 כִּ֤י אֶת־כָּל־מַֽעֲשֶׂ֔ה הָאֱלֹהִ֛ים יָבִ֥א בְמִשְׁפָּ֖ט עַ֣ל כָּל־נֶעְלָ֑ם אִם־ט֖וֹב וְאִם־רָֽע׃

JBMLE · Judson Bible

1 ငါ​နေ၍ မ​ပျော်​နိုင်​ဟု​ဆို​ရ​သော ကာ​လ​သည်​မ​နီး၊ ဆိုး​သော​ကာ​လ​မ​ရောက်​မီ၊ ယ​ခု​အ​သက်​ပျို​စဉ်​အ​ခါ​ပင်၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို အောက်​မေ့​လော့။ 2 နေ​နှင့် အ​လင်း၊ လ​နှင့် ကြယ်​တို့​သည် ကွယ်၍​မိုး​ရွာ​ပြီး​မှ၊ အ​ထပ်​ထပ်​ရွာ​တတ်​သော​ကာ​လ​မ​ရောက်​မီ အောက်​မေ့​လော့။ 3 ထို​ကာ​လ၌ အိမ်​စောင့်​တို့​သည် တုန်​လှုပ်၍၊ ခိုင်​ခံ့​သော​သူ​တို့​သည် အား​လျော့​ကြ​လိမ့်​မည်။ ဆန်​ကြိတ်​သော​သူ​တို့​သည် နည်း​သော​ကြောင့် ရပ်​ကြ​လိမ့်​မည်။ ပြတင်း​ပေါက်​ဖြင့် ကြည့်​သော​သူ​တို့​သည် အ​လင်း​ကွယ်​ကြ​လိမ့်​မည်။ 4 ကြိတ်​သံ​လျော့​သော​အ​ခါ၊ လမ်း​နား​မှာ တံ​ခါး​ရွက်​တို့​သည် စေ့​လျက်​ရှိ​လိမ့်​မည်။ ငှက်​သံ​ကို ကြား​သော​အ​ခါ၊ စော​စော​ထ​လိမ့်​မည်။ သီ​ချင်း​သည်​မ​အ​ပေါင်း​တို့​သည် အ​သံ​သေး​ကြ​လိမ့်​မည်။ 5 ထို​ကာ​လ၌ မြင့်​သော​အ​ရာ​တို့​ကို ကြောက်​ကြ​လိမ့်​မည်။ လမ်း၌​ဘေး​တွေ့​မည်​ဟု ထင်​ကြ​လိမ့်​မည်။ ဗာ​တံ​ပင်​ပွင့်​လိမ့်​မည်။ ကျိုင်း​ကောင်​သည် မိ​မိ၌ မိ​မိ​လေး​လိမ့်​မည်။ အ​လို​ဆ​န္ဒ​လျော့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ထာ​ဝ​ရ​နေ​ရာ​သို့ သွား​ဆဲ​ရှိ၍၊ ငို​ခြင်း​သည်​တို့​သည် လမ်း​တို့၌ လှည့်​လည်​ကြ၏။ 6 ငွေ​ကြိုး​ပြုတ်​ခြင်း၊ ရွှေ​ဖ​လား​ကွဲ​ခြင်း၊ စမ်း​ရေ​တွင်း၌ ရေ​ပုံး​ပေါက်​ခြင်း၊ ရေ​ကျင်း​နား​မှာ စက်​ကျိုး​ခြင်း အ​ခြင်း​အ​ရာ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ 7 ထို​ကာ​လ၌ မြေ​မှုန့်​သည်​နေ​ရင်း​မြေ​သို့​လည်း​ကောင်း၊ ဝိ​ညာဉ်​သည် အ​ရင်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့​လည်း​ကောင်း ပြန်​သွား​ရ​လိမ့်​မည်။

လူ​သား​တို့၏​တာ၀​န

8 အ​န​တ္တ​သက်​သက်၊ အ​လုံး​စုံ​တို့​သည်​အ​န​တ္တ​ဖြစ်​ကြ​သည်​ဟု ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​ဟော၏။ 9 ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည် ပ​ညာ​ရှိ​သည်​အ​တိုင်း၊ ပ​ရိ​သတ်​တို့​အား ပ​ညာ​အ​တတ်​ကို သွန်​သင်​လေ့​ရှိ၏။ လုံ့​လ​ဝိ​ရိ​ယ​ပြု​လျက် များ​စွာ​သော​သု​တ္တံ​စ​ကား​တို့​ကို ရှာ​ဖွေ၍​စီ​ရင်၏။ 10 ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည် နား​ထောင်​ဖွယ်​သော​စ​ကား​ကို ရှာ၍၊ ရေး​ထား​ချက်​စ​ကား​သည် ဖြောင့်​မတ်​သော​စ​ကား၊ သ​မ္မာ​စ​ကား​ဖြစ်၏။ 11 ပ​ညာ​ရှိ​သော​သူ၏​စ​ကား​သည် တုတ်​ချွန်​နှင့်​လည်း​ကောင်း၊ တစ်​ပါး​တည်း​သော သိုး​ထိန်း​ကြီး အပ်​ပေး​တော်​မူ၍၊ ပ​ရိ​သတ်​အုပ်​တို့ ရိုက်​ထား​သော သံ​ချွန်​နှင့်​လည်း​ကောင်း တူ၏။ 12 တစ်​ဖန်​တုံ၊ ငါ့​သား၊ ထို​သို့​သော​စ​ကား​အား​ဖြင့် ဆုံး​မ​ခြင်း​ကို ခံ​လော့။ စာ​များ​ကို​စီ​ရင်၍ မ​ကုန်​နိုင်။ စာ​ကို ကြိုး​စား၍ ကြည့်​ရှု​ခြင်း​အ​မှု​သည်၊ ကိုယ်​ကို နှောင့်​ယှက်​သော​အ​မှု​ဖြစ်၏။

13 အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့။ ဤ​ရွေ့​ကား၊ လူ​နှင့်​ဆိုင်​သော အ​မှု​အ​ရာ​အ​လုံး​အ​စုံ​တို့​ကို ချုပ်​ခြာ​သ​တည်း။ 14 အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော ဝှက်​ထား​ခြင်း​မှ​စ၍၊ အ​လုံး​စုံ​သော​အ​မှု၊ ကောင်း​မ​ကောင်း​ရှိ​သ​မျှ​တို့​ကို စစ်​ကြော၍၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​လ​တ္တံ့​သ​တည်း။

ရှော​လ​မုန်​မင်း​ကြီး စီ​ရင်​ရေး​ထား​သော ဒေ​သ​နာ​ကျမ်း​ပြီး၏။

Todos os capítulos de Ecclesiastes 12
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.