Pular para o conteúdo
Publicidade Remover anúncios

Ecclesiastes 5

WLC · Westminster Leningrad Codex

1 אַל־תְּבַהֵ֨ל עַל־פִּ֜יךָ וְלִבְּךָ֧ אַל־יְמַהֵ֛ר לְהוֹצִ֥יא דָבָ֖ר לִפְנֵ֣י הָאֱלֹהִ֑ים כִּ֣י הָאֱלֹהִ֤ים בַּשָּׁמַ֨יִם֙ וְאַתָּ֣ה עַל־הָאָ֔רֶץ עַֽל־כֵּ֛ן יִהְי֥וּ דְבָרֶ֖יךָ מְעַטִּֽים׃ 2 כִּ֛י בָּ֥א הַחֲל֖וֹם בְּרֹ֣ב עִנְיָ֑ן וְק֥וֹל כְּסִ֖יל בְּרֹ֥ב דְּבָרִֽים׃ 3 כַּאֲשֶׁר֩ תִּדֹּ֨ר נֶ֜דֶר לֵֽאלֹהִ֗ים אַל־תְּאַחֵר֙ לְשַׁלְּמ֔וֹ כִּ֛י אֵ֥ין חֵ֖פֶץ בַּכְּסִילִ֑ים אֵ֥ת אֲשֶׁר־תִּדֹּ֖ר שַׁלֵּֽם׃ 4 ט֖וֹב אֲשֶׁ֣ר לֹֽא־תִדֹּ֑ר מִשֶׁתִּדּ֖וֹר וְלֹ֥א תְשַׁלֵּֽם׃ 5 אַל־תִּתֵּ֤ן אֶת־פִּ֨יךָ֙ לַחֲטִ֣יא אֶת־בְּשָׂרֶ֔ךָ וְאַל־תֹּאמַר֙ לִפְנֵ֣י הַמַּלְאָ֔ךְ כִּ֥י שְׁגָגָ֖ה הִ֑יא לָ֣מָּה יִקְצֹ֤ף הָֽאֱלֹהִים֙ עַל־קוֹלֶ֔ךָ וְחִבֵּ֖ל אֶת־מַעֲשֵׂ֥ה יָדֶֽיךָ׃ 6 כִּ֣י בְרֹ֤ב חֲלֹמוֹת֙ וַהֲבָלִ֔ים וּדְבָרִ֖ים הַרְבֵּ֑ה כִּ֥י אֶת־הָאֱלֹהִ֖ים יְרָֽא׃ 7 אִם־עֹ֣שֶׁק רָ֠שׁ וְגֵ֨זֶל מִשְׁפָּ֤ט וָצֶ֨דֶק֙ תִּרְאֶ֣ה בַמְּדִינָ֔ה אַל־תִּתְמַ֖הּ עַל־הַחֵ֑פֶץ כִּ֣י גָבֹ֜הַּ מֵעַ֤ל גָּבֹ֨הַ֙ שֹׁמֵ֔ר וּגְבֹהִ֖ים עֲלֵיהֶֽם׃ 8 וְיִתְר֥וֹן אֶ֖רֶץ בַּכֹּ֣ל היא מֶ֥לֶךְ לְשָׂדֶ֖ה נֶעֱבָֽד׃ 9 אֹהֵ֥ב כֶּ֨סֶף֙ לֹא־יִשְׂבַּ֣ע כֶּ֔סֶף וּמִֽי־אֹהֵ֥ב בֶּהָמ֖וֹן לֹ֣א תְבוּאָ֑ה גַּם־זֶ֖ה הָֽבֶל׃ 10 בִּרְבוֹת֙ הַטּוֹבָ֔ה רַבּ֖וּ אוֹכְלֶ֑יהָ וּמַה־כִּשְׁרוֹן֙ לִבְעָלֶ֔יהָ כִּ֖י אִם־ראית עֵינָֽיו׃ 11 מְתוּקָה֙ שְׁנַ֣ת הָעֹבֵ֔ד אִם־מְעַ֥ט וְאִם־הַרְבֵּ֖ה יֹאכֵ֑ל וְהַשָּׂבָע֙ לֶֽעָשִׁ֔יר אֵינֶ֛נּוּ מַנִּ֥יחַֽ ל֖וֹ לִישֽׁוֹן׃ 12 יֵ֚שׁ רָעָ֣ה חוֹלָ֔ה רָאִ֖יתִי תַּ֣חַת הַשָּׁ֑מֶשׁ עֹ֛שֶׁר שָׁמ֥וּר לִבְעָלָ֖יו לְרָעָתֽוֹ׃ 13 וְאָבַ֛ד הָעֹ֥שֶׁר הַה֖וּא בְּעִנְיַ֣ן רָ֑ע וְהוֹלִ֣יד בֵּ֔ן וְאֵ֥ין בְּיָד֖וֹ מְאֽוּמָה׃ 14 כַּאֲשֶׁ֤ר יָצָא֙ מִבֶּ֣טֶן אִמּ֔וֹ עָר֛וֹם יָשׁ֥וּב לָלֶ֖כֶת כְּשֶׁבָּ֑א וּמְא֨וּמָה֙ לֹא־יִשָּׂ֣א בַעֲמָל֔וֹ שֶׁיֹּלֵ֖ךְ בְּיָדֽוֹ׃ 15 וְגַם־זֹה֙ רָעָ֣ה חוֹלָ֔ה כָּל־עֻמַּ֥ת שֶׁבָּ֖א כֵּ֣ן יֵלֵ֑ךְ וּמַה־יִּתְר֣וֹן ל֔וֹ שֶֽׁיַּעֲמֹ֖ל לָרֽוּחַ׃ 16 גַּ֥ם כָּל־יָמָ֖יו בַּחֹ֣שֶׁךְ יֹאכֵ֑ל וְכָעַ֥ס הַרְבֵּ֖ה וְחָלְי֥וֹ וָקָֽצֶף׃ 17 הִנֵּ֞ה אֲשֶׁר־רָאִ֣יתִי אָ֗נִי ט֣וֹב אֲשֶׁר־יָפֶ֣ה לֶֽאֶכוֹל־וְ֠לִשְׁתּוֹת וְלִרְא֨וֹת טוֹבָ֜ה בְּכָל־עֲמָל֣וֹ ׀ שֶׁיַּעֲמֹ֣ל תַּֽחַת־הַשֶּׁ֗מֶשׁ מִסְפַּ֧ר יְמֵי־חיו אֲשֶׁר־נָֽתַן־ל֥וֹ הָאֱלֹהִ֖ים כִּי־ה֥וּא חֶלְקֽוֹ׃ 18 גַּ֣ם כָּֽל־הָאָדָ֡ם אֲשֶׁ֣ר נָֽתַן־ל֣וֹ הָאֱלֹהִים֩ עֹ֨שֶׁר וּנְכָסִ֜ים וְהִשְׁלִיט֨וֹ לֶאֱכֹ֤ל מִמֶּ֨נּוּ֙ וְלָשֵׂ֣את אֶת־חֶלְק֔וֹ וְלִשְׂמֹ֖חַ בַּעֲמָל֑וֹ זֹ֕ה מַתַּ֥ת אֱלֹהִ֖ים הִֽיא׃ 19 כִּ֚י לֹ֣א הַרְבֵּ֔ה יִזְכֹּ֖ר אֶת־יְמֵ֣י חַיָּ֑יו כִּ֧י הָאֱלֹהִ֛ים מַעֲנֶ֖ה בְּשִׂמְחַ֥ת לִבּֽוֹ׃

JBMLE · Judson Bible

အ​လျင်​အ​မြန်​က​တိ​မ​ပြု​နှင့်

1 ဘု​ရား​သ​ခင့်​အိမ်​တော်​သို့​သွား​သော​အ​ခါ၊ သင့်​ခြေ​တို့​ကို စောင့်​လော့။ လူ​မိုက်​ပြု​သော ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ထက်၊ တ​ရား​နာ​ခြင်း​အ​မှု​ကို သာ၍​ကြိုး​စား​လော့။ လူ​မိုက်​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဆင်​ခြင်​တတ်​ကြ။ 2 သင်၏​နှုတ်​သည် သ​တိ​မ​လစ်​စေ​နှင့်။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ စ​ကား​ပြော​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး မ​လျင်​မ​မြန်​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ၏။ သင်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ၏။ ထို​ကြောင့် သင်၏​စ​ကား မ​များ​စေ​နှင့်။ 3 အ​မှု​များ​သော​အား​ဖြင့် အိပ်​မက်​မြင်​တတ်​သ​ကဲ့​သို့၊ စ​ကား​များ​သော​အား​ဖြင့် မိုက်​သော​သူ၏​အ​သံ​ကို ကြား​ရ၏။ 4 ဘု​ရား​သ​ခင့်​ထံ​တော်၌ သ​စ္စာ​က​တိ​ပြု​မိ​လျှင်၊ သ​စ္စာ​ဝတ်​ကို မ​ဖြေ​ဘဲ​မ​နေ​နှင့်။ မိုက်​သော​သူ​တို့​ကို အား​ရ​နှစ်​သက်​တော်​မ​မူ။ သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း ဝတ်​ကို​ဖြေ​လော့။ 5 သ​စ္စာ​က​တိ​ပြု၍ ဝတ်​ကို​မ​ဖြေ​ဘဲ​နေ​သည်​ထက်၊ သ​စ္စာ​က​တိ​အ​လျှင်း​မ​ပြု​ဘဲ​နေ​သော် သာ၍​ကောင်း၏။ 6 သင်၏​နှုတ်​သည် သင်၏​ကိုယ်​ခ​န္ဓာ၌ အ​ပြစ်​မ​ရောက်​စေ​နှင့်။ အ​ကျွန်ုပ်​မှား​ပါ​ပြီ​ဟု၊ တ​မန်​တော်​ရှေ့​မှာ ပြော​ရ​သော​အ​ကြောင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် သင်၏​စ​ကား​သံ​ကို​အ​မျက်​တော်​ထွက်၍၊ သင်​ပြု​စု​သော​အ​မှု​ကို အ​ဘယ်​ကြောင့် ဖျက်​ဆီး​တော်​မူ​ရ​မည်​နည်း။ 7 အိပ်​မက်​များ​ရာ၌​လည်း​ကောင်း၊ စ​ကား​များ​ရာ၌​လည်း​ကောင်း၊ အ​ချည်း​နှီး​သော​အ​ကြောင်း​အ​ရာ​ပါ​တတ်၏။ သင်​မူ​ကား ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လော့။

လူ့​ဘ၀​သည်​အ​ချည်း​နှီး

8 ကျေး​ရွာ၌ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​ခြင်း၊ တ​ရား​လမ်း​မှ​လွှဲ၍၊ မ​တ​ရား​သ​ဖြင့် အ​နိုင်​အ​ထက်​စီ​ရင်​ဆုံး​ဖြတ်​ခြင်း အ​မှု​ကို​မြင်​လျှင်၊ ထို​သို့​သော​အ​ကြံ​ရှိ​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။ ကြီး​မြင့်​သော​သူ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​မှတ်​သ​ကဲ့​သို့၊ အ​ကြီး​ဆုံး၊ အ​မြင့်​ဆုံး​သော​သူ​သည် ကြည့်​မှတ်​လျက် ရှိ​တော်​မူ၏။ 9 မြေ​ကြီး​က​ဖြစ်​သော စီး​ပွား​သည် အ​လုံး​စုံ​တို့​အ​ဖို့ ဖြစ်၏။ ရှင်​ဘု​ရင်​သော်​လည်း၊ လယ်၏​ကျေး​ဇူး​ကို ခံ​ရ၏။ 10 ငွေ​ကို​တပ်​မက်​သော​သူ​သည် ငွေ​နှင့် အ​လို​ဆ​န္ဒ​မ​ပြေ​နိုင်။ စည်း​စိမ်​ကို တပ်​မက်​သော​သူ​သည် စည်း​စိမ် တိုး​ပွား​သော်​လည်း မ​ရောင့်​ရဲ​နိုင်။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။ 11 ဥ​စ္စာ​တိုး​ပွား​သော​အ​ခါ စား​ရ​သော​သူ​တို့​သည်​လည်း တိုး​ပွား​များ​ပြား​ကြ၏။ ဥ​စ္စာ​ရှင်​သည် မျက်​စိ​နှင့် ကြည့်​ရှု​ခြင်း​ကျေး​ဇူး​မှ​တစ်​ပါး အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ 12 အ​လုပ်​လုပ်​သော​သူ​သည် များ​စွာ​စား​သည် ဖြစ်​စေ၊ အ​နည်း​ငယ်​စား​သည် ဖြစ်​စေ၊ အ​အိပ်​မြိန်​တတ်၏။ ရ​တတ်​သော​သူ၏ စည်း​စိမ်​မူ​ကား၊ စည်း​စိမ်​ရှင်​ကို အ​အိပ်​ပျက်​စေ​တတ်၏။ 13 စည်း​စိမ်​ရှင်​သည် ကိုယ်​အ​ကျိုး​ပျက်​သည်​တိုင်​အောင်၊ စည်း​စိမ်​ကို သို​ထား​ခြင်း​တည်း​ဟူ​သော၊ နေ​အောက်၌ အ​လွန်​ဆိုး​သော​အ​မှု​အ​ရာ​ကို ငါ​မြင်​ပြီ။ 14 ထို​စည်း​စိမ်​သည် မ​ကောင်း​သော​အ​မှု​အား​ဖြင့် ပျောက်​ပျက်​တတ်၏။ စည်း​စိမ်​ရှင်​မြင်​သော သား​သည်​လည်း လက်​ချည်း​နေ​ရ၏။ 15 သို့​မ​ဟုတ်၊ စည်း​စိမ်​ရှင်​သည် အ​မိ​ဝမ်း​ထဲ​က အ​လျှင်း​မ​ပါ​ဘဲ ထွက်​လာ​သ​ကဲ့​သို့၊ ထို​နည်း​တူ ပြန်​သွား​ရ​မည်။ ကြိုး​စား​အား​ထုတ်၍ ရ​သော​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ လက်​နှင့်​စွဲ​ကိုင်​လျက် ယူ၍​မ​သွား​ရ။ 16 သူ​သည် လာ​သ​ကဲ့​သို့ အ​လျှင်း​မ​ခြား​နား​ဘဲ၊ သွား​ရ​သော​မှု​အ​ရာ​သည် အ​လွန်​ဆိုး​သော အ​မှု​အ​ရာ​ဖြစ်၏။ လေ​ကို​ရ​အံ့​သော​ငှာ ကြိုး​စား​အား​ထုတ်​သော​သူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ 17 သူ၏​နေ့​ရက်​ကာ​လ​ကို မှောင်​မိုက်၌ လွန်​စေ​တတ်၏။ များ​စွာ​သော နှောင့်​ယှက်​ခြင်း၊ ညှိုး​ငယ်​ခြင်း၊ အ​မျက်​ထွက်​ခြင်း​ကို ခံ​ရ၏။

18 ငါ​သိ​မြင်​သော​အ​ရာ​ဟူ​မူ​ကား၊ စား​သောက်​ခြင်း​အ​မှု၊ နေ​အောက်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး၊ ကြိုး​စား​အား​ထုတ်၍ ရ​သော​အ​ကျိုး၌ ပျော်​မွေ့​ခြင်း​အ​မှု​ကို ပြု​ကောင်း၏။ လျောက်​ပတ်၏။ ထို​အ​မှု​သည် လူ၏​အ​ဖို့​ဖြစ်၏။ 19 ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော စည်း​စိမ်​ဥ​စ္စာ​ကို ရ​သော​လူ​တိုင်း မိ​မိ​အ​ဖို့​ကို​ခံ၍ ဝင်​စား​ခြင်း​ငှာ​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​ရာ၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကြောင့် အ​ခွင့်​ရှိ၏။ 20 လွန်​သော​နေ့​ရက်​ကာ​လ​ကို များ​စွာ​မ​အောက်​မေ့​ရ။ စိတ်​နှ​လုံး​ရွှင်​လန်း​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ၏။

Todos os capítulos de Ecclesiastes 12
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.