Pular para o conteúdo
Publicidade Remover anúncios

Ecclesiastes 7

WLC · Westminster Leningrad Codex

1 ט֥וֹב שֵׁ֖ם מִשֶּׁ֣מֶן ט֑וֹב וְי֣וֹם הַמָּ֔וֶת מִיּ֖וֹם הִוָּלְדֽוֹ׃ 2 ט֞וֹב לָלֶ֣כֶת אֶל־בֵּֽית־אֵ֗בֶל מִלֶּ֨כֶת֙ אֶל־בֵּ֣ית מִשְׁתֶּ֔ה בַּאֲשֶׁ֕ר ה֖וּא ס֣וֹף כָּל־הָאָדָ֑ם וְהַחַ֖י יִתֵּ֥ן אֶל־לִבּֽוֹ׃ 3 ט֥וֹב כַּ֖עַס מִשְּׂחֹ֑ק כִּֽי־בְרֹ֥עַ פָּנִ֖ים יִ֥יטַב לֵֽב׃ 4 לֵ֤ב חֲכָמִים֙ בְּבֵ֣ית אֵ֔בֶל וְלֵ֥ב כְּסִילִ֖ים בְּבֵ֥ית שִׂמְחָֽה׃ 5 ט֕וֹב לִשְׁמֹ֖עַ גַּעֲרַ֣ת חָכָ֑ם מֵאִ֕ישׁ שֹׁמֵ֖עַ שִׁ֥יר כְּסִילִֽים׃ 6 כִּ֣י כְק֤וֹל הַסִּירִים֙ תַּ֣חַת הַסִּ֔יר כֵּ֖ן שְׂחֹ֣ק הַכְּסִ֑יל וְגַם־זֶ֖ה הָֽבֶל׃ 7 כִּ֥י הָעֹ֖שֶׁק יְהוֹלֵ֣ל חָכָ֑ם וִֽיאַבֵּ֥ד אֶת־לֵ֖ב מַתָּנָֽה׃ 8 ט֛וֹב אַחֲרִ֥ית דָּבָ֖ר מֵֽרֵאשִׁית֑וֹ ט֥וֹב אֶֽרֶךְ־ר֖וּחַ מִגְּבַהּ־רֽוּחַ׃ 9 אַל־תְּבַהֵ֥ל בְּרֽוּחֲךָ֖ לִכְע֑וֹס כִּ֣י כַ֔עַס בְּחֵ֥יק כְּסִילִ֖ים יָנֽוּחַ׃ 10 אַל־תֹּאמַר֙ מֶ֣ה הָיָ֔ה שֶׁ֤הַיָּמִים֙ הָרִ֣אשֹׁנִ֔ים הָי֥וּ טוֹבִ֖ים מֵאֵ֑לֶּה כִּ֛י לֹ֥א מֵחָכְמָ֖ה שָׁאַ֥לְתָּ עַל־זֶֽה׃ 11 טוֹבָ֥ה חָכְמָ֖ה עִֽם־נַחֲלָ֑ה וְיֹתֵ֖ר לְרֹאֵ֥י הַשָּֽׁמֶשׁ׃ 12 כִּ֛י בְּצֵ֥ל הַֽחָכְמָ֖ה בְּצֵ֣ל הַכָּ֑סֶף וְיִתְר֣וֹן דַּ֔עַת הַֽחָכְמָ֖ה תְּחַיֶּ֥ה בְעָלֶֽיהָ׃ 13 רְאֵ֖ה אֶת־מַעֲשֵׂ֣ה הָאֱלֹהִ֑ים כִּ֣י מִ֤י יוּכַל֙ לְתַקֵּ֔ן אֵ֖ת אֲשֶׁ֥ר עִוְּתֽוֹ׃ 14 בְּי֤וֹם טוֹבָה֙ הֱיֵ֣ה בְט֔וֹב וּבְי֥וֹם רָעָ֖ה רְאֵ֑ה גַּ֣ם אֶת־זֶ֤ה לְעֻמַּת־זֶה֙ עָשָׂ֣ה הָֽאֱלֹהִ֔ים עַל־דִּבְרַ֗ת שֶׁלֹּ֨א יִמְצָ֧א הָֽאָדָ֛ם אַחֲרָ֖יו מְאֽוּמָה׃ 15 אֶת־הַכֹּ֥ל רָאִ֖יתִי בִּימֵ֣י הֶבְלִ֑י יֵ֤שׁ צַדִּיק֙ אֹבֵ֣ד בְּצִדְק֔וֹ וְיֵ֣שׁ רָשָׁ֔ע מַאֲרִ֖יךְ בְּרָעָתֽוֹ׃ 16 אַל־תְּהִ֤י צַדִּיק֙ הַרְבֵּ֔ה וְאַל־תִּתְחַכַּ֖ם יוֹתֵ֑ר לָ֖מָּה תִּשּׁוֹמֵֽם׃ 17 אַל־תִּרְשַׁ֥ע הַרְבֵּ֖ה וְאַל־תְּהִ֣י סָכָ֑ל לָ֥מָּה תָמ֖וּת בְּלֹ֥א עִתֶּֽךָ׃ 18 ט֚וֹב אֲשֶׁ֣ר תֶּאֱחֹ֣ז בָּזֶ֔ה וְגַם־מִזֶּ֖ה אַל־תַּנַּ֣ח אֶת־יָדֶ֑ךָ כִּֽי־יְרֵ֥א אֱלֹהִ֖ים יֵצֵ֥א אֶת־כֻּלָּֽם׃ 19 הַֽחָכְמָ֖ה תָּעֹ֣ז לֶחָכָ֑ם מֵֽעֲשָׂרָה֙ שַׁלִּיטִ֔ים אֲשֶׁ֥ר הָי֖וּ בָּעִֽיר׃ 20 כִּ֣י אָדָ֔ם אֵ֥ין צַדִּ֖יק בָּאָ֑רֶץ אֲשֶׁ֥ר יַעֲשֶׂה־טּ֖וֹב וְלֹ֥א יֶחֱטָֽא׃ 21 גַּ֤ם לְכָל־הַדְּבָרִים֙ אֲשֶׁ֣ר יְדַבֵּ֔רוּ אַל־תִּתֵּ֖ן לִבֶּ֑ךָ אֲשֶׁ֥ר לֹֽא־תִשְׁמַ֥ע אֶֽת־עַבְדְּךָ֖ מְקַלְלֶֽךָ׃ 22 כִּ֛י גַּם־פְּעָמִ֥ים רַבּ֖וֹת יָדַ֣ע לִבֶּ֑ךָ אֲשֶׁ֥ר גַּם־את קִלַּ֥לְתָּ אֲחֵרִֽים׃ 23 כָּל־זֹ֖ה נִסִּ֣יתִי בַֽחָכְמָ֑ה אָמַ֣רְתִּי אֶחְכָּ֔מָה וְהִ֖יא רְחוֹקָ֥ה מִמֶּֽנִּי׃ 24 רָח֖וֹק מַה־שֶּׁהָיָ֑ה וְעָמֹ֥ק ׀ עָמֹ֖ק מִ֥י יִמְצָאֶֽנּוּ׃ 25 סַבּ֨וֹתִֽי אֲנִ֤י וְלִבִּי֙ לָדַ֣עַת וְלָת֔וּר וּבַקֵּ֥שׁ חָכְמָ֖ה וְחֶשְׁבּ֑וֹן וְלָדַ֨עַת֙ רֶ֣שַׁע כֶּ֔סֶל וְהַסִּכְל֖וּת הוֹלֵלֽוֹת׃ 26 וּמוֹצֶ֨א אֲנִ֜י מַ֣ר מִמָּ֗וֶת אֶת־הָֽאִשָּׁה֙ אֲשֶׁר־הִ֨יא מְצוֹדִ֧ים וַחֲרָמִ֛ים לִבָּ֖הּ אֲסוּרִ֣ים יָדֶ֑יהָ ט֞וֹב לִפְנֵ֤י הָאֱלֹהִים֙ יִמָּלֵ֣ט מִמֶּ֔נָּה וְחוֹטֵ֖א יִלָּ֥כֶד בָּֽהּ׃ 27 רְאֵה֙ זֶ֣ה מָצָ֔אתִי אָמְרָ֖ה קֹהֶ֑לֶת אַחַ֥ת לְאַחַ֖ת לִמְצֹ֥א חֶשְׁבּֽוֹן׃ 28 אֲשֶׁ֛ר עוֹד־בִּקְשָׁ֥ה נַפְשִׁ֖י וְלֹ֣א מָצָ֑אתִי אָדָ֞ם אֶחָ֤ד מֵאֶ֨לֶף֙ מָצָ֔אתִי וְאִשָּׁ֥ה בְכָל־אֵ֖לֶּה לֹ֥א מָצָֽאתִי׃ 29 לְבַד֙ רְאֵה־זֶ֣ה מָצָ֔אתִי אֲשֶׁ֨ר עָשָׂ֧ה הָאֱלֹהִ֛ים אֶת־הָאָדָ֖ם יָשָׁ֑ר וְהֵ֥מָּה בִקְשׁ֖וּ חִשְּׁבֹנ֥וֹת רַבִּֽים׃

JBMLE · Judson Bible

ဘ၀​အ​တွက်​ဆင်​ခြင်​တုံ​တ​ရား​များ

1 ကောင်း​သော​အ​သ​ရေ​သည် နံ့​သာ​ဆီ​ထက် သာ၍​ကောင်း၏။ သေ​ရ​သော​နေ့​သည်​လည်း ဖွား​မြင်​သော​နေ့​ထက် သာ၍​ကောင်း၏။ 2 မ​သာ​အိမ်​သို့​သွား​ခြင်း​သည်၊ ပွဲ​ခံ​ရာ​အိမ်​သို့​သွား​ခြင်း​ထက် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ လူ​ခပ်​သိမ်း​တို့​သည် မ​သာ​အိမ်၌ လမ်း​ဆုံး​ရ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော​သူ​တို့​လည်း၊ အ​သင့်​နှ​လုံး​သွင်း​မိ​ကြ​လိမ့်​မည်။ 3 ပြုံး​ရယ်​ခြင်း​ထက် ဝမ်း​နည်း​ခြင်း​သည် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ မျက်​နှာ​ညှိုး​ငယ်​သော​အား​ဖြင့် နှ​လုံး​သာ၍ ကောင်း​တတ်၏။ 4 ပ​ညာ​ရှိ​သော​သူ​တို့၏​နှ​လုံး​သည် မ​သာ​အိမ်၌ ရှိ၏။ မိုက်​သော​သူ​တို့၏ နှ​လုံး​မူ​ကား၊ ပျော်​မွေ့​ခြင်း​ပြု​ရာ အိမ်၌​ရှိ၏။ 5 လူ​မိုက်​သီ​ချင်း​ဆို​သော စ​ကား​ကို နား​ထောင်​သည်​ထက်၊ ပ​ညာ​ရှိ​ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော် သာ၍​ကောင်း၏။ 6 အ​ကြောင်း​မူ​ကား၊ မိုက်​သော​သူ၏​ရယ်​ခြင်း​သည် အိုး​အောက်၌ ဆူး​ပင်​ကို​လောင်​သော​အ​သံ​နှင့် တူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။

7 အ​ကယ်​စင်​စစ်၊ ညှဉ်း​ဆဲ​ခြင်း​သည် ပ​ညာ​ရှိ​သော​သူ​ကို ရူး​စေ​တတ်၏။ တံ​စိုး​သည်​လည်း စိတ်​နှ​လုံး​ကို ယို​ယွင်း​စေ​တတ်၏။ 8 အ​မှု၏​အ​ဆုံး​သည် အ​စ​ထက်​သာ၍​ကောင်း၏။ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​သော​သူ​သည် မာ​န​ကြီး​သော​သူ​ထက် သာ၍​ကောင်း၏။ 9 အ​မျက်​ထွက်​သည်​တိုင်​အောင် စိတ်​မ​တို​နှင့်။ အ​မျက်​သည် မိုက်​သော​သူ၏​စိတ်​နှ​လုံး၌ နေ​ရာ​ကျ​တတ်၏။ 10 ရှေး​ကာ​လ​သည် ယ​ခု​ကာ​လ​ထက် အ​ဘယ်​ကြောင့် သာ၍​ကောင်း​သ​နည်း​ဟု မ​မေး​နှင့်။ ထို​သို့​မေး​လျှင်၊ ပ​ညာ​တ​ရား​အ​တိုင်း မေး​သည်​မ​ဟုတ်။

11 ပ​ညာ​သည် အ​မွေ​ဥ​စ္စာ​ကဲ့​သို့​ကောင်း၍၊ နေ​ကို​မြင်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တတ်၏။ 12 အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ကွယ်​ကာ​တတ်၏။ ငွေ​သည်​လည်း ကွယ်​ကာ​တတ်၏။ ပ​ညာ​အ​တတ်​သည် အ​ဘယ်​သို့​မြတ်​သ​နည်း​ဟူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​သော​သူ​သည် အ​သက်​ကို​လည်း ရ​တတ်၏။ 13 ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆင်​ခြင်​လော့။ ကောက်​စေ​တော်​မူ​သော​အ​ရာ​ကို အ​ဘယ်​သို့ ဖြောင့်​စေ​နိုင်​သ​နည်း။ 14 ကောင်း​စား​သည်​ကာ​လ၌ ဝမ်း​မြောက်​လော့။ ဆင်း​ရဲ​ခံ​ရ​သည်​ကာ​လ၌ ဆင်​ခြင်​လော့။ လူ​သည် မိ​မိ​နောက်​မှာ ဖြစ်​လ​တ္တံ​သော အ​မှု​အ​ရာ​ကို​သိ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ကောင်း​စား​ခြင်း​နှင့် ဆင်း​ရဲ​ခြင်း​ကို​လည်း အ​လှည့်​လှည့် ပေး​တော်​မူ၏။

15 ငါ​သည် အ​ချည်း​နှီး​နေ​သော​ကာ​လ၌ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို တွေ့​မြင်​ပြီ။ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း၌ ဆုံး​ရှုံး​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် မိ​မိ​အ​ဓ​မ္မ​အ​မှု၌ အ​သက်​ရှည်​ကြောင်း​ကို​လည်း​ကောင်း ငါ​မြင်၏။ 16 လွန်​ကျူး​စွာ မ​ဖြောင့်​မတ်​နှင့်။ လွန်​ကျူး​စွာ ပ​ညာ​မ​ရှိ​နှင့်။ အ​ဘယ်​ကြောင့် ကိုယ်​အ​ကျိုး​ကို ဖျက်​ချင်​သ​နည်း။ 17 လွန်​ကျူး​စွာ မ​ဆိုး​ညစ်​နှင့်။ မ​မိုက်​နှင့်။ အ​ချိန်​မ​ရောက်​မီ အ​ဘယ်​ကြောင့် သေ​ချင်​သ​နည်း။ 18 ဤ​စ​ကား​ကို စွဲ​လန်း​ကောင်း၏။ လက်​မ​လွှတ်​နှင့်။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​သည် ခပ်​သိမ်း​သော​အ​မှု​ထဲ​က ထွက်​မြောက်​လိမ့်​မည်။ 19 မြို့​ထဲ​မှာ​နေ​သော သူ​ရဲ​တစ်​ကျိပ်​ထက် ပ​ညာ​ရှိ​သော​သူ​တစ်​ယောက်​သည် ပ​ညာ​အား​ဖြင့်​သာ၍ တန်​ခိုး​ကြီး၏။ 20 အ​ပြစ်​မ​ပါ​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​သော သူ​တော်​ကောင်း​တစ်​စုံ​တစ်​ယောက်​မျှ မြေ​ကြီး​ပေါ်​မှာ မ​ရှိ။ 21 သူ​တစ်​ပါး​ပြော​သ​မျှ​သော စ​ကား​တို့​ကို​မ​မှတ်​နှင့်။ သို့​ပြု​လျှင်၊ ကိုယ်​ကျွန် ကျိန်​ဆဲ​သော​စ​ကား​ကို ကြား​လိမ့်​မည်။ 22 သင်​သည်​ကိုယ်​တိုင် သူ​တစ်​ပါး​တို့​ကို အ​ဖန်​ဖန်​ကျိန်​ဆဲ​ကြောင်း​ကို၊ ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ သိ၏။

23 ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​သည်​ပ​ညာ​တ​ရား​အား​ဖြင့် စုံ​စမ်း​ပြီ။ ပ​ညာ​နှင့် ငါ​ပြည့်​စုံ​မည်​ဟု ဆို​သော်​လည်း၊ ပ​ညာ​သည် ငါ​နှင့်​ဝေး၏။ 24 ဝေး​သော​အ​ရာ၊ အ​လွန်​နက်​နဲ​သော​အ​ရာ​ကို အ​ဘယ်​သူ​ရှာ၍ တွေ့​နိုင်​သ​နည်း။ 25 ပ​ညာ​တ​ရား​နှင့် အ​ကျိုး​အ​ကြောင်း​ကို ရှာ​ဖွေ​စစ်​ဆေး၍ သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ မိုက်​စွာ​ကျင့်​ခြင်း၏​အ​ပြစ်​နှင့် ရူး​ခြင်း၏​အ​ပြစ်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​နှင့် ငါ့​နှ​လုံး​သည် ဝိုင်း​ညီ၍ ကြိုး​စား​လေ​ပြီ။ 26 ကျော့​ကွင်း​နှင့် ပိုက်​ကွန်​တို့​ကို ကြံ​စည်​ပြင်​ဆင်၍ ကြိုး​နှင့်​ချည်​နှောင်​တတ်​သော​မိန်း​မ​သည်၊ သေ​ခြင်း​ထက် သာ၍​ခါး​သည်​ကို ငါ​တွေ့​ပြီ။ ဘု​ရား​သ​ခင်​စိတ်​တွေ့​တော်​မူ​သော​သူ​သာ​လျှင်၊ ထို​မိန်း​မ​လက်​နှင့် လွတ်​လိမ့်​မည်။ အ​ပြစ်​ပြု​တတ်​သော​သူ​ကို​ကား၊ ဖမ်း​မိ​လိမ့်​မည်။ 27 ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​ဆို​သည်​ကား၊ ငါ​ရှာ၍ မ​တွေ့​သေး​သော​အ​ရာ​ကို တွေ့​အံ့​သော​ငှာ၊ တစ်​ခု​နောက်​တစ်​ခု စစ်​ဆေး​ချင့်​တွက်​သော​အ​ခါ၊ 28 ယောက်ျား​တစ်​ထောင်​တို့​တွင် တစ်​ယောက်​ကို ငါ​တွေ့​ပြီ။ မိန်း​မ​တစ်​ထောင်​တို့​တွင် တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့။ 29 ငါ​တွေ့​သော​အ​ရာ​တစ်​ခု​တည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် လူ​ကို​ဖြောင့်​မတ်​အောင် ဖန်​ဆင်း​တော်​မူ​သော်​လည်း၊ လူ​တို့​သည် များ​ပြား​သော အ​ကြံ​အ​စည်​တို့​ကို ရှာ​ဖွေ​ကြံ​စည်​ကြ​ပြီ။

Todos os capítulos de Ecclesiastes 12
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.