Pular para o conteúdo
Publicidade Remover anúncios

Ezekiel 28

WLC · Westminster Leningrad Codex

1 וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ 2 בֶּן־אָדָ֡ם אֱמֹר֩ לִנְגִ֨יד צֹ֜ר כֹּֽה־אָמַ֣ר ׀ אֲדֹנָ֣י יְהֹוִ֗ה יַ֣עַן גָּבַ֤הּ לִבְּךָ֙ וַתֹּ֨אמֶר֙ אֵ֣ל אָ֔נִי מוֹשַׁ֧ב אֱלֹהִ֛ים יָשַׁ֖בְתִּי בְּלֵ֣ב יַמִּ֑ים וְאַתָּ֤ה אָדָם֙ וְֽלֹא־אֵ֔ל וַתִּתֵּ֥ן לִבְּךָ֖ כְּלֵ֥ב אֱלֹהִֽים׃ 3 הִנֵּ֥ה חָכָ֛ם אַתָּ֖ה מדנאל כָּל־סָת֖וּם לֹ֥א עֲמָמֽוּךָ׃ 4 בְּחָכְמָֽתְךָ֙ וּבִתְבוּנָ֣תְךָ֔ עָשִׂ֥יתָ לְּךָ֖ חָ֑יִל וַתַּ֛עַשׂ זָהָ֥ב וָכֶ֖סֶף בְּאוֹצְרוֹתֶֽיךָ׃ 5 בְּרֹ֧ב חָכְמָתְךָ֛ בִּרְכֻלָּתְךָ֖ הִרְבִּ֣יתָ חֵילֶ֑ךָ וַיִּגְבַּ֥הּ לְבָבְךָ֖ בְּחֵילֶֽךָ׃ ס 6 לָכֵ֕ן כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה יַ֛עַן תִּתְּךָ֥ אֶת־לְבָבְךָ֖ כְּלֵ֥ב אֱלֹהִֽים׃ 7 לָכֵ֗ן הִנְנִ֨י מֵבִ֤יא עָלֶ֨יךָ֙ זָרִ֔ים עָרִיצֵ֖י גּוֹיִ֑ם וְהֵרִ֤יקוּ חַרְבוֹתָם֙ עַל־יְפִ֣י חָכְמָתֶ֔ךָ וְחִלְּל֖וּ יִפְעָתֶֽךָ׃ 8 לַשַּׁ֖חַת יֽוֹרִד֑וּךָ וָמַ֛תָּה מְמוֹתֵ֥י חָלָ֖ל בְּלֵ֥ב יַמִּֽים׃ 9 הֶאָמֹ֤ר תֹּאמַר֙ אֱלֹהִ֣ים אָ֔נִי לִפְנֵ֖י הֹֽרְגֶ֑ךָ וְאַתָּ֥ה אָדָ֛ם וְלֹא־אֵ֖ל בְּיַ֥ד מְחַלְלֶֽיךָ׃ 10 מוֹתֵ֧י עֲרֵלִ֛ים תָּמ֖וּת בְּיַד־זָרִ֑ים כִּ֚י אֲנִ֣י דִבַּ֔רְתִּי נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ ס 11 וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ 12 בֶּן־אָדָ֕ם שָׂ֥א קִינָ֖ה עַל־מֶ֣לֶךְ צ֑וֹר וְאָמַ֣רְתָּ לּ֗וֹ כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה אַתָּה֙ חוֹתֵ֣ם תָּכְנִ֔ית מָלֵ֥א חָכְמָ֖ה וּכְלִ֥יל יֹֽפִי׃ 13 בְּעֵ֨דֶן גַּן־אֱלֹהִ֜ים הָיִ֗יתָ כָּל־אֶ֨בֶן יְקָרָ֤ה מְסֻכָתֶ֨ךָ֙ אֹ֣דֶם פִּטְדָ֞ה וְיָהֲלֹ֗ם תַּרְשִׁ֥ישׁ שֹׁ֨הַם֙ וְיָ֣שְׁפֵ֔ה סַפִּ֣יר נֹ֔פֶךְ וּבָרְקַ֖ת וְזָהָ֑ב מְלֶ֨אכֶת תֻּפֶּ֤יךָ וּנְקָבֶ֨יךָ֙ בָּ֔ךְ בְּי֥וֹם הִבָּרַאֲךָ֖ כּוֹנָֽנוּ׃ 14 אַ֨תְּ־כְּר֔וּב מִמְשַׁ֖ח הַסּוֹכֵ֑ךְ וּנְתַתִּ֗יךָ בְּהַ֨ר קֹ֤דֶשׁ אֱלֹהִים֙ הָיִ֔יתָ בְּת֥וֹךְ אַבְנֵי־אֵ֖שׁ הִתְהַלָּֽכְתָּ׃ 15 תָּמִ֤ים אַתָּה֙ בִּדְרָכֶ֔יךָ מִיּ֖וֹם הִבָּֽרְאָ֑ךְ עַד־נִמְצָ֥א עַוְלָ֖תָה בָּֽךְ׃ 16 בְּרֹ֣ב רְכֻלָּתְךָ֗ מָל֧וּ תוֹכְךָ֛ חָמָ֖ס וַֽתֶּחֱטָ֑א וָאֶחַלֶּלְךָ֩ מֵהַ֨ר אֱלֹהִ֤ים וָֽאַבֶּדְךָ֙ כְּר֣וּב הַסֹּכֵ֔ךְ מִתּ֖וֹךְ אַבְנֵי־אֵֽשׁ׃ 17 גָּבַ֤הּ לִבְּךָ֙ בְּיָפְיֶ֔ךָ שִׁחַ֥תָּ חָכְמָתְךָ֖ עַל־יִפְעָתֶ֑ךָ עַל־אֶ֣רֶץ הִשְׁלַכְתִּ֗יךָ לִפְנֵ֧י מְלָכִ֛ים נְתַתִּ֖יךָ לְרַ֥אֲוָה בָֽךְ׃ 18 מֵרֹ֣ב עֲוֺנֶ֗יךָ בְּעֶ֨וֶל֙ רְכֻלָּ֣תְךָ֔ חִלַּ֖לְתָּ מִקְדָּשֶׁ֑יךָ וָֽאוֹצִא־אֵ֤שׁ מִתּֽוֹכְךָ֙ הִ֣יא אֲכָלַ֔תְךָ וָאֶתֶּנְךָ֤ לְאֵ֨פֶר֙ עַל־הָאָ֔רֶץ לְעֵינֵ֖י כָּל־רֹאֶֽיךָ׃ 19 כָּל־יוֹדְעֶ֨יךָ֙ בָּֽעַמִּ֔ים שָׁמְמ֖וּ עָלֶ֑יךָ בַּלָּה֣וֹת הָיִ֔יתָ וְאֵינְךָ֖ עַד־עוֹלָֽם׃ פ 20 וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ 21 בֶּן־אָדָ֕ם שִׂ֥ים פָּנֶ֖יךָ אֶל־צִיד֑וֹן וְהִנָּבֵ֖א עָלֶֽיהָ׃ 22 וְאָמַרְתָּ֗ כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה הִנְנִ֤י עָלַ֨יִךְ֙ צִיד֔וֹן וְנִכְבַּדְתִּ֖י בְּתוֹכֵ֑ךְ וְֽיָדְע֞וּ כִּֽי־אֲנִ֣י יְהוָ֗ה בַּעֲשׂ֥וֹתִי בָ֛הּ שְׁפָטִ֖ים וְנִקְדַּ֥שְׁתִּי בָֽהּ׃ 23 וְשִׁלַּחְתִּי־בָ֞הּ דֶּ֤בֶר וָדָם֙ בְּח֣וּצוֹתֶ֔יהָ וְנִפְלַ֤ל חָלָל֙ בְּתוֹכָ֔הּ בְּחֶ֥רֶב עָלֶ֖יהָ מִסָּבִ֑יב וְיָדְע֖וּ כִּֽי־אֲנִ֥י יְהוָֽה׃ 24 וְלֹֽא־יִהְיֶ֨ה ע֜וֹד לְבֵ֣ית יִשְׂרָאֵ֗ל סִלּ֤וֹן מַמְאִיר֙ וְק֣וֹץ מַכְאִ֔ב מִכֹּל֙ סְבִ֣יבֹתָ֔ם הַשָּׁאטִ֖ים אוֹתָ֑ם וְיָ֣דְע֔וּ כִּ֥י אֲנִ֖י אֲדֹנָ֥י יְהוִֽה׃ ס 25 כֹּֽה־אָמַר֮ אֲדֹנָ֣י יְהוִה֒ בְּקַבְּצִ֣י ׀ אֶת־בֵּ֣ית יִשְׂרָאֵ֗ל מִן־הָֽעַמִּים֙ אֲשֶׁ֣ר נָפֹ֣צוּ בָ֔ם וְנִקְדַּ֥שְׁתִּי בָ֖ם לְעֵינֵ֣י הַגּוֹיִ֑ם וְיָֽשְׁבוּ֙ עַל־אַדְמָתָ֔ם אֲשֶׁ֥ר נָתַ֖תִּי לְעַבְדִּ֥י לְיַעֲקֹֽב׃ 26 וְיָשְׁב֣וּ עָלֶיהָ֮ לָבֶטַח֒ וּבָנ֤וּ בָתִּים֙ וְנָטְע֣וּ כְרָמִ֔ים וְיָשְׁב֖וּ לָבֶ֑טַח בַּעֲשׂוֹתִ֣י שְׁפָטִ֗ים בְּכֹ֨ל הַשָּׁאטִ֤ים אֹתָם֙ מִסְּבִ֣יבוֹתָ֔ם וְיָ֣דְע֔וּ כִּ֛י אֲנִ֥י יְהוָ֖ה אֱלֹהֵיהֶֽם׃ ס

JBMLE · Judson Bible

တု​ရု​ဘု​ရင်​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်

1 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊ 2 အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို တု​ရု​ရှင်​ဘု​ရင်​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ကိုယ်​ကို​ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော်​လည်း ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့် ငါ​သည် ဘု​ရား​ဖြစ်၏။ ပင်​လယ်​အ​လယ်၌ ဘု​ရား​ပ​လ္လင်​ပေါ်​မှာ ငါ​ထိုင်​သည်​ဟု ဝါ​ကြွား​သော​စိတ်​နှင့် ဆို​သည်​ဖြစ်၍၊ 3 သင်​သည် ဒံ​ယေ​လ​ထက်​သာ၍ ပ​ညာ​ရှိ​ပါ​သည်​တ​ကား။ သင်​မ​သိ​ရ​အောင် သူ​တစ်​ပါး​ဝှက်​ထား​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ 4 ကိုယ်​ဉာဏ်​ပ​ညာ​အား​ဖြင့် ဥ​စ္စာ​ရ​တတ်၏။ ရွှေ​ငွေ​ကို ဆည်း​ပူး​ပြီ။ 5 ထူး​ဆန်း​သော ပ​ညာ​နှင့် ကုန်​စ​လယ်​များ​အား​ဖြင့် စည်း​စိမ်​ကြီး၍၊ ထို​စည်း​စိမ်​ကြောင့် စိတ်​ဝါ​ကြွား​ပြီ။ 6 သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ကိုယ်​ကို ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော​ကြောင့်၊ 7 ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို သင်​ရှိ​ရာ​သို့ ငါ​ပို့​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ပ​ညာ​ဂုဏ်​ကို ဓား​နှင့်​ခုတ်၍၊ သင်၏​တင့်​တယ်​ခြင်း အ​သ​ရေ​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်။ 8 သင့်​ကို မြေ​တွင်း​ထဲ​သို့​နှိမ့်​ချ၍၊ ပင်​လယ်​အ​လယ်၌ ဆုံး​ရှုံး​သော​သူ​ကဲ့​သို့ သင့်​အ​သက်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။ 9 သင့်​အ​သက်​ကို သတ်​သော​သူ​တို့​လက်​တွင်၊ သင်​သည် ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့်၊ ငါ​သည် ဘု​ရား​ဖြစ်​သည်​ဟု သင့်​အ​သက်​ကို သတ်​သော​သူ​တို့​ရှေ့​မှာ အ​မှန်​ပြော​လိမ့်​မည်​လော။ 10 အ​ရေ​ဖျား​လှီး​ခြင်း မ​ခံ​သော​လူ​သေ​သ​ကဲ့​သို့၊ သင်​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့ လက်​ဖြင့်​သေ​ရ​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

တု​ရု​ဘု​ရင်​အ​တွက်​မြည်​တမ်း​ခြင်း

11 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 12 အ​ချင်း​လူ​သား၊ တု​ရု​ရှင်​ဘု​ရင်​အ​တွက် မြည်​တမ်း​သော စ​ကား​ကို​မြွက်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ထူး​ဆန်း​သော​တံ​ဆိပ် ဖြစ်၏။ ပ​ညာ​နှင့်​ပြည့်​စုံ၍ တင့်​တယ်​ခြင်း​အ​သ​ရေ​လည်း စုံ​လင်​လျက်​ရှိ၏။ 13 ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။ 14 သင်​သည် ဖြန့်၍ လွှမ်း​မိုး​သော​ခေ​ရု​ဗိမ်​ဖြစ်​လျက်၊ ငါ့​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တောင်​ပေါ်​မှာ နေ​ရာ​ကျ၍ မီး​တောက်​သော ကျောက်​တို့​တွင် သွား​လာ​ရ၏။ 15 ဖွား​သော​နေ့​မှ​စ၍ သင့်​အ​ပြစ်​ထင်​ရှား​သော​နေ့​တိုင်​အောင်၊ ပြု​လေ​ရာ​ရာ၌ စုံ​လင်​လျက်​ရှိ၏။ 16 သို့​ရာ​တွင်၊ ကုန်​သွယ်​ခြင်း များ​ပြား​သော​အား​ဖြင့်၊ အ​ဓ​မ္မ​အ​မှု​တို့​နှင့် ပြည့်​စုံ၍ ပြစ်​မှား​သော​အ​ပြစ် ရောက်​လေ​ပြီ။ ထို​ကြောင့်၊ ဆိုး​ယုတ်​သော​သူ​ကဲ့​သို့၊ သင့်​ကို​ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​က ငါ​နှင်​ထုတ်​မည်။ အို လွှမ်း​မိုး​သော ခေ​ရု​ဗိမ်၊ မီး​တောက်​သော ကျောက်​တို့​အ​ထဲ​က သင့်​ကို​ငါ​ပယ်​ရှင်း​မည်။ 17 သင်​သည် ကိုယ်၌ တင့်​တယ်​ခြင်း​အ​သ​ရေ​ကြောင့်၊ ဝါ​ကြွား​သော​စိတ်​ရှိ​လျက် ဂုဏ်​ထွန်း​တောက်​သော​ကြောင့်၊ သင်၏​ပ​ညာ​သည် ဖောက်​ပြန်​လျက်​ရှိ​လေ​ပြီ။ ငါ​သည် သင့်​ကို မြေ​တိုင်​အောင်​နှိမ့်​ချ​မည်။ ရှင်​ဘု​ရင်​တို့​သည် သင့်​ကို​ကြည့်​ရှု၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ၊ သူ​တို့​ရှေ့​မှာ သင့်​ကို​ငါ​ချ​ထား​မည်။ 18 သင့်​အ​ပြစ်​သည် များ​ပြား၍ ကုန်​သွယ်​ခြင်း အ​ဓ​မ္မ​အား​ဖြင့်၊ သန့်​ရှင်း​ရာ​ဌာ​န​တို့​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ သင့်​ကို​မီး​ရှို့​ဖို့ သင့်​အ​လယ်၌ မီး​ကို​ငါ​ညှိ​မည်။ သင့်​ကို​မြင်​သော သူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ သင်၏​ပြာ​ကို မြေ​ပေါ်​သို့​ငါ​ချ​ထား​မည်။ 19 သင့်​ကို​သိ​သော​လူ အ​မျိုး​မျိုး​တို့​သည် သင်၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ သင်​သည် ကြောက်​မက်​ဖွယ် ဖြစ်​လိမ့်​မည်။ နောက်​တစ်​ဖန် မ​ပေါ်​လာ​ရ​ဟု မိန့်​တော်​မူ​၏။

ဇိ​ဒုန်​မြို့​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်

20 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ယော​လ၊ ၃:၄-၈။ ဇာ၊ ၉:၁-၂။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။21 အ​ချင်း​လူ​သား၊ သင်​သည် ဇိ​ဒုန်​မြို့​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊ 22 အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဇိ​ဒုန်​မြို့၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​လယ်၌ ငါ့​ဘုန်း​တန်​ခိုး​သည် ထင်​ရှား​လိမ့်​မည်။ သင့်​ကို​ငါ​သည် အ​ပြစ်​ဒဏ်​ပေး၍ ရို​သေ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​များ​သိ​ရ​ကြ​လိမ့်​မည်။ 23 သင့်​အ​ပေါ်​သို့ ကာ​လ​နာ​ဘေး​ကို​လည်း​ကောင်း၊ သင်၏​လမ်း​တို့၌ ဓား​ဘေး​ကို​လည်း​ကောင်း၊ ငါ​စေ​လွှတ်၍၊ ပတ်​လည်၌ တိုက်​သော​ဓား​ဖြင့် သူ​ရဲ​တို့​သည် သင့်​အ​လယ်၌​လဲ၍ သေ​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​တို့​အ​တွက်​ကောင်း​ချီး

24 ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ ပတ်​လည်၌​နေ၍၊ မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​တွင် စူး​တတ်​သော​ဆူး​ပင်၊ နှောင့်​ယှက်​တတ်​သော​ငြောင့် တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

25 တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကွဲ​ပြား​လျက်​နေ​သော လူ​အ​မျိုး​မျိုး​ထဲ​က ငါ​ခေါ်၍​စု​ဝေး​သော​အ​ခါ၊ သူ​တို့​အား​ဖြင့် လူ​မျိုး​များ​ရှေ့၌ ရို​သေ​ခြင်း​ကို​ငါ​ခံ၍၊ ငါ့​ကျွန်​ယာ​ကုပ်​အား ငါ​အ​ရင်​ပေး​သော​ပြည်၌ သူ​တို့​သည် နေ​ကြ​လိမ့်​မည်။ 26 ထို​ပြည်၌ စိုး​ရိမ်​စ​ရာ​မ​ရှိ။ အိမ်​ဆောက်​ခြင်း၊ စ​ပျစ်​ဥ​ယျာဉ်​စိုက်​ခြင်း အ​မှု​ကို​ပြု၍ နေ​ကြ​လိမ့်​မည်။ သူ​တို့ ပတ်​လည်၌​နေ၍ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ငါ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​သော​နောက် သူ​တို့​သည် စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ​နေ၍၊ ငါ​သည် သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Todos os capítulos de Ezekiel 48
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.