Pular para o conteúdo
Publicidade Remover anúncios

Ezekiel 36

WLC · Westminster Leningrad Codex

1 וְאַתָּ֣ה בֶן־אָדָ֔ם הִנָּבֵ֖א אֶל־הָרֵ֣י יִשְׂרָאֵ֑ל וְאָ֣מַרְתָּ֔ הָרֵי֙ יִשְׂרָאֵ֔ל שִׁמְע֖וּ דְּבַר־יְהוָֽה׃ 2 כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה יַ֣עַן אָמַ֧ר הָאוֹיֵ֛ב עֲלֵיכֶ֖ם הֶאָ֑ח וּבָמ֣וֹת עוֹלָ֔ם לְמֽוֹרָשָׁ֖ה הָ֥יְתָה לָּֽנוּ׃ 3 לָכֵן֙ הִנָּבֵ֣א וְאָמַרְתָּ֔ כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה יַ֣עַן בְּיַ֡עַן שַׁמּוֹת֩ וְשָׁאֹ֨ף אֶתְכֶ֜ם מִסָּבִ֗יב לִֽהְיוֹתְכֶ֤ם מֽוֹרָשָׁה֙ לִשְׁאֵרִ֣ית הַגּוֹיִ֔ם וַתֵּֽעֲל֛וּ עַל־שְׂפַ֥ת לָשׁ֖וֹן וְדִבַּת־עָֽם׃ 4 לָכֵן֙ הָרֵ֣י יִשְׂרָאֵ֔ל שִׁמְע֖וּ דְּבַר־אֲדֹנָ֣י יְהוִ֑ה כֹּֽה־אָמַ֣ר אֲדֹנָ֣י יְ֠הוִה לֶהָרִ֨ים וְלַגְּבָע֜וֹת לָאֲפִיקִ֣ים וְלַגֵּאָי֗וֹת וְלֶחֳרָב֤וֹת הַשֹּֽׁמְמוֹת֙ וְלֶעָרִ֣ים הַנֶּעֱזָב֔וֹת אֲשֶׁ֨ר הָי֤וּ לְבַז֙ וּלְלַ֔עַג לִשְׁאֵרִ֥ית הַגּוֹיִ֖ם אֲשֶׁ֥ר מִסָּבִֽיב׃ ס 5 לָכֵ֗ן כֹּֽה־אָמַר֮ אֲדֹנָ֣י יְהוִה֒ אִם־לֹ֠א בְּאֵ֨שׁ קִנְאָתִ֥י דִבַּ֛רְתִּי עַל־שְׁאֵרִ֥ית הַגּוֹיִ֖ם וְעַל־אֱד֣וֹם כֻּלָּ֑א אֲשֶׁ֣ר נָתְנֽוּ־אֶת־אַרְצִ֣י ׀ לָ֠הֶם לְמ֨וֹרָשָׁ֜ה בְּשִׂמְחַ֤ת כָּל־לֵבָב֙ בִּשְׁאָ֣ט נֶ֔פֶשׁ לְמַ֥עַן מִגְרָשָׁ֖הּ לָבַֽז׃ 6 לָכֵ֕ן הִנָּבֵ֖א עַל־אַדְמַ֣ת יִשְׂרָאֵ֑ל וְאָמַרְתָּ֡ לֶהָרִ֣ים וְ֠לַגְּבָעוֹת לָאֲפִיקִ֨ים וְלַגֵּאָי֜וֹת כֹּֽה־אָמַ֣ר ׀ אֲדֹנָ֣י יְהוִ֗ה הִנְנִ֨י בְקִנְאָתִ֤י וּבַחֲמָתִי֙ דִּבַּ֔רְתִּי יַ֛עַן כְּלִמַּ֥ת גּוֹיִ֖ם נְשָׂאתֶֽם׃ 7 לָכֵ֗ן כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה אֲנִ֖י נָשָׂ֣אתִי אֶת־יָדִ֑י אִם־לֹ֤א הַגּוֹיִם֙ אֲשֶׁ֣ר לָכֶ֣ם מִסָּבִ֔יב הֵ֖מָּה כְּלִמָּתָ֥ם יִשָּֽׂאוּ׃ 8 וְאַתֶּ֞ם הָרֵ֤י יִשְׂרָאֵל֙ עַנְפְּכֶ֣ם תִּתֵּ֔נוּ וּפֶרְיְכֶ֥ם תִּשְׂא֖וּ לְעַמִּ֣י יִשְׂרָאֵ֑ל כִּ֥י קֵרְב֖וּ לָבֽוֹא׃ 9 כִּ֖י הִנְנִ֣י אֲלֵיכֶ֑ם וּפָנִ֣יתִי אֲלֵיכֶ֔ם וְנֶעֱבַדְתֶּ֖ם וְנִזְרַעְתֶּֽם׃ 10 וְהִרְבֵּיתִ֤י עֲלֵיכֶם֙ אָדָ֔ם כָּל־בֵּ֥ית יִשְׂרָאֵ֖ל כֻּלֹּ֑ה וְנֹֽשְׁבוּ֙ הֶֽעָרִ֔ים וְהֶחֳרָב֖וֹת תִּבָּנֶֽינָה׃ 11 וְהִרְבֵּיתִ֧י עֲלֵיכֶ֛ם אָדָ֥ם וּבְהֵמָ֖ה וְרָב֣וּ וּפָר֑וּ וְהוֹשַׁבְתִּ֨י אֶתְכֶ֜ם כְּקַדְמֽוֹתֵיכֶ֗ם וְהֵטִֽבֹתִי֙ מֵרִאשֹׁ֣תֵיכֶ֔ם וִֽידַעְתֶּ֖ם כִּֽי־אֲנִ֥י יְהוָֽה׃ 12 וְהוֹלַכְתִּי֩ עֲלֵיכֶ֨ם אָדָ֜ם אֶת־עַמִּ֤י יִשְׂרָאֵל֙ וִֽירֵשׁ֔וּךָ וְהָיִ֥יתָ לָהֶ֖ם לְנַחֲלָ֑ה וְלֹא־תוֹסִ֥ף ע֖וֹד לְשַׁכְּלָֽם׃ ס 13 כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה יַ֚עַן אֹמְרִ֣ים לָכֶ֔ם אֹכֶ֥לֶת אָדָ֖ם אתי וּמְשַׁכֶּ֥לֶת גויך הָיִֽית׃ 14 לָכֵ֗ן אָדָם֙ לֹא־תֹ֣אכְלִי ע֔וֹד וגויך לֹ֣א תכשלי־ע֑וֹד נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 15 וְלֹא־אַשְׁמִ֨יעַ אֵלַ֤יִךְ עוֹד֙ כְּלִמַּ֣ת הַגּוֹיִ֔ם וְחֶרְפַּ֥ת עַמִּ֖ים לֹ֣א תִשְׂאִי־ע֑וֹד וגויך לֹא־תַכְשִׁ֣לִי ע֔וֹד נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ ס 16 וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ 17 בֶּן־אָדָ֗ם בֵּ֤ית יִשְׂרָאֵל֙ יֹשְׁבִ֣ים עַל־אַדְמָתָ֔ם וַיְטַמְּא֣וּ אוֹתָ֔הּ בְּדַרְכָּ֖ם וּבַעֲלִֽילוֹתָ֑ם כְּטֻמְאַת֙ הַנִּדָּ֔ה הָיְתָ֥ה דַרְכָּ֖ם לְפָנָֽי׃ 18 וָאֶשְׁפֹּ֤ךְ חֲמָתִי֙ עֲלֵיהֶ֔ם עַל־הַדָּ֖ם אֲשֶׁר־שָׁפְכ֣וּ עַל־הָאָ֑רֶץ וּבְגִלּוּלֵיהֶ֖ם טִמְּאֽוּהָ׃ 19 וָאָפִ֤יץ אֹתָם֙ בַּגּוֹיִ֔ם וַיִּזָּר֖וּ בָּאֲרָצ֑וֹת כְּדַרְכָּ֥ם וְכַעֲלִילוֹתָ֖ם שְׁפַטְתִּֽים׃ 20 וַיָּב֗וֹא אֶל־הַגּוֹיִם֙ אֲשֶׁר־בָּ֣אוּ שָׁ֔ם וַֽיְחַלְּל֖וּ אֶת־שֵׁ֣ם קָדְשִׁ֑י בֶּאֱמֹ֤ר לָהֶם֙ עַם־יְהוָ֣ה אֵ֔לֶּה וּמֵאַרְצ֖וֹ יָצָֽאוּ׃ 21 וָאֶחְמֹ֖ל עַל־שֵׁ֣ם קָדְשִׁ֑י אֲשֶׁ֤ר חִלְּל֨וּהוּ֙ בֵּ֣ית יִשְׂרָאֵ֔ל בַּגּוֹיִ֖ם אֲשֶׁר־בָּ֥אוּ שָֽׁמָּה׃ ס 22 לָכֵ֞ן אֱמֹ֣ר לְבֵֽית־יִשְׂרָאֵ֗ל כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה לֹ֧א לְמַעַנְכֶ֛ם אֲנִ֥י עֹשֶׂ֖ה בֵּ֣ית יִשְׂרָאֵ֑ל כִּ֤י אִם־לְשֵׁם־קָדְשִׁי֙ אֲשֶׁ֣ר חִלַּלְתֶּ֔ם בַּגּוֹיִ֖ם אֲשֶׁר־בָּ֥אתֶם שָֽׁם׃ 23 וְקִדַּשְׁתִּ֞י אֶת־שְׁמִ֣י הַגָּד֗וֹל הַֽמְחֻלָּל֙ בַּגּוֹיִ֔ם אֲשֶׁ֥ר חִלַּלְתֶּ֖ם בְּתוֹכָ֑ם וְיָדְע֨וּ הַגּוֹיִ֜ם כִּי־אֲנִ֣י יְהוָ֗ה נְאֻם֙ אֲדֹנָ֣י יְהוִ֔ה בְּהִקָּדְשִׁ֥י בָכֶ֖ם לְעֵינֵיהֶֽם׃ 24 וְלָקַחְתִּ֤י אֶתְכֶם֙ מִן־הַגּוֹיִ֔ם וְקִבַּצְתִּ֥י אֶתְכֶ֖ם מִכָּל־הָאֲרָצ֑וֹת וְהֵבֵאתִ֥י אֶתְכֶ֖ם אֶל־אַדְמַתְכֶֽם׃ 25 וְזָרַקְתִּ֧י עֲלֵיכֶ֛ם מַ֥יִם טְהוֹרִ֖ים וּטְהַרְתֶּ֑ם מִכֹּ֧ל טֻמְאוֹתֵיכֶ֛ם וּמִכָּל־גִּלּ֥וּלֵיכֶ֖ם אֲטַהֵ֥ר אֶתְכֶֽם׃ 26 וְנָתַתִּ֤י לָכֶם֙ לֵ֣ב חָדָ֔שׁ וְר֥וּחַ חֲדָשָׁ֖ה אֶתֵּ֣ן בְּקִרְבְּכֶ֑ם וַהֲסִ֨רֹתִ֜י אֶת־לֵ֤ב הָאֶ֨בֶן֙ מִבְּשַׂרְכֶ֔ם וְנָתַתִּ֥י לָכֶ֖ם לֵ֥ב בָּשָֽׂר׃ 27 וְאֶת־רוּחִ֖י אֶתֵּ֣ן בְּקִרְבְּכֶ֑ם וְעָשִׂ֗יתִי אֵ֤ת אֲשֶׁר־בְּחֻקַּי֙ תֵּלֵ֔כוּ וּמִשְׁפָּטַ֥י תִּשְׁמְר֖וּ וַעֲשִׂיתֶֽם׃ 28 וִישַׁבְתֶּ֣ם בָּאָ֔רֶץ אֲשֶׁ֥ר נָתַ֖תִּי לַאֲבֹֽתֵיכֶ֑ם וִהְיִ֤יתֶם לִי֙ לְעָ֔ם וְאָ֣נֹכִ֔י אֶהְיֶ֥ה לָכֶ֖ם לֵאלֹהִֽים׃ 29 וְהוֹשַׁעְתִּ֣י אֶתְכֶ֔ם מִכֹּ֖ל טֻמְאֽוֹתֵיכֶ֑ם וְקָרָ֤אתִי אֶל־הַדָּגָן֙ וְהִרְבֵּיתִ֣י אֹת֔וֹ וְלֹא־אֶתֵּ֥ן עֲלֵיכֶ֖ם רָעָֽב׃ 30 וְהִרְבֵּיתִי֙ אֶת־פְּרִ֣י הָעֵ֔ץ וּתְנוּבַ֖ת הַשָּׂדֶ֑ה לְמַ֗עַן אֲ֠שֶׁר לֹ֣א תִקְח֥וּ ע֛וֹד חֶרְפַּ֥ת רָעָ֖ב בַּגּוֹיִֽם׃ 31 וּזְכַרְתֶּם֙ אֶת־דַּרְכֵיכֶ֣ם הָרָעִ֔ים וּמַעַלְלֵיכֶ֖ם אֲשֶׁ֣ר לֹֽא־טוֹבִ֑ים וּנְקֹֽטֹתֶם֙ בִּפְנֵיכֶ֔ם עַ֚ל עֲוֺנֹ֣תֵיכֶ֔ם וְעַ֖ל תּוֹעֲבֽוֹתֵיכֶֽם׃ 32 לֹ֧א לְמַעַנְכֶ֣ם אֲנִֽי־עֹשֶׂ֗ה נְאֻם֙ אֲדֹנָ֣י יְהוִ֔ה יִוָּדַ֖ע לָכֶ֑ם בּ֧וֹשׁוּ וְהִכָּלְמ֛וּ מִדַּרְכֵיכֶ֖ם בֵּ֥ית יִשְׂרָאֵֽל׃ ס 33 כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה בְּיוֹם֙ טַהֲרִ֣י אֶתְכֶ֔ם מִכֹּ֖ל עֲוֺנֽוֹתֵיכֶ֑ם וְהֽוֹשַׁבְתִּי֙ אֶת־הֶ֣עָרִ֔ים וְנִבְנ֖וּ הֶחֳרָבֽוֹת׃ 34 וְהָאָ֥רֶץ הַנְּשַׁמָּ֖ה תֵּֽעָבֵ֑ד תַּ֚חַת אֲשֶׁ֣ר הָיְתָ֣ה שְׁמָמָ֔ה לְעֵינֵ֖י כָּל־עוֹבֵֽר׃ 35 וְאָמְר֗וּ הָאָ֤רֶץ הַלֵּ֨זוּ֙ הַנְּשַׁמָּ֔ה הָיְתָ֖ה כְּגַן־עֵ֑דֶן וְהֶעָרִ֧ים הֶחֳרֵב֛וֹת וְהַֽנְשַׁמּ֥וֹת וְהַנֶּהֱרָס֖וֹת בְּצוּר֥וֹת יָשָֽׁבוּ׃ 36 וְיָדְע֣וּ הַגּוֹיִ֗ם אֲשֶׁ֣ר יִֽשָּׁאֲרוּ֮ סְבִיבוֹתֵיכֶם֒ כִּ֣י ׀ אֲנִ֣י יְהוָ֗ה בָּנִ֨יתִי֙ הַנֶּ֣הֱרָס֔וֹת נָטַ֖עְתִּי הַנְּשַׁמָּ֑ה אֲנִ֥י יְהוָ֖ה דִּבַּ֥רְתִּי וְעָשִֽׂיתִי׃ ס 37 כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה ע֗וֹד זֹ֛את אִדָּרֵ֥שׁ לְבֵֽית־יִשְׂרָאֵ֖ל לַעֲשׂ֣וֹת לָהֶ֑ם אַרְבֶּ֥ה אֹתָ֛ם כַּצֹּ֖אן אָדָֽם׃ 38 כְּצֹ֣אן קָֽדָשִׁ֗ים כְּצֹ֤אן יְרוּשָׁלִַ֨ם֙ בְּמ֣וֹעֲדֶ֔יהָ כֵּ֤ן תִּהְיֶ֨ינָה֙ הֶעָרִ֣ים הֶחֳרֵב֔וֹת מְלֵא֖וֹת צֹ֣אן אָדָ֑ם וְיָדְע֖וּ כִּֽי־אֲנִ֥י יְהוָֽה׃ ס

JBMLE · Judson Bible

ဣ​သ​ရေ​လ​တို့​အ​တွက်​ကောင်း​ချီး

1 တစ်​ဖန် အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​တောင်​တို့​အား ပ​ရော​ဖက်​ပြု၍ ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​တောင်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ 2 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​က၊ အေ့​ဟေ၊ ထာ​ဝ​ရ​တောင်​တို့​သည် ငါ​တို့​လက်​သို့ ရောက်​ကြ​ပြီ​ဟု သင်​တို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊ 3 ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့ သိမ်း​ယူ​ရာ​ဖြစ်​ရ​သည်​တိုင်​အောင်၊ သင်​တို့​ကို သုတ်​သင်​ပယ်​ရှင်း၍ ပတ်​လည် ကိုက်​စား​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့​သည် လူ​များ​ပြော​ဆို​ရာ၊ ကဲ့​ရဲ့​ရာ​ဖြစ်​သော​ကြောင့်​လည်း​ကောင်း၊ 4 အို ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ကြီး၊ တောင်​ငယ်၊ မြစ်​ရေ​စီး​ရာ၊ ချိုင့်​ရာ၊ သုတ်​သင်​သော​လွင်​ပြင်​မှ​စ၍၊ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား အ​ကျန်​အ​ကြွင်း​တို့​သည် လု​ယူ​ကဲ့​ရဲ့၍၊ မြို့​သား​စွန့်​သွား​သော​မြို့​တို့​အား မိန့်​တော်​မူ​သည်​ကား၊ 5 အ​ကယ်​စင်​စစ် ငါ့​ပြည်​ကို​လု​ယူ​စ​ရာ​ဖို့ ပစ်​ထား​ခြင်း​ငှာ အ​လွန်​ဝမ်း​မြောက်​သော​စိတ်၊ အ​ငြိုး​ထား​သော​စိတ်​ရှိ၍၊ ကိုယ်​တိုင်​လု​ယူ​စ​ရာ​ဖို့ စီ​ရင်​သော ဧ​ဒုံ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့ တစ်​ဖက်၌ ငါ​သည် ဒေါ​သ​မီး​ထွက်၍ ပြော​ထား​ပြီ။ 6 သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​ပြည်​ကို ရည်​မှတ်၍ ပ​ရော​ဖက်​ပြု​လျက်၊ တောင်​ကြီး၊ တောင်​ငယ်၊ မြစ်​ရေ​စီး​ရာ၊ ချိုင့်​ရာ​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ ငါ​သည် ဒေါ​သ​အ​မျက်​ထွက်၍ ပြော​ပြီ။ 7 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင်​တို့​ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုယ်​အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ငါ​ကျိန်​ဆို​ပြီ။ 8 အို ဣ​သ​ရေ​လ​တောင်​တို့၊ သင်​တို့​မူ​ကား၊ အ​ပင်​ပေါက်၍ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​သီး​ကို သီး​ရ​ကြ​လိမ့်​မည်။ သူ​တို့ ပြန်​လာ​ချိန်​နီး​ပြီ။ 9 ငါ​သည် သင်​တို့​ဘက်၌​နေ၍ သင်​တို့​ရှိ​ရာ​သို့ ပြန်​လာ​သ​ဖြင့်၊ သင်​တို့​အ​ပေါ်​မှာ လယ်​လုပ်၍ မျိုး​စေ့​ကြဲ​ကြ​လိမ့်​မည်။ 10 သင်​တို့​အ​ပေါ်​မှာ လူ​များ​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ငါ​ပြန့်​ပွား​စေ​သ​ဖြင့်၊ သူ​တို့​သည် မြို့​များ၌​နေ၍ ပျက်​စီး​သော​အ​ရပ်​များ​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ 11 သင်​တို့​အ​ပေါ်​မှာ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ငါ​များ​ပြား​စေ​သ​ဖြင့်၊ သူ​တို့​သည်​ပွား​များ၍ သား​မြေး​အ​စဉ်​အ​ဆက် ရှိ​ကြ​လိမ့်​မည်။ နေ​ရင်း​အ​ရပ်​တို့၌ ငါ​နေ​ရာ​ချ၍၊ အ​ရင်​ပြု​သ​ကဲ့​သို့ ငါ​ကျေး​ဇူး​ပြု​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ 12 သင်​တို့​အ​ပေါ်​မှာ လူ​များ​တည်း​ဟူ​သော ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သွား​လာ​မည်​အ​ကြောင်း ငါ​ပြု​မည်။ သူ​တို့​သည် သင်​တို့​ကို​သိမ်း​ယူ၍ အ​မွေ​ခံ​ရ​သ​ဖြင့်၊ နောက်​တစ်​ဖန် သင်​တို့​ကြောင့် သား​မ​ဆုံး​ရှုံး​ရ​ကြ။ 13 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​ပြည်၊ သင်​သည် လူ​တို့​ကို ကိုက်​စား​တတ်၏။ ကိုယ်​အ​မျိုး​သား​တို့​ကို လု​ယူ​ဖျက်​ဆီး​တတ်၏​ဟု သူ​တစ်​ပါး​ဆို​သော​ကြောင့်၊ 14 နောက်​တစ်​ဖန် သင်​သည် လူ​တို့​ကို မ​ကိုက်​မ​စား​ရ။ ကိုယ်​အ​မျိုး​သား​တို့၌ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 15 နောက်​တစ်​ဖန် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ကဲ့​ရဲ့​အ​ပြစ်​တင်​သော စ​ကား​ကို​မ​ကြား​ရ။ နောက်​တစ်​ဖန် ကိုယ်​အ​မျိုး​သား​တို့၌ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​တို့​၏​ဘ​ဝ​သစ်

16 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊ 17 အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​ပြည်၌​နေ​သော​အ​ခါ၊ အ​လို​အ​လျောက် ကျင့်​ကြံ​ပြု​မူ​သော​အား​ဖြင့် ထို​ပြည်​ကို ညစ်​ညူး​စေ​ကြ၏။ သူ​တို့ အ​ကျင့်​ဓ​လေ့​သည် ငါ့​ရှေ​မှာ ဥ​တု​ရောက်​သော မိန်း​မ၏​အ​ညစ်​အ​ကြေး​ကဲ့​သို့ ဖြစ်​၏။ 18 ထို​ပြည်၌ လူ​အ​သက်​ကို​သတ်​သော​အ​ပြစ်၊ ရုပ်​တု​တို့​နှင့် ညစ်​ညူး​စေ​သော​အ​ပြစ်​ကြောင့်၊ ငါ​သည် ဒေါ​သ​အ​မျက်​ကို သွန်း​လောင်း​ပြီ။ 19 အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ ငါ​ကွဲ​ပြား​ပျံ့​လွင့်​စေ​ပြီ။ သူ​တို့ ကျင့်​ကြံ​ပြု​မူ​သည်​အ​တိုင်း ငါ​စီ​ရင်​ပြီ။ 20 သို့​ရာ​တွင် တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ကြ၏။ ကိုယ်​ပြည်​မှ ထွက်​သွား​ရ​ကြ၏​ဟု သူ​တစ်​ပါး​ပြော​ဆို​သ​ဖြင့်၊ ငါ၏​နာ​မ​မြတ်​ကို​ရှုတ်​ချ​သော​ကြောင့်၊ 21 ဣ​သ​ရေ​လ​အ​မျိုး​သား​ရောက်​ရာ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​ရပ်​တို့၌ ရှုတ်​ချ​သော ငါ၏​နာ​မ​မြတ်​ကို ငါ​နှ​မြော၏။ 22 သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို​ထောက်၍ ဤ​အ​မှု​ကို ငါ​ပြု​သည်​မ​ဟုတ်။ သင်​တို့​ရောက်​သ​မျှ​သော​အ​ရပ်​တို့၌ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ ရှုတ်​ချ​သော ငါ၏​နာ​မ​မြတ်​ကို​သာ ထောက်၍ ပြု၏။ 23 တစ်​ပါး​အ​မျိုး​သား​တို့ အ​လယ်၌ သင်​တို့​ရှုတ်​ချ​သော ငါ၏​မ​ဟာ​နာ​မ​တော်​ကို ငါ​ချီး​မြှောက်​မည်။ သူ​တို့ မျက်​မှောက်၌ သင်​တို့​အား​ဖြင့် ငါ​သည် ချီး​မြှောက်​ရာ​သို့ ရောက်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 24 အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​က ငါ​ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သင်​တို့ နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။ 25 သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။ 26 စိတ်​နှ​လုံး​သစ်​ကို ငါ​ပေး​မည်။ သ​ဘော​သစ်​ကို သွင်း​ထား​မည်။ သင်​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍ အ​သား​နှ​လုံး​ကို ပေး​မည်။ ယေ​ဇ၊၁၁:၁၉-၂၀။27 ငါ့​ဝိ​ညာဉ်​ကို​လည်း သင်​တို့​အ​ထဲ​သို့ သွင်း​ပေး​သ​ဖြင့်၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့​လိုက်၍၊ ငါ​စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လိမ့်​မည်။ 28 ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ သင်​တို့​သည်​နေ​ရ၍ ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။ 29 သင်​တို့​ကို အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ငါ​ကင်း​လွတ်​စေ​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကို ပယ်​ရှား​ခြင်း​ငှာ၊ ဆန်​စ​ပါး​ကို​မှာ​လိုက်၍ များ​ပြား​စေ​မည်။ 30 သင်​တို့​သည် မွတ်​သိပ်၍ တစ်​ပါး​အ​မျိုး​သား​တို့ ကဲ့​ရဲ့​ခြင်း​နှင့် လွတ်​စေ​မည်​အ​ကြောင်း၊ သစ်​ပင်​အ​သီး​နှင့် မြေ​အ​သီး​အ​နှံ​ကို ငါ​များ​ပြား​စေ​မည်။ 31 ထို​အ​ခါ သင်​တို့​သည် ကိုယ်​ကျင့်​ဖူး​သော အ​ကျင့်​ဆိုး​နှင့် မ​ကောင်း​သော​အ​မှု​တို့​ကို အောက်​မေ့၍၊ ကိုယ်​ဒု​စ​ရိုက်​အ​ပြစ်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။ 32 သင်​တို့​ကို​ထောက်၍ ဤ​အ​မှု​ကို ငါ​ပြု​သည်​မ​ဟုတ်​ဟု သိ​မှတ်​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ကိုယ်​ပြု​မိ​သော​အ​မှု​ကြောင့် ရှက်​ကြောက်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 33 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ငါ​ရှင်း​လင်း​သော​အ​ခါ၊ မြို့​များ၌​လူ​နေ​စေ၍ ပျက်​စီး​သော​အ​ရပ်​တို့​သည် ပြု​ပြင်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ 34 လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့၏ မျက်​မှောက်၌ စွန့်​ပစ်​ဖူး​သော မြေ​တွင် တစ်​ဖန်​လယ်​လုပ်​ကြ​လိမ့်​မည်။ 35 ထို​အ​ခါ သူ​တစ်​ပါး​တို့​က၊ အ​ရင်​စွန့်​ပစ်​သော ဤ​မြေ​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်​လေ​ပြီ။ သုတ်​သင် ပယ်​ရှင်း​ပျက်​စီး​သော မြို့​တို့​သည်​လည်း ခိုင်​ခံ့၍ မြို့​သား​တို့​နှင့် ပြည့်​စုံ​ကြ​ပြီ​ဟု ပြော​ကြ​လိမ့်​မည်။ 36 ထို​အ​ခါ ပျက်​စီး​သော​အ​ရပ်​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​ပြင်​ကြောင်း​ကို​လည်း​ကောင်း၊ စွန့်​ပစ်​သော​မြေ​တွင် လယ်​လုပ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ပတ်​လည်၌​နေ​ရစ်​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​မြွက်​သည်​အ​တိုင်း ပြု​မည်။ 37 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ဤ​အ​မှု​ကို ငါ​ပြု​ရ​မည်​အ​ကြောင်း၊ သူ​တို့​သည် ငါ့​ကို တောင်း​ပန်​ရ​ကြ​မည်။ သိုး​များ​ပြား​သ​ကဲ့​သို့ ထို​အ​မျိုး​သား​ချင်း​တို့​ကို များ​ပြား​စေ​မည်။ 38 ပျက်​စီး​သော​မြို့​တို့​သည် သန့်​ရှင်း​သော သိုး​စု​တည်း​ဟူ​သော၊ ဓ​မ္မ​ပွဲ​ခံ​ချိန်​တွင် ယေ​ရု​ရှ​လင်​သိုး​စု​ကဲ့​သို့​သော လူ​စု​တို့​နှင့် ပြည့်​စုံ၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Todos os capítulos de Ezekiel 48
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.