Pular para o conteúdo
Publicidade Remover anúncios

Genesis 2

WLC · Westminster Leningrad Codex

1 וַיְכֻלּ֛וּ הַשָּׁמַ֥יִם וְהָאָ֖רֶץ וְכָל־צְבָאָֽם׃ 2 וַיְכַ֤ל אֱלֹהִים֙ בַּיּ֣וֹם הַשְּׁבִיעִ֔י מְלַאכְתּ֖וֹ אֲשֶׁ֣ר עָשָׂ֑ה וַיִּשְׁבֹּת֙ בַּיּ֣וֹם הַשְּׁבִיעִ֔י מִכָּל־מְלַאכְתּ֖וֹ אֲשֶׁ֥ר עָשָֽׂה׃ 3 וַיְבָ֤רֶךְ אֱלֹהִים֙ אֶת־י֣וֹם הַשְּׁבִיעִ֔י וַיְקַדֵּ֖שׁ אֹת֑וֹ כִּ֣י ב֤וֹ שָׁבַת֙ מִכָּל־מְלַאכְתּ֔וֹ אֲשֶׁר־בָּרָ֥א אֱלֹהִ֖ים לַעֲשֽׂוֹת׃ פ 4 אֵ֣לֶּה תוֹלְד֧וֹת הַשָּׁמַ֛יִם וְהָאָ֖רֶץ בְּהִבָּֽרְאָ֑ם בְּי֗וֹם עֲשׂ֛וֹת יְהוָ֥ה אֱלֹהִ֖ים אֶ֥רֶץ וְשָׁמָֽיִם׃ 5 וְכֹ֣ל ׀ שִׂ֣יחַ הַשָּׂדֶ֗ה טֶ֚רֶם יִֽהְיֶ֣ה בָאָ֔רֶץ וְכָל־עֵ֥שֶׂב הַשָּׂדֶ֖ה טֶ֣רֶם יִצְמָ֑ח כִּי֩ לֹ֨א הִמְטִ֜יר יְהוָ֤ה אֱלֹהִים֙ עַל־הָאָ֔רֶץ וְאָדָ֣ם אַ֔יִן לַֽעֲבֹ֖ד אֶת־הָֽאֲדָמָֽה׃ 6 וְאֵ֖ד יַֽעֲלֶ֣ה מִן־הָאָ֑רֶץ וְהִשְׁקָ֖ה אֶֽת־כָּל־פְּנֵֽי־הָֽאֲדָמָֽה׃ 7 וַיִּיצֶר֩ יְהוָ֨ה אֱלֹהִ֜ים אֶת־הָֽאָדָ֗ם עָפָר֙ מִן־הָ֣אֲדָמָ֔ה וַיִּפַּ֥ח בְּאַפָּ֖יו נִשְׁמַ֣ת חַיִּ֑ים וַֽיְהִ֥י הָֽאָדָ֖ם לְנֶ֥פֶשׁ חַיָּֽה׃ 8 וַיִּטַּ֞ע יְהוָ֧ה אֱלֹהִ֛ים גַּן־בְעֵ֖דֶן מִקֶּ֑דֶם וַיָּ֣שֶׂם שָׁ֔ם אֶת־הָֽאָדָ֖ם אֲשֶׁ֥ר יָצָֽר׃ 9 וַיַּצְמַ֞ח יְהוָ֤ה אֱלֹהִים֙ מִן־הָ֣אֲדָמָ֔ה כָּל־עֵ֛ץ נֶחְמָ֥ד לְמַרְאֶ֖ה וְט֣וֹב לְמַאֲכָ֑ל וְעֵ֤ץ הַֽחַיִּים֙ בְּת֣וֹךְ הַגָּ֔ן וְעֵ֕ץ הַדַּ֖עַת ט֥וֹב וָרָֽע׃ 10 וְנָהָרּ֙ יֹצֵ֣א מֵעֵ֔דֶן לְהַשְׁק֖וֹת אֶת־הַגָּ֑ן וּמִשָּׁם֙ יִפָּרֵ֔ד וְהָיָ֖ה לְאַרְבָּעָ֥ה רָאשִֽׁים׃ 11 שֵׁ֥ם הָֽאֶחָ֖ד פִּישׁ֑וֹן ה֣וּא הַסֹּבֵ֗ב אֵ֚ת כָּל־אֶ֣רֶץ הַֽחֲוִילָ֔ה אֲשֶׁר־שָׁ֖ם הַזָּהָֽב׃ 12 וּֽזֲהַ֛ב הָאָ֥רֶץ הַהִ֖וא ט֑וֹב שָׁ֥ם הַבְּדֹ֖לַח וְאֶ֥בֶן הַשֹּֽׁהַם׃ 13 וְשֵֽׁם־הַנָּהָ֥ר הַשֵּׁנִ֖י גִּיח֑וֹן ה֣וּא הַסּוֹבֵ֔ב אֵ֖ת כָּל־אֶ֥רֶץ כּֽוּשׁ׃ 14 וְשֵׁ֨ם הַנָּהָ֤ר הַשְּׁלִישִׁי֙ חִדֶּ֔קֶל ה֥וּא הַֽהֹלֵ֖ךְ קִדְמַ֣ת אַשּׁ֑וּר וְהַנָּהָ֥ר הָֽרְבִיעִ֖י ה֥וּא פְרָֽת׃ 15 וַיִּקַּ֛ח יְהוָ֥ה אֱלֹהִ֖ים אֶת־הָֽאָדָ֑ם וַיַּנִּחֵ֣הוּ בְגַן־עֵ֔דֶן לְעָבְדָ֖הּ וּלְשָׁמְרָֽהּ׃ 16 וַיְצַו֙ יְהוָ֣ה אֱלֹהִ֔ים עַל־הָֽאָדָ֖ם לֵאמֹ֑ר מִכֹּ֥ל עֵֽץ־הַגָּ֖ן אָכֹ֥ל תֹּאכֵֽל׃ 17 וּמֵעֵ֗ץ הַדַּ֨עַת֙ ט֣וֹב וָרָ֔ע לֹ֥א תֹאכַ֖ל מִמֶּ֑נּוּ כִּ֗י בְּי֛וֹם אֲכָלְךָ֥ מִמֶּ֖נּוּ מ֥וֹת תָּמֽוּת׃ 18 וַיֹּ֨אמֶר֙ יְהוָ֣ה אֱלֹהִ֔ים לֹא־ט֛וֹב הֱי֥וֹת הָֽאָדָ֖ם לְבַדּ֑וֹ אֶֽעֱשֶׂהּ־לּ֥וֹ עֵ֖זֶר כְּנֶגְדּֽוֹ׃ 19 וַיִּצֶר֩ יְהוָ֨ה אֱלֹהִ֜ים מִן־הָֽאֲדָמָ֗ה כָּל־חַיַּ֤ת הַשָּׂדֶה֙ וְאֵת֙ כָּל־ע֣וֹף הַשָּׁמַ֔יִם וַיָּבֵא֙ אֶל־הָ֣אָדָ֔ם לִרְא֖וֹת מַה־יִּקְרָא־ל֑וֹ וְכֹל֩ אֲשֶׁ֨ר יִקְרָא־ל֧וֹ הָֽאָדָ֛ם נֶ֥פֶשׁ חַיָּ֖ה ה֥וּא שְׁמֽוֹ׃ 20 וַיִּקְרָ֨א הָֽאָדָ֜ם שֵׁמ֗וֹת לְכָל־הַבְּהֵמָה֙ וּלְע֣וֹף הַשָּׁמַ֔יִם וּלְכֹ֖ל חַיַּ֣ת הַשָּׂדֶ֑ה וּלְאָדָ֕ם לֹֽא־מָצָ֥א עֵ֖זֶר כְּנֶגְדּֽוֹ׃ 21 וַיַּפֵּל֩ יְהוָ֨ה אֱלֹהִ֧ים ׀ תַּרְדֵּמָ֛ה עַל־הָאָדָ֖ם וַיִּישָׁ֑ן וַיִּקַּ֗ח אַחַת֙ מִצַּלְעֹתָ֔יו וַיִּסְגֹּ֥ר בָּשָׂ֖ר תַּחְתֶּֽנָּה׃ 22 וַיִּבֶן֩ יְהוָ֨ה אֱלֹהִ֧ים ׀ אֶֽת־הַצֵּלָ֛ע אֲשֶׁר־לָקַ֥ח מִן־הָֽאָדָ֖ם לְאִשָּׁ֑ה וַיְבִאֶ֖הָ אֶל־הָֽאָדָֽם׃ 23 וַיֹּאמֶר֮ הָֽאָדָם֒ זֹ֣את הַפַּ֗עַם עֶ֚צֶם מֵֽעֲצָמַ֔י וּבָשָׂ֖ר מִבְּשָׂרִ֑י לְזֹאת֙ יִקָּרֵ֣א אִשָּׁ֔ה כִּ֥י מֵאִ֖ישׁ לֻֽקֳחָה־זֹּֽאת׃ 24 עַל־כֵּן֙ יַֽעֲזָב־אִ֔ישׁ אֶת־אָבִ֖יו וְאֶת־אִמּ֑וֹ וְדָבַ֣ק בְּאִשְׁתּ֔וֹ וְהָי֖וּ לְבָשָׂ֥ר אֶחָֽד׃ 25 וַיִּֽהְי֤וּ שְׁנֵיהֶם֙ עֲרוּמִּ֔ים הָֽאָדָ֖ם וְאִשְׁתּ֑וֹ וְלֹ֖א יִתְבֹּשָֽׁשׁוּ׃

JBMLE · Judson Bible

1 ထို​သို့ ကောင်း​ကင်​မြေ​ကြီး​နှင့်​တ​ကွ၊ ခပ်​သိမ်း​သော​တန်​ဆာ​တို့​သည် ပြီး​စီး​လျက်​ရှိ​ကြ​၏။ 2 သ​တ္တ​မ​နေ့​ရက်​ရောက်​လျှင်၊ ဘု​ရား​သ​ခင်​သည် ဖန်​ဆင်း​သော​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ခဲ့​ပြီး​သည်​ဖြစ်၍၊ ဖန်​ဆင်း​သ​မျှ​သော အ​မူ​အ​ရာ​တို့​သည် ပြီး​စီး​ပြီး​မှ၊ ထို​သ​တ္တ​မ​နေ့​၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​၏။ 3 ထို​သ​တ္တ​မ​နေ့​ကို ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍ သန့်​ရှင်း​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် ပြီး​စီး​သော​ကြောင့်၊ ထို​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏။

ဧ​ဒင်​ဥ​ယျာဉ်

4 ဤ​အ​ကြောင်း​အ​ရာ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော​နေ့၊ ဖန်​ဆင်း​ရာ​ကာ​လ၌ ကောင်း​ကင်​နှင့် မြေ​ကြီး​၏ မူ​လ​အ​တ္ထု​ပ္ပ​တ္တိ​ပေ​တည်း။ 5 မြေ​၌ လယ်​ယာ​ပျိုး​ပင်​မ​ပေါက်​မီ၊ လယ်​ယာ​၌​စ​ပါး​ပင်​မ​ကြီး​ပွား​မီ၊ အ​ပင်​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ပေါ်​၌ မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး။ မြေ၌​လုပ်​သော​လူ​လည်း မ​ရှိ​သေး​သည်​ဖြစ်​၍၊ 6 မြေ​မှ​အ​ခိုး​အ​ငွေ့​ထွက်​သ​ဖြင့် မြေ​တစ်​ပြင်​လုံး​ကို စို​စေ​လေ​၏။

7 ထို​နောက်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​မှုန့်​ဖြင့် လူ​ကို​ဖန်​ဆင်း​၍၊ သူ၏​နှာ​ခေါင်း​ထဲ​သို့ ဇီ​ဝ​အ​သက်​ကို​မှုတ်​တော်​မူ​လျှင်၊ လူ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်​လေ​၏။

8 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း အ​ရှေ့​မျက်​နှာ၊ ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို စိုက်​ပျိုး​ပြီး​လျှင်၊ ဖန်​ဆင်း​တော်​မူ​သော​လူ​ကို ထို​ဥ​ယျာဉ်​၌ နေ​ရာ​ချ​တော်​မူ​၏။ 9 ထို​မြေ​ထဲ​က အ​ဆင်း​လှ၍၊ စား​ဖွယ်​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ပေါက်​စေ​တော်​မူ​၏။ ထို​ဥ​ယျာဉ်​အ​လယ်၌ အ​သက်​ပင်​လည်း​ရှိ၏။ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​လည်း​ရှိ​၏။

10 ထို​ဥ​ယျာဉ်​ကို စို​စေ​လို​သော​ငှာ မြစ်​တစ်​မြစ်​သည် ဧ​ဒင်​အ​ရပ်​ထဲ​က​စီး​ထွက်​သ​ဖြင့်၊ ဥ​ယျာဉ်​ပြင်​မှာ လေး​ဖြာ​ကွဲ​၍ မြစ်​မ​လေး​သွယ်​ဖြစ်​လေ​၏။ 11 ပ​ထ​မ​မြစ်​ကား ဖိ​ရှုန်​အ​မည်​ရှိ၏။ ထို​မြစ်​သည် ရွှေ​ရှိ​သော ဟာ​ဝိ​လ​ပြည်​နား တစ်​လျှောက်​လုံး​ကို စီး​သွား​လေ၏။ 12 ထို​ပြည်​မှ​ဖြစ်​သော​ရွှေ​သည် ကောင်း​လှ​၏။ ဗ​ဓေ​လ​သစ်​စေး​နှင့် ရှ​ဟံ​ကျောက်​လည်း​ရှိ၏။ 13 ဒု​တိ​ယ​မြစ်​ကား ဂိ​ဟုန်​အ​မည်​ရှိ​၏။ ထို​မြစ်​သည် ကု​ရှ​ပြည်​နား​တစ်​လျှောက်​လုံး​ကို စီး​သွား​လေ​၏။ 14 တ​တိ​ယ​မြစ်​ကား ဟိ​ဒ​ကေ​လ​အ​မည်​ရှိ၏။ ထို​မြစ်​သည် အာ​ရှု​ရိ​တိုင်း အ​ရှေ့​သို့​စီး​သွား​လေ၏။ စ​တု​တ္ထ​မြစ်​ကား ဥ​ဖ​ရတ်​အ​မည်​ရှိ​၏။

15 ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ယူ၍ ဧ​ဒင်​ဥ​ယျာဉ်​ကို ပြု​စု​စောင့်​ရှောက်​စေ​ခြင်း​ငှာ ထား​တော်​မူ​၏။ 16 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​မှ​တစ်​ပါး၊ ထို​ဥ​ယျာဉ်​၌ ရှိ​သ​မျှ​သော​အ​ပင်​တို့​၏​အ​သီး​ကို သင်​သည်​စား​ရ​သော​အ​ခွင့်​ရှိ၏။ 17 ထို​အ​ပင်၏​အ​သီး​ကို​ကား မ​စား​ရ။ စား​သော​နေ့​တွင် ဧ​ကန်​အ​မှန်​သေ​ရ​မည်​ဟု လူ​ကို​ပ​ညတ်​ထား​တော်​မူ​၏။

18 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ယောက်ျား​သည် တစ်​ယောက်​တည်း​မ​နေ​ကောင်း၊ သူ​နှင့်​တော်​သော အ​ထောက်​အ​မ​ကို သူ့​ဖို့​ငါ​လုပ်​ဦး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​၏။ 19 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်၊ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို မြေ​ဖြင့်​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ လူ​သည် အ​ဘယ်​သို့​ခေါ်​ဝေါ်​သ​မုတ်​မည်​ကို​သိ​ခြင်း​ငှာ၊ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ၏။ လူ​သည်​လည်း အ​သက်​ရှင်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို ခေါ်​ဝေါ်​သ​မုတ်​သည်​အ​တိုင်း၊ နာ​မည်​အ​သီး​အ​သီး​ရှိ​ကြ​၏။ 20 ထို​သို့​လူ​သည် သား​ယဉ်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက် အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သား​ရဲ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အ​မည်​ပေး၍​မှည့်​လေ၏။ သို့​သော်​လည်း လူ​နှင့်​တော်​သော​အ​ထောက်​အ​မ မ​ပေါ်​မ​ရှိ​သေး။

21 ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ကြီး​သော​အိပ်​ခြင်း​ဖြင့် အိပ်​စေ​တော်​မူ​၍၊ လူ​သည် အိပ်​ပျော်​စဉ်၊ နံ​ရိုး​တစ်​ချောင်း​ကို ဘု​ရား​သ​ခင်​ထုတ်​ပြီး​လျှင်၊ ထို​အ​ရိုး​အ​စား​အ​သား​ကို စေ့​စပ်​စေ​တော်​မူ​၏။ 22 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ထဲ​က​ထုတ်​သော​နံ​ရိုး​ဖြင့် လူ​မိန်း​မ​ကို​ဖန်​ဆင်း၍ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ​၏။ 23 လူ​က​လည်း၊ ယ​ခု ဤ​သူ​သည် ငါ့​အ​ရိုး​ထဲ​က​အ​ရိုး၊ ငါ့​အ​သား​ထဲ​က​အ​သား​ဖြစ်​၏။ လူ​ထဲ​က​ထုတ်​သော​ကြောင့် သူ့​ကို​လူ​မိန်း​မ​ဟု ခေါ်​ဝေါ်​အပ်​သည်​ဟု ဆို​လေ​၏။ 24 ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။ 25 ထို​သူ​လင်​မ​ယား​နှစ်​ဦး​တို့​သည် အ​ဝတ်​မ​ဝတ်​ဘဲ​နေ၍၊ ရှက်​ကြောက်​ခြင်း​နှင့်​ကင်း​လွတ်​ကြ၏။

Todos os capítulos de Genesis 50
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.