Pular para o conteúdo
Publicidade Remover anúncios

Genesis 34

WLC · Westminster Leningrad Codex

1 וַתֵּצֵ֤א דִינָה֙ בַּת־לֵאָ֔ה אֲשֶׁ֥ר יָלְדָ֖ה לְיַעֲקֹ֑ב לִרְא֖וֹת בִּבְנ֥וֹת הָאָֽרֶץ׃ 2 וַיַּ֨רְא אֹתָ֜הּ שְׁכֶ֧ם בֶּן־חֲמ֛וֹר הַֽחִוִּ֖י נְשִׂ֣יא הָאָ֑רֶץ וַיִּקַּ֥ח אֹתָ֛הּ וַיִּשְׁכַּ֥ב אֹתָ֖הּ וַיְעַנֶּֽהָ׃ 3 וַתִּדְבַּ֣ק נַפְשׁ֔וֹ בְּדִינָ֖ה בַּֽת־יַעֲקֹ֑ב וַיֶּֽאֱהַב֙ אֶת־הַֽנַּעֲרָ֔ וַיְדַבֵּ֖ר עַל־לֵ֥ב הַֽנַּעֲרָֽ׃ 4 וַיֹּ֣אמֶר שְׁכֶ֔ם אֶל־חֲמ֥וֹר אָבִ֖יו לֵאמֹ֑ר קַֽח־לִ֛י אֶת־הַיַּלְדָּ֥ה הַזֹּ֖את לְאִשָּֽׁה׃ 5 וְיַעֲקֹ֣ב שָׁמַ֗ע כִּ֤י טִמֵּא֙ אֶת־דִּינָ֣ה בִתּ֔וֹ וּבָנָ֛יו הָי֥וּ אֶת־מִקְנֵ֖הוּ בַּשָּׂדֶ֑ה וְהֶחֱרִ֥שׁ יַעֲקֹ֖ב עַד־בֹּאָֽם׃ 6 וַיֵּצֵ֛א חֲמ֥וֹר אֲבִֽי־שְׁכֶ֖ם אֶֽל־יַעֲקֹ֑ב לְדַבֵּ֖ר אִתּֽוֹ׃ 7 וּבְנֵ֨י יַעֲקֹ֜ב בָּ֤אוּ מִן־הַשָּׂדֶה֙ כְּשָׁמְעָ֔ם וַיִּֽתְעַצְּבוּ֙ הָֽאֲנָשִׁ֔ים וַיִּ֥חַר לָהֶ֖ם מְאֹ֑ד כִּֽי־נְבָלָ֞ה עָשָׂ֣ה בְיִשְׂרָאֵ֗ל לִשְׁכַּב֙ אֶת־בַּֽת־יַעֲקֹ֔ב וְכֵ֖ן לֹ֥א יֵעָשֶֽׂה׃ 8 וַיְדַבֵּ֥ר חֲמ֖וֹר אִתָּ֣ם לֵאמֹ֑ר שְׁכֶ֣ם בְּנִ֗י חָֽשְׁקָ֤ה נַפְשׁוֹ֙ בְּבִתְּכֶ֔ם תְּנ֨וּ נָ֥א אֹתָ֛הּ ל֖וֹ לְאִשָּֽׁה׃ 9 וְהִֽתְחַתְּנ֖וּ אֹתָ֑נוּ בְּנֹֽתֵיכֶם֙ תִּתְּנוּ־לָ֔נוּ וְאֶת־בְּנֹתֵ֖ינוּ תִּקְח֥וּ לָכֶֽם׃ 10 וְאִתָּ֖נוּ תֵּשֵׁ֑בוּ וְהָאָ֨רֶץ֙ תִּהְיֶ֣ה לִפְנֵיכֶ֔ם שְׁבוּ֙ וּסְחָר֔וּהָ וְהֵֽאָחֲז֖וּ בָּֽהּ׃ 11 וַיֹּ֤אמֶר שְׁכֶם֙ אֶל־אָבִ֣יה וְאֶל־אַחֶ֔יהָ אֶמְצָא־חֵ֖ן בְּעֵינֵיכֶ֑ם וַאֲשֶׁ֥ר תֹּאמְר֛וּ אֵלַ֖י אֶתֵּֽן׃ 12 הַרְבּ֨וּ עָלַ֤י מְאֹד֙ מֹ֣הַר וּמַתָּ֔ן וְאֶ֨תְּנָ֔ה כַּאֲשֶׁ֥ר תֹּאמְר֖וּ אֵלָ֑י וּתְנוּ־לִ֥י אֶת־הַֽנַּעֲרָ֖ לְאִשָּֽׁה׃ 13 וַיַּעֲנ֨וּ בְנֵֽי־יַעֲקֹ֜ב אֶת־שְׁכֶ֨ם וְאֶת־חֲמ֥וֹר אָבִ֛יו בְּמִרְמָ֖ה וַיְדַבֵּ֑רוּ אֲשֶׁ֣ר טִמֵּ֔א אֵ֖ת דִּינָ֥ה אֲחֹתָֽם׃ 14 וַיֹּאמְר֣וּ אֲלֵיהֶ֗ם לֹ֤א נוּכַל֙ לַעֲשׂוֹת֙ הַדָּבָ֣ר הַזֶּ֔ה לָתֵת֙ אֶת־אֲחֹתֵ֔נוּ לְאִ֖ישׁ אֲשֶׁר־ל֣וֹ עָרְלָ֑ה כִּֽי־חֶרְפָּ֥ה הִ֖וא לָֽנוּ׃ 15 אַךְ־בְּזֹ֖את נֵא֣וֹת לָכֶ֑ם אִ֚ם תִּהְי֣וּ כָמֹ֔נוּ לְהִמֹּ֥ל לָכֶ֖ם כָּל־זָכָֽר׃ 16 וְנָתַ֤נּוּ אֶת־בְּנֹתֵ֨ינוּ֙ לָכֶ֔ם וְאֶת־בְּנֹתֵיכֶ֖ם נִֽקַּֽח־לָ֑נוּ וְיָשַׁ֣בְנוּ אִתְּכֶ֔ם וְהָיִ֖ינוּ לְעַ֥ם אֶחָֽד׃ 17 וְאִם־לֹ֧א תִשְׁמְע֛וּ אֵלֵ֖ינוּ לְהִמּ֑וֹל וְלָקַ֥חְנוּ אֶת־בִּתֵּ֖נוּ וְהָלָֽכְנוּ׃ 18 וַיִּֽיטְב֥וּ דִבְרֵיהֶ֖ם בְּעֵינֵ֣י חֲמ֑וֹר וּבְעֵינֵ֖י שְׁכֶ֥ם בֶּן־חֲמֽוֹר׃ 19 וְלֹֽא־אֵחַ֤ר הַנַּ֨עַר֙ לַעֲשׂ֣וֹת הַדָּבָ֔ר כִּ֥י חָפֵ֖ץ בְּבַֽת־יַעֲקֹ֑ב וְה֣וּא נִכְבָּ֔ד מִכֹּ֖ל בֵּ֥ית אָבִֽיו׃ 20 וַיָּבֹ֥א חֲמ֛וֹר וּשְׁכֶ֥ם בְּנ֖וֹ אֶל־שַׁ֣עַר עִירָ֑ם וַֽיְדַבְּר֛וּ אֶל־אַנְשֵׁ֥י עִירָ֖ם לֵאמֹֽר׃ 21 הָאֲנָשִׁ֨ים הָאֵ֜לֶּה שְֽׁלֵמִ֧ים הֵ֣ם אִתָּ֗נוּ וְיֵשְׁב֤וּ בָאָ֨רֶץ֙ וְיִסְחֲר֣וּ אֹתָ֔הּ וְהָאָ֛רֶץ הִנֵּ֥ה רַֽחֲבַת־יָדַ֖יִם לִפְנֵיהֶ֑ם אֶת־בְּנֹתָם֙ נִקַּֽח־לָ֣נוּ לְנָשִׁ֔ים וְאֶת־בְּנֹתֵ֖ינוּ נִתֵּ֥ן לָהֶֽם׃ 22 אַךְ־בְּ֠זֹאת יֵאֹ֨תוּ לָ֤נוּ הָאֲנָשִׁים֙ לָשֶׁ֣בֶת אִתָּ֔נוּ לִהְי֖וֹת לְעַ֣ם אֶחָ֑ד בְּהִמּ֥וֹל לָ֨נוּ֙ כָּל־זָכָ֔ר כַּאֲשֶׁ֖ר הֵ֥ם נִמֹּלִֽים׃ 23 מִקְנֵהֶ֤ם וְקִנְיָנָם֙ וְכָל־בְּהֶמְתָּ֔ם הֲל֥וֹא לָ֖נוּ הֵ֑ם אַ֚ךְ נֵא֣וֹתָה לָהֶ֔ם וְיֵשְׁב֖וּ אִתָּֽנוּ׃ 24 וַיִּשְׁמְע֤וּ אֶל־חֲמוֹר֙ וְאֶל־שְׁכֶ֣ם בְּנ֔וֹ כָּל־יֹצְאֵ֖י שַׁ֣עַר עִיר֑וֹ וַיִּמֹּ֨לוּ֙ כָּל־זָכָ֔ר כָּל־יֹצְאֵ֖י שַׁ֥עַר עִירֽוֹ׃ 25 וַיְהִי֩ בַיּ֨וֹם הַשְּׁלִישִׁ֜י בִּֽהְיוֹתָ֣ם כֹּֽאֲבִ֗ים וַיִּקְח֣וּ שְׁנֵֽי־בְנֵי־יַ֠עֲקֹב שִׁמְע֨וֹן וְלֵוִ֜י אֲחֵ֤י דִינָה֙ אִ֣ישׁ חַרְבּ֔וֹ וַיָּבֹ֥אוּ עַל־הָעִ֖יר בֶּ֑טַח וַיַּֽהַרְג֖וּ כָּל־זָכָֽר׃ 26 וְאֶת־חֲמוֹר֙ וְאֶת־שְׁכֶ֣ם בְּנ֔וֹ הָרְג֖וּ לְפִי־חָ֑רֶב וַיִּקְח֧וּ אֶת־דִּינָ֛ה מִבֵּ֥ית שְׁכֶ֖ם וַיֵּצֵֽאוּ׃ 27 בְּנֵ֣י יַעֲקֹ֗ב בָּ֚אוּ עַל־הַ֣חֲלָלִ֔ים וַיָּבֹ֖זּוּ הָעִ֑יר אֲשֶׁ֥ר טִמְּא֖וּ אֲחוֹתָֽם׃ 28 אֶת־צֹאנָ֥ם וְאֶת־בְּקָרָ֖ם וְאֶת־חֲמֹרֵיהֶּ֑ם וְאֵ֧ת אֲשֶׁר־בָּעִ֛יר וְאֶת־אֲשֶׁ֥ר בַּשָּׂדֶ֖ה לָקָֽחוּ׃ 29 וְאֶת־כָּל־חֵילָ֤ם וְאֶת־כָּל־טַפָּם֙ וְאֶת־נְשֵׁיהֶ֔ם שָׁב֖וּ וַיָּבֹ֑זּוּ וְאֵ֖ת כָּל־אֲשֶׁ֥ר בַּבָּֽיִת׃ 30 וַיֹּ֨אמֶר יַעֲקֹ֜ב אֶל־שִׁמְע֣וֹן וְאֶל־לֵוִי֮ עֲכַרְתֶּ֣ם אֹתִי֒ לְהַבְאִישֵׁ֨נִי֙ בְּיֹשֵׁ֣ב הָאָ֔רֶץ בַּֽכְּנַעֲנִ֖י וּבַפְּרִזִּ֑י וַאֲנִי֙ מְתֵ֣י מִסְפָּ֔ר וְנֶאֶסְפ֤וּ עָלַי֙ וְהִכּ֔וּנִי וְנִשְׁמַדְתִּ֖י אֲנִ֥י וּבֵיתִֽי׃ 31 וַיֹּאמְר֑וּ הַכְזוֹנָ֕ה יַעֲשֶׂ֖ה אֶת־אֲחוֹתֵֽנוּ׃ פ

JBMLE · Judson Bible

ဒိ​န​မ​တ​ရား​ပြု​ကျင့်​ခံ​ရ​ခြင်း

1 ယာ​ကုပ်​၏​မ​ယား၊ လေ​အာ​ဖွား​မြင်​သော​သ​မီး​ဒိ​န​သည်၊ ထို​ပြည်၏ အ​မျိုး​သ​မီး​တို့​ကို အ​ကြည့်​အ​ရှု​သွား​ရာ​တွင်၊ 2 ထို​ပြည်​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး၊ ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင်​လျှင်၊ ယူ​သွား၍​အိပ်​ဖော်​ပြု​လျက်၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​လေ​၏။ 3 နောက်​မှ သူ့​ကို​ချစ်​သော​စိတ်​မ​ကုန်၊ အ​မြဲ​ချစ်၍၊ မေ​တ္တာ​စ​ကား​နှင့် ဖြား​ယောင်း​လျက်​နေ​၏။ 4 ခ​မည်း​တော်​ဟာ​မော်​ထံ​သို့​လည်း​ဝင်၍၊ ဤ​မိန်း​မ​ကို အ​ကျွန်ုပ်​ကြင်​ဖက်​ဖြစ်​စေ​ခြင်း​ငှာ၊ တောင်း၍​ပေး​တော်​မူ​ပါ​ဟု လျှောက်​ဆို​၏။ 5 ယာ​ကုပ်​သည် မိ​မိ​သ​မီး​ဒိ​န​ကို၊ ရှေ​ခင်​မင်း​သား​ရှုတ်​ချ​ကြောင်း​ကို ကြား​သိ​သော်​လည်း၊ မိ​မိ​သား​တို့​သည် တော​အ​ရပ်​မှာ တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ​ရှိ​သည်​ဖြစ်၍၊ သူ​တို့​ကို​ငံ့​လင့်​လျက် တိတ်​ဆိတ်​စွာ​နေ​လေ၏။ 6 ထို​နောက်၊ ရှေ​ခင်​အ​ဘ​ဟာ​မော်​မင်း​သည် ယာ​ကုပ်​နှင့် နှုတ်​ဆက်​ခြင်း​ငှာ​လာ၍၊ 7 ယာ​ကုပ်၏​သား​တို့​လည်း သ​တင်း​ကြား​သော​အ​ခါ၊ တော​အ​ရပ်​မှ​ပြန်​ရောက်​ကြ၏။ ထို​မင်း​သား​သည် ယာ​ကုပ်၏​သ​မီး​နှင့်​အိပ်​မိ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌​မိုက်​သော​အ​မှု၊ မ​ပြု​အပ်​သော​အ​ရာ​ကို ပြု​မိ​သော​ကြောင့်၊ သူ​တို့​သည်​စိတ်​နာ၍ အ​လွန်​အ​မျက်​ထွက်​ကြ​၏။ 8 ဟာ​မော်​မင်း​လည်း သူ​တို့​နှင့်​နှုတ်​ဆက်​လျက်၊ ငါ့​သား​ရှေ​ခင်​သည်၊ သင်​တို့​သ​မီး​ကို အ​လွန်​ချစ်​အား​ကြီး​ပါ၏။ ထိမ်း​မြား​ပေး​စား​ကြ​ပါ​လော့။ 9 သင်​တို့​သည် ငါ​တို့​နှင့်​အ​ချင်း​ချင်း​ထိမ်း​မြား​ခြင်း​ကို​ပြု​လျက်၊ သင်​တို့​သ​မီး​ကို ပေး​စား​ကြ​လော့။ ငါ​တို့​သ​မီး​နှင့်​လည်း စုံ​ဖက်​ကြ​လော့။ 10 သင်​တို့​သည်​ငါ​တို့​နှင့်​အ​တူ​နေ၍၊ ဤ​ပြည်၌​အ​ဆီး​အ​တား​မ​ရှိ၊ နေ​ရာ​ချ​လျက်၊ ဖောက်​ကား​ရောင်း​ဝယ်​ခြင်း​ကို​ပြု၍၊ အ​ပိုင်​ယူ​ကြ​လော့​ဟု​ဆို​လေ​၏။ 11 ရှေ​ခင်​က​လည်း၊ သင်​တို့​စိတ်​နှင့် တွေ့​ကြ​ပါ​စေ။ တောင်း​သ​မျှ​ကို​ပေး​ပါ​မည်။ 12 ကန်​တော့​ဥ​စ္စာ​ဖြစ်​စေ၊ လက်​ဆောင်​ပ​ဏ္ဏာ​ဖြစ်​စေ၊ နည်း​များ​မ​ဆို၊ တောင်း​သည်​အ​တိုင်း​ပေး​ပါ​မည်။ ဤ​မိန်း​မ​ကို​သာ ငါ့​အား​ထိမ်း​မြား​ပေး​စား​ကြ​ပါ​ဟု၊ မိန်း​မ၏​အ​ဘ​နှင့် မောင်​တို့​အား​ဆို​လေ၏။

13 ယာ​ကုပ်၏​သား​တို့​သည်၊ နှ​မ​ဒိ​န​ကို ရှေ​ခင်​မင်း​သား​ရှုတ်​ချ​သော​အ​ကြောင်း​ကို ဆင်​ခြင်၍၊ မင်း​သား​နှင့်​အ​ဘ​ဟာ​မော်​ကို ပ​ရိ​ယာယ်​ဖြင့်​ပြန်​ပြော​သည်​မှာ၊ 14 ကျွန်ုပ်​တို့​နှ​မ​ကို အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သူ​အား မ​ပေး​စား​နိုင်​ပါ။ ပေး​စား​လျှင်၊ ကဲ့​ရဲ့​ဖွယ်​သော​အ​ကြောင်း​ဖြစ်​ပါ၏။ 15 သင်​တို့​သည် ကျွန်ုပ်​တို့​ဘာ​သာ​အ​တိုင်း​ပြု၍၊ ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​လျှင်၊ ကျွန်ုပ်​တို့​သည်​ဝန်​ခံ​ကြ​ပါ​မည်။ 16 သို့​ပြု​လျှင်၊ ကျွန်ုပ်​တို့​သ​မီး​ကို သင်​တို့​အား​ပေး​စား၍၊ သင်​တို့၏​သ​မီး​နှင့်​လည်း စုံ​ဖက်​ကြ​သ​ဖြင့်၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်၍၊ တစ်​မျိုး​တည်း​ဖြစ်​ကြ​လိမ့်​မည်။ 17 သို့​မ​ဟုတ် ကျွန်ုပ်​တို့​စ​ကား​ကို​နား​မ​ထောင်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​လျှင်၊ ကျွန်ုပ်​တို့​သ​မီး​ကို​ယူ၍ သွား​မည်​ဟု​ဆို​ကြ၏။ 18 ထို​စ​ကား​ကို ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​သည်​နှစ်​သက်၍၊ 19 ထို​မင်း​သား​သည်၊ ယာ​ကုပ်၏​သ​မီး​ကို ချစ်​အား​ကြီး​သော​ကြောင့်​လည်း​ကောင်း၊ အ​ဘ၏ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ထက် အ​သ​ရေ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ချက်​ချင်း​ဝန်​ခံ​လေ၏။

20 ထို​အ​ခါ၊ ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​သည်၊ မိ​မိ​မြို့​တံ​ခါး​သို့​သွား၍၊ မြို့​သား​တို့​နှင့်​နှုတ်​ဆက်​လျက်၊ 21 အ​ချင်း​တို့၊ ဤ​သူ​တို့​သည် ငါ​တို့​နှင့် သင့်​တင့်​ကြ​ပြီ။ ငါ​တို့​ပြည်၌​နေ၍ ဖောက်​ကား​ရောင်း​ဝယ်​မှု​ကို ပြု​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင် ကျယ်​ပေ၏။ သူ​တို့​သ​မီး​များ​နှင့် အိမ်​ထောင်​ဖက်​ပြု​ကြ​စို့။ ငါ​တို့​သ​မီး​များ​ကို​လည်း သူ​တို့​အား​ထိမ်း​မြား​ပေး​စား​ကြ​စို့။ 22 သို့​ရာ​တွင် သူ​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သ​ကဲ့​သို့၊ ငါ​တို့​တွင် ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​မှ​သာ၊ ထို​လူ​တို့​သည်​ငါ​တို့​တွင်​နေ၍ တစ်​မျိုး​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဝန်​ခံ​ကြ​လိမ့်​မည်။ 23 သူ​တို့၏​သိုး​နွား​မှ​စ၍ တိ​ရ​စ္ဆာန်​များ၊ ဥ​စ္စာ​များ​တို့​သည် ငါ​တို့​ဥ​စ္စာ ဖြစ်​ကြ​လိမ့်​မည် မ​ဟုတ်​လော။ သူ​တို့​အ​လို​သို့ လိုက်​ကြ​စို့။ သို့​ပြု​လျှင် သူ​တို့​သည် ငါ​တို့​တွင်​နေ​ကြ​လိမ့်​မည်​ဟု၊ 24 ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​ပြော​သော​စ​ကား​ကို၊ မြို့​တံ​ခါး​မှ ထွက်​သော​သူ​အ​ပေါင်း​တို့​သည်​နား​ထောင်၍ ယောက်ျား​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ကြ၏။

25 ထို​သို့​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌၊ အ​လွန်​နာ​ကြ​သော​အ​ခါ၊ ယာ​ကုပ်​သား၊ ဒိ​န၏​မောင်​ရှိ​မောင်​နှင့် လေ​ဝိ​ညီ​နောင်​နှစ်​ယောက်​တို့​သည်၊ ဓား​လက်​နက် တစ်​ယောက်​တစ်​စင်း​စီ​စွဲ​ကိုင်​လျက်၊ သ​တိ​မ​ရှိ​သော​ထို​မြို့​ကို​တိုက်၍၊ ယောက်ျား​အ​ပေါင်း​တို့​ကို​သတ်​လေ၏။ 26 ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​ကို​လည်း ဓား​လက်​နက်​ဖြင့်​သတ်​ပြီး​လျှင်၊ ဒိ​န​ကို​ရှေ​ခင်​အိမ်​မှ​နုတ်​ယူ၍ ပြန်​သွား​ကြ၏။ 27 မိ​မိ​တို့​နှ​မ​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ တစ်​ဖန်​ယာ​ကုပ်​သား​တို့​သည် အ​သေ​သတ်​ပြီး​သော သူ​တို့​ဆီ​သို့​သွား​ပြန်၍၊ မြို့​ကို​လု​ယက်​ဖျက်​ဆီး​သ​ဖြင့်၊ 28 သူ​တို့ သိုး၊ ဆိတ်၊ နွား၊ မြည်း​မှ​စ၍၊ မြို့၌​ရှိ​သ​မျှ၊ လယ်၌​ရှိ​သ​မျှ​သော ဥ​စ္စာ​ကို​လည်း​ကောင်း၊ 29 သူ​တို့​သား​မ​ယား၊ သူ​ငယ်​အ​ပေါင်း​ကို​လည်း​ကောင်း​သိမ်း​ယူ၍၊ အိမ်​တို့၌​ရှိ​သ​မျှ​ကို​လည်း လု​ယက်​ဖျက်​ဆီး​ကြ၏။ 30 ထို​အ​ခါ ယာ​ကုပ်​က၊ သင်​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​ကြ​ပြီ​တ​ကား။ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တည်း​ဟူ​သော၊ ဤ​ပြည်​သား​တို့​သည် ငါ့​ကို​ရွံ​ရှာ​အောင်​ပြု​ကြ​ပြီ​တ​ကား။ ငါ​တို့၌ လူ​အ​ရေ​အ​တွက်​အား​နည်း​သော​ကြောင့်၊ သူ​တို့​သည်​စု​ဝေး၍ ငါ့​ကို​တိုက်​သတ်​သ​ဖြင့်၊ ငါ​နှင့် ငါ့​အိမ်​သူ​အိမ်​သား​တို့​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်​ဟု၊ ရှိ​မောင်​နှင့် လေ​ဝိ​တို့​အား​ဆို​လေ​သော်၊ 31 သူ​တို့​က၊ ငါ​တို့​နှ​မ​ကို​ပြည့်​တန်​ဆာ​ကဲ့​သို့​မှတ်၍ ပြု​ရ​မည်​လော​ဟု ပြန်​ဆို​လေ၏။

Todos os capítulos de Genesis 50
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.