Pular para o conteúdo
Publicidade Remover anúncios

Genesis 44

WLC · Westminster Leningrad Codex

1 וַיְצַ֞ו אֶת־אֲשֶׁ֣ר עַל־בֵּיתוֹ֮ לֵאמֹר֒ מַלֵּ֞א אֶת־אַמְתְּחֹ֤ת הָֽאֲנָשִׁים֙ אֹ֔כֶל כַּאֲשֶׁ֥ר יוּכְל֖וּן שְׂאֵ֑ת וְשִׂ֥ים כֶּֽסֶף־אִ֖ישׁ בְּפִ֥י אַמְתַּחְתּֽוֹ׃ 2 וְאֶת־גְּבִיעִ֞י גְּבִ֣יעַ הַכֶּ֗סֶף תָּשִׂים֙ בְּפִי֙ אַמְתַּ֣חַת הַקָּטֹ֔ן וְאֵ֖ת כֶּ֣סֶף שִׁבְר֑וֹ וַיַּ֕עַשׂ כִּדְבַ֥ר יוֹסֵ֖ף אֲשֶׁ֥ר דִּבֵּֽר׃ 3 הַבֹּ֖קֶר א֑וֹר וְהָאֲנָשִׁ֣ים שֻׁלְּח֔וּ הֵ֖מָּה וַחֲמֹרֵיהֶֽם׃ 4 הֵ֠ם יָֽצְא֣וּ אֶת־הָעִיר֮ לֹ֣א הִרְחִיקוּ֒ וְיוֹסֵ֤ף אָמַר֙ לַֽאֲשֶׁ֣ר עַל־בֵּית֔וֹ ק֥וּם רְדֹ֖ף אַחֲרֵ֣י הָֽאֲנָשִׁ֑ים וְהִשַּׂגְתָּם֙ וְאָמַרְתָּ֣ אֲלֵהֶ֔ם לָ֛מָּה שִׁלַּמְתֶּ֥ם רָעָ֖ה תַּ֥חַת טוֹבָֽה׃ 5 הֲל֣וֹא זֶ֗ה אֲשֶׁ֨ר יִשְׁתֶּ֤ה אֲדֹנִי֙ בּ֔וֹ וְה֕וּא נַחֵ֥שׁ יְנַחֵ֖שׁ בּ֑וֹ הֲרֵעֹתֶ֖ם אֲשֶׁ֥ר עֲשִׂיתֶֽם׃ 6 וַֽיַּשִּׂגֵ֑ם וַיְדַבֵּ֣ר אֲלֵהֶ֔ם אֶת־הַדְּבָרִ֖ים הָאֵֽלֶּה׃ 7 וַיֹּאמְר֣וּ אֵלָ֔יו לָ֚מָּה יְדַבֵּ֣ר אֲדֹנִ֔י כַּדְּבָרִ֖ים הָאֵ֑לֶּה חָלִ֨ילָה֙ לַעֲבָדֶ֔יךָ מֵעֲשׂ֖וֹת כַּדָּבָ֥ר הַזֶּֽה׃ 8 הֵ֣ן כֶּ֗סֶף אֲשֶׁ֤ר מָצָ֨אנוּ֙ בְּפִ֣י אַמְתְּחֹתֵ֔ינוּ הֱשִׁיבֹ֥נוּ אֵלֶ֖יךָ מֵאֶ֣רֶץ כְּנָ֑עַן וְאֵ֗יךְ נִגְנֹב֙ מִבֵּ֣ית אֲדֹנֶ֔יךָ כֶּ֖סֶף א֥וֹ זָהָֽב׃ 9 אֲשֶׁ֨ר יִמָּצֵ֥א אִתּ֛וֹ מֵעֲבָדֶ֖יךָ וָמֵ֑ת וְגַם־אֲנַ֕חְנוּ נִֽהְיֶ֥ה לַֽאדֹנִ֖י לַעֲבָדִֽים׃ 10 וַיֹּ֕אמֶר גַּם־עַתָּ֥ה כְדִבְרֵיכֶ֖ם כֶּן־ה֑וּא אֲשֶׁ֨ר יִמָּצֵ֤א אִתּוֹ֙ יִהְיֶה־לִּ֣י עָ֔בֶד וְאַתֶּ֖ם תִּהְי֥וּ נְקִיִּֽם׃ 11 וַֽיְמַהֲר֗וּ וַיּוֹרִ֛דוּ אִ֥ישׁ אֶת־אַמְתַּחְתּ֖וֹ אָ֑רְצָה וַֽיִּפְתְּח֖וּ אִ֥ישׁ אַמְתַּחְתּֽוֹ׃ 12 וַיְחַפֵּ֕שׂ בַּגָּד֣וֹל הֵחֵ֔ל וּבַקָּטֹ֖ן כִּלָּ֑ה וַיִּמָּצֵא֙ הַגָּבִ֔יעַ בְּאַמְתַּ֖חַת בִּנְיָמִֽן׃ 13 וַֽיִּקְרְע֖וּ שִׂמְלֹתָ֑ם וַֽיַּעֲמֹס֙ אִ֣ישׁ עַל־חֲמֹר֔וֹ וַיָּשֻׁ֖בוּ הָעִֽירָה׃ 14 וַיָּבֹ֨א יְהוּדָ֤ה וְאֶחָיו֙ בֵּ֣יתָה יוֹסֵ֔ף וְה֖וּא עוֹדֶ֣נּוּ שָׁ֑ם וַיִּפְּל֥וּ לְפָנָ֖יו אָֽרְצָה׃ 15 וַיֹּ֤אמֶר לָהֶם֙ יוֹסֵ֔ף מָֽה־הַמַּעֲשֶׂ֥ה הַזֶּ֖ה אֲשֶׁ֣ר עֲשִׂיתֶ֑ם הֲל֣וֹא יְדַעְתֶּ֔ם כִּֽי־נַחֵ֧שׁ יְנַחֵ֛שׁ אִ֖ישׁ אֲשֶׁ֥ר כָּמֹֽנִי׃ 16 וַיֹּ֣אמֶר יְהוּדָ֗ה מַה־נֹּאמַר֙ לַֽאדֹנִ֔י מַה־נְּדַבֵּ֖ר וּמַה־נִּצְטַדָּ֑ק הָאֱלֹהִ֗ים מָצָא֙ אֶת־עֲוֺ֣ן עֲבָדֶ֔יךָ הִנֶּנּ֤וּ עֲבָדִים֙ לַֽאדֹנִ֔י גַּם־אֲנַ֕חְנוּ גַּ֛ם אֲשֶׁר־נִמְצָ֥א הַגָּבִ֖יעַ בְּיָדֽוֹ׃ 17 וַיֹּ֕אמֶר חָלִ֣ילָה לִּ֔י מֵעֲשׂ֖וֹת זֹ֑את הָאִ֡ישׁ אֲשֶׁר֩ נִמְצָ֨א הַגָּבִ֜יעַ בְּיָד֗וֹ ה֚וּא יִהְיֶה־לִּ֣י עָ֔בֶד וְאַתֶּ֕ם עֲל֥וּ לְשָׁל֖וֹם אֶל־אֲבִיכֶֽם׃ פ 18 וַיִּגַּ֨שׁ אֵלָ֜יו יְהוּדָ֗ה וַיֹּאמֶר֮ בִּ֣י אֲדֹנִי֒ יְדַבֶּר־נָ֨א עַבְדְּךָ֤ דָבָר֙ בְּאָזְנֵ֣י אֲדֹנִ֔י וְאַל־יִ֥חַר אַפְּךָ֖ בְּעַבְדֶּ֑ךָ כִּ֥י כָמ֖וֹךָ כְּפַרְעֹֽה׃ 19 אֲדֹנִ֣י שָׁאַ֔ל אֶת־עֲבָדָ֖יו לֵאמֹ֑ר הֲיֵשׁ־לָכֶ֥ם אָ֖ב אוֹ־אָֽח׃ 20 וַנֹּ֨אמֶר֙ אֶל־אֲדֹנִ֔י יֶשׁ־לָ֨נוּ֙ אָ֣ב זָקֵ֔ן וְיֶ֥לֶד זְקֻנִ֖ים קָטָ֑ן וְאָחִ֨יו מֵ֜ת וַיִּוָּתֵ֨ר ה֧וּא לְבַדּ֛וֹ לְאִמּ֖וֹ וְאָבִ֥יו אֲהֵבֽוֹ׃ 21 וַתֹּ֨אמֶר֙ אֶל־עֲבָדֶ֔יךָ הוֹרִדֻ֖הוּ אֵלָ֑י וְאָשִׂ֥ימָה עֵינִ֖י עָלָֽיו׃ 22 וַנֹּ֨אמֶר֙ אֶל־אֲדֹנִ֔י לֹא־יוּכַ֥ל הַנַּ֖עַר לַעֲזֹ֣ב אֶת־אָבִ֑יו וְעָזַ֥ב אֶת־אָבִ֖יו וָמֵֽת׃ 23 וַתֹּ֨אמֶר֙ אֶל־עֲבָדֶ֔יךָ אִם־לֹ֥א יֵרֵ֛ד אֲחִיכֶ֥ם הַקָּטֹ֖ן אִתְּכֶ֑ם לֹ֥א תֹסִפ֖וּן לִרְא֥וֹת פָּנָֽי׃ 24 וַיְהִי֙ כִּ֣י עָלִ֔ינוּ אֶֽל־עַבְדְּךָ֖ אָבִ֑י וַנַּ֨גֶּד־ל֔וֹ אֵ֖ת דִּבְרֵ֥י אֲדֹנִֽי׃ 25 וַיֹּ֖אמֶר אָבִ֑ינוּ שֻׁ֖בוּ שִׁבְרוּ־לָ֥נוּ מְעַט־אֹֽכֶל׃ 26 וַנֹּ֕אמֶר לֹ֥א נוּכַ֖ל לָרֶ֑דֶת אִם־יֵשׁ֩ אָחִ֨ינוּ הַקָּטֹ֤ן אִתָּ֨נוּ֙ וְיָרַ֔דְנוּ כִּי־לֹ֣א נוּכַ֗ל לִרְאוֹת֙ פְּנֵ֣י הָאִ֔ישׁ וְאָחִ֥ינוּ הַקָּטֹ֖ן אֵינֶ֥נּוּ אִתָּֽנוּ׃ 27 וַיֹּ֛אמֶר עַבְדְּךָ֥ אָבִ֖י אֵלֵ֑ינוּ אַתֶּ֣ם יְדַעְתֶּ֔ם כִּ֥י שְׁנַ֖יִם יָֽלְדָה־לִּ֥י אִשְׁתִּֽי׃ 28 וַיֵּצֵ֤א הָֽאֶחָד֙ מֵֽאִתִּ֔י וָאֹמַ֕ר אַ֖ךְ טָרֹ֣ף טֹרָ֑ף וְלֹ֥א רְאִיתִ֖יו עַד־הֵֽנָּה׃ 29 וּלְקַחְתֶּ֧ם גַּם־אֶת־זֶ֛ה מֵעִ֥ם פָּנַ֖י וְקָרָ֣הוּ אָס֑וֹן וְהֽוֹרַדְתֶּ֧ם אֶת־שֵׂיבָתִ֛י בְּרָעָ֖ה שְׁאֹֽלָה׃ 30 וְעַתָּ֗ה כְּבֹאִי֙ אֶל־עַבְדְּךָ֣ אָבִ֔י וְהַנַּ֖עַר אֵינֶ֣נּוּ אִתָּ֑נוּ וְנַפְשׁ֖וֹ קְשׁוּרָ֥ה בְנַפְשֽׁוֹ׃ 31 וְהָיָ֗ה כִּרְאוֹת֛וֹ כִּי־אֵ֥ין הַנַּ֖עַר וָמֵ֑ת וְהוֹרִ֨ידוּ עֲבָדֶ֜יךָ אֶת־שֵׂיבַ֨ת עַבְדְּךָ֥ אָבִ֛ינוּ בְּיָג֖וֹן שְׁאֹֽלָה׃ 32 כִּ֤י עַבְדְּךָ֙ עָרַ֣ב אֶת־הַנַּ֔עַר מֵעִ֥ם אָבִ֖י לֵאמֹ֑ר אִם־לֹ֤א אֲבִיאֶ֨נּוּ֙ אֵלֶ֔יךָ וְחָטָ֥אתִי לְאָבִ֖י כָּל־הַיָּמִֽים׃ 33 וְעַתָּ֗ה יֵֽשֶׁב־נָ֤א עַבְדְּךָ֙ תַּ֣חַת הַנַּ֔עַר עֶ֖בֶד לַֽאדֹנִ֑י וְהַנַּ֖עַר יַ֥עַל עִם־אֶחָֽיו׃ 34 כִּי־אֵיךְ֙ אֶֽעֱלֶ֣ה אֶל־אָבִ֔י וְהַנַּ֖עַר אֵינֶ֣נּוּ אִתִּ֑י פֶּ֚ן אֶרְאֶ֣ה בָרָ֔ע אֲשֶׁ֥ר יִמְצָ֖א אֶת־אָבִֽי׃

JBMLE · Judson Bible

ပျောက်​သွား​သော​ဖ​လား

1 ယော​သပ်​သည်​လည်း ဝန်​စာ​ရေး​ကို​ခေါ်၍ ထို​သူ​တို့​အိတ်​များ၌ ရိ​က္ခာ​ပါ​နိုင်​သ​မျှ အ​ပြည့်​ထည့်​လော့။ လူ​တိုင်း​ဆိုင်​သော​ငွေ​ကို မိ​မိ​တို့​အိတ်​ဝ​တွင်​လည်း​ကောင်း၊ 2 စ​ပါး​အ​ဖိုး​ငွေ​နှင့် ငါ့​ငွေ​ဖ​လား​ကို၊ အ​ငယ်​ဆုံး​သော​သူ၏​အိတ်​ဝ​တွင်​လည်း​ကောင်း ထည့်​ထား​လော့​ဟု မှာ​သည်​အ​တိုင်း ဝန်​စာ​ရေး​ပြု​လေ၏။ 3 နံ​နက်​မိုး​လင်း​သော​အ​ခါ၊ ထို​သူ​တို့​ကို​မြည်း​များ​နှင့်​တ​ကွ လွှတ်​လိုက်​လေ၏။ 4 မြို့​ပြင်​သို့​ရောက်၍ မ​ဝေး​သေး​သော​အ​ခါ၊ ယော​သပ်​သည်​ဝန်​စာ​ရေး​ကို​ခေါ်၍၊ ထို​သူ​တို့​ကို မြန်​မြန်​လိုက်​လော့။ မီ​သော​အ​ခါ သင်​တို့​သည်​ကျေး​ဇူး​ကို မ​ကောင်း​သော​အ​မှု​နှင့် အ​ဘယ်​ကြောင့်​ဆပ်​ကြ​သ​နည်း။ 5 ငါ့​သ​ခင်​သောက်​သော​ဖ​လား​မ​ဟုတ်​လော။ ထူး​ဆန်း​သော​ဉာဏ်​ကို​ဖြစ်​စေ​တတ်​သော ဖ​လား​မ​ဟုတ်​လော။ သင်​တို့​ပြု​သော​ဤ​အ​မှု​သည် မ​ကောင်း​ပါ​တ​ကား​ဟု ပြော​ဆို​လော့​ဟု မှာ​သည်​အ​တိုင်း၊ 6 ဝန်​စာ​ရေး​လိုက်၍​မီ​သော​အ​ခါ ပြော​ဆို​လေ၏။ သူ​တို့​က​လည်း ဤ​စ​ကား​ကို သ​ခင်​သည် အ​ဘယ်​ကြောင့်​ပြော​ပါ​သ​နည်း။ 7 ကိုယ်​တော်​ကျွန်​တို့​နှင့် ထို​သို့​သော​အ​မှု​ဝေး​ပါ​စေ​သ​တည်း။ 8 ယ​မန်​က​အိတ်​ဝ​တွင် တွေ့​သော​ငွေ​ကို၊ ခါ​နာန်​ပြည်​မှ ကိုယ်​တော်​ထံ​သို့ တစ်​ဖန်​ဆောင်​ခဲ့​ပါ​ပြီ။ သို့​ဖြစ်​လျှင် ကိုယ်​တော်၏​သ​ခင်​အိမ်၌​ရွှေ​ငွေ​ကို အ​ဘယ်​ကြောင့် ခိုး​ရ​ပါ​အံ့​နည်း။ 9 ကိုယ်​တော်၏​ကျွန်​တို့​တွင် မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​ကို​သေ​စေ။ ကျွန်​တော်​တို့​သည်​လည်း သ​ခင်၏​ကျွန်​ခံ​ကြ​ပါ​မည်​ဟု ဆို​ကြ၏။ 10 ဝန်​စာ​ရေး​က​လည်း၊ သင်​တို့​စ​ကား​အ​တိုင်း​ဖြစ်​စေ။ သို့​သော်​လည်း မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​သည်​ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ပြစ်​လွှတ်​ကြ​စေ​ဟု ဆို​သော်၊ 11 ထို​သူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိတ်​များ​ကို မြေ၌​ချ၍​ဖွင့်​ကြ၏။ 12 ဝန်​စာ​ရေး​သည်​လည်၊ အ​ကြီး​မှ​စ၍ အ​ငယ်​တိုင်​အောင်​ရှာ​သ​ဖြင့် ဗင်္ယာ​မိန်​အိတ်၌​ဖ​လား​ကို​တွေ့၏။ 13 ထို​အ​ခါ​သူ​တို့​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လူ​တိုင်း​မိ​မိ​မြည်း​ပေါ်​မှာ ဝန်​ကို​တင်​ပြန်​သ​ဖြင့် မြို့​သို့​ပြန်​သွား​ကြ၏။

14 ယု​ဒ​နှင့် ညီ​အစ်​ကို​တို့​သည် ယော​သပ်​အိမ်​သို့​ရောက်၍၊ သူ​သည်​အိမ်၌​ရှိ​သေး​သ​ဖြင့်၊ သူ့​ရှေ့​မှာ​ပျပ်​ဝပ်​လျက် နေ​ကြ၏။ 15 ယော​သပ်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ ငါ​ကဲ့​သို့​သော​ယောက်ျား​သည် ထူး​ဆန်း​သော​ဉာဏ်​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော​ဟု ဆို၏။ 16 ယု​ဒ​က​လည်း၊ ကျွန်​တော်​တို့​သည်​သ​ခင်​အား အ​ဘယ်​စ​ကား​ဖြင့် လျှောက်​ရ​ပါ​အံ့​နည်း။ အ​ဘယ်​သို့​ပြော​ရ​ပါ​အံ့​နည်း။ ဤ​အ​မှု​နှင့် အ​ဘယ်​သို့​လွတ်​နိုင်​ပါ​အံ့​နည်း။ ကိုယ်​တော်​ကျွန်​တို့၏​အ​ပြစ်​ကို ဘု​ရား​သ​ခင်​စစ်၍ တွေ့​တော်​မူ​ပြီ။ အ​ကြင်​သူ၌ ဖ​လား​တော်​ကို​တွေ့၏။ ထို​သူ​မှ​စ၍ ကျွန်​တော်​တို့​ရှိ​သ​မျှ​သည် သ​ခင်၏​ကျွန်​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​လေ​သော်၊ 17 ယောသပ်က ထို​သို့​ငါ​မ​ပြု​ရ။ အ​ကြင်​သူ၏​လက်၌ ငါ့​ဖ​လား​ကို​တွေ့၏။ ထို​သူ​သည် ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ဘ​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့​ဟု စီ​ရင်​လေ၏။

ဗင်္ယာ​မိန်​အ​တွက်​အ​သ​နား​ခံ​ခြင်း

18 ထို​အ​ခါ ယု​ဒ​သည်​ချဉ်း​ကပ်​လျက်၊ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် စ​ကား​တစ်​ခွန်း​ဖြင့် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်၌ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​သည် ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ဖြစ်​တော်​မူ၏။ 19 သ​ခင်​က၊ သင်​တို့​သည်​အ​ဘ​ရှိ​သ​လော။ ညီ​ရှိ​သ​လော​ဟု ကျွန်​တော်​တို့​အား မေး​တော်​မူ​လျှင်၊ 20 ကျွန်​တော်​တို့​က၊ ကျွန်​တော်​တို့​အ​ဘ အ​သက်​ကြီး​သော​သူ​ရှိ​ပါ၏။ အ​ဘ​အ​သက်​ကြီး​စဉ်​အ​ခါ​ရ​သော သား​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သူ၏​အစ်​ကို​သေ​ပါ​ပြီ။ သူ့​အ​မိ​ဖွား​သော​သား​တို့​တွင် သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​ပါ၏။ ထို​ကြောင့် သူ၏​အ​ဘ​သည်​သူ့​ကို​ချစ်​ပါ၏​ဟု သ​ခင်​အား ပြန်​လျှောက်​လေ​သော်၊ 21 ကိုယ်​တော်​က၊ ထို​သူ​ကို​ငါ​ကြည့်​ရှု​ရ​အောင် ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​ဟု ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ၏။ 22 ကျွန်​တော်​တို့​က ထို​သူ​ငယ်​ကို အ​ဘ​နှင့်​မ​ခွာ​နိုင်​ပါ။ အ​ဘ​နှင့်​ခွာ​လျှင် အ​ဘ​သေ​ပါ​လိမ့်​မည်​ဟု သ​ခင်​အား​လျှောက်​သော်​လည်း၊ 23 ကိုယ်​တော်​က၊ သင်​တို့​ညီ​မ​ပါ​လျှင် သင်​တို့​သည် ငါ့​မျက်​နှာ​ကို​နောက်​တစ်​ဖန်​မ​မြင်​ရ​ဟု ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ၏။ 24 ထို​နောက်​ကျွန်​တော်​တို့​သည် ကိုယ်​တော်​ကျွန်​တည်း​ဟူ​သော ကျွန်​တော်​တို့​အ​ဘ​ထံ​သို့ ပြန်၍​ရောက်​သော​အ​ခါ၊ သ​ခင်​စ​ကား​တော်​ကို အ​ဘ​အား​ပြန်​ကြား​ပါ၏။ 25 ကျွန်​တော်​တို့​အ​ဘ​က​လည်း၊ တစ်​ဖန်​သွား၍ ငါ​တို့​စား​စ​ရာ​အ​နည်း​ငယ်​ကို ဝယ်​ကြ​ပါ​ဟု​ဆို​သော​အ​ခါ၊ 26 ကျွန်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့​သည် မ​သွား​နိုင်​ပါ။ ညီ​ပါ​လျှင်​သွား​နိုင်​ပါ၏။ ညီ​မ​ပါ​လျှင် ထို​သူ၏​မျက်​နှာ​ကို​မ​မြင်​ရ​ပါ​ဟု ပြန်​ပြော​ပါ၏။ 27 ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​အ​ဘ​က​လည်း၊ သင်​တို့​သိ​သည်​အ​တိုင်း ငါ့​မ​ယား​သည် ငါ့​အား​သား​နှစ်​ယောက်​ကို​ဖွား၏။ 28 တစ်​ယောက်​ကား ငါ့​ထံ​မှ​ထွက်​သွား၏။ အ​ကယ်​စင်​စစ် သူ​သည် အ​ပိုင်း​အ​ပိုင်း​ကိုက်​ဖြတ်​ခြင်း​ကို ခံ​ရ​ပါ​ပြီ​တ​ကား​ဟု ငါ​ဆို​ရ၏။ ထို​ကာ​လ​မှ​စ၍ သူ့​ကို​ငါ​မ​မြင်​ရ။ 29 ဤ​သူ​ကို​လည်း ငါ့​ထံ​မှ​ယူ​သွား၍ သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏ​နိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ကျွန်​တော်​တို့​အား​ဆို​ပါ၏။ 30 သို့​ဖြစ်၍ ကျွန်​တော်​သည် ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​အ​ဘ​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ငယ်​မ​ပါ​လျှင် အ​ဘ၏​အ​သက်​သည် သူ​ငယ်၏​အ​သက်၌ မှီ​လျက်​ရှိ​သော​ကြောင့်၊ 31 သူ​ငယ်​မ​ရှိ​သည်​ကို​မြင်​သော​အ​ခါ အ​ဘ​သေ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​တို့​သည်၊ ကိုယ်​တော်​ကျွန်​တည်း​ဟူ​သော ကျွန်​တော်​တို့​အ​ဘ​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​ပါ​လိမ့်​မည်။ 32 ကိုယ်​တော်​ကျွန်​က၊ အ​ကျွန်ုပ်​သည် တစ်​ဖန်​သူ​ငယ်​ကို အ​ဘ​ထံ​သို့ ပြန်၍​မ​ဆောင်​ခဲ့​လျှင်၊ အ​စဉ်​မ​ပြတ် အ​ဘ​ရှေ့​မှာ​အ​ပြစ်​ကို​ခံ​ပါ​စေ​ဟု​ဆို​သ​ဖြင့်၊ အ​ဘ​ထံ​မှာ သူ​ငယ်၏​အာ​မ​ခံ​ဖြစ်​ပါ၏။ 33 သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် သူ​ငယ်​အ​တွက်​နေ​ရစ်၍ သ​ခင်​ထံ​ကျွန်​ခံ​ရ​သော​အ​ခွင့်၊ သူ​ငယ်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ 34 သူ​ငယ်​သည် ကျွန်​တော်၌​မ​ပါ​လျှင်၊ ကျွန်​တော်​အ​ဘ​ထံ​သို့ အ​ဘယ်​သို့​ကျွန်​တော်​သွား​နိုင်​ပါ​မည်​နည်း။ သို့​ပြု​လျှင် ကျွန်​တော်​အ​ဘ၌​ရောက်​လ​တ္တံ့​သော ဘေး​ဥ​ပဒ်​ကို ကျွန်​တော်​မြင်​ရ​ပါ​လိမ့်​မည်​တ​ကား​ဟု လျှောက်​လေ၏။

Todos os capítulos de Genesis 50
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.