Pular para o conteúdo
Publicidade Remover anúncios

Isaiah 17

WLC · Westminster Leningrad Codex

1 מַשָּׂ֖א דַּמָּ֑שֶׂק הִנֵּ֤ה דַמֶּ֨שֶׂק֙ מוּסָ֣ר מֵעִ֔יר וְהָיְתָ֖ה מְעִ֥י מַפָּלָֽה׃ 2 עֲזֻב֖וֹת עָרֵ֣י עֲרֹעֵ֑ר לַעֲדָרִ֣ים תִּֽהְיֶ֔ינָה וְרָבְצ֖וּ וְאֵ֥ין מַחֲרִֽיד׃ 3 וְנִשְׁבַּ֤ת מִבְצָר֙ מֵֽאֶפְרַ֔יִם וּמַמְלָכָ֥ה מִדַּמֶּ֖שֶׂק וּשְׁאָ֣ר אֲרָ֑ם כִּכְב֤וֹד בְּנֵֽי־יִשְׂרָאֵל֙ יִֽהְי֔וּ נְאֻ֖ם יְהוָ֥ה צְבָאֽוֹת׃ ס 4 וְהָיָה֙ בַּיּ֣וֹם הַה֔וּא יִדַּ֖ל כְּב֣וֹד יַעֲקֹ֑ב וּמִשְׁמַ֥ן בְּשָׂר֖וֹ יֵרָזֶֽה׃ 5 וְהָיָ֗ה כֶּֽאֱסֹף֙ קָצִ֣יר קָמָ֔ה וּזְרֹע֖וֹ שִׁבֳּלִ֣ים יִקְצ֑וֹר וְהָיָ֛ה כִּמְלַקֵּ֥ט שִׁבֳּלִ֖ים בְּעֵ֥מֶק רְפָאִֽים׃ 6 וְנִשְׁאַר־בּ֤וֹ עֽוֹלֵלֹת֙ כְּנֹ֣קֶף זַ֔יִת שְׁנַ֧יִם שְׁלֹשָׁ֛ה גַּרְגְּרִ֖ים בְּרֹ֣אשׁ אָמִ֑יר אַרְבָּעָ֣ה חֲמִשָּׁ֗ה בִּסְעִפֶ֨יהָ֙ פֹּֽרִיָּ֔ה נְאֻם־יְהוָ֖ה אֱלֹהֵ֥י יִשְׂרָאֵֽל׃ ס 7 בַּיּ֣וֹם הַה֔וּא יִשְׁעֶ֥ה הָאָדָ֖ם עַל־עֹשֵׂ֑הוּ וְעֵינָ֕יו אֶל־קְד֥וֹשׁ יִשְׂרָאֵ֖ל תִּרְאֶֽינָה׃ 8 וְלֹ֣א יִשְׁעֶ֔ה אֶל־הַֽמִּזְבְּח֖וֹת מַעֲשֵׂ֣ה יָדָ֑יו וַאֲשֶׁ֨ר עָשׂ֤וּ אֶצְבְּעֹתָיו֙ לֹ֣א יִרְאֶ֔ה וְהָאֲשֵׁרִ֖ים וְהָחַמָּנִֽים׃ 9 בַּיּ֨וֹם הַה֜וּא יִהְי֣וּ ׀ עָרֵ֣י מָעֻזּ֗וֹ כַּעֲזוּבַ֤ת הַחֹ֨רֶשׁ֙ וְהָ֣אָמִ֔יר אֲשֶׁ֣ר עָזְב֔וּ מִפְּנֵ֖י בְּנֵ֣י יִשְׂרָאֵ֑ל וְהָיְתָ֖ה שְׁמָמָֽה׃ 10 כִּ֤י שָׁכַ֨חַתְּ֙ אֱלֹהֵ֣י יִשְׁעֵ֔ךְ וְצ֥וּר מָעֻזֵּ֖ךְ לֹ֣א זָכָ֑רְתְּ עַל־כֵּ֗ן תִּטְּעִי֙ נִטְעֵ֣י נַעֲמָנִ֔ים וּזְמֹ֥רַת זָ֖ר תִּזְרָעֶֽנּוּ׃ 11 בְּי֤וֹם נִטְעֵךְ֙ תְּשַׂגְשֵׂ֔גִי וּבַבֹּ֖קֶר זַרְעֵ֣ךְ תַּפְרִ֑יחִי נֵ֥ד קָצִ֛יר בְּי֥וֹם נַחֲלָ֖ה וּכְאֵ֥ב אָנֽוּשׁ׃ ס 12 ה֗וֹי הֲמוֹן֙ עַמִּ֣ים רַבִּ֔ים כַּהֲמ֥וֹת יַמִּ֖ים יֶהֱמָי֑וּן וּשְׁא֣וֹן לְאֻמִּ֔ים כִּשְׁא֛וֹן מַ֥יִם כַּבִּירִ֖ים יִשָּׁאֽוּן׃ 13 לְאֻמִּ֗ים כִּשְׁא֞וֹן מַ֤יִם רַבִּים֙ יִשָּׁא֔וּן וְגָ֥עַר בּ֖וֹ וְנָ֣ס מִמֶּרְחָ֑ק וְרֻדַּ֗ף כְּמֹ֤ץ הָרִים֙ לִפְנֵי־ר֔וּחַ וּכְגַלְגַּ֖ל לִפְנֵ֥י סוּפָֽה׃ 14 לְעֵ֥ת עֶ֨רֶב֙ וְהִנֵּ֣ה בַלָּהָ֔ה בְּטֶ֥רֶם בֹּ֖קֶר אֵינֶ֑נּוּ זֶ֚ה חֵ֣לֶק שׁוֹסֵ֔ינוּ וְגוֹרָ֖ל לְבֹזְזֵֽינוּ׃ ס

JBMLE · Judson Bible

ဒ​မာ​သက်​မြို့​နှ​င့်​ဆိုင်​သော​ဗျာ​ဒိတ်

1 ဒ​မာ​သက်​မြို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ဒ​မာ​သက်​မြို့​သည် မြို့​မ​ဖြစ်​အောင် ပျက်​စီး​ရာ​ပုံ ဖြစ်​ရ၏။ယေ၊ ၄၉:၂၃-၂၇။ အာ၊ ၁:၃-၅။ ဇာ၊ ၉:၁။2 အာ​ရော်​မြို့​များ​ကို စွန့်​ပစ်​သော​ကြောင့်၊ သိုး​စု​တို့​သည်​ပိုင်၍၊ အ​ဘယ်​သူ​မျှ​မ​မောင်း​ဘဲ အိပ်​ကြ​လိမ့်​မည်။ 3 ဧ​ဖ​ရိမ်​ပြည်၌ မြို့​မ​ရှိ​ရ။ ဒ​မာ​သက်​မြို့​နှင့် ကျန်​ကြွင်း​သော​ရှု​ရိ​ပြည်၌ မင်း​အာ​ဏာ​မ​ရှိ​ရ။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

4 ထို​ကာ​လ၌ ယာ​ကုပ်​အ​မျိုး၏​ဘုန်း​သည် လျော့၍၊ ဆူ​ဝ​ခြင်း​လည်း ပိန်​ကြုံ​ခြင်း​ဖြစ်​ရ​လိမ့်​မည်။ 5 လူ​သည် စ​ပါး​ကို​သိမ်း​ယူ၍ အ​သီး​အ​နှံ​များ​ကို လက်​နှင့် ရိတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​ဖိမ်​ချိုင့်၌ အ​သီး​အ​နှံ​တို့​ကို သိမ်း​ရိတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​မှု​ဖြစ်​ရ​လိမ့်​မည်။ 6 သို့​ရာ​တွင်၊ သံ​လွင်​ပင်​ကို လှုပ်​ပြီး​မှ အ​ပင်​ဖျား၌ အ​သီး​နှစ်​လုံး​သုံး​လုံး၊ အ​သီး​ကောင်း​သော​အ​ခက်​တို့၌ လေး​ငါး​လုံး​ရှိ​တတ်​သ​ကဲ့​သို့၊ ကောက်​သိမ်း​စ​ရာ အ​ကြွင်း​ရှိ​ရ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

7 ထို​ကာ​လ၌ လူ​သည် မိ​မိ​ကို ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ကို ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ဖူး​မျှော်​ရ​လိမ့်​မည်။ 8 မိ​မိ​လက်​နှင့် လုပ်​သော​ယဇ်​ပ​လ္လင်​တို့​ကို မ​မှတ်​ရ။ မိ​မိ​လက်​ချောင်း​နှင့် လုပ်​သော​အ​ရာ​တည်း​ဟူ​သော အာ​ရှ​ရ​ပင်​တို့​ကို​လည်း​ကောင်း၊ ရုပ်​တု​တို့​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ရ။ 9 ထို​ကာ​လ၌ သူ၏​ခိုင်​ခံ့​သော​မြို့​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ​စွန့်​ပစ်​သော သစ်​တော​အ​ကျန်​အ​ကြွင်း​နှင့် သစ်​ပင်​အ​ဖျား​ကဲ့​သို့ ဖြစ်၍၊ ထို​ပြည်​သည် ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။ 10 သင့်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို သင်​သည်​မေ့​လျော့၍၊ မိ​မိ​ခို​လှုံ​ရာ​ကျောက်​ကို မိ​မိ​မ​အောက်​မေ့​သော​ကြောင့်၊ သာ​ယာ​သော ပျိုး​ပင်​တို့​နှင့်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ အ​ညွန့်​တို့​ကို​စိုက်​ပျိုး၍၊ 11 ထို​ပျိုး​ပင်​တို့​ကို ကြီး​ပွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လျင်​အ​မြန် အ​ပွင့်​ပွင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ပြီး​မှ၊ သိမ်း​ယူ​ရာ​ကာ​လ၌ အ​သီး​အ​နှံ​သည် ပျက်​စီး၍၊ သင်​သည် မ​ပျောက်​နိုင်​သော ဝမ်း​နည်း​ခြင်း​ရှိ​ရ​လိမ့်​မည်။

12 သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ မြည်​တတ်​သော​လူ​များ အ​လုံး​အ​ရင်း​တို့၌​လည်း​ကောင်း၊ အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့ ဟုန်း​တတ်​သော လူ​မျိုး​တို့၌​လည်း​ကောင်း​အ​မင်္ဂ​လာ​ရှိ၏။ 13 အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့၊ လူ​မျိုး​တို့​သည် ဟုန်း​ကြ​သော်​လည်း၊ ဆုံး​မ​တော်​မူ​သော​ကြောင့်၊ အ​ဝေး​သို့ ပြေး​သွား​ကြ​လိမ့်​မည်။ တောင်​ပေါ်​မှာ လေ​တိုက်၍ လွင့်​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း၊ လေ​ပွေ၌​ပါ​သွား​သော အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​သည် နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 14 ညဉ့်​ဦး​ယံ၌ ဘေး​ရောက်၍၊ နံ​နက်​ယံ​မ​တိုင်​မီ ပျောက်​ရှာ​ကြ​လိမ့်​မည်။ ငါ​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​သည် ထို​သို့​သော​အ​ကျိုး၊ ငါ​တို့​ကို လု​ယူ​ဖျက်​ဆီး​သော​သူ​တို့​သည်၊ ထို​သို့​သော အ​မွေ​ဥ​စ္စာ​ကို​ခံ​ရ​ကြ​လိမ့်​မည်။

Todos os capítulos de Isaiah 66
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.