Pular para o conteúdo
Publicidade Remover anúncios

Isaiah 30

WLC · Westminster Leningrad Codex

1 ה֣וֹי בָּנִ֤ים סֽוֹרְרִים֙ נְאֻם־יְהוָ֔ה לַעֲשׂ֤וֹת עֵצָה֙ וְלֹ֣א מִנִּ֔י וְלִנְסֹ֥ךְ מַסֵּכָ֖ה וְלֹ֣א רוּחִ֑י לְמַ֛עַן סְפ֥וֹת חַטָּ֖את עַל־חַטָּֽאת׃ 2 הַהֹלְכִים֙ לָרֶ֣דֶת מִצְרַ֔יִם וּפִ֖י לֹ֣א שָׁאָ֑לוּ לָעוֹז֙ בְּמָע֣וֹז פַּרְעֹ֔ה וְלַחְס֖וֹת בְּצֵ֥ל מִצְרָֽיִם׃ 3 וְהָיָ֥ה לָכֶ֛ם מָע֥וֹז פַּרְעֹ֖ה לְבֹ֑שֶׁת וְהֶחָס֥וּת בְּצֵל־מִצְרַ֖יִם לִכְלִמָּֽה׃ 4 כִּֽי־הָי֥וּ בְצֹ֖עַן שָׂרָ֑יו וּמַלְאָכָ֖יו חָנֵ֥ס יַגִּֽיעוּ׃ 5 כֹּ֣ל הבאיש עַל־עַ֖ם לֹא־יוֹעִ֣ילוּ לָ֑מוֹ לֹ֤א לְעֵ֨זֶר֙ וְלֹ֣א לְהוֹעִ֔יל כִּ֥י לְבֹ֖שֶׁת וְגַם־לְחֶרְפָּֽה׃ ס 6 מַשָּׂ֖א בַּהֲמ֣וֹת נֶ֑גֶב בְּאֶרֶץ֩ צָרָ֨ה וְצוּקָ֜ה לָבִ֧יא וָלַ֣יִשׁ מֵהֶ֗ם אֶפְעֶה֙ וְשָׂרָ֣ף מְעוֹפֵ֔ף יִשְׂאוּ֩ עַל־כֶּ֨תֶף עֲיָרִ֜ים חֵֽילֵהֶ֗ם וְעַל־דַּבֶּ֤שֶׁת גְּמַלִּים֙ אֽוֹצְרֹתָ֔ם עַל־עַ֖ם לֹ֥א יוֹעִֽילוּ׃ 7 וּמִצְרַ֕יִם הֶ֥בֶל וָרִ֖יק יַעְזֹ֑רוּ לָכֵן֙ קָרָ֣אתִי לָזֹ֔את רַ֥הַב הֵ֖ם שָֽׁבֶת׃ 8 עַתָּ֗ה בּ֣וֹא כָתְבָ֥הּ עַל־ל֛וּחַ אִתָּ֖ם וְעַל־סֵ֣פֶר חֻקָּ֑הּ וּתְהִי֙ לְי֣וֹם אַחֲר֔וֹן לָעַ֖ד עַד־עוֹלָֽם׃ 9 כִּ֣י עַ֤ם מְרִי֙ ה֔וּא בָּנִ֖ים כֶּחָשִׁ֑ים בָּנִ֕ים לֹֽא־אָב֥וּ שְׁמ֖וֹעַ תּוֹרַ֥ת יְהוָֽה׃ 10 אֲשֶׁ֨ר אָמְר֤וּ לָֽרֹאִים֙ לֹ֣א תִרְא֔וּ וְלַ֣חֹזִ֔ים לֹ֥א תֶחֱזוּ־לָ֖נוּ נְכֹח֑וֹת דַּבְּרוּ־לָ֣נוּ חֲלָק֔וֹת חֲז֖וּ מַהֲתַלּֽוֹת׃ 11 ס֚וּרוּ מִנֵּי־דֶ֔רֶךְ הַטּ֖וּ מִנֵּי־אֹ֑רַח הַשְׁבִּ֥יתוּ מִפָּנֵ֖ינוּ אֶת־קְד֥וֹשׁ יִשְׂרָאֵֽל׃ ס 12 לָכֵ֗ן כֹּ֤ה אָמַר֙ קְד֣וֹשׁ יִשְׂרָאֵ֔ל יַ֥עַן מָֽאָסְכֶ֖ם בַּדָּבָ֣ר הַזֶּ֑ה וַֽתִּבְטְחוּ֙ בְּעֹ֣שֶׁק וְנָל֔וֹז וַתִּֽשָּׁעֲנ֖וּ עָלָֽיו׃ 13 לָכֵ֗ן יִֽהְיֶ֤ה לָכֶם֙ הֶעָוֺ֣ן הַזֶּ֔ה כְּפֶ֣רֶץ נֹפֵ֔ל נִבְעֶ֖ה בְּחוֹמָ֣ה נִשְׂגָּבָ֑ה אֲשֶׁר־פִּתְאֹ֥ם לְפֶ֖תַע יָב֥וֹא שִׁבְרָֽהּ׃ 14 וּ֠שְׁבָרָהּ כְּשֵׁ֨בֶר נֵ֧בֶל יוֹצְרִ֛ים כָּת֖וּת לֹ֣א יַחְמֹ֑ל וְלֹֽא־יִמָּצֵ֤א בִמְכִתָּתוֹ֙ חֶ֔רֶשׂ לַחְתּ֥וֹת אֵשׁ֙ מִיָּק֔וּד וְלַחְשֹׂ֥ף מַ֖יִם מִגֶּֽבֶא׃ פ 15 כִּ֣י כֹֽה־אָמַר֩ אֲדֹנָ֨י יְהוִ֜ה קְד֣וֹשׁ יִשְׂרָאֵ֗ל בְּשׁוּבָ֤ה וָנַ֨חַת֙ תִּוָּ֣שֵׁע֔וּן בְּהַשְׁקֵט֙ וּבְבִטְחָ֔ה תִּהְיֶ֖ה גְּבֽוּרַתְכֶ֑ם וְלֹ֖א אֲבִיתֶֽם׃ 16 וַתֹּ֨אמְר֥וּ לֹא־כִ֛י עַל־ס֥וּס נָנ֖וּס עַל־כֵּ֣ן תְּנוּס֑וּן וְעַל־קַ֣ל נִרְכָּ֔ב עַל־כֵּ֖ן יִקַּ֥לּוּ רֹדְפֵיכֶֽם׃ 17 אֶ֣לֶף אֶחָ֗ד מִפְּנֵי֙ גַּעֲרַ֣ת אֶחָ֔ד מִפְּנֵ֛י גַּעֲרַ֥ת חֲמִשָּׁ֖ה תָּנֻ֑סוּ עַ֣ד אִם־נוֹתַרְתֶּ֗ם כַּתֹּ֨רֶן֙ עַל־רֹ֣אשׁ הָהָ֔ר וְכַנֵּ֖ס עַל־הַגִּבְעָֽה׃ 18 וְלָכֵ֞ן יְחַכֶּ֤ה יְהוָה֙ לַֽחֲנַנְכֶ֔ם וְלָכֵ֥ן יָר֖וּם לְרַֽחֶמְכֶ֑ם כִּֽי־אֱלֹהֵ֤י מִשְׁפָּט֙ יְהוָ֔ה אַשְׁרֵ֖י כָּל־ח֥וֹכֵי לֽוֹ׃ ס 19 כִּי־עַ֛ם בְּצִיּ֥וֹן יֵשֵׁ֖ב בִּירֽוּשָׁלִָ֑ם בָּכ֣וֹ לֹֽא־תִבְכֶּ֗ה חָנ֤וֹן יָחְנְךָ֙ לְק֣וֹל זַעֲקֶ֔ךָ כְּשָׁמְעָת֖וֹ עָנָֽךְ׃ 20 וְנָתַ֨ן לָכֶ֧ם אֲדֹנָ֛י לֶ֥חֶם צָ֖ר וּמַ֣יִם לָ֑חַץ וְלֹֽא־יִכָּנֵ֥ף עוֹד֙ מוֹרֶ֔יךָ וְהָי֥וּ עֵינֶ֖יךָ רֹא֥וֹת אֶת־מוֹרֶֽיךָ׃ 21 וְאָזְנֶ֨יךָ֙ תִּשְׁמַ֣עְנָה דָבָ֔ר מֵֽאַחֲרֶ֖יךָ לֵאמֹ֑ר זֶ֤ה הַדֶּ֨רֶךְ֙ לְכ֣וּ ב֔וֹ כִּ֥י תַאֲמִ֖ינוּ וְכִ֥י תַשְׂמְאִֽילוּ׃ 22 וְטִמֵּאתֶ֗ם אֶת־צִפּוּי֙ פְּסִילֵ֣י כַסְפֶּ֔ךָ וְאֶת־אֲפֻדַּ֖ת מַסֵּכַ֣ת זְהָבֶ֑ךָ תִּזְרֵם֙ כְּמ֣וֹ דָוָ֔ה צֵ֖א תֹּ֥אמַר לֽוֹ׃ 23 וְנָתַן֩ מְטַ֨ר זַרְעֲךָ֜ אֲשֶׁר־תִּזְרַ֣ע אֶת־הָאֲדָמָ֗ה וְלֶ֨חֶם֙ תְּבוּאַ֣ת הָֽאֲדָמָ֔ה וְהָיָ֥ה דָשֵׁ֖ן וְשָׁמֵ֑ן יִרְעֶ֥ה מִקְנֶ֛יךָ בַּיּ֥וֹם הַה֖וּא כַּ֥ר נִרְחָֽב׃ 24 וְהָאֲלָפִ֣ים וְהָעֲיָרִ֗ים עֹֽבְדֵי֙ הָֽאֲדָמָ֔ה בְּלִ֥יל חָמִ֖יץ יֹאכֵ֑לוּ אֲשֶׁר־זֹרֶ֥ה בָרַ֖חַת וּבַמִּזְרֶֽה׃ 25 וְהָיָ֣ה ׀ עַל־כָּל־הַ֣ר גָּבֹ֗הַ וְעַל֙ כָּל־גִּבְעָ֣ה נִשָּׂאָ֔ה פְּלָגִ֖ים יִבְלֵי־מָ֑יִם בְּיוֹם֙ הֶ֣רֶג רָ֔ב בִּנְפֹ֖ל מִגְדָּלִֽים׃ 26 וְהָיָ֤ה אֽוֹר־הַלְּבָנָה֙ כְּא֣וֹר הַֽחַמָּ֔ה וְא֤וֹר הַֽחַמָּה֙ יִהְיֶ֣ה שִׁבְעָתַ֔יִם כְּא֖וֹר שִׁבְעַ֣ת הַיָּמִ֑ים בְּי֗וֹם חֲבֹ֤שׁ יְהוָה֙ אֶת־שֶׁ֣בֶר עַמּ֔וֹ וּמַ֥חַץ מַכָּת֖וֹ יִרְפָּֽא׃ ס 27 הִנֵּ֤ה שֵׁם־יְהוָה֙ בָּ֣א מִמֶּרְחָ֔ק בֹּעֵ֣ר אַפּ֔וֹ וְכֹ֖בֶד מַשָּׂאָ֑ה שְׂפָתָיו֙ מָ֣לְאוּ זַ֔עַם וּלְשׁוֹנ֖וֹ כְּאֵ֥שׁ אֹכָֽלֶת׃ 28 וְרוּח֞וֹ כְּנַ֤חַל שׁוֹטֵף֙ עַד־צַוָּ֣אר יֶֽחֱצֶ֔ה לַהֲנָפָ֥ה גוֹיִ֖ם בְּנָ֣פַת שָׁ֑וְא וְרֶ֣סֶן מַתְעֶ֔ה עַ֖ל לְחָיֵ֥י עַמִּֽים׃ 29 הַשִּׁיר֙ יִֽהְיֶ֣ה לָכֶ֔ם כְּלֵ֖יל הִתְקַדֶּשׁ־חָ֑ג וְשִׂמְחַ֣ת לֵבָ֗ב כַּֽהוֹלֵךְ֙ בֶּֽחָלִ֔יל לָב֥וֹא בְהַר־יְהוָ֖ה אֶל־צ֥וּר יִשְׂרָאֵֽל׃ 30 וְהִשְׁמִ֨יעַ יְהוָ֜ה אֶת־ה֣וֹד קוֹל֗וֹ וְנַ֤חַת זְרוֹעוֹ֙ יַרְאֶ֔ה בְּזַ֣עַף אַ֔ף וְלַ֖הַב אֵ֣שׁ אוֹכֵלָ֑ה נֶ֥פֶץ וָזֶ֖רֶם וְאֶ֥בֶן בָּרָֽד׃ 31 כִּֽי־מִקּ֥וֹל יְהוָ֖ה יֵחַ֣ת אַשּׁ֑וּר בַּשֵּׁ֖בֶט יַכֶּֽה׃ 32 וְהָיָ֗ה כֹּ֤ל מַֽעֲבַר֙ מַטֵּ֣ה מֽוּסָדָ֔ה אֲשֶׁ֨ר יָנִ֤יחַ יְהוָה֙ עָלָ֔יו בְּתֻפִּ֖ים וּבְכִנֹּר֑וֹת וּבְמִלְחֲמ֥וֹת תְּנוּפָ֖ה נִלְחַם־בה׃ 33 כִּֽי־עָר֤וּךְ מֵֽאֶתְמוּל֙ תָּפְתֶּ֔ה גַּם־הוא לַמֶּ֥לֶךְ הוּכָ֖ן הֶעְמִ֣יק הִרְחִ֑ב מְדֻרָתָ֗הּ אֵ֤שׁ וְעֵצִים֙ הַרְבֵּ֔ה נִשְׁמַ֤ת יְהוָה֙ כְּנַ֣חַל גָּפְרִ֔ית בֹּעֲרָ֖ה בָּֽהּ׃ ס

JBMLE · Judson Bible

အဲ​ဂု​တ္တု​ပြည်​နှင့်​မ​ဟာ​မိတ်​မ​ပြု​ရ

1 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပုန်​ကန်​သော​အ​မျိုး​သား​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့​သည် ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။ ငါ့​ဝိ​ညာဉ်​အ​ခွင့်​မ​ရှိ​ဘဲ မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​ထပ်​ထပ်​အ​ပြစ် ရောက်​ကြ၏။ 2 ဖာ​ရော​ဘု​ရင်၏​ဘုန်း​ကို​အ​မှီ​ပြု၍၊ အဲ​ဂု​တ္တု​အ​ရိပ်​ကို ခို​လှုံ​ခြင်း​ငှာ၊ ငါ့​နှုတ်​ထွက်​ကို အ​ခွင့်​မ​ပန်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​သို့ ရောက်​အောင် သွား​ကြ၏။ 3 သို့​ဖြစ်၍ သင်​တို့​သည် ဖာ​ရော​ဘု​ရင်၏ ဘုန်း​ကို​အ​မှီ​ပြု​သော​ကြောင့် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​အ​ရိပ်​ကို ခို​လှုံ​သော​ကြောင့် မျက်​နှာ​ပျက်​ကြ​လိမ့်​မည်။ 4 သူ​တို့​မင်း​တို့​သည် ဇော​န​မြို့၌ ရှိ​ကြ​ပြီ။ သံ​တ​မန်​တို့​သည် ဟာ​နက်​မြို့​သို့ ရောက်​ကြ​ပြီ။ 5 အ​သုံး​မ​ဝင်၊ အ​ကူ​အ​ညီ​မ​ပေး၊ ကျေး​ဇူး​မ​ပြု​နိုင်​ဘဲ ရှက်​ကြောက်​ခြင်း၊ အ​သ​ရေ​ပျက်​ခြင်း အ​ကြောင်း​သာ​ဖြစ်​သော လူ​မျိုး​ကို သူ​တို့​ရှိ​သ​မျှ​သည် ရှက်​ကြောက်​ကြ၏။ 6 ခြင်္သေ့​မ၊ ခြင်္သေ့​ပျို၊ မြွေ​ဆိုး၊ ပျံ​တတ်​သော​မီး​မြွေ များ​သ​ဖြင့်၊ အ​လွန်​ခဲ​ယဉ်း၍ ဆင်း​ရဲ​သော​ပြည်​ကို လျှောက်​လျက်၊ တောင်​မျက်​နှာ​သို့​သွား​သော တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ တင်​သော​ဝန်​များ​ကို ကြည့်​ရှု​ကြ​လော့။ မြည်း​ပ​ခုံး​ပေါ်​မှာ ဥ​စ္စာ​ပ​စ္စည်း​များ​ကို​လည်း​ကောင်း၊ ကု​လား​အုတ်၏​ဘို့​ပေါ်​မှာ ဘ​ဏ္ဍာ​များ​ကို​လည်း​ကောင်း တင်၍၊ ကျေး​ဇူး​မ​ပြု​နိုင်​သော လူ​မျိုး​ထံ​သို့ ဆောင်​သွား​ကြ​သည်​တ​ကား။ 7 အဲ​ဂု​တ္တု​ပြည်​သည် အ​ချည်း​နှီး​သက်​သက်၊ အ​ကျိုး​မ​ပေး​နိုင်။ ထို​ကြောင့်၊ မ​လှုပ်​ဘဲ​နေ​တတ်​သော ရာ​ခပ်​ဟု ငါ​သ​မုတ်​ပေ၏။

ပုန်ကန်တတ်သော​လူ​မျိုး

8 သင်​သည် ယ​ခု​သွား၍ သူ​တို့​ရှေ့​မှာ​သင်​ပုန်း၌ ရေး​ထား​ရ​သော​အ​ချက်၊ နောင်​ကာ​လ အ​စဉ်​အ​ဆက်​တည်​စေ​ခြင်း​ငှာ၊ စာ​စီ၍ မှတ်​သား​ရ​သော အ​ချက်​ဟူ​မူ​ကား၊ 9 ဤ​လူ​မျိုး​သည် ပုန်​ကန်​တတ်၏။ ဖောက်​ပြန်​သော​အ​မျိုး​သား၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို နာ​ယူ​ခြင်း​ငှာ အ​လို​မ​ရှိ​သော အ​မျိုး​သား​ဖြစ်​ကြ၏။ 10 သူ​တို့​က​လည်း၊ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ပါ​နှင့်​ဟု ဗျာ​ဒိတ်​ခံ​သော သူ​တို့​အား​လည်း​ကောင်း၊ မှန်​သော​စ​ကား​ကို ငါ​တို့​အား မ​ဟော​ပါ​နှင့်။ ချော့​မော့​သော​စ​ကား​ကို ပြော​ကြ​ပါ။ လှည့်​စား​သော​စ​ကား​ကို ဟော​ကြ​ပါ။ 11 လမ်း​လွှဲ​ကြ​ပါ။ မှန်​သော​လမ်း​ကို ရှောင်​ကြ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို ငါ​တို့​ရှေ့​မှာ ကွယ်​ထား​ကြ​ပါ​ဟု ပ​ရော​ဖက်​တို့​အား​လည်း​ကောင်း ဆို​တတ်​ကြ၏။ 12 သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် နှုတ်​က​ပတ်​တော်​ကို​ပယ်၍၊ လိမ်​ကောက် ယို​ယွင်း​ခြင်း​ကို​သာ မှီ​ဝဲ​ခို​လှုံ​သော​ကြောင့်၊ 13 သင်​တို့​အ​ပြစ်​သည် ပြို​ကျ​လု​သော အုတ်​ရိုး​ပျက်​ကဲ့​သို့​လည်း​ကောင်း၊ မြင့်​သော​အုတ်​ထ​ရံ၌ မ​ညီ​မ​ညွတ် ထွက်​ဝင်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ထို​ထ​ရံ​သည် အ​လျင်​တ​ဆော ချက်​ချင်း ပြို​ပျက်​တတ်၏။ 14 မြေ​အိုး​ကွဲ​သ​ကဲ့​သို့ ကွဲ​ရ​လိမ့်​မည်။ ကွဲ​ရာ​တွင်​လည်း မီး​ဖို​ထဲ​က မီး​ခဲ​ခံ​စ​ရာ​ဖို့၊ ရေ​ကန်​ထဲ​က ရေ​ခပ်​စ​ရာ​ဖို့ အိုး​ခြမ်း​တစ်​ခု​မျှ မ​ရှိ​စေ​ခြင်း​ငှာ၊ နှ​မြော​ခြင်း​မ​ရှိ​ဘဲ ခွဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

15 ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ ငြိမ်​ဝပ်​စွာ​နေ​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ငြိမ်​ဝပ်​စွာ​နေ​ခြင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ခွန်​အား​အ​စွမ်း​ကို ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် ထို​သို့​သော အ​လို​မ​ရှိ​ကြ။ 16 ငါ​တို့​သည် ထို​သို့​မ​နေ၊ မြင်း​စီး၍ ပြေး​မည်​ဟု ဆို​သော​ကြောင့်၊ သူ​တစ်​ပါး​တို့​သည် သင်​တို့​ကို ပြေး​စေ​မည်။ ငါ​တို့​သည် လျင်​မြန်​စွာ စီး​သွား​မည်​ဟု ဆို​သော​ကြောင့်၊ သင်​တို့​ကို လိုက်​သော​သူ​တို့​သည် လျင်​မြန်​ကြ​လိမ့်​မည်။ 17 သင်​တို့​သည် တောင်​ထိပ်​ပေါ်​မှာ စိုက်​သော မှတ်​တိုင်​ကဲ့​သို့​လည်း​ကောင်း၊ ကုန်း​ပေါ်​မှာ​ထူ​သော အ​လံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​သည်​တိုင်​အောင်၊ တစ်​ယောက်​သော​သူ​သည် ခြိမ်း​လျှင်၊ တစ်​ထောင်​သော​သူ​တို့​သည် ပြေး​ကြ​လိမ့်​မည်။ ငါး​ယောက် ခြိမ်း​လျှင်၊ တစ်​သောင်း​ပြေး​ကြ​လိမ့်​မည်။

18 9*8/သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​လို​သော​ငှာ မျှော်​လင့်​တော်​မူ​မည်။ က​ရု​ဏာ​ပြု​လို​သော​ငှာ ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ဇိ​အုန်​မြို့​အ​တွက်​က​တိ​တော်

19 ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ဇိ​အုန်​အ​မျိုး၊ သင်​သည် အ​စဉ် ငို​ကြွေး​ရ​မည်​မ​ဟုတ်။ သင်​အော်​ဟစ်​သံ​ကို နား​ထောင်၍ ကယ်​မ​သ​နား​တော်​မူ​လိမ့်​မည်။ ထို​အ​သံ​ကို ကြား​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ 20 ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဒု​က္ခ​မုန့်​ကို​ကျွေး၍၊ ဆင်း​ရဲ​ခြင်း​ရေ​ကို တိုက်​တော်​မူ​သော်​လည်း၊ သင်၏​ဆ​ရာ​တို့​သည် နောက်​တစ်​ဖန် ပုန်း​ရှောင်၍ မ​နေ​ရ​ကြ။ ကိုယ်​မျက်​စိ​နှင့် ကိုယ်​ဆ​ရာ​တို့​ကို မြင်​ရ​လိမ့်​မည်။ 21 သင်​သည် လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ လမ်း​လွဲ​လျှင်၊ ဤ​မည်​သော​လမ်း​သည် မှန်၏။ ဤ​လမ်း၌​သွား​လော့​ဟု သင့်​နောက်၌ ပြော​သော​စ​ကား​သံ​ကို ကိုယ်​နား​နှင့် ကြား​ရ​လိမ့်​မည်။ 22 ထု​လုပ်​သော ငွေ​ရုပ်​တု​တန်​ဆာ​နှင့် သွန်း​သော ရွှေ​ရုပ်​တု​တန်​ဆာ​များ​ကို မ​ရို​မ​သေ​ပြု၍၊ ညစ်​ညူး​သော အ​ဝတ်​ကဲ့​သို့ ပစ်​ပယ်​လျက်၊ သွား​တော့​ဟု ဆို​ရ​လိမ့်​မည်။ 23 သင်​သည် လယ်၌​ကြဲ​သော​မျိုး​စေ့​ဖို့ မိုး​ကို ရွာ​စေ​တော်​မူ​လိမ့်​မည်။ မြေ​အ​သီး​အ​နှံ​မှ​ဖြစ်​သော မုန့်​ကို အ​လွန်​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ သင်၏​သိုး​နွား​တို့​သည် ကျယ်​သော​အ​ရပ်၌ ကျက်​စား​ရ​ကြ​လိမ့်​မည်။ 24 ဆန်​ကော​နှင့် ဆန်​ခါ​ဖြင့် သန့်​ရှင်း​စေ၍၊ ကောင်း​မွန်​စွာ ရော​နှော​သော စ​ပါး​ကို​သာ မြေ၌​လုပ်​သော​နွား​နှင့် မြည်း​တို့​သည်​လည်း စား​ရ​ကြ​လိမ့်​မည်။ 25 များ​စွာ​သော လူ​တို့​ကို သတ်၍၊ ရဲ​တိုက်​တို့​သည် ပြို​လဲ​သော​အ​ခါ၊ မြင့်​သော​တောင်​ရှိ​သ​မျှ​နှင့် ထင်​ရှား​သော ကုန်း​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ရေ​စီး​ရာ​မြစ်​နှင့် ချောင်း​များ ရှိ​ကြ​လိမ့်​မည်။ 26 ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏ ကျိုး​ပျက်​ရာ​ကို ပြု​ပြင်၍၊ သူ​တို့​ခံ​ရ​သော ဒဏ်​ချက်​ရာ​ကို ပျောက်​စေ​တော်​မူ​သော​အ​ခါ၊ လ၏​အ​လင်း​သည် နေ၏​အ​လင်း​ကဲ့​သို့​ဖြစ်၍၊ နေ၏​အ​လင်း​သည်​လည်း ပ​က​တိ​ထက် ခု​နစ်​ဆ​လင်း​လိမ့်​မည်။

အာ​ရှု​ရိ​ပြည်​ကို​ဒဏ်​ခတ်​မည်

27 ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဝေး​သော​အ​ရပ်​မှ လာ၏။ အ​မျက်​တော်​လောင်၍ မီး​လျှံ​ဟုန်း​လေ၏။ နှုတ်​တော်​သည် အ​မျက်​နှင့် ပြည့်၍၊ လျှာ​တော်​သည် မီး​ရှို့​သ​ကဲ့​သို့ ဖြစ်​လေ၏။ 28 ထွက်​သက်​တော်​သည်​လည်း၊ လူ​မျိုး​တို့​ကို ရှင်း​ရှင်း ဖျက်​ဆီး​ခြင်း​ငှာ၊ လွှမ်း​မိုး​သော​ရေ​ကဲ့​သို့ လည်​ပင်း​ကို မီ​လိမ့်​မည်။ လမ်း​လွဲ​စေ​သော​ဇက်​ကို သူ​တို့​ပါး​စပ်၌ ခွံ့​တော်​မူ​လိမ့်​မည်။ 29 သင်​တို့​သည် ပွဲ​ခံ​သော​နေ့​ည​တွင် ပြု​သ​ကဲ့​သို့ သီ​ချင်း​ဆို​ရ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​ကျောက်၊ ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​သို့ ပု​လွေ​မှုတ်​လျက် သွား​သ​ကဲ့​သို့ ဝမ်း​မြောက်​ရ​ကြ​လိမ့်​မည်။ 30 ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဘုန်း​ကြီး​သော​အ​သံ​တော်​ကို လွှတ်​တော်​မူ​လိမ့်​မည်။ လက်​ရုံး​တော် သက်​ရောက်​ခြင်း၊ ပြင်း​စွာ​အ​မျက်​ထွက်​ခြင်း၊ မီး​လျှံ​လောင်​ခြင်း၊ မိုး​သီး​ပါ​လျက်၊ မိုး​သက်​မုန်​တိုင်း​များ​တို့​ကို ပြ​တော်​မူ​လိမ့်​မည်။ 31 သို့​ဖြစ်၍၊ အာ​ရှု​ရိ​လူ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​အား​ဖြင့် လှဲ​ချ​ခြင်း၊ လှံ​တံ​တော်​အား​ဖြင့် ဒဏ်​ခတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 32 ထာ​ဝ​ရ​ဘု​ရား​စီ​ရင်၍၊ သူ၏​အ​ပေါ်​မှာ လေး​စွာ​ချ​ထား​တော်​မူ​သော လှံ​တံ​သည် လျှောက်​သွား​ရာ​ရာ၌ စောင်း၊ ပတ်​သာ​တီး​ခြင်း​နှင့်​တ​ကွ ဖြစ်​လိမ့်​မည်။ သူ့​ကို ပြင်း​စွာ စစ်​တိုက်​တော်​မူ​လိမ့်​မည်။ 33 အ​ကြောင်း​မူ​ကား၊ တော​ဖက်​အ​ရပ်​သည် ရှေး​ကာ​လ၌ စီ​ရင်​လျက်​ရှိ၏။ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ၏။ နက်​နဲ​ကျယ်​ဝန်း​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​ပြီ။ မီး​ရှို့​ဖို့ ထင်း​ပုံ​ကြီး​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​ထွက်​သက်​တော်​သည် အ​ရည်​ကျို​သော ကန့်​ကဲ့​သို့၊ ထို​ထင်း​ပုံ​ကို မီး​ရှို့​ရ​လိမ့်​မည်။

Todos os capítulos de Isaiah 66
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.