Pular para o conteúdo
Publicidade Remover anúncios

Isaiah 33

WLC · Westminster Leningrad Codex

1 ה֣וֹי שׁוֹדֵ֗ד וְאַתָּה֙ לֹ֣א שָׁד֔וּד וּבוֹגֵ֖ד וְלֹא־בָ֣גְדוּ ב֑וֹ כַּהֲתִֽמְךָ֤ שׁוֹדֵד֙ תּוּשַּׁ֔ד כַּנְּלֹתְךָ֥ לִבְגֹּ֖ד יִבְגְּדוּ־בָֽךְ׃ ס 2 יְהוָ֥ה חָנֵּ֖נוּ לְךָ֣ קִוִּ֑ינוּ הֱיֵ֤ה זְרֹעָם֙ לַבְּקָרִ֔ים אַף־יְשׁוּעָתֵ֖נוּ בְּעֵ֥ת צָרָֽה׃ 3 מִקּ֣וֹל הָמ֔וֹן נָדְד֖וּ עַמִּ֑ים מֵר֣וֹמְמֻתֶ֔ךָ נָפְצ֖וּ גּוֹיִֽם׃ 4 וְאֻסַּ֣ף שְׁלַלְכֶ֔ם אֹ֖סֶף הֶֽחָסִ֑יל כְּמַשַּׁ֥ק גֵּבִ֖ים שׁוֹקֵ֥ק בּֽוֹ׃ 5 נִשְׂגָּ֣ב יְהוָ֔ה כִּ֥י שֹׁכֵ֖ן מָר֑וֹם מִלֵּ֣א צִיּ֔וֹן מִשְׁפָּ֖ט וּצְדָקָֽה׃ 6 וְהָיָה֙ אֱמוּנַ֣ת עִתֶּ֔יךָ חֹ֥סֶן יְשׁוּעֹ֖ת חָכְמַ֣ת וָדָ֑עַת יִרְאַ֥ת יְהוָ֖ה הִ֥יא אוֹצָרֽוֹ׃ ס 7 הֵ֚ן אֶרְאֶלָּ֔ם צָעֲק֖וּ חֻ֑צָה מַלְאֲכֵ֣י שָׁל֔וֹם מַ֖ר יִבְכָּיֽוּן׃ 8 נָשַׁ֣מּוּ מְסִלּ֔וֹת שָׁבַ֖ת עֹבֵ֣ר אֹ֑רַח הֵפֵ֤ר בְּרִית֙ מָאַ֣ס עָרִ֔ים לֹ֥א חָשַׁ֖ב אֱנֽוֹשׁ׃ 9 אָבַ֤ל אֻמְלְלָה֙ אָ֔רֶץ הֶחְפִּ֥יר לְבָנ֖וֹן קָמַ֑ל הָיָ֤ה הַשָּׁרוֹן֙ כָּֽעֲרָבָ֔ה וְנֹעֵ֥ר בָּשָׁ֖ן וְכַרְמֶֽל׃ 10 עַתָּ֥ה אָק֖וּם יֹאמַ֣ר יְהוָ֑ה עַתָּה֙ אֵֽרוֹמָ֔ם עַתָּ֖ה אֶנָּשֵֽׂא׃ 11 תַּהֲר֥וּ חֲשַׁ֖שׁ תֵּ֣לְדוּ קַ֑שׁ רוּחֲכֶ֕ם אֵ֖שׁ תֹּאכַלְכֶֽם׃ 12 וְהָי֥וּ עַמִּ֖ים מִשְׂרְפ֣וֹת שִׂ֑יד קוֹצִ֥ים כְּסוּחִ֖ים בָּאֵ֥שׁ יִצַּֽתּוּ׃ ס 13 שִׁמְע֥וּ רְחוֹקִ֖ים אֲשֶׁ֣ר עָשִׂ֑יתִי וּדְע֥וּ קְרוֹבִ֖ים גְּבֻרָתִֽי׃ 14 פָּחֲד֤וּ בְצִיּוֹן֙ חַטָּאִ֔ים אָחֲזָ֥ה רְעָדָ֖ה חֲנֵפִ֑ים מִ֣י ׀ יָג֣וּר לָ֗נוּ אֵ֚שׁ אוֹכֵלָ֔ה מִי־יָג֥וּר לָ֖נוּ מוֹקְדֵ֥י עוֹלָֽם׃ 15 הֹלֵ֣ךְ צְדָק֔וֹת וְדֹבֵ֖ר מֵֽישָׁרִ֑ים מֹאֵ֞ס בְּבֶ֣צַע מַעֲשַׁקּ֗וֹת נֹעֵ֤ר כַּפָּיו֙ מִתְּמֹ֣ךְ בַּשֹּׁ֔חַד אֹטֵ֤ם אָזְנוֹ֙ מִשְּׁמֹ֣עַ דָּמִ֔ים וְעֹצֵ֥ם עֵינָ֖יו מֵרְא֥וֹת בְּרָֽע׃ 16 ה֚וּא מְרוֹמִ֣ים יִשְׁכֹּ֔ן מְצָד֥וֹת סְלָעִ֖ים מִשְׂגַּבּ֑וֹ לַחְמ֣וֹ נִתָּ֔ן מֵימָ֖יו נֶאֱמָנִֽים׃ 17 מֶ֥לֶךְ בְּיָפְי֖וֹ תֶּחֱזֶ֣ינָה עֵינֶ֑יךָ תִּרְאֶ֖ינָה אֶ֥רֶץ מַרְחַקִּֽים׃ 18 לִבְּךָ֖ יֶהְגֶּ֣ה אֵימָ֑ה אַיֵּ֤ה סֹפֵר֙ אַיֵּ֣ה שֹׁקֵ֔ל אַיֵּ֖ה סֹפֵ֥ר אֶת־הַמִּגְדָּלִֽים׃ 19 אֶת־עַ֥ם נוֹעָ֖ז לֹ֣א תִרְאֶ֑ה עַ֣ם עִמְקֵ֤י שָׂפָה֙ מִשְּׁמ֔וֹעַ נִלְעַ֥ג לָשׁ֖וֹן אֵ֥ין בִּינָֽה׃ 20 חֲזֵ֣ה צִיּ֔וֹן קִרְיַ֖ת מֽוֹעֲדֵ֑נוּ עֵינֶיךָ֩ תִרְאֶ֨ינָה יְרוּשָׁלִַ֜ם נָוֶ֣ה שַׁאֲנָ֗ן אֹ֤הֶל בַּל־יִצְעָן֙ בַּל־יִסַּ֤ע יְתֵֽדֹתָיו֙ לָנֶ֔צַח וְכָל־חֲבָלָ֖יו בַּל־יִנָּתֵֽקוּ׃ 21 כִּ֣י אִם־שָׁ֞ם אַדִּ֤יר יְהוָה֙ לָ֔נוּ מְקוֹם־נְהָרִ֥ים יְאֹרִ֖ים רַחֲבֵ֣י יָדָ֑יִם בַּל־תֵּ֤לֶךְ בּוֹ֙ אֳנִי־שַׁ֔יִט וְצִ֥י אַדִּ֖יר לֹ֥א יַעַבְרֶֽנּוּ׃ 22 כִּ֤י יְהוָה֙ שֹׁפְטֵ֔נוּ יְהוָ֖ה מְחֹקְקֵ֑נוּ יְהוָ֥ה מַלְכֵּ֖נוּ ה֥וּא יוֹשִׁיעֵֽנוּ׃ 23 נִטְּשׁ֖וּ חֲבָלָ֑יִךְ בַּל־יְחַזְּק֤וּ כֵן־תָּרְנָם֙ בַּל־פָּ֣רְשׂוּ נֵ֔ס אָ֣ז חֻלַּ֤ק עַֽד־שָׁלָל֙ מַרְבֶּ֔ה פִּסְחִ֖ים בָּ֥זְזוּ בַֽז׃ 24 וּבַל־יֹאמַ֥ר שָׁכֵ֖ן חָלִ֑יתִי הָעָ֛ם הַיֹּשֵׁ֥ב בָּ֖הּ נְשֻׂ֥א עָוֺֽן׃

JBMLE · Judson Bible

မ​စ​တော်​မူ​ရန်​ဆု​တောင်း​ခြင်း

1 သူ​တစ်​ပါး လု​ယူ​ခြင်း​ကို​မ​ခံ​ဘဲ​လျက်၊ လု​ယူ​တတ်​သော​သူ၊ သူ​တစ်​ပါး​ဖျက်​ဆီး​ခြင်း​ကို မ​ခံ​ဘဲ​လျက်၊ ဖျက်​ဆီး​တတ်​သော​သူ၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ သင်​သည် မ​လု​မ​ယူ​ဘဲ နေ​သော​အ​ခါ လု​ယူ​ခြင်း​ကို ခံ​ရ​မည်။ ဖျက်​ဆီး၍ မော​သော​အ​ခါ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

2 အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို မျှော်​လင့်​ကြ​ပါ၏။ နံ​နက်​တိုင်း အ​ကျွန်ုပ်​တို့၌ ခွန်​အား​ကို ပေး​တော်​မူ​ပါ။ အ​မှု​ရောက်​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​ပါ။

3 အ​လုံး​အ​ရင်း၏​အ​သံ​ကြောင့်၊ လူ​စု​တို့​သည် ပြေး​ကြ၏။ ထ​တော်​မူ​သော​အ​ခါ၊ လူ​မျိုး​တို့​သည် အ​ရပ်​ရပ် ကွဲ​ပြား​ကြ၏။ 4 သူ​တစ်​ပါး​တို့​သည် သင်​တို့၏​ဥ​စ္စာ​ကို ကျိုင်း​ကောင် သိမ်း​ယူ​သ​ကဲ့​သို့ သိမ်း​ယူ​ကြ​လိမ့်​မည်။ ကျိုင်း​ကောင်​တို့​သည် လူး​လာ​ပြေး​သ​ကဲ့​သို့၊ သင်​တို့၏ ဥ​စ္စာ​ပေါ်​မှာ လူး​လာ​ပြေး​ကြ​လိမ့်​မည်။

5 ထာ​ဝ​ရ​ဘု​ရား​သည် ချီး​မြှောက်​ခြင်း ရှိ​တော်​မူ၏။ မြင့်​သော​အ​ရပ်၌ နေ​တော်​မူ၏။ ဇိ​အုန်​မြို့​ကို တ​ရား​သ​ဖြင့် ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​နှင့် ပြည့်​စေ​တော်​မူ၏။ 6 ဉာဏ်​နှင့် ပ​ညာ​သည် သင်၏​လက်​ထက်၌ တည်​ကြည်​ခြင်း၊ မြဲ​မြံ​စွာ ကယ်​တင်​ခြင်း​ကို ဖြစ်​စေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သ​ဘော​သည်​လည်း သင်၏​ဘ​ဏ္ဍာ ဖြစ်​လိမ့်​မည်။

7 သူ​ရဲ​တို့​သည် ပြင်၌ အော်​ဟစ်​ကြ၏။ မိတ်​သ​ဟာ​ယ​စ​ကား​ကို ပြော​သော တ​မန်​တော်​တို့​သည် ပြင်း​စွာ ငို​ကြွေး​ကြ၏။ 8 လမ်း​မ​တို့​သည် ဆိတ်​ညံ​ကြ၏။ လမ်း​ခ​ရီး၌ သွား​လာ​သော​သူ မ​ရှိ။ ထို​မင်း​သည် သ​စ္စာ​ပျက်​လေ​ပြီ။ မြို့​များ​ကို​လည်း ပယ်​လေ​ပြီ။ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​မှတ်​တတ်။ 9 ပြည်​တော်​သည် ငြို​ငြင်၍ အား​လျော့၏။ လေ​ဗ​နုန်​တော​သည် ရှက်​ကြောက်၍ နွမ်း​ရိ၏။ ရှာ​ရုန်​အ​ရပ်​သည် တော​ကဲ့​သို့​ဖြစ်၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​သည် လှုပ်​ရှား၏။

10 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ငါ​ထ​မည်။ ယ​ခု ချီး​မြှောက်​ခြင်း​သို့ ရောက်​မည်။ ကိုယ်​ကို​ကိုယ် ချီး​မြှောက်​မည်။ 11 သင်​တို့​သည် ဖွဲ​ကို ကိုယ်​ဝန်​ဆောင်၍၊ အ​မှိုက်​ကို ဖွား​မြင်​ရ​လိမ့်​မည်။ သင်​တို့ စိတ်​သ​ဘော​သည် မီး​ဖြစ်၍၊ သင်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။ 12 လူ​များ​တို့​သည် ထုံး​ကျောက်​ကို ဖုတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ဆူး​ပင်​များ​ကို ခုတ်၍ မီး​ရှို့​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ 13 ဝေး​သော​သူ​တို့၊ ငါ​ပြု​သော​အ​မှု​ကို မှတ်​ကြ​လော့။ နီး​သော​သူ​တို့၊ ငါ့​တန်​ခိုး​ကို ဝန်​ခံ​ကြ​လော့။ 14 အ​ပြစ်​ရှိ​သော ဇိ​အုန်​မြို့​သား​တို့​သည် ကြောက်​ကြ၏။ အ​ဓ​မ္မ​ပြု​သော​သူ​တို့​သည် ထိတ်​လန့်​ကြ၏။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် လောင်​သော​မီး​ထဲ​မှာ နေ​ရ​မည်​နည်း။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​မီး​လောင်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်​နည်း။ 15 တ​ရား​သ​ဖြင့်​ကျင့်၍ ဖြောင့်​မတ်​စွာ ပြော​ထ​သော၊ ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် ရ​သော​ငွေ​ကို ရွံ၍၊ တံ​စိုး​ကို​လည်း ငြင်း​ပယ်​ထ​သော၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို နား​မ​ခံ၊ အ​ဓ​မ္မ​အ​မှု​များ​ကို မ​ကြည့်​မ​ရှု​သော​သူ​သည် မြင့်​သော​အ​ရပ်၌ နေ​လိမ့်​မည်။ 16 ခိုင်​ခံ့​သော ကျောက်​မြို့၌ ခို​လှုံ​လိမ့်​မည်။ ထို​သူ​အား အ​စာ​ကို အ​စဉ်​ပေး​ရ​လိမ့်​မည်။ သောက်​ရေ​လည်း မ​ပြတ်​ရ။

ရှင်​ဘု​ရင်၏​တင့်​တယ်​ခြင်း

17 သင်​သည် ရှင်​ဘု​ရင်၏ တင့်​တယ်​ခြင်း​အ​သ​ရေ​တော်​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ၍၊ ဝေး​လှ​သော​ပြည်​ကို​လည်း ကြည့်​မြင်​ရ​လိမ့်​မည်။ 18 သင်​သည် ကြောက်​လန့်​ဖွယ်​သော အ​ခြင်း​အ​ရာ​ကို အောက်​မေ့​သော​အ​ခါ၊ စာ​ရင်း​ယူ​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ အ​ခွန်​ခံ​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ ပြ​အိုး​တို့​ကို ရေ​တွက်​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ 19 ကြမ်း​တမ်း​သော​လူ​မျိုး၊ နား​မ​ဝင်​နိုင်​အောင် နက်​နဲ​သော​စ​ကား၊ နား​မ​လည်​နိုင်​အောင် ခက်​ခဲ​သော​စ​ကား​ကို ပြော​သော လူ​မျိုး​ကို သင်​သည် မ​တွေ့​မ​မြင်​ရ။ 20 ငါ​တို့​ပွဲ​ခံ​ရာ​မြို့၊ ဇိ​အုန်​မြို့​ကို ကြည့်​ရှု​လော့။ တိုင်​တစ်​ခု​မျှ​မ​ရွှေ့၊ ကြိုး​တစ်​ခု​မျှ​မ​ပြတ်၊ အ​လျှင်း​မ​ပျက်​ရ​သော တဲ​တည်း​ဟူ​သော၊ ငြိမ်​ဝပ်​သော​နေ​ရာ ယေ​ရု​ရှ​လင်​မြို့​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ​လိမ့်​မည်။ 21 ထို​မြို့​တွင် ဘုန်း​ကြီး​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ ကျယ်​သော​မြစ်​များ ဆုံး​ရာ​အ​ရပ် ဖြစ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရပ်၌ တက်​သော​ရဲ​လှေ၊ အား​ကြီး​သော သင်္ဘော​တစ်​စင်း​မျှ မ​လျှောက်​မ​သွား​ရ။ 22 အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ တ​ရား​သူ​ကြီး ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ ပ​ညတ်​တ​ရား​ရှင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ ရှင်​ဘု​ရင်​ဖြစ်၍၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။

23 သင်၏ သင်္ဘော​ရွက်​ကြိုး​များ ပြုတ်​လျက်​ရှိ၏။ ရွက်​တိုင်​ကို ခိုင်​ခံ့​စွာ​မ​ချည်၊ ရွက်​ကို​လည်း မ​ဖြန့်​နိုင်။ သို့​ဖြစ်၍၊ များ​စွာ​သော​ဥ​စ္စာ​ကို လု​ယူ​ဝေ​ငှ​ရ၏။ ခြေ​ဆွံ့​သော​သူ​ပင် လု​ယူ​ရာ ဥ​စ္စာ​ကို လု​ယူ​ရ၏။ 24 မြို့​သား​က​လည်း၊ ငါ​နာ​သည်​ဟု မ​ဆို​ရ။ ထို​မြို့၌​နေ​သော သူ​တို့​သည် အ​ပြစ်​ပြေ​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။

Todos os capítulos de Isaiah 66
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.