1 הֵ֤ן עַבְדִּי֙ אֶתְמָךְ־בּ֔וֹ בְּחִירִ֖י רָצְתָ֣ה נַפְשִׁ֑י נָתַ֤תִּי רוּחִי֙ עָלָ֔יו מִשְׁפָּ֖ט לַגּוֹיִ֥ם יוֹצִֽיא׃ 2 לֹ֥א יִצְעַ֖ק וְלֹ֣א יִשָּׂ֑א וְלֹֽא־יַשְׁמִ֥יעַ בַּח֖וּץ קוֹלֽוֹ׃ 3 קָנֶ֤ה רָצוּץ֙ לֹ֣א יִשְׁבּ֔וֹר וּפִשְׁתָּ֥ה כֵהָ֖ה לֹ֣א יְכַבֶּ֑נָּה לֶאֱמֶ֖ת יוֹצִ֥יא מִשְׁפָּֽט׃ 4 לֹ֤א יִכְהֶה֙ וְלֹ֣א יָר֔וּץ עַד־יָשִׂ֥ים בָּאָ֖רֶץ מִשְׁפָּ֑ט וּלְתוֹרָת֖וֹ אִיִּ֥ים יְיַחֵֽילוּ׃ פ 5 כֹּֽה־אָמַ֞ר הָאֵ֣ל ׀ יְהוָ֗ה בּוֹרֵ֤א הַשָּׁמַ֨יִם֙ וְנ֣וֹטֵיהֶ֔ם רֹקַ֥ע הָאָ֖רֶץ וְצֶאֱצָאֶ֑יהָ נֹתֵ֤ן נְשָׁמָה֙ לָעָ֣ם עָלֶ֔יהָ וְר֖וּחַ לַהֹלְכִ֥ים בָּֽהּ׃ 6 אֲנִ֧י יְהוָ֛ה קְרָאתִ֥יךָֽ בְצֶ֖דֶק וְאַחְזֵ֣ק בְּיָדֶ֑ךָ וְאֶצָּרְךָ֗ וְאֶתֶּנְךָ֛ לִבְרִ֥ית עָ֖ם לְא֥וֹר גּוֹיִֽם׃ 7 לִפְקֹ֖חַ עֵינַ֣יִם עִוְר֑וֹת לְהוֹצִ֤יא מִמַּסְגֵּר֙ אַסִּ֔יר מִבֵּ֥ית כֶּ֖לֶא יֹ֥שְׁבֵי חֹֽשֶׁךְ׃ 8 אֲנִ֥י יְהוָ֖ה ה֣וּא שְׁמִ֑י וּכְבוֹדִי֙ לְאַחֵ֣ר לֹֽא־אֶתֵּ֔ן וּתְהִלָּתִ֖י לַפְּסִילִֽים׃ 9 הָרִֽאשֹׁנ֖וֹת הִנֵּה־בָ֑אוּ וַֽחֲדָשׁוֹת֙ אֲנִ֣י מַגִּ֔יד בְּטֶ֥רֶם תִּצְמַ֖חְנָה אַשְׁמִ֥יע אֶתְכֶֽם׃ פ 10 שִׁ֤ירוּ לַֽיהוָה֙ שִׁ֣יר חָדָ֔שׁ תְּהִלָּת֖וֹ מִקְצֵ֣ה הָאָ֑רֶץ יוֹרְדֵ֤י הַיָּם֙ וּמְלֹא֔וֹ אִיִּ֖ים וְיֹשְׁבֵיהֶֽם׃ 11 יִשְׂא֤וּ מִדְבָּר֙ וְעָרָ֔יו חֲצֵרִ֖ים תֵּשֵׁ֣ב קֵדָ֑ר יָרֹ֨נּוּ֙ יֹ֣שְׁבֵי סֶ֔לַע מֵרֹ֥אשׁ הָרִ֖ים יִצְוָֽחוּ׃ 12 יָשִׂ֥ימוּ לַֽיהוָ֖ה כָּב֑וֹד וּתְהִלָּת֖וֹ בָּאִיִּ֥ים יַגִּֽידוּ׃ 13 יְהוָה֙ כַּגִּבּ֣וֹר יֵצֵ֔א כְּאִ֥ישׁ מִלְחָמ֖וֹת יָעִ֣יר קִנְאָ֑ה יָרִ֨יעַ֙ אַף־יַצְרִ֔יחַ עַל־אֹיְבָ֖יו יִתְגַּבָּֽר׃ ס 14 הֶחֱשֵׁ֨יתִי֙ מֵֽעוֹלָ֔ם אַחֲרִ֖ישׁ אֶתְאַפָּ֑ק כַּיּוֹלֵדָ֣ה אֶפְעֶ֔ה אֶשֹּׁ֥ם וְאֶשְׁאַ֖ף יָֽחַד׃ 15 אַחֲרִ֤יב הָרִים֙ וּגְבָע֔וֹת וְכָל־עֶשְׂבָּ֖ם אוֹבִ֑ישׁ וְשַׂמְתִּ֤י נְהָרוֹת֙ לָֽאִיִּ֔ים וַאֲגַמִּ֖ים אוֹבִֽישׁ׃ 16 וְהוֹלַכְתִּ֣י עִוְרִ֗ים בְּדֶ֨רֶךְ֙ לֹ֣א יָדָ֔עוּ בִּנְתִיב֥וֹת לֹֽא־יָדְע֖וּ אַדְרִיכֵ֑ם אָשִׂים֩ מַחְשָׁ֨ךְ לִפְנֵיהֶ֜ם לָא֗וֹר וּמַֽעֲקַשִּׁים֙ לְמִישׁ֔וֹר אֵ֚לֶּה הַדְּבָרִ֔ים עֲשִׂיתִ֖ם וְלֹ֥א עֲזַבְתִּֽים׃ 17 נָסֹ֤גוּ אָחוֹר֙ יֵבֹ֣שׁוּ בֹ֔שֶׁת הַבֹּטְחִ֖ים בַּפָּ֑סֶל הָאֹמְרִ֥ים לְמַסֵּכָ֖ה אַתֶּ֥ם אֱלֹהֵֽינוּ׃ ס 18 הַחֵרְשִׁ֖ים שְׁמָ֑עוּ וְהַעִוְרִ֖ים הַבִּ֥יטוּ לִרְאֽוֹת׃ 19 מִ֤י עִוֵּר֙ כִּ֣י אִם־עַבְדִּ֔י וְחֵרֵ֖שׁ כְּמַלְאָכִ֣י אֶשְׁלָ֑ח מִ֤י עִוֵּר֙ כִּמְשֻׁלָּ֔ם וְעִוֵּ֖ר כְּעֶ֥בֶד יְהוָֽה׃ 20 ראית רַבּ֖וֹת וְלֹ֣א תִשְׁמֹ֑ר פָּק֥וֹחַ אָזְנַ֖יִם וְלֹ֥א יִשְׁמָֽע׃ 21 יְהוָ֥ה חָפֵ֖ץ לְמַ֣עַן צִדְק֑וֹ יַגְדִּ֥יל תּוֹרָ֖ה וְיַאְדִּֽיר׃ 22 וְהוּא֮ עַם־בָּז֣וּז וְשָׁסוּי֒ הָפֵ֤חַ בַּֽחוּרִים֙ כֻּלָּ֔ם וּבְבָתֵּ֥י כְלָאִ֖ים הָחְבָּ֑אוּ הָי֤וּ לָבַז֙ וְאֵ֣ין מַצִּ֔יל מְשִׁסָּ֖ה וְאֵין־אֹמֵ֥ר הָשַֽׁב׃ 23 מִ֥י בָכֶ֖ם יַאֲזִ֣ין זֹ֑את יַקְשִׁ֥ב וְיִשְׁמַ֖ע לְאָחֽוֹר׃ 24 מִֽי־נָתַ֨ן למשוסה יַעֲקֹ֛ב וְיִשְׂרָאֵ֥ל לְבֹזְזִ֖ים הֲל֣וֹא יְהוָ֑ה ז֚וּ חָטָ֣אנוּ ל֔וֹ וְלֹֽא־אָב֤וּ בִדְרָכָיו֙ הָל֔וֹךְ וְלֹ֥א שָׁמְע֖וּ בְּתוֹרָתֽוֹ׃ 25 וַיִּשְׁפֹּ֤ךְ עָלָיו֙ חֵמָ֣ה אַפּ֔וֹ וֶעֱז֖וּז מִלְחָמָ֑ה וַתְּלַהֲטֵ֤הוּ מִסָּבִיב֙ וְלֹ֣א יָדָ֔ע וַתִּבְעַר־בּ֖וֹ וְלֹא־יָשִׂ֥ים עַל־לֵֽב׃ פ
ထာဝရဘုရား၏အစေခံ
1 ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သောသူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။မ၊ ၃:၁၇၊ ၁၇:၅။ မာ၊ ၁:၁၁။ လု၊ ၃:၂၂၊၉:၃၅။2 အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။ 3 နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး။ အတောက်သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။ 4 မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမီတွင် အားမလျော့၊ စိတ်လည်း မပျက်ရ။ သူ၏တရားကိုလည်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် မျှော်လင့်ကြလိမ့်မည်။မ၊ ၁၂:၁၈-၂၁။
5 မိုးကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာရှိသောသူတို့အား အသက်ကိုလည်းကောင်း၊ မြေကြီးကို ကျော်နင်းသော သူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊တ၊ ၁၇:၂၄-၂၅။6 ငါထာဝရဘုရားသည် သင့်ကို တရားသဖြင့် ခေါ်ထားသည်ဖြစ်၍၊ဟေရှာ၊ ၄၉:၆။ လု၊ ၂:၃၂။ တ၊ ၁၃:၄၇၊ ၂၆:၂၃။7 လက်ဆွဲလျက် ထောက်မမည်။ သင်သည် ကန်းသောမျက်စိတို့ကို ဖွင့်စိမ့်သောငှာလည်းကောင်း၊ ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှာလည်းကောင်း၊ မှောင်မိုက်၌နေသောသူတို့ကို အမိုက်ထောင်ထဲက နုတ်ယူစိမ့်သောငှာလည်းကောင်း၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဖို့၊ လူအမျိုးမျိုး လင်းစရာဖို့ခန့်ထားမည်။ 8 ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသောသူအားလည်းကောင်း၊ ငါ့အသရေကို ရုပ်တုဆင်းတုတို့အားလည်းကောင်း ငါမပေး။ 9 အရင်ဟောသော အရာတို့သည်ဖြစ်ကြပြီ။ အသစ်သောအရာတို့ကို ယခု ငါဟော၏။ မပေါ်လာမီ သင်တို့အား ငါပြနှင့်၏။
ထောမနာသီချင်း
10 ပင်လယ်ကို ကူးသောသူမှစ၍၊ ပင်လယ်၌ ရှိသမျှတို့နှင့်တကွ၊ တစ်ကျွန်းတစ်နိုင်ငံအရပ်များ၊ ထိုအရပ်၌ နေသောသူများတို့၊ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ 11 တောနှင့်တကွ တော၌ရှိသောမြို့ရွာ၊ ကေဒါအရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌နေသော သူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ်က ကြွေးကြော်ကြစေ။ 12 ထာဝရဘုရားကို ချီးမြှောက်၍၊ တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။
13 ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။ အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တစ်ဖက်၌ အားထုတ်တော်မူလိမ့်မည်။
14 ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက်နေပြီ။ ထိုသို့နေ၍ အောင့်ရဦးမည်လော။ သားဖွားခြင်းဝေဒနာကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှူ၍ ချက်ချင်း ဖျက်ဆီးမည်။ 15 တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေမည်။ သူတို့အပင် ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည်။ မြစ်များကို ကုန်းဖြစ်စေမည်။ ရေကန်များကို ခန်းခြောက်စေမည်။ 16 မျက်စိကန်းသောသူတို့ကို မိမိတို့မသိသောလမ်းဖြင့် ငါဆောင်မည်။ မိမိတို့ မကျွမ်းသောခရီး၌ သွားစေမည်။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည်။ ကောက်သောလမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သောကျေးဇူးကို ပြုမည်။ သူတို့ကို မစွန့်ပစ်။ 17 ရုပ်တုဆင်းတုကို ခိုလှုံ၍၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ၏ဟု သွန်းသော ရုပ်တုတို့အား ဆိုသောသူတို့သည် လှန်ခြင်းကိုခံရ၍၊ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။
တရားတော်ကိုမကျင့်သောဣသရေလအမျိုး
18 နားပင်းသောသူတို့၊ ကြားကြလော့။ မျက်စိကန်းသောသူတို့၊ သင်တို့သည် မြင်ရအံ့သောငှာ ကြည့်ရှုကြလော့။ 19 ငါ့ကျွန်မှတစ်ပါး အဘယ်သူကန်းသနည်း။ ငါစေလွှတ်သောတမန်ကဲ့သို့ အဘယ်သူသည် နားပင်းသနည်း။ ငါ့မိတ်ဆွေကဲ့သို့ အဘယ်သူ ကန်းသနည်း။ ထာဝရဘုရား၏ကျွန်ကဲ့သို့ အဘယ်သူ ကန်းသနည်း။ 20 သင်သည် များစွာမြင်သော်လည်း အာရုံမပြုတတ်။ နားပွင့်လျက်ရှိသော်လည်း မကြားတတ်။ 21 ထာဝရဘုရားသည် မိမိဖြောင့်မတ်ခြင်းကြောင့် အားရနှစ်သက်သဖြင့်၊ တရားတော်ကို ချီးမြှောက်၍ ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူမည်။
22 ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသောအမျိုး ဖြစ်၏။ ရှိသမျှတို့သည် တွင်း၌အချုပ်ခံရ၍၊ ထောင်ထဲမှာ ပုန်းကွယ်လျက်နေကြ၏။ ဖျက်ဆီးရာဖြစ်သောအခါ၊ အဘယ်သူမျှ မနုတ်မယူ။ လုယူရာဖြစ်သောအခါ၊ ပြန်ပေးလော့ဟု အဘယ်သူမျှမဆို။ 23 သင်တို့တွင် အဘယ်သူသည် ဤစကားကို နားထောင်မည်နည်း။ နောင်ကာလဖို့ အဘယ်သူကြား၍ မှတ်မည်နည်း။ 24 လုယူရာဖြစ်စေခြင်းငှာ ယာကုပ်ကိုလည်းကောင်း၊ ဓားပြတို့လက်သို့ ဣသရေလကိုလည်းကောင်း အဘယ်သူအပ်သနည်း။ ငါတို့ပြစ်မှားသော အရှင်ထာဝရဘုရား အပ်တော်မူသည် မဟုတ်လော။ သူတို့သည် နောက်တော်သို့မလိုက်၊ တရားတော်ကို မကျင့်ဘဲ နေကြ၏။ 25 ထိုကြောင့်၊ ပြင်းစွာသော အမျက်တော်ထွက်ခြင်း ကြမ်းတမ်းသော စစ်တိုက်ခြင်းကို သူတို့အပေါ်သို့ သွန်းလောင်းတော်မူသဖြင့်၊ သူတို့ပတ်လည်၌ မီးရှို့၏။ သို့သော်လည်း၊ သူတို့သည် မသိကြ။ မီးလောင်သော်လည်း၊ သတိမထားဘဲနေကြ၏။