1 כָּרַ֥ע בֵּל֙ קֹרֵ֣ס נְב֔וֹ הָיוּ֙ עֲצַבֵּיהֶ֔ם לַחַיָּ֖ה וְלַבְּהֵמָ֑ה נְשֻׂאֹתֵיכֶ֣ם עֲמוּס֔וֹת מַשָּׂ֖א לַעֲיֵפָֽה׃ 2 קָרְס֤וּ כָֽרְעוּ֙ יַחְדָּ֔ו לֹ֥א יָכְל֖וּ מַלֵּ֣ט מַשָּׂ֑א וְנַפְשָׁ֖ם בַּשְּׁבִ֥י הָלָֽכָה׃ ס 3 שִׁמְע֤וּ אֵלַי֙ בֵּ֣ית יַעֲקֹ֔ב וְכָל־שְׁאֵרִ֖ית בֵּ֣ית יִשְׂרָאֵ֑ל הַֽעֲמֻסִים֙ מִנִּי־בֶ֔טֶן הַנְּשֻׂאִ֖ים מִנִּי־רָֽחַם׃ 4 וְעַד־זִקְנָה֙ אֲנִ֣י ה֔וּא וְעַד־שֵיבָ֖ה אֲנִ֣י אֶסְבֹּ֑ל אֲנִ֤י עָשִׂ֨יתִי֙ וַאֲנִ֣י אֶשָּׂ֔א וַאֲנִ֥י אֶסְבֹּ֖ל וַאֲמַלֵּֽט׃ ס 5 לְמִ֥י תְדַמְי֖וּנִי וְתַשְׁו֑וּ וְתַמְשִׁל֖וּנִי וְנִדְמֶֽה׃ 6 הַזָּלִ֤ים זָהָב֙ מִכִּ֔יס וְכֶ֖סֶף בַּקָּנֶ֣ה יִשְׁקֹ֑לוּ יִשְׂכְּר֤וּ צוֹרֵף֙ וְיַעֲשֵׂ֣הוּ אֵ֔ל יִסְגְּד֖וּ אַף־יִֽשְׁתַּחֲוּֽוּ׃ 7 יִ֠שָּׂאֻהוּ עַל־כָּתֵ֨ף יִסְבְּלֻ֜הוּ וְיַנִּיחֻ֤הוּ תַחְתָּיו֙ וְיַֽעֲמֹ֔ד מִמְּקוֹמ֖וֹ לֹ֣א יָמִ֑ישׁ אַף־יִצְעַ֤ק אֵלָיו֙ וְלֹ֣א יַעֲנֶ֔ה מִצָּרָת֖וֹ לֹ֥א יוֹשִׁיעֶֽנּוּ׃ ס 8 זִכְרוּ־זֹ֖את וְהִתְאֹשָׁ֑שׁוּ הָשִׁ֥יבוּ פוֹשְׁעִ֖ים עַל־לֵֽב׃ 9 זִכְר֥וּ רִאשֹׁנ֖וֹת מֵעוֹלָ֑ם כִּ֣י אָנֹכִ֥י אֵל֙ וְאֵ֣ין ע֔וֹד אֱלֹהִ֖ים וְאֶ֥פֶס כָּמֽוֹנִי׃ 10 מַגִּ֤יד מֵֽרֵאשִׁית֙ אַחֲרִ֔ית וּמִקֶּ֖דֶם אֲשֶׁ֣ר לֹא־נַעֲשׂ֑וּ אֹמֵר֙ עֲצָתִ֣י תָק֔וּם וְכָל־חֶפְצִ֖י אֶעֱשֶֽׂה׃ 11 קֹרֵ֤א מִמִּזְרָח֙ עַ֔יִט מֵאֶ֥רֶץ מֶרְחָ֖ק אִ֣ישׁ עצתו אַף־דִּבַּ֨רְתִּי֙ אַף־אֲבִיאֶ֔נָּה יָצַ֖רְתִּי אַף־אֶעֱשֶֽׂנָּה׃ ס 12 שִׁמְע֥וּ אֵלַ֖י אַבִּ֣ירֵי לֵ֑ב הָרְחוֹקִ֖ים מִצְּדָקָֽה׃ 13 קֵרַ֤בְתִּי צִדְקָתִי֙ לֹ֣א תִרְחָ֔ק וּתְשׁוּעָתִ֖י לֹ֣א תְאַחֵ֑ר וְנָתַתִּ֤י בְצִיּוֹן֙ תְּשׁוּעָ֔ה לְיִשְׂרָאֵ֖ל תִּפְאַרְתִּֽי׃ ס
1 ဗေလသည် ကျပြီ။ နေဗောသည်ကျိုးပဲ့ပြီ။ သူတို့ ရုပ်တုတို့သည် အခြေလေးချောင်းရှိသော သားတိရစ္ဆာန်တို့ အပေါ်မှာ ရှိကြ၏။ သင်တို့ထမ်းဖူးသောဝန်ကို တင်၍၊ ပင်ပန်းသော တိရစ္ဆာန်တို့သည် ထမ်းရကြ၏။ 2 သူတို့သည် ကျိုးပဲ့လျက်၊ အတူလဲလျက်နေ၍၊ မိမိတို့ထမ်းရသောဝန်ကို မကယ်တင်နိုင်ဘဲ၊ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား။
3 အို ယာကုပ်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့၊ ဖွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။ 4 သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင်၊ ငါသည် ထိုသို့သောသူဖြစ်၍၊ သင်တို့ကိုဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင်ရွက်၍ ကယ်တင်မည်။
5 သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည်နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။ 6 ရွှေကို အိတ်ထဲကများစွာထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းထိမ်သမားကိုငှား၍ ဘုရားကို လုပ်စေပြီးမှ၊ ပျပ်ဝပ်ကိုးကွယ်ကြသည် တကား။ 7 ထိုဘုရားကို ပခုံးပေါ်မှာထမ်း၍ ဆောင်သွားသဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ်နေ၏။ သူ၏နေရာမှ သူမရွှေ့နိုင်။ သူ့ကို အော်ဟစ်သော်လည်း၊ သူသည်မထူး။ ဒုက္ခဆင်းရဲထဲက မကယ်မနုတ်နိုင်။
8 အို ဖောက်ပြန်သောသူတို့၊ ဤအမှုကို အောက်မေ့၍ ယောက်ျားဂုဏ်ကို ပြကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။ 9 ရှေးကာလ၌ ဖြစ်ဖူးသောအမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။ 10 အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆိုလျက်၊ 11 ဝေးသောအရပ်၊ အရှေ့မျက်နှာမှ ငါ၏လက်ထောက်တည်းဟူသော ငှက်ရဲကို ခေါ်လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။
12 စိတ်ခိုင်မာ၍ ဖြောင့်မတ်ခြင်းတရားနှင့် ဝေးသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ 13 ငါ၏ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါဆောင်ခဲ့မည်။ အဝေး၌မနေရ။ ငါ၏ကယ်တင်ခြင်းကျေးဇူးလည်း မဖင့်နွှဲရ။ ဇိအုန်တောင်ပေါ်မှာ ငါ၏ကယ်တင်ခြင်းကျေးဇူးကိုလည်းကောင်း၊ ဣသရေလအမျိုး၌ ငါ့ဘုန်းကိုလည်းကောင်း ငါထားမည်။