Pular para o conteúdo
Publicidade Remover anúncios

Isaiah 46

WLC · Westminster Leningrad Codex

1 כָּרַ֥ע בֵּל֙ קֹרֵ֣ס נְב֔וֹ הָיוּ֙ עֲצַבֵּיהֶ֔ם לַחַיָּ֖ה וְלַבְּהֵמָ֑ה נְשֻׂאֹתֵיכֶ֣ם עֲמוּס֔וֹת מַשָּׂ֖א לַעֲיֵפָֽה׃ 2 קָרְס֤וּ כָֽרְעוּ֙ יַחְדָּ֔ו לֹ֥א יָכְל֖וּ מַלֵּ֣ט מַשָּׂ֑א וְנַפְשָׁ֖ם בַּשְּׁבִ֥י הָלָֽכָה׃ ס 3 שִׁמְע֤וּ אֵלַי֙ בֵּ֣ית יַעֲקֹ֔ב וְכָל־שְׁאֵרִ֖ית בֵּ֣ית יִשְׂרָאֵ֑ל הַֽעֲמֻסִים֙ מִנִּי־בֶ֔טֶן הַנְּשֻׂאִ֖ים מִנִּי־רָֽחַם׃ 4 וְעַד־זִקְנָה֙ אֲנִ֣י ה֔וּא וְעַד־שֵיבָ֖ה אֲנִ֣י אֶסְבֹּ֑ל אֲנִ֤י עָשִׂ֨יתִי֙ וַאֲנִ֣י אֶשָּׂ֔א וַאֲנִ֥י אֶסְבֹּ֖ל וַאֲמַלֵּֽט׃ ס 5 לְמִ֥י תְדַמְי֖וּנִי וְתַשְׁו֑וּ וְתַמְשִׁל֖וּנִי וְנִדְמֶֽה׃ 6 הַזָּלִ֤ים זָהָב֙ מִכִּ֔יס וְכֶ֖סֶף בַּקָּנֶ֣ה יִשְׁקֹ֑לוּ יִשְׂכְּר֤וּ צוֹרֵף֙ וְיַעֲשֵׂ֣הוּ אֵ֔ל יִסְגְּד֖וּ אַף־יִֽשְׁתַּחֲוּֽוּ׃ 7 יִ֠שָּׂאֻהוּ עַל־כָּתֵ֨ף יִסְבְּלֻ֜הוּ וְיַנִּיחֻ֤הוּ תַחְתָּיו֙ וְיַֽעֲמֹ֔ד מִמְּקוֹמ֖וֹ לֹ֣א יָמִ֑ישׁ אַף־יִצְעַ֤ק אֵלָיו֙ וְלֹ֣א יַעֲנֶ֔ה מִצָּרָת֖וֹ לֹ֥א יוֹשִׁיעֶֽנּוּ׃ ס 8 זִכְרוּ־זֹ֖את וְהִתְאֹשָׁ֑שׁוּ הָשִׁ֥יבוּ פוֹשְׁעִ֖ים עַל־לֵֽב׃ 9 זִכְר֥וּ רִאשֹׁנ֖וֹת מֵעוֹלָ֑ם כִּ֣י אָנֹכִ֥י אֵל֙ וְאֵ֣ין ע֔וֹד אֱלֹהִ֖ים וְאֶ֥פֶס כָּמֽוֹנִי׃ 10 מַגִּ֤יד מֵֽרֵאשִׁית֙ אַחֲרִ֔ית וּמִקֶּ֖דֶם אֲשֶׁ֣ר לֹא־נַעֲשׂ֑וּ אֹמֵר֙ עֲצָתִ֣י תָק֔וּם וְכָל־חֶפְצִ֖י אֶעֱשֶֽׂה׃ 11 קֹרֵ֤א מִמִּזְרָח֙ עַ֔יִט מֵאֶ֥רֶץ מֶרְחָ֖ק אִ֣ישׁ עצתו אַף־דִּבַּ֨רְתִּי֙ אַף־אֲבִיאֶ֔נָּה יָצַ֖רְתִּי אַף־אֶעֱשֶֽׂנָּה׃ ס 12 שִׁמְע֥וּ אֵלַ֖י אַבִּ֣ירֵי לֵ֑ב הָרְחוֹקִ֖ים מִצְּדָקָֽה׃ 13 קֵרַ֤בְתִּי צִדְקָתִי֙ לֹ֣א תִרְחָ֔ק וּתְשׁוּעָתִ֖י לֹ֣א תְאַחֵ֑ר וְנָתַתִּ֤י בְצִיּוֹן֙ תְּשׁוּעָ֔ה לְיִשְׂרָאֵ֖ל תִּפְאַרְתִּֽי׃ ס

JBMLE · Judson Bible

1 ဗေ​လ​သည် ကျ​ပြီ။ နေ​ဗော​သည်​ကျိုး​ပဲ့​ပြီ။ သူ​တို့ ရုပ်​တု​တို့​သည် အ​ခြေ​လေး​ချောင်း​ရှိ​သော သား​တိ​ရ​စ္ဆာန်​တို့ အ​ပေါ်​မှာ ရှိ​ကြ၏။ သင်​တို့​ထမ်း​ဖူး​သော​ဝန်​ကို တင်၍၊ ပင်​ပန်း​သော တိ​ရ​စ္ဆာန်​တို့​သည် ထမ်း​ရ​ကြ၏။ 2 သူ​တို့​သည် ကျိုး​ပဲ့​လျက်၊ အ​တူ​လဲ​လျက်​နေ၍၊ မိ​မိ​တို့​ထမ်း​ရ​သော​ဝန်​ကို မ​ကယ်​တင်​နိုင်​ဘဲ၊ ကိုယ်​တိုင် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​သည်​တ​ကား။

3 အို ယာ​ကုပ်​အ​မျိုး​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ဖွား​စ​က​ပင် သင်​တို့​ကို ငါ​ထမ်း​လေ​ပြီ။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ငါ​ဆောင်​ရွက်​လေ​ပြီ။ 4 သင်​တို့​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ ငါ​သည် ထို​သို့​သော​သူ​ဖြစ်၍၊ သင်​တို့​ကို​ဆောင်​ရွက်​မည်။ ငါ​ပြု​ခဲ့​ပြီး​သည်​အ​တိုင်း ထမ်း​ဦး​မည်။ ဆောင်​ရွက်၍ ကယ်​တင်​မည်။

5 သင်​တို့​သည် ငါ့​ကို အ​ဘယ်​သူ​နှင့် ပုံ​ပြ​ကြ​မည်​နည်း။ အ​ဘယ်​သူ​နှင့် တူ​စေ​ကြ​မည်​နည်း။ တူ​အောင် အ​ဘယ်​သူ​နှင့် ခိုင်း​နှိုင်း​ကြ​မည်​နည်း။ 6 ရွှေ​ကို အိတ်​ထဲ​က​များ​စွာ​ထုတ်​လျက်၊ ငွေ​ကို​လည်း ချိန်​ခွင်​နှင့်​ချိန်​လျက်၊ ပန်း​ထိမ်​သ​မား​ကို​ငှား၍ ဘု​ရား​ကို လုပ်​စေ​ပြီး​မှ၊ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​သည် တ​ကား။ 7 ထို​ဘု​ရား​ကို ပ​ခုံး​ပေါ်​မှာ​ထမ်း၍ ဆောင်​သွား​သ​ဖြင့် သူ့​နေ​ရာ၌ ထား​ကြ၏။ သူ​သည်​လည်း မတ်​တတ်​နေ၏။ သူ၏​နေ​ရာ​မှ သူ​မ​ရွှေ့​နိုင်။ သူ့​ကို အော်​ဟစ်​သော်​လည်း၊ သူ​သည်​မ​ထူး။ ဒု​က္ခ​ဆင်း​ရဲ​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။

8 အို ဖောက်​ပြန်​သော​သူ​တို့၊ ဤ​အ​မှု​ကို အောက်​မေ့၍ ယောက်ျား​ဂုဏ်​ကို ပြ​ကြ​လော့။ သ​တိ​နှင့် ဆင်​ခြင်​ကြ​လော့။ 9 ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မှု​အ​ရာ​တို့​ကို အောက်​မေ့​ကြ​လော့။ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။ 10 အ​ဦး​မှ​စ၍ အ​ဆုံး​တိုင်​အောင်​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​စ၍ မ​ဖြစ်​သေး​သော အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း ဖော်​ပြ​လျက်၊ ငါ့​အ​ကြံ​တည်​လိမ့်​မည်။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ငါ​ပြည့်​စုံ​စေ​မည်​ဟု ဆို​လျက်၊ 11 ဝေး​သော​အ​ရပ်၊ အ​ရှေ့​မျက်​နှာ​မှ ငါ၏​လက်​ထောက်​တည်း​ဟူ​သော ငှက်​ရဲ​ကို ခေါ်​လျက်၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​နှင့်​တူ​သော​သူ မည်​မျှ​မ​ရှိ။ ငါ​သည် နှုတ်​ထွက်​အ​တိုင်း​ပြု​မည်။ ကြံ​သည်​အ​တိုင်း စီ​ရင်​မည်။

12 စိတ်​ခိုင်​မာ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ဝေး​သော​သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ 13 ငါ၏​ဖြောင့်​မတ်​ခြင်း​တ​ရား​ကို အ​နီး​သို့ ငါ​ဆောင်​ခဲ့​မည်။ အ​ဝေး၌​မ​နေ​ရ။ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​လည်း မ​ဖင့်​နွှဲ​ရ။ ဇိ​အုန်​တောင်​ပေါ်​မှာ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ ငါ့​ဘုန်း​ကို​လည်း​ကောင်း ငါ​ထား​မည်။

Todos os capítulos de Isaiah 66
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.