Pular para o conteúdo
Publicidade Remover anúncios

Isaiah 49

WLC · Westminster Leningrad Codex

1 שִׁמְע֤וּ אִיִּים֙ אֵלַ֔י וְהַקְשִׁ֥יבוּ לְאֻמִּ֖ים מֵרָח֑וֹק יְהוָה֙ מִבֶּ֣טֶן קְרָאָ֔נִי מִמְּעֵ֥י אִמִּ֖י הִזְכִּ֥יר שְׁמִֽי׃ 2 וַיָּ֤שֶׂם פִּי֙ כְּחֶ֣רֶב חַדָּ֔ה בְּצֵ֥ל יָד֖וֹ הֶחְבִּיאָ֑נִי וַיְשִׂימֵ֨נִי֙ לְחֵ֣ץ בָּר֔וּר בְּאַשְׁפָּת֖וֹ הִסְתִּירָֽנִי׃ 3 וַיֹּ֥אמֶר לִ֖י עַבְדִּי־אָ֑תָּה יִשְׂרָאֵ֕ל אֲשֶׁר־בְּךָ֖ אֶתְפָּאָֽר׃ 4 וַאֲנִ֤י אָמַ֨רְתִּי֙ לְרִ֣יק יָגַ֔עְתִּי לְתֹ֥הוּ וְהֶ֖בֶל כֹּחִ֣י כִלֵּ֑יתִי אָכֵן֙ מִשְׁפָּטִ֣י אֶת־יְהוָ֔ה וּפְעֻלָּתִ֖י אֶת־אֱלֹהָֽי׃ 5 וְעַתָּ֣ה ׀ אָמַ֣ר יְהוָ֗ה יֹצְרִ֤י מִבֶּ֨טֶן֙ לְעֶ֣בֶד ל֔וֹ לְשׁוֹבֵ֤ב יַֽעֲקֹב֙ אֵלָ֔יו וְיִשְׂרָאֵ֖ל לא יֵאָסֵ֑ף וְאֶכָּבֵד֙ בְּעֵינֵ֣י יְהוָ֔ה וֵאלֹהַ֖י הָיָ֥ה עֻזִּֽי׃ 6 וַיֹּ֗אמֶר נָקֵ֨ל מִֽהְיוֹתְךָ֥ לִי֙ עֶ֔בֶד לְהָקִים֙ אֶת־שִׁבְטֵ֣י יַעֲקֹ֔ב ונצירי יִשְׂרָאֵ֖ל לְהָשִׁ֑יב וּנְתַתִּ֨יךָ֙ לְא֣וֹר גּוֹיִ֔ם לִֽהְי֥וֹת יְשׁוּעָתִ֖י עַד־קְצֵ֥ה הָאָֽרֶץ׃ ס 7 כֹּ֣ה אָֽמַר־יְהוָה֩ גֹּאֵ֨ל יִשְׂרָאֵ֜ל קְדוֹשׁ֗וֹ לִבְזֹה־נֶ֜פֶשׁ לִמְתָ֤עֵֽב גּוֹי֙ לְעֶ֣בֶד מֹשְׁלִ֔ים מְלָכִים֙ יִרְא֣וּ וָקָ֔מוּ שָׂרִ֖ים וְיִֽשְׁתַּחֲוּ֑וּ לְמַ֤עַן יְהוָה֙ אֲשֶׁ֣ר נֶאֱמָ֔ן קְדֹ֥שׁ יִשְׂרָאֵ֖ל וַיִּבְחָרֶֽךָּ׃ 8 כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה בְּעֵ֤ת רָצוֹן֙ עֲנִיתִ֔יךָ וּבְי֥וֹם יְשׁוּעָ֖ה עֲזַרְתִּ֑יךָ וְאֶצָּרְךָ֗ וְאֶתֶּנְךָ֙ לִבְרִ֣ית עָ֔ם לְהָקִ֣ים אֶ֔רֶץ לְהַנְחִ֖יל נְחָל֥וֹת שֹׁמֵמֽוֹת׃ 9 לֵאמֹ֤ר לַֽאֲסוּרִים֙ צֵ֔אוּ לַאֲשֶׁ֥ר בַּחֹ֖שֶׁךְ הִגָּל֑וּ עַל־דְּרָכִ֣ים יִרְע֔וּ וּבְכָל־שְׁפָיִ֖ים מַרְעִיתָֽם׃ 10 לֹ֤א יִרְעָ֨בוּ֙ וְלֹ֣א יִצְמָ֔אוּ וְלֹא־יַכֵּ֥ם שָׁרָ֖ב וָשָׁ֑מֶשׁ כִּי־מְרַחֲמָ֣ם יְנַהֲגֵ֔ם וְעַל־מַבּ֥וּעֵי מַ֖יִם יְנַהֲלֵֽם׃ 11 וְשַׂמְתִּ֥י כָל־הָרַ֖י לַדָּ֑רֶךְ וּמְסִלֹּתַ֖י יְרֻמֽוּן׃ 12 הִנֵּה־אֵ֕לֶּה מֵרָח֖וֹק יָבֹ֑אוּ וְהִֽנֵּה־אֵ֨לֶּה֙ מִצָּפ֣וֹן וּמִיָּ֔ם וְאֵ֖לֶּה מֵאֶ֥רֶץ סִינִֽים׃ 13 רָנּ֤וּ שָׁמַ֨יִם֙ וְגִ֣ילִי אָ֔רֶץ יפצחו הָרִ֖ים רִנָּ֑ה כִּֽי־נִחַ֤ם יְהוָה֙ עַמּ֔וֹ וַעֲנִיָּ֖ו יְרַחֵֽם׃ ס 14 וַתֹּ֥אמֶר צִיּ֖וֹן עֲזָבַ֣נִי יְהוָ֑ה וַאדֹנָ֖י שְׁכֵחָֽנִי׃ 15 הֲתִשְׁכַּ֤ח אִשָּׁה֙ עוּלָ֔הּ מֵרַחֵ֖ם בֶּן־בִּטְנָ֑הּ גַּם־אֵ֣לֶּה תִשְׁכַּ֔חְנָה וְאָנֹכִ֖י לֹ֥א אֶשְׁכָּחֵֽךְ׃ 16 הֵ֥ן עַל־כַּפַּ֖יִם חַקֹּתִ֑יךְ חוֹמֹתַ֥יִךְ נֶגְדִּ֖י תָּמִֽיד׃ 17 מִֽהֲר֖וּ בָּנָ֑יִךְ מְהָֽרְסַ֥יִךְ וּמַחֲרִבַ֖יִךְ מִמֵּ֥ךְ יֵצֵֽאוּ׃ 18 שְׂאִֽי־סָבִ֤יב עֵינַ֨יִךְ֙ וּרְאִ֔י כֻּלָּ֖ם נִקְבְּצ֣וּ בָֽאוּ־לָ֑ךְ חַי־אָ֣נִי נְאֻם־יְהוָ֗ה כִּ֤י כֻלָּם֙ כָּעֲדִ֣י תִלְבָּ֔שִׁי וּֽתְקַשְּׁרִ֖ים כַּכַּלָּֽה׃ 19 כִּ֤י חָרְבֹתַ֨יִךְ֙ וְשֹׁ֣מְמֹתַ֔יִךְ וְאֶ֖רֶץ הֲרִֽסֻתֵ֑יךְ כִּ֤י עַתָּה֙ תֵּצְרִ֣י מִיּוֹשֵׁ֔ב וְרָחֲק֖וּ מְבַלְּעָֽיִךְ׃ 20 ע֚וֹד יֹאמְר֣וּ בְאָזְנַ֔יִךְ בְּנֵ֖י שִׁכֻּלָ֑יִךְ צַר־לִ֥י הַמָּק֖וֹם גְּשָׁה־לִּ֥י וְאֵשֵֽׁבָה׃ 21 וְאָמַ֣רְתְּ בִּלְבָבֵ֗ךְ מִ֤י יָֽלַד־לִי֙ אֶת־אֵ֔לֶּה וַאֲנִ֥י שְׁכוּלָ֖ה וְגַלְמוּדָ֑ה גֹּלָ֣ה ׀ וְסוּרָ֗ה וְאֵ֨לֶּה֙ מִ֣י גִדֵּ֔ל הֵ֤ן אֲנִי֙ נִשְׁאַ֣רְתִּי לְבַדִּ֔י אֵ֖לֶּה אֵיפֹ֥ה הֵֽם׃ פ 22 כֹּֽה־אָמַ֞ר אֲדֹנָ֣י יְהוִ֗ה הִנֵּ֨ה אֶשָּׂ֤א אֶל־גּוֹיִם֙ יָדִ֔י וְאֶל־עַמִּ֖ים אָרִ֣ים נִסִּ֑י וְהֵבִ֤יאוּ בָנַ֨יִךְ֙ בְּחֹ֔צֶן וּבְנֹתַ֖יִךְ עַל־כָּתֵ֥ף תִּנָּשֶֽׂאנָה׃ 23 וְהָי֨וּ מְלָכִ֜ים אֹֽמְנַ֗יִךְ וְשָׂרֽוֹתֵיהֶם֙ מֵינִ֣יקֹתַ֔יִךְ אַפַּ֗יִם אֶ֚רֶץ יִשְׁתַּ֣חֲווּ לָ֔ךְ וַעֲפַ֥ר רַגְלַ֖יִךְ יְלַחֵ֑כוּ וְיָדַ֨עַתְּ֙ כִּֽי־אֲנִ֣י יְהוָ֔ה אֲשֶׁ֥ר לֹֽא־יֵבֹ֖שׁוּ קוָֹֽי׃ ס 24 הֲיֻקַּ֥ח מִגִּבּ֖וֹר מַלְק֑וֹחַ וְאִם־שְׁבִ֥י צַדִּ֖יק יִמָּלֵֽט׃ 25 כִּי־כֹ֣ה ׀ אָמַ֣ר יְהוָ֗ה גַּם־שְׁבִ֤י גִבּוֹר֙ יֻקָּ֔ח וּמַלְק֥וֹחַ עָרִ֖יץ יִמָּלֵ֑ט וְאֶת־יְרִיבֵךְ֙ אָנֹכִ֣י אָרִ֔יב וְאֶת־בָּנַ֖יִךְ אָנֹכִ֥י אוֹשִֽׁיעַ׃ 26 וְהַאֲכַלְתִּ֤י אֶת־מוֹנַ֨יִךְ֙ אֶת־בְּשָׂרָ֔ם וְכֶעָסִ֖יס דָּמָ֣ם יִשְׁכָּר֑וּן וְיָדְע֣וּ כָל־בָּשָׂ֗ר כִּ֣י אֲנִ֤י יְהוָה֙ מֽוֹשִׁיעֵ֔ךְ וְגֹאֲלֵ֖ךְ אֲבִ֥יר יַעֲקֹֽב׃ ס

JBMLE · Judson Bible

ထာ၀​ရ​ဘု​ရား​၏​အ​စေ​ခံ

1 တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၊ ငါ့​စ​ကား​ကို​ကြား​ကြ​လော့။ ဝေး​စွာ​သော​လူ​မျိုး​တို့၊ စေ့​စေ့​နား​ထောင်​ကြ​လော့။ ငါ​ဖွား​စ​က​ပင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ခေါ်​တော်​မူ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ငါ၏​နာ​မ​ကို မှတ်​တော်​မူ၏။ယေ၊ ၁:၅။2 ငါ့​နှုတ်​ကို ထက်​သော​ဓား​ကဲ့​သို့ ဖြစ်​စေ၍၊ လက်​တော်​အ​ရိပ်၌ ဖုံး​ထား​တော်​မူ၏။ ငါ့​ကို​လည်း ဦး​သစ်​သော စည်း​သွား​ဖြစ်​စေ၍၊ မိ​မိ​မြား​တောင့်ထဲ​မှာ ဝှက်​ထား​တော်​မူ၏။ 3 အို ဣ​သ​ရေ​လ၊ သင်​သည် ငါ၏​ကျွန်​ဖြစ်၏။ သင့်​အား​ဖြင့် ငါ့​ဘုန်း​သည် ထင်​ရှား​လိမ့်​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​ပြီ။ 4 ငါ​က​လည်း၊ အ​ကျိုး​မ​ရှိ​ဘဲ ငါ​လုပ်​ဆောင်​ရ​ပြီ။ အ​ချည်း​နှီး​သက်​သက် ငါ့​ခွန်​အား​ကုန်​ရ​ပြီ။ သို့​သော်​လည်း၊ ငါ့​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ၏။ ငါ​ခံ​ရ​သော​အ​ခ​လည်း ငါ၏​ဘု​ရား​သ​ခင်​လက်​တော်၌ ရှိ​သည်​ဟု​ဆို၏။ 5 ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သ​ရေ​ထင်​ရှား၍၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​ကို ခိုင်​ခံ့​စေ​တော်​မူ​သည်​အ​ကြောင်း​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​ထံ​တော်၌ စု​ဝေး​စေ​ခြင်း​ကို မ​ခံ​သော်​လည်း၊ ငါ​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ထံ​တော်​သို့ တစ်​ဖန်​ဆောင်​ခဲ့​ရ​သော​ကျွန် ဖြစ်​စေ​မည်​အ​ကြောင်း၊ ငါ့​ကို​အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ 6 သင်​သည် ယာ​ကုပ်၏​အ​မျိုး​အ​နွယ်​တို့​ကို ချီး​မြှောက်​ခြင်း၊ ဘေး​လွတ်​သော ဣ​သ​ရေ​လ​သား​တို့​ကို အ​ရင်​ကဲ့​သို့ ဖြစ်​စေ​ခြင်း​အ​လို​ငှာ​သာ၊ ငါ့​အ​မှု​ကို​ဆောင်​ရွက်​သော​အ​မှု​သည် သာ​မ​ည​အ​မှု ဖြစ်၏။ ထို​အ​မှု​မ​က၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သား​တို့ လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ၏။ဟေ​ရှာ၊ ၄၂:၆။ လု၊ ၂:၃၂။ တ၊ ၁၃:၄၇၊ ၂၆:၂၃။

ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​ခြင်း

7 ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​တော်​မူ၍၊ ထို​အ​မျိုး၏ သန့်​ရှင်း​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ဘယ်​သူ​မျှ မ​နှစ်​သက်၊ တစ်​ပြည်​လုံး ရွံ​ရှာ​ဖွယ်​ဖြစ်၍၊ မင်း​ထံ၌ ကျွန်​ခံ​ရ​သော​သူ​အား မိန့်​တော်​မူ​သည်​ကား၊ သ​စ္စာ​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ သင့်​ကို ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ကျေး​ဇူး​တော်​ကြောင့်၊ ရှင်​ဘု​ရင်​တို့​သည် မြင်၍ ထ​ကြ​လိမ့်​မည်။ မင်း​သား​တို့​သည်​လည်း ကိုး​ကွယ်​ကြ​လိမ့်​မည်။ 8 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နှစ်​သက်​ဖွယ်​သော​အ​ချိန်၌ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ ကယ်​တင်​ရာ​ကာ​လ၌ သင့်​ကို​မ​စ​ပြီ။ သင့်​ကို​လည်း ငါ​စောင့်​ရှောက်၍၊ သင်​သည် ပြည်​တော်​ကို ပြု​ပြင်​လျက်၊ ဆိတ်​ညံ​သော အ​မွေ​ခံ​ရာ​အ​ရပ်​တို့​ကို အ​မွေ​ပေး​စေ​မည်​အ​ကြောင်း၊၂​ကော၊ ၆:၂။9 ထွက်​ကြ​လော့​ဟု ချုပ်​ထား​သော​သူ​တို့​အား​လည်း​ကောင်း၊ ပေါ်​လာ​ကြ​လော့​ဟု မှောင်​မိုက်​ထဲ​မှာ​နေ​သော သူ​တို့​အား​လည်း​ကောင်း ပြော​စေ​မည်​အ​ကြောင်း၊ လူ​မျိုး​အား ပ​ဋိ​ညာဉ်​တ​ရား​ကို ပြု​စ​ရာ​ဖို့ သင့်​ကို​ခန့်​ထား​မည်။ သို့​ဖြစ်၍၊ ထို​သူ​တို့​သည် လမ်း​ခ​ရီး​တို့​အ​နား​မှာ စား​ရ၍၊ မြင့်​သော​အ​ရပ်​ရပ်​တို့၌ ကျက်​စား​ရာ​ကို တွေ့​ရ​ကြ​လိမ့်​မည်။ 10 သူ​တို့​သည် ရေ​စာ​ကို မ​ငတ်​မ​မွတ်​ရ။ အ​ပူ​ကို​လည်း မ​ခံ​ရ​ကြ။ နေ​ရောင်​ခြည် မ​ထိ​ရ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ကို သ​နား​သော​သူ​သည် သူ​တို့​ကို ပို့​ဆောင်၍၊ စမ်း​ရေ​တွင်း​အ​နား​သို့​လမ်း​ပြ​လိမ့်​မည်။ဗျာ၊ ၇:၁၆-၁၇။11 ငါ၏​တောင်​ရှိ​သ​မျှ​တို့​ကို သွား​ရာ​လမ်း​ဖြစ်​စေ​မည်။ ငါ၏​မြေ​တန်​တား​များ​ကို​လည်း ငါ​ဖို့​မည်။ 12 ကြည့်​ရှု​လော့။ ဤ​သူ​တို့​သည် ဝေး​သော​အ​ရပ်​မှ လာ​ကြ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သူ​တို့​သည် မြောက်​မျက်​နှာ​နှင့် အ​နောက်​မျက်​နှာ​မှ​လည်း​ကောင်း၊ ထို​သူ​တို့​သည်​လည်း၊ သိ​နိမ်​ပြည်​မှ​လည်း​ကောင်း လာ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

13 အို မိုး​ကောင်း​ကင်​တို့၊ သီ​ချင်း​ဆို​ကြ​လော့။ အို မြေ​ကြီး၊ ဝမ်း​မြောက်​ခြင်း​ရှိ​လော့။ အို တောင်​များ​တို့၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို နှစ်​သိမ့်​စေ​တော်​မူ၏။ ဆင်း​ရဲ​ခံ​ရ​သော မိ​မိ​လူ​တို့​ကို ကယ်​မ​သ​နား​တော်​မူ၏။

14 ဇိ​အုန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​စွန့်​ပစ်​တော်​မူ​ပြီ။ ဘု​ရား​ရှင်​သည် ငါ့​ကို​မေ့​လျော့​တော်​မူ​ပြီ​ဟု ဆို​လေ​သော်၊ 15 မိန်း​မ​သည် မိ​မိ​ဖွား​သော​သား​ကို မ​သ​နား​သည်​တိုင်​အောင်၊ မိ​မိ​နို့​စို့​သူ​ငယ်​ကို မေ့​လျော့​နိုင်​သ​လော။ အ​ကယ်၍ မေ့​လျော့​သော်​လည်း၊ သင့်​ကို ငါ​မ​မေ့​လျော့။ 16 ငါ​သည် ကိုယ်​လက်​ဝါး၌ သင့်​ကို​စာ​ထိုး​ပြီ။ သင်၏​မြို့​ရိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ်​ရှိ၏။ 17 သင်၏​သား​သ​မီး​တို့​သည် အ​လျင်​အ​မြန် ပြု​ကြ​လိမ့်​မည်။ သင့်​ကို လု​ယူ​ဖျက်​ဆီး​သော သူ​တို့​သည် သင့်​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်။ 18 အ​ရပ်​ရပ်​သို့ မျှော်​ကြည့်​လော့။ ဤ​သူ​အ​ပေါင်း​တို့​သည် စု​ဝေး၍ သင့်​ထံ​သို့ လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ သင်​သည် တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​သ​ကဲ့​သို့၊ ဤ​သူ​အ​ပေါင်း​တို့​ကို ဝတ်​လိမ့်​မည်။ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး ပြု​သည်​နည်း​တူ တန်​ဆာ​ဆင်​လိမ့်​မည်။ 19 သင်၌ သုတ်​သင်​ပယ်​ရှင်း​သော အ​ရပ်၊ ပျက်​စီး​သော​ပြည်​သည် နေ​သူ​များ​သော​ကြောင့် ကျဉ်း​ကြ​လိမ့်​မည်။ သင့်​ကို ကိုက်​စား​သော သူ​တို့​သည်​လည်း ဝေး​ကြ​လိမ့်​မည်။ 20 သင်၏​သား​များ​ဆုံး​ပြီး​မှ၊ တစ်​ဖန်​ရ​ပြန်​သော​သား​တို့​က၊ နေ​ရာ​မ​လောက်​ပါ။ နေ​စ​ရာ​အ​ရပ်​ကို​ပေး​ပါ​ဟု သင့်​အား တောင်း​ကြ​လေ​ဦး​မည်။ 21 သင်​က​လည်း၊ ဤ​သူ​တို့​ကို ငါ့​အား အ​ဘယ်​သူ ဖြစ်​ဖွား​စေ​သ​နည်း။ ငါ​သည် သား​ဆုံး​သော​သူ၊ ဆိတ်​ညံ​လျက် နေ​ရ​သော​သူ၊ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ အ​ဝေး​သို့ လည်​ရ​သော​သူ​ဖြစ်၍၊ ဤ​သူ​တို့​ကို အ​ဘယ်​သူ မွေး​စား​သ​နည်း။ ငါ​သည် တစ်​ယောက်​တည်း နေ​ရ​သည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု အောက်​မေ့​လိမ့်​မည်။

22 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကြည့်​ရှု​လော့။ ငါ​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ နေ​သော လူ​မျိုး​တို့​အား လက်​ကို​ချီ၍ အ​လံ​ကို​ထူ​သ​ဖြင့်၊ သူ​တို့​သည် သင်၏​သား​သ​မီး​တို့​ကို လက်​နှင့်​ပွေ့​လျက်၊ ပ​ခုံး​ပေါ်​မှာ​ထမ်း​လျက် ဆောင်​ခဲ့​ကြ​လိမ့်​မည်။ 23 ရှင်​ဘု​ရင်​တို့​သည် သင်၏​ဘ​ထွေး၊ မိ​ဖု​ရား​တို့​သည် သင့်​ကို မွေး​စား​သော​အ​မိ ဖြစ်​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ဦး​ညွှတ်​ပျပ်​ဝပ်၍၊ သင်၏​ခြေ၌ မြေ​မှုန့်​ကို လျက်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း သင်​သိ​လိမ့်​မည်။

24 လု​ယူ​ရာ​ဥ​စ္စာ​ကို အား​ကြီး​သော​သူ၏​လက်​မှ ယူ​ရ​မည်​လော။ တ​ရား​သော​သူ သိမ်း​သွား​သော လူ​တို့​ကို နုတ်​ရ​မည်​လော။ 25 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် အား​ကြီး​သော​သူ သိမ်း​သွား​သော လူ​တို့​ကို ယူ​ရ​မည်။ ကြောက်​မက်​ဖွယ်​သော​သူ လု​ယူ​ရာ​ဥ​စ္စာ​ကို နုတ်​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် ရန်​တွေ့​သော​သူ​ကို ငါ​သည် ရန်​တွေ့၍၊ သင်၏​သား​တို့​ကို ကယ်​တင်​မည်။ 26 သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို သူ​တို့၏​အ​သား​နှင့် ငါ​ကျွေး​မည်။ ချို​သော​စ​ပျစ်​ရည်​ကို သောက်​သ​ကဲ့​သို့၊ သူ​တို့​သည် မိ​မိ​အ​သွေး​ကို​ဝ​စွာ သောက်​ရ​ကြ​မည်။ သို့​ဖြစ်၍၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကယ်​တင်​သော​အ​ရှင်၊ သင့်​ကို ရွေး​နုတ်​သော​သ​ခင်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Todos os capítulos de Isaiah 66
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.