Pular para o conteúdo
Publicidade Remover anúncios

Isaiah 58

WLC · Westminster Leningrad Codex

1 קְרָ֤א בְגָרוֹן֙ אַל־תַּחְשֹׂ֔ךְ כַּשּׁוֹפָ֖ר הָרֵ֣ם קוֹלֶ֑ךָ וְהַגֵּ֤ד לְעַמִּי֙ פִּשְׁעָ֔ם וּלְבֵ֥ית יַעֲקֹ֖ב חַטֹּאתָֽם׃ 2 וְאוֹתִ֗י י֥וֹם יוֹם֙ יִדְרֹשׁ֔וּן וְדַ֥עַת דְּרָכַ֖י יֶחְפָּצ֑וּן כְּג֞וֹי אֲשֶׁר־צְדָקָ֣ה עָשָׂ֗ה וּמִשְׁפַּ֤ט אֱלֹהָיו֙ לֹ֣א עָזָ֔ב יִשְׁאָל֨וּנִי֙ מִשְׁפְּטֵי־צֶ֔דֶק קִרְבַ֥ת אֱלֹהִ֖ים יֶחְפָּצֽוּן׃ 3 לָ֤מָּה צַּ֨מְנוּ֙ וְלֹ֣א רָאִ֔יתָ עִנִּ֥ינוּ נַפְשֵׁ֖נוּ וְלֹ֣א תֵדָ֑ע הֵ֣ן בְּי֤וֹם צֹֽמְכֶם֙ תִּמְצְאוּ־חֵ֔פֶץ וְכָל־עַצְּבֵיכֶ֖ם תִּנְגֹּֽשׂוּ׃ 4 הֵ֣ן לְרִ֤יב וּמַצָּה֙ תָּצ֔וּמוּ וּלְהַכּ֖וֹת בְּאֶגְרֹ֣ף רֶ֑שַׁע לֹא־תָצ֣וּמוּ כַיּ֔וֹם לְהַשְׁמִ֥יעַ בַּמָּר֖וֹם קוֹלְכֶֽם׃ 5 הֲכָזֶ֗ה יִֽהְיֶה֙ צ֣וֹם אֶבְחָרֵ֔הוּ י֛וֹם עַנּ֥וֹת אָדָ֖ם נַפְשׁ֑וֹ הֲלָכֹ֨ף כְּאַגְמֹ֜ן רֹאשׁ֗וֹ וְשַׂ֤ק וָאֵ֨פֶר֙ יַצִּ֔יעַ הֲלָזֶה֙ תִּקְרָא־צ֔וֹם וְי֥וֹם רָצ֖וֹן לַיהוָֽה׃ 6 הֲל֣וֹא זֶה֮ צ֣וֹם אֶבְחָרֵהוּ֒ פַּתֵּ֨חַ֙ חַרְצֻבּ֣וֹת רֶ֔שַׁע הַתֵּ֖ר אֲגֻדּ֣וֹת מוֹטָ֑ה וְשַׁלַּ֤ח רְצוּצִים֙ חָפְשִׁ֔ים וְכָל־מוֹטָ֖ה תְּנַתֵּֽקוּ׃ 7 הֲל֨וֹא פָרֹ֤ס לָֽרָעֵב֙ לַחְמֶ֔ךָ וַעֲנִיִּ֥ים מְרוּדִ֖ים תָּ֣בִיא בָ֑יִת כִּֽי־תִרְאֶ֤ה עָרֹם֙ וְכִסִּית֔וֹ וּמִבְּשָׂרְךָ֖ לֹ֥א תִתְעַלָּֽם׃ 8 אָ֣ז יִבָּקַ֤ע כַּשַּׁ֨חַר֙ אוֹרֶ֔ךָ וַאֲרֻכָתְךָ֖ מְהֵרָ֣ה תִצְמָ֑ח וְהָלַ֤ךְ לְפָנֶ֨יךָ֙ צִדְקֶ֔ךָ כְּב֥וֹד יְהוָ֖ה יַאַסְפֶֽךָ׃ 9 אָ֤ז תִּקְרָא֙ וַיהוָ֣ה יַעֲנֶ֔ה תְּשַׁוַּ֖ע וְיֹאמַ֣ר הִנֵּ֑נִי אִם־תָּסִ֤יר מִתּֽוֹכְךָ֙ מוֹטָ֔ה שְׁלַ֥ח אֶצְבַּ֖ע וְדַבֶּר־אָֽוֶן׃ 10 וְתָפֵ֤ק לָֽרָעֵב֙ נַפְשֶׁ֔ךָ וְנֶ֥פֶשׁ נַעֲנָ֖ה תַּשְׂבִּ֑יעַ וְזָרַ֤ח בַּחֹ֨שֶׁךְ֙ אוֹרֶ֔ךָ וַאֲפֵלָתְךָ֖ כַּֽצָּהֳרָֽיִם׃ 11 וְנָחֲךָ֣ יְהוָה֮ תָּמִיד֒ וְהִשְׂבִּ֤יעַ בְּצַחְצָחוֹת֙ נַפְשֶׁ֔ךָ וְעַצְמֹתֶ֖יךָ יַחֲלִ֑יץ וְהָיִ֨יתָ֙ כְּגַ֣ן רָוֶ֔ה וּכְמוֹצָ֣א מַ֔יִם אֲשֶׁ֥ר לֹא־יְכַזְּב֖וּ מֵימָֽיו׃ 12 וּבָנ֤וּ מִמְּךָ֙ חָרְב֣וֹת עוֹלָ֔ם מוֹסְדֵ֥י דוֹר־וָד֖וֹר תְּקוֹמֵ֑ם וְקֹרָ֤א לְךָ֙ גֹּדֵ֣ר פֶּ֔רֶץ מְשֹׁבֵ֥ב נְתִיב֖וֹת לָשָֽׁבֶת׃ 13 אִם־תָּשִׁ֤יב מִשַּׁבָּת֙ רַגְלֶ֔ךָ עֲשׂ֥וֹת חֲפָצֶ֖יךָ בְּי֣וֹם קָדְשִׁ֑י וְקָרָ֨אתָ לַשַּׁבָּ֜ת עֹ֗נֶג לִקְד֤וֹשׁ יְהוָה֙ מְכֻבָּ֔ד וְכִבַּדְתּוֹ֙ מֵעֲשׂ֣וֹת דְּרָכֶ֔יךָ מִמְּצ֥וֹא חֶפְצְךָ֖ וְדַבֵּ֥ר דָּבָֽר׃ 14 אָ֗ז תִּתְעַנַּג֙ עַל־יְהוָ֔ה וְהִרְכַּבְתִּ֖יךָ עַל־בָּ֣מֳותֵי אָ֑רֶץ וְהַאֲכַלְתִּ֗יךָ נַחֲלַת֙ יַעֲקֹ֣ב אָבִ֔יךָ כִּ֛י פִּ֥י יְהוָ֖ה דִּבֵּֽר׃ ס

JBMLE · Judson Bible

မှန်​ကန်သော​အ​စာ​ရှောင်​ခြင်း

1 အ​သံ​မ​လျော့​ဘဲ ကြွေး​ကြော်​လော့။ တံ​ပိုး​သံ​ကဲ့​သို့ အ​သံ​ကို​လွှင့်၍၊ ယာ​ကုပ်​အ​မျိုး​သား​ဖြစ်​သော ငါ၏​လူ​တို့​အား၊ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​လော့။ 2 သူ​တို့​သည် တ​ရား​ကျင့်​သော​အ​မျိုး၊ မိ​မိ​ဘု​ရား​သ​ခင်၏​ပ​ညတ်​တို့​ကို မ​စွန့်​သော​အ​မျိုး​ကဲ့​သို့၊ နေ့​တိုင်း​ငါ့​ကို​ရှာ၍ ငါ၏​တ​ရား​လမ်း၌ မွေ့​လျော်​ကြ​သည်​တ​ကား။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ချက်​တို့​ကို ငါ့​ထံ​မှာ​အ​စဉ်​မေး​မြန်း၍၊ ဘု​ရား​သ​ခင့်​ထံ​သို့ ချဉ်း​ကပ်​ရာ၌ မွေ့​လျော်​ကြ​သည်​တ​ကား။ 3 အ​ကျွန်ုပ်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် မြင်​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ခြိုး​ခြံ​စွာ​ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် သိ​မှတ်​တော်​မ​မူ​သ​နည်း​ဟု ဆို​သော်၊ သင်​တို့​သည် အ​စာ​ရှောင်​သော​နေ့၌ ကိုယ်​တိုင်​ပျော်​မွေ့၍၊ ကျွန်​တို့​ကို​ပင်​ပန်း​စွာ​လုပ်​စေ​ကြ၏။ 4 သင်​တို့​သည် ငြင်း​ခုံ​ရန်​တွေ့​လျက်၊ အ​ဓ​မ္မ​လက်​ဆုပ်​နှင့် ထိုး​လျက် အ​စာ​ရှောင်​ကြ၏။ မြင့်​သော​အ​ရပ်၌ မိ​မိ​တို့​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ယ​ခု​ကာ​လ​အ​ခါ အ​စာ​ရှောင်​ကြ​သည်​မ​ဟုတ်။ 5 ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​သ​လော။ လူ​သည် တစ်​ရက်​တွင် ခြိုး​ခြံ​စွာ​ကျင့်​ခြင်း၊ ကိုင်း​ပင်​ကဲ့​သို့ ဦး​ချ​ခြင်း၊ အိပ်​ရာ​ဖို့ လျှော်​တေ​နှင့်​ပြာ​ကို ခင်း​ခြင်း၊ လ​က္ခ​ဏာ​ရှိ​လျှင်၊ အ​စာ​ရှောင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​နေ့​ရက် ဟူ၍​လည်း​ကောင်း မှည့်​အပ်​သ​လော။ 6 ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​ဟူ​မူ​ကား၊ မ​တ​ရား​သော အ​ချည်​အ​နှောင်​ကို ချွတ်​ခြင်း၊ လေး​သော​ဝန်​ကို​ချ​ခြင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို လွှတ်​ခြင်း၊ ထမ်း​ပိုး​ရှိ​သ​မျှ​ကို ချိုး​ခြင်း​မ​ဟုတ်​လော။ 7 မွတ်​သိပ်​သော​သူ​ကို အ​စာ​ကျွေး​ခြင်း၊ နေ​ရာ​မ​ရှိ၊ ဆင်း​ရဲ​သော​သူ​တို့​ကို ကိုယ်​အိမ်​သို့​ဆောင်​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို​မြင်​လျှင်၊ အ​ဝတ်​ကို​ပေး​ခြင်း၊ ကိုယ်​အ​သား​ကို မ​ရှောင်​ဘဲ​နေ​ခြင်း မ​ဟုတ်​လော။မ၊ ၂၅:၃၅။

8 သို့​ပြု​လျှင် သင်၏​အ​လင်း​သည် မိုး​သောက်​သော အ​လင်း​ကဲ့​သို့​ပေါ်​ထွန်း၍၊ အ​လျင်​အ​မြန် ကျန်း​မာ​ခြင်း​သို့​ရောက်​လိမ့်​မည်။ သင်၏ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သင့်​ရှေ့၌ သွား၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နောက်၌ လုံ​ခြုံ​စေ​လိမ့်​မည်။ရော၊ ၃:၁၅-၁၇။9 သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ခေါ်​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​သော​အ​ခါ၊ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ သင်​သည် သင်၏​အ​ထဲ​က ထမ်း​ပိုး​ကို​လည်း​ကောင်း၊ လက်​ညှိုး​ထိုး​ခြင်း​ကို​လည်း​ကောင်း၊ ကဲ့​ရဲ့​သော​စ​ကား​ကို​လည်း​ကောင်း ပယ်​ရှား၍၊ 10 မွတ်​သိပ်​သော​သူ​နှင့် ဆင်း​ရဲ​ခံ​ရ​သော​သူ​ကို သ​နား​သော​စိတ်​နှင့် ချမ်း​သာ​ပေး​လျှင်၊ မ​ရှင်း​လင်း​သော အ​ရာ​မှာ သင်၏​အ​လင်း​သည် ပေါ်​ထွန်း၍၊ သင်၏​မှောင်​မိုက်​သည် မွန်း​တည့်​အ​လင်း​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ 11 ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​အ​စဉ် ပဲ့​ပြင်​တော်​မူ​မည်။ အ​စာ​ခေါင်း​ပါး​သည် ကာ​လ၌ ဝ​စွာ​ကျွေး၍၊ သင်၏​အ​ရိုး​တို့​ကို ခိုင်​ခံ့​စေ​တော်​မူ​မည်။ သင်​သည် ရေ​လောင်း​သော​ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မ​ပြတ်​နိုင်​သော စမ်း​ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ 12 သင်၏​အ​မျိုး​အ​နွယ်​သည် ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ တည်​ဖူး​သော တိုက်​မြစ်​များ​အ​ပေါ်​မှာ ထပ်​ဆင့်၍ တည်​ဆောက်​ကြ​လိမ့်​မည်။ သင်​သည်​လည်း၊ ပြို​ပျက်​သော မြို့​ရိုး​ကို ပြု​ပြင်​သော​သူ၊ လူ​နေ​ရာ​လမ်း​များ​ကို ပြင်​ဆင်​သော​သူ​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​ခြင်း

13 သင်​သည် ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ။ ငါ​သန့်​ရှင်း​သော​နေ့​မှာ ကိုယ်​အ​လို​သို့​မ​လိုက်၊ ဥ​ပုသ်​နေ့​ကို မွေ့​လျော်​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့၊ ရို​သေ​ဖွယ်​သော​နေ့​ဟူ၍ ခေါ်​သ​ဖြင့် ကိုယ်​အ​မှု​ကို​မ​ပြု၊ ကိုယ်​အ​လို​သို့​မ​လိုက်၊ ကိုယ်​စ​ကား​ကို မ​ပြော​ဘဲ​နေ၍ ထို​နေ့​ကို ရို​သေ​လျှင်၊ 14 သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ပျော်​မွေ့​ရ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ မြင့်​သော​အ​ရပ်​တို့​ကို ငါ​စီး​စေ၍၊ သင့်​အ​ဘ​ယာ​ကုပ်၏ အ​မွေ​ဥ​စ္စာ​နှင့် ငါ​ကျွေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​အ​မိန့်​တော် ရှိ၏။

Todos os capítulos de Isaiah 66
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.