Pular para o conteúdo
Publicidade Remover anúncios

Job 13

WLC · Westminster Leningrad Codex

1 הֶן־כֹּ֭ל רָאֲתָ֣ה עֵינִ֑י שָֽׁמְעָ֥ה אָ֝זְנִ֗י וַתָּ֥בֶן לָֽהּ׃ 2 כְּֽ֭דַעְתְּכֶם יָדַ֣עְתִּי גַם־אָ֑נִי לֹא־נֹפֵ֖ל אָנֹכִ֣י מִכֶּֽם׃ 3 אוּלָ֗ם אֲ֭נִי אֶל־שַׁדַּ֣י אֲדַבֵּ֑ר וְהוֹכֵ֖חַ אֶל־אֵ֣ל אֶחְפָּֽץ׃ 4 וְֽאוּלָ֗ם אַתֶּ֥ם טֹֽפְלֵי־שָׁ֑קֶר רֹפְאֵ֖י אֱלִ֣ל כֻּלְּכֶֽם׃ 5 מִֽי־יִ֭תֵּן הַחֲרֵ֣שׁ תַּחֲרִישׁ֑וּן וּתְהִ֖י לָכֶ֣ם לְחָכְמָֽה׃ 6 שִׁמְעוּ־נָ֥א תוֹכַחְתִּ֑י וְרִב֖וֹת שְׂפָתַ֣י הַקְשִֽׁיבוּ׃ 7 הַ֭לְאֵל תְּדַבְּר֣וּ עַוְלָ֑ה וְ֝ל֗וֹ תְּֽדַבְּר֥וּ רְמִיָּֽה׃ 8 הֲפָנָ֥יו תִּשָּׂא֑וּן אִם־לָאֵ֥ל תְּרִיבֽוּן׃ 9 הֲ֭טוֹב כִּֽי־יַחְקֹ֣ר אֶתְכֶ֑ם אִם־כְּהָתֵ֥ל בֶּ֝אֱנ֗וֹשׁ תְּהָתֵ֥לּוּ בֽוֹ׃ 10 הוֹכֵ֣חַ יוֹכִ֣יחַ אֶתְכֶ֑ם אִם־בַּ֝סֵּ֗תֶר פָּנִ֥ים תִּשָּׂאֽוּן׃ 11 הֲלֹ֣א שְׂ֭אֵתוֹ תְּבַעֵ֣ת אֶתְכֶ֑ם וּ֝פַחְדּ֗וֹ יִפֹּ֥ל עֲלֵיכֶֽם׃ 12 זִֽ֭כְרֹנֵיכֶם מִשְׁלֵי־אֵ֑פֶר לְגַבֵּי־חֹ֝֗מֶר גַּבֵּיכֶֽם׃ 13 הַחֲרִ֣ישׁוּ מִ֭מֶּנִּי וַאֲדַבְּרָה־אָ֑נִי וְיַעֲבֹ֖ר עָלַ֣י מָֽה׃ 14 עַל־מָ֤ה ׀ אֶשָּׂ֣א בְשָׂרִ֣י בְשִׁנָּ֑י וְ֝נַפְשִׁ֗י אָשִׂ֥ים בְּכַפִּֽי׃ 15 הֵ֣ן יִ֭קְטְלֵנִי לא אֲיַחֵ֑ל אַךְ־דְּ֝רָכַ֗י אֶל־פָּנָ֥יו אוֹכִֽיחַ׃ 16 גַּם־הוּא־לִ֥י לִֽישׁוּעָ֑ה כִּי־לֹ֥א לְ֝פָנָ֗יו חָנֵ֥ף יָבֽוֹא׃ 17 שִׁמְע֣וּ שָׁ֭מוֹעַ מִלָּתִ֑י וְ֝אַֽחֲוָתִ֗י בְּאָזְנֵיכֶֽם׃ 18 הִנֵּה־נָ֭א עָרַ֣כְתִּי מִשְׁפָּ֑ט יָ֝דַ֗עְתִּי כִּֽי־אֲנִ֥י אֶצְדָּֽק׃ 19 מִי־ה֭וּא יָרִ֣יב עִמָּדִ֑י כִּֽי־עַתָּ֖ה אַחֲרִ֣ישׁ וְאֶגְוָֽע׃ 20 אַךְ־שְׁ֭תַּיִם אַל־תַּ֣עַשׂ עִמָּדִ֑י אָ֥ז מִ֝פָּנֶ֗יךָ לֹ֣א אֶסָּתֵֽר׃ 21 כַּ֭פְּךָ מֵעָלַ֣י הַרְחַ֑ק וְ֝אֵ֥מָתְךָ֗ אַֽל־תְּבַעֲתַֽנִּי׃ 22 וּ֭קְרָא וְאָנֹכִ֣י אֶֽעֱנֶ֑ה אֽוֹ־אֲ֝דַבֵּ֗ר וַהֲשִׁיבֵֽנִי׃ 23 כַּמָּ֣ה לִ֭י עֲוֺנ֣וֹת וְחַטָּא֑וֹת פִּֽשְׁעִ֥י וְ֝חַטָּאתִ֗י הֹדִיעֵֽנִי׃ 24 לָֽמָּה־פָנֶ֥יךָ תַסְתִּ֑יר וְתַחְשְׁבֵ֖נִי לְאוֹיֵ֣ב לָֽךְ׃ 25 הֶעָלֶ֣ה נִדָּ֣ף תַּעֲר֑וֹץ וְאֶת־קַ֖שׁ יָבֵ֣שׁ תִּרְדֹּֽף׃ 26 כִּֽי־תִכְתֹּ֣ב עָלַ֣י מְרֹר֑וֹת וְ֝תוֹרִישֵׁ֗נִי עֲוֺנ֥וֹת נְעוּרָֽי׃ 27 וְתָ֘שֵׂ֤ם בַּסַּ֨ד ׀ רַגְלַ֗י וְתִשְׁמ֥וֹר כָּל־אָרְחוֹתָ֑י עַל־שָׁרְשֵׁ֥י רַ֝גְלַ֗י תִּתְחַקֶּֽה׃ 28 וְ֭הוּא כְּרָקָ֣ב יִבְלֶ֑ה כְּ֝בֶ֗גֶד אֲכָ֣לוֹ עָֽשׁ׃

JBMLE · Judson Bible

ယော​ဘ၏​ကာကွယ်ပြောဆိုခြင်း

1 ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ့​မျက်​စိ​သည် မြင်​ပြီ။ ငါ့​နား​သည်​လည်း ကြား၍ နား​လည်​ပြီ။ 2 သင်​တို့​သိ​သ​မျှ​ကို ငါ​သိ၏။ သင်​တို့​ထက် ငါ​ယုတ်​ညံ့​သည်​မ​ဟုတ်။ 3 အ​န​န္တ​တန်​ခိုး​ရှင်​အား ငါ​လျှောက်​ရ​သော​အ​ခွင့်၊ ဘု​ရား​သ​ခင်​နှင့် ငါ​ဆွေး​နွေး​ရ​သော​အ​ခွင့် ရှိ​ပါ​စေ​သော။ 4 သင်​တို့​သည် တစ်​ယောက်​မျှ​မ​ကြွင်း၊ မု​သား​ကို ပြု​ပြင်​သော​သူ၊ အ​သုံး​မ​ရ​သော​ဆေး​သ​မား ဖြစ်​ကြ၏။ 5 သင်​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ။ ထို​သို့​နေ​လျှင် စင်​စစ်​ပ​ညာ​ရှိ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။

6 ငါ​ပြော​မည် အ​ကျိုး​အ​ကြောင်း​စ​ကား​ကို နား​ထောင်​ကြ​ပါ​လော့။ ငါ့​နှုတ်​နှင့် ဆွေး​နွေး​နှီး​နှော​မည့် စ​ကား​ကို နှ​လုံး​သွင်း​ကြ​ပါ​လော့။ 7 သင်​တို့​သည် လျစ်​လျူ​သော​စိတ်​မ​ရှိ​ဘဲ ဘု​ရား​သ​ခင့်​ဘက်၌ ပြော​ချင်​သ​လော။ ဘု​ရား​သ​ခင့်​ဘက်၌​နေ၍ မု​သား​ကို​သုံး​ချင်​သ​လော။ 8 မျက်​နှာ​တော်​ကို​ထောက်​လျက်​သာ၊ ဘု​ရား​သ​ခင့်​တစ်​ဖက်၌​နေ၍ ငြင်း​ခုံ​စစ်​တိုက်​ချင်​သ​လော။ 9 သင်​တို့​ကို ကျပ်​တည်း​စွာ စစ်​တော်​မူ​လျှင်၊ သင်​တို့၌ ကျေး​ဇူး​ရှိ​လိမ့်​မည်​လော။ လူ​ကို​လှည့်​စား​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​ကို လှည့်​စား​နိုင်​သ​လော။ 10 သင်​တို့​သည် လျှို့​ဝှက်၍ သူ့​မျက်​နှာ​ကို​ထောက်​လျှင်၊ စင်​စစ် သင်​တို့​ကို ဆုံး​မ​တော်​မူ​မည်။ 11 သင်​တို့​သည် တန်​ခိုး​အာ​နု​ဘော်​တော်​ကြောင့် မ​ကြောက်​ကြ​သ​လော။ ကြောက်​မက်​ဖွယ်​သော ဂုဏ်​တော်​ကြောင့် မ​ထိတ်​လန့်​ကြ​သ​လော။ 12 သင်​တို့၏ နည်း​ဥ​ပ​ဒေ​သ​စ​ကား​သည် မြေ​မှုန့်​ထက် သာ၍​ပေါ့၏။ သင်​တို့ ခို​လှုံ​သော​မြို့​ရိုး​သည်​လည်း သ​ရွတ်​မြို့​ရိုး​ကဲ့​သို့ ဖြစ်၏။ 13 တိတ်​ဆိတ်​စွာ​နေ၍ ငါ​ပြော​ပါ​ရ​စေ။ သို့​ပြီး​မှ အ​မှု​ရောက်​ချင်​တိုင်း ရောက်​ပါ​လေ​စေ။ 14 သို့​သော်​လည်း ငါ​သည် ကိုယ်​အ​သား​ကို ပါး​စပ်​နှင့်​ကိုက်​ချီ​လျက်၊ ကိုယ်​အ​သက်​ကို​လည်း လက်​နှင့်​ကိုင်လျက် ဆောင်​သွား​မည်။ 15 ငါ့​ကို​သတ်​တော်​မူ၍၊ ငါ​မျှော်​လင့်​စ​ရာ​မ​ရှိ​သော်​လည်း၊ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ငါ​လျှောက်​ထား​မည်။ 16 ထို​သို့​ပြု​လျှင် ငါ၏​ကယ်​တင်​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ အ​ဓ​မ္မ​လူ​သည် အ​ထံ​တော်​သို့​မ​ဝင်​ရ။ 17 ငါ့​စ​ကား​ကို စေ့​စေ့​မှတ်​ကြ​လော့။ ငါ့​လျှောက်​ထား​ချက်​ကို နား​ထောင်​ကြ​လော့။ 18 ယ​ခု​ငါ့​အ​မှု​ကို ငါ​ပြင်​ဆင်​ပြီ။ ငါ၌​အ​ပြစ်​လွတ်​ခြင်း ထင်​ရှား​မည်​ဟု ငါ​သိ၏။ 19 ငါ့​အ​ပြစ်​ကို ဖော်​ပြ​မည့်​သူ​ကား၊ အ​ဘယ်​သူ​နည်း။ ထို​သို့​ဖော်​ပြ​လျှင် ငါ​သည် တိတ်​ဆိတ်​စွာ​နေ၍ အ​သေ​ခံ​ပါ​မည်။

20 ဒဏ်​ခတ်​ခြင်း​နှစ်​ပါး​ကို​သာ လျှော့​တော်​မူ​ပါ။ ထို​သို့​လျှော့​လျှင် ကိုယ်​တော်​ကို မ​ရှောင်​ပါ။ 21 လက်​တော်​ကို သိမ်း​တော်​မူ​ပါ။ ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ခြောက်​တော်​မ​မူ​ပါ​နှင့်။ 22 ထို​အ​ခါ ခေါ်​တော်​မူ​ပါ။ အ​ကျွန်ုပ် ပြန်​လျှောက်​ပါ​မည်။ သို့​မ​ဟုတ် အ​ကျွန်ုပ်​သည် အ​ရင်​လျှောက်​ပါ​မည်။ ကိုယ်​တော် အ​မိန့်​ရှိ​တော်​မူ​ပါ။ 23 အ​ကျွန်ုပ်​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​တို့​သည် အ​ဘယ်​မျှ​လောက် များ​ပါ​သ​နည်း။ အ​ကျွန်ုပ်​ပြစ်​မှား​ကျူး​လွန်​ခြင်း အ​ပြစ်​တို့​ကို ကျွန်ုပ်​အား ပြ​တော်​မူ​ပါ။ 24 ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လွှဲ၍ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရန်​သူ​ကဲ့​သို့ မှတ်​တော်​မူ​သ​နည်း။ 25 လေ​တိုက်​သော သစ်​ရွက်​ကို ခြောက်​လှန့်​တော်​မူ​မည်​လော။ မြက်​ခြောက်​ကို​မီ​အောင် လိုက်​တော်​မူ​မည်​လော။ 26 အ​ကျွန်ုပ်၌ ပြင်း​စွာ အ​ပြစ်​တင်​သော​စ​ကား​ကို မှတ်​ထား​တော်​မူ၏။ အ​ကျွန်ုပ်​အ​သက်​ငယ်​စဉ်​တွင် ပြု​မိ​သော​အ​ပြစ်​ကြောင့် ယ​ခု​ခံ​စေ​တော်​မူ၏။ 27 အ​ကျွန်ုပ်​ကို ထိတ်​ခတ်​လျက်၊ အ​ကျွန်ုပ်​ထွက်​ရာ​လမ်း ရှိ​သ​မျှ​ကို စောင့်​လျက်​နေ၍၊ အ​ကျွန်ုပ်​ပတ်​လည်၌ စည်း​လုပ်​တော်​မူ၏။ 28 ထို​သို့​ခံ​ရ​သော​သူ​သည် ဆွေး​မြေ့​သော အ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ပိုး​ရွ​ကိုက်​စား​သော အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း အား​လျော့​ပျက်​ရ​ပါ၏။

Todos os capítulos de Job 42
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.