Pular para o conteúdo
Publicidade Remover anúncios

Job 16

WLC · Westminster Leningrad Codex

1 וַיַּ֥עַן אִיּ֗וֹב וַיֹּאמַֽר׃ 2 שָׁמַ֣עְתִּי כְאֵ֣לֶּה רַבּ֑וֹת מְנַחֲמֵ֖י עָמָ֣ל כֻּלְּכֶֽם׃ 3 הֲקֵ֥ץ לְדִבְרֵי־ר֑וּחַ א֥וֹ מַה־יַּ֝מְרִֽיצְךָ֗ כִּ֣י תַעֲנֶֽה׃ 4 גַּ֤ם ׀ אָנֹכִי֮ כָּכֶ֪ם אֲדַ֫בֵּ֥רָה ל֤וּ־יֵ֪שׁ נַפְשְׁכֶ֡ם תַּ֤חַת נַפְשִׁ֗י אַחְבִּ֣ירָה עֲלֵיכֶ֣ם בְּמִלִּ֑ים וְאָנִ֥יעָה עֲ֝לֵיכֶ֗ם בְּמ֣וֹ רֹאשִֽׁי׃ 5 אֲאַמִּצְכֶ֥ם בְּמוֹ־פִ֑י וְנִ֖יד שְׂפָתַ֣י יַחְשֹֽׂךְ׃ 6 אִֽם־אֲ֭דַבְּרָה לֹא־יֵחָשֵׂ֣ךְ כְּאֵבִ֑י וְ֝אַחְדְּלָ֗ה מַה־מִנִּ֥י יַהֲלֹֽךְ׃ 7 אַךְ־עַתָּ֥ה הֶלְאָ֑נִי הֲ֝שִׁמּ֗וֹתָ כָּל־עֲדָתִֽי׃ 8 וַֽ֭תִּקְמְטֵנִי לְעֵ֣ד הָיָ֑ה וַיָּ֥קָם בִּ֥י כַ֝חֲשִׁ֗י בְּפָנַ֥י יַעֲנֶֽה׃ 9 אַפּ֤וֹ טָרַ֨ף ׀ וַֽיִּשְׂטְמֵ֗נִי חָרַ֣ק עָלַ֣י בְּשִׁנָּ֑יו צָרִ֓י ׀ יִלְט֖וֹשׁ עֵינָ֣יו לִֽי׃ 10 פָּעֲר֬וּ עָלַ֨י ׀ בְּפִיהֶ֗ם בְּ֭חֶרְפָּה הִכּ֣וּ לְחָיָ֑י יַ֝֗חַד עָלַ֥י יִתְמַלָּאֽוּן׃ 11 יַסְגִּירֵ֣נִי אֵ֭ל אֶ֣ל עֲוִ֑יל וְעַל־יְדֵ֖י רְשָׁעִ֣ים יִרְטֵֽנִי׃ 12 שָׁ֘לֵ֤ו הָיִ֨יתִי ׀ וַֽיְפַרְפְּרֵ֗נִי וְאָחַ֣ז בְּ֭עָרְפִּי וַֽיְפַצְפְּצֵ֑נִי וַיְקִימֵ֥נִי ל֝֗וֹ לְמַטָּרָֽה׃ 13 יָ֘סֹ֤בּוּ עָלַ֨י ׀ רַבָּ֗יו יְפַלַּ֣ח כִּ֭לְיוֹתַי וְלֹ֣א יַחְמ֑וֹל יִשְׁפֹּ֥ךְ לָ֝אָ֗רֶץ מְרֵרָֽתִי׃ 14 יִפְרְצֵ֣נִי פֶ֭רֶץ עַל־פְּנֵי־פָ֑רֶץ יָרֻ֖ץ עָלַ֣י כְּגִבּֽוֹר׃ 15 שַׂ֣ק תָּ֭פַרְתִּי עֲלֵ֣י גִלְדִּ֑י וְעֹלַ֖לְתִּי בֶעָפָ֣ר קַרְנִֽי׃ 16 פָּנַ֣י חמרמרה מִנִּי־בֶ֑כִי וְעַ֖ל עַפְעַפַּ֣י צַלְמָֽוֶת׃ 17 עַ֭ל לֹא־חָמָ֣ס בְּכַפָּ֑י וּֽתְפִלָּתִ֥י זַכָּֽה׃ 18 אֶ֭רֶץ אַל־תְּכַסִּ֣י דָמִ֑י וְֽאַל־יְהִ֥י מָ֝ק֗וֹם לְזַעֲקָתִֽי׃ 19 גַּם־עַ֭תָּה הִנֵּה־בַשָּׁמַ֣יִם עֵדִ֑י וְ֝שָׂהֲדִ֗י בַּמְּרוֹמִֽים׃ 20 מְלִיצַ֥י רֵעָ֑י אֶל־אֱ֝ל֗וֹהַ דָּלְפָ֥ה עֵינִֽי׃ 21 וְיוֹכַ֣ח לְגֶ֣בֶר עִם־אֱל֑וֹהַּ וּֽבֶן־אָדָ֥ם לְרֵעֵֽהוּ׃ 22 כִּֽי־שְׁנ֣וֹת מִסְפָּ֣ר יֶאֱתָ֑יוּ וְאֹ֖רַח לֹא־אָשׁ֣וּב אֶהֱלֹֽךְ׃

JBMLE · Judson Bible

မိ​မိ​အ​ပြစ်​ကင်း​ခြင်း

1 ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ 2 ထို​သို့​သော​စ​ကား​များ​တို့​ကို ငါ​ကြား​ဖူး​ပြီ။ သင်​တို့​ရှိ​သ​မျှ​သည် နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သော်​လည်း၊ ပင်​ပန်း​စေ​သော​သူ ဖြစ်​ကြ​ပါ​သည်​တ​ကား။ 3 အ​ချည်း​နှီး​သော​စ​ကား မ​ကုန်​နိုင်​သ​လော။ သင်​သည် စ​ကား​တုံ့​ပြန်​ပြော​ခြင်း​ငှာ အ​ဘယ်​ကြောင့် ရဲ​ရင့်​သ​နည်း။ 4 သင်​တို့​ပြော​သ​ကဲ့​သို့ ငါ​သည်​လည်း​ပြော​နိုင်၏။ သင်​တို့​သည် ငါ​ကဲ့​သို့​ဖြစ်​လျှင်၊ ငါ​သည် သင်​တို့​တစ်​ဘက်​က စ​ကား​များ​ကို ပုံ၍​ထား​နိုင်၏။ ခေါင်း​ကို​လည်း ခါ​နိုင်၏။ 5 ထို​သို့​ငါ​သည်​မ​ပြု​ဘဲ၊ သင်​တို့​ကို ငါ့​စ​ကား​နှင့် မ​စ​မည်။ အ​ချည်း​နှီး​သော​စ​ကား​ကို ငါ​ချုပ်​တည်း​မည်။ 6 ယ​ခု​မှာ​ငါ​သည် ပြော​သော်​လည်း မ​သက်​သာ၊ မ​ပြော​ဘဲ​နေ​လျှင်​လည်း ခြား​နား​ခြင်း​မ​ရှိ။ 7 ဘု​ရား​သ​ခင်​သည် ငါ့​ကို​ပင်​ပန်း​စေ​တော်​မူ​ပြီ။ ငါ့​အိမ်​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပြီ။ 8 ငါ့​ကို ခြေ​ချင်း​ခတ်​တော်​မူ၍၊ ထို​ခြေ​ချင်း​သည် ငါ့​တစ်​ဘက်​က သက်​သေ​ခံ၏။ ငါ​ပိန်​ကြုံ​ခြင်း​အ​ရာ​သည်​လည်း ငါ့​တစ်​ဘက်​က​ထ၍ မျက်​နှာ​ချင်း​ဆိုင်​လျက် သက်​သေ​ခံ၏။ 9 အ​မျက်​တော်​သည် ငါ့​ကို​အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်၍ ညှဉ်း​ဆဲ​တတ်၏။ ငါ့​အ​ပေါ်​မှာ အံ​သွား​ခဲ​ကြိတ်​ခြင်း​ကို ပြု​တော်​မူ၏။ ငါ့​ရန်​သူ​သည် ငါ့​ကို မျက်​စောင်း​ထိုး၏။ 10 သူ​တစ်​ပါး​တို့​သည် ငါ့​ကို​ပါး​စပ်​ဟ​ကြ၏။ အ​ရှက်​ခွဲ၍ ပါး​ကို​ပုတ်​ကြ၏။ ငါ့​တစ်​ဘက်​က တ​ညီ​တ​ညွတ်​တည်း စု​ဝေး​ကြ၏။ 11 ဘု​ရား​သ​ခင်​သည် ငါ့​ကို မ​တ​ရား​သော​သူ​တို့​တွင် ချုပ်​ထား​တော်​မူ​ပြီ။ လူ​ဆိုး​တို့၏​လက်​သို့ အပ်​တော်​မူ​ပြီ။ 12 ငါ​သည်​ငြိမ်​ဝပ်​လျက်​နေ​သော​အ​ခါ ငါ့​အ​ရိုး​တို့​ကို ချိုး​တော်​မူ၏။ လည်​ပင်း​ကို​ကိုင်၍ အ​ပိုင်း​ပိုင်း​ပြတ်​စေ​ခြင်း​ငှာ လှုပ်​တော်​မူ၏။ ငါ့​ကို ပစ်စရာစက်သွင်း​တော်​မူ၏။ 13 မြား​တော်​တို့​သည် ငါ့​ကို​ဝိုင်း၍ က​ရု​ဏာ​တော်​မ​ရှိ​ဘဲ၊ ငါ့​ကျောက်​ကပ်​ကို စူး​စေ​တော်​မူ၏။ ငါ့​သည်း​ခြေ​အ​ရည်​ကို မြေ​ပေါ်၌ သွန်း​တော်​မူ၏။ 14 ငါ့​ကို အ​ထပ်​ထပ်​ဆွဲ​ဖြတ်၍၊ သူ​ရဲ​ကဲ့​သို့ ငါ့​ကို ဟုန်း​ဟုန်း​တိုက်​လာ​တော်​မူ၏။ 15 ငါ​သည် ကိုယ်​အ​ရေ​ပေါ်​မှာ လျှော်​တေ​အ​ဝတ်​ကို​ချုပ်၍ ကိုယ်​ဦး​ချို​ကို ရွှံ့​နှင့်​လူး​ပြီ။ 16 ငို​ခြင်း​အား​ဖြင့် ငါ့​မျက်​နှာ​ပျက်​လျက်၊ ငါ့​မျက်​ခမ်း​အ​ပေါ်​မှာ သေ​ခြင်း​အ​ရိပ် လွှမ်း​မိုး​လျက်​ရှိ၏။ 17 သို့​သော်​လည်း ငါ့​လက်၌ မ​တ​ရား​သော​အ​မှု မ​ရှိ။ ငါ​ပြု​သော​ပ​တ္ထ​နာ​သည် သန့်​ရှင်း၏။ 18 အို​မြေ​ကြီး၊ ငါ့​အ​သွေး​ကို​ဖုံး၍ မ​ထား​ပါ​နှင့်။ ငါ​အော်​ဟစ်​ခြင်း​အ​သံ​ကို သင်၌​မ​နေ​စေ​နှင့်။ 19 ဤ​အ​မှု၌ ငါ့​သက်​သေ​သည် ကောင်း​ကင်​ပေါ်​မှာ​ရှိ၏။ 20 ငါ့​သ​ဘော​ကို သိ​သော​သူ​သည် မြင့်​သော​အ​ရပ်၌​ရှိ၏။ ငါ့​အ​ဆွေ​ခင်​ပွန်း​တို့​သည် ငါ့​ကို​ကဲ့​ရဲ့၍၊ ငါ​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​ရည်​ကျ​လျက်​နေ၏။ 21 လူ​သည် မိ​မိ​အ​သိ​အ​ကျွမ်း​နှင့်​ဆွေး​နွေး​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​နှင့် ဆွေး​နွေး​ရ​သော​အ​ခွင့် ရှိ​ပါ​စေ​သော။ 22 နှစ်​ပေါင်း​မ​ကြာ​မ​မြင့်​မီ တစ်​ဖန်​ပြန်၍ မ​လာ​ရ​သော​လမ်း​သို့ ငါ​လိုက်​သွား​ရ​တော့​မည်။

Todos os capítulos de Job 42
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.