Pular para o conteúdo
Publicidade Remover anúncios

Job 24

WLC · Westminster Leningrad Codex

1 מַדּ֗וּעַ מִ֭שַּׁדַּי לֹא־נִצְפְּנ֣וּ עִתִּ֑ים וידעו לֹא־חָ֥זוּ יָמָֽיו׃ 2 גְּבֻל֥וֹת יַשִּׂ֑יגוּ עֵ֥דֶר גָּ֝זְל֗וּ וַיִּרְעֽוּ׃ 3 חֲמ֣וֹר יְתוֹמִ֣ים יִנְהָ֑גוּ יַ֝חְבְּל֗וּ שׁ֣וֹר אַלְמָנָֽה׃ 4 יַטּ֣וּ אֶבְיוֹנִ֣ים מִדָּ֑רֶךְ יַ֥חַד חֻ֝בְּא֗וּ עֲנִיֵּי־אָֽרֶץ׃ 5 הֵ֤ן פְּרָאִ֨ים ׀ בַּֽמִּדְבָּ֗ר יָצְא֣וּ בְּ֭פָעֳלָם מְשַׁחֲרֵ֣י לַטָּ֑רֶף עֲרָבָ֥ה ל֥וֹ לֶ֝֗חֶם לַנְּעָרִֽים׃ 6 בַּ֭שָּׂדֶה בְּלִיל֣וֹ יקצירו וְכֶ֖רֶם רָשָׁ֣ע יְלַקֵּֽשׁוּ׃ 7 עָר֣וֹם יָ֭לִינוּ מִבְּלִ֣י לְב֑וּשׁ וְאֵ֥ין כְּ֝ס֗וּת בַּקָּרָֽה׃ 8 מִזֶּ֣רֶם הָרִ֣ים יִרְטָ֑בוּ וּֽמִבְּלִ֥י מַ֝חְסֶ֗ה חִבְּקוּ־צֽוּר׃ 9 יִ֭גְזְלוּ מִשֹּׁ֣ד יָת֑וֹם וְֽעַל־עָנִ֥י יַחְבֹּֽלוּ׃ 10 עָר֣וֹם הִ֭לְּכוּ בְּלִ֣י לְב֑וּשׁ וּ֝רְעֵבִ֗ים נָ֣שְׂאוּ עֹֽמֶר׃ 11 בֵּין־שׁוּרֹתָ֥ם יַצְהִ֑ירוּ יְקָבִ֥ים דָּ֝רְכ֗וּ וַיִּצְמָֽאוּ׃ 12 מֵ֘עִ֤יר מְתִ֨ים ׀ יִנְאָ֗קוּ וְנֶֽפֶשׁ־חֲלָלִ֥ים תְּשַׁוֵּ֑עַ וֶ֝אֱל֗וֹהַּ לֹא־יָשִׂ֥ים תִּפְלָֽה׃ 13 הֵ֤מָּה ׀ הָיוּ֮ בְּֽמֹרְדֵ֫י־א֥וֹר לֹֽא־הִכִּ֥ירוּ דְרָכָ֑יו וְלֹ֥א יָ֝שְׁב֗וּ בִּנְתִיבֹתָֽיו׃ 14 לָא֡וֹר יָ֘ק֤וּם רוֹצֵ֗חַ יִֽקְטָל־עָנִ֥י וְאֶבְי֑וֹן וּ֝בַלַּ֗יְלָה יְהִ֣י כַגַּנָּֽב׃ 15 וְעֵ֤ין נֹאֵ֨ף ׀ שָׁ֤מְרָֽה נֶ֣שֶׁף לֵ֭אמֹר לֹא־תְשׁוּרֵ֣נִי עָ֑יִן וְסֵ֖תֶר פָּנִ֣ים יָשִֽׂים׃ 16 חָתַ֥ר בַּחֹ֗שֶׁךְ בָּ֫תִּ֥ים יוֹמָ֥ם חִתְּמוּ־לָ֗מוֹ לֹא־יָ֥דְעוּ אֽוֹר׃ 17 כִּ֤י יַחְדָּ֨ו ׀ בֹּ֣קֶר לָ֣מוֹ צַלְמָ֑וֶת כִּֽי־יַ֝כִּ֗יר בַּלְה֥וֹת צַלְמָֽוֶת׃ 18 קַֽל־ה֤וּא ׀ עַל־פְּנֵי־מַ֗יִם תְּקֻלַּ֣ל חֶלְקָתָ֣ם בָּאָ֑רֶץ לֹֽא־יִ֝פְנֶה דֶּ֣רֶךְ כְּרָמִֽים׃ 19 צִיָּ֤ה גַם־חֹ֗ם יִגְזְל֥וּ מֵֽימֵי־שֶׁ֗לֶג שְׁא֣וֹל חָטָֽאוּ׃ 20 יִשְׁכָּ֘חֵ֤הוּ רֶ֨חֶם ׀ מְתָ֘ק֤וֹ רִמָּ֗ה ע֥וֹד לֹֽא־יִזָּכֵ֑ר וַתִּשָּׁבֵ֖ר כָּעֵ֣ץ עַוְלָֽה׃ 21 רֹעֶ֣ה עֲ֭קָרָה לֹ֣א תֵלֵ֑ד וְ֝אַלְמָנָ֗ה לֹ֣א יְיֵטִֽיב׃ 22 וּמָשַׁ֣ךְ אַבִּירִ֣ים בְּכֹח֑וֹ יָ֝ק֗וּם וְֽלֹא־יַאֲמִ֥ין בַּֽחַיִּֽין׃ 23 יִתֶּן־ל֣וֹ לָ֭בֶטַח וְיִשָּׁעֵ֑ן וְ֝עֵינֵ֗יהוּ עַל־דַּרְכֵיהֶֽם׃ 24 ר֤וֹמּוּ מְּעַ֨ט ׀ וְֽאֵינֶ֗נּוּ וְֽהֻמְּכ֗וּ כַּכֹּ֥ל יִקָּפְצ֑וּן וּכְרֹ֖אשׁ שִׁבֹּ֣לֶת יִמָּֽלוּ׃ 25 וְאִם־לֹ֣א אֵ֭פוֹ מִ֣י יַכְזִיבֵ֑נִי וְיָשֵׂ֥ם לְ֝אַ֗ל מִלָּתִֽי׃ ס

JBMLE · Judson Bible

ကြောက်​မက်​ဖွယ်​သော​လော​က

1 အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​ကြောင့်​ကာ​လ​အ​ချိန်​တို့​ကို သို​ထား​တော်​မ​မူ​သ​နည်း။ နား​လည်​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကို အ​ဘယ်​ကြောင့် မ​မြင်​ရ​သ​နည်း။ 2 အ​ချို့​သော​သူ​တို့​သည် မြေ​မှတ်​တိုင်​တို့​ကို ရွှေ့​တတ်​ကြ၏။ သူ​တစ်​ပါး၏​သိုး​ဆိတ်​တို့​ကို လု​ယူ၍ ကိုယ်​အ​ဖို့ ထိန်း​ကျောင်း​ကြ၏။ 3 မိ​ဘ​မ​ရှိ​သော​သူ​ငယ်၏​မြည်း​ကို မောင်း​သွား၍၊ မု​ဆိုး​မ၏​နွား​ကို အ​ပေါင်​ယူ​ကြ၏။ 4 ငတ်​မွတ်​သော​သူ​တို့​ကို လမ်း​လွဲ​စေ​ကြ၏။ ဆင်း​ရဲ​သော​ပြည်​သား​တို့​သည် စု​ဝေး၍ ပုန်း​ရှောင်​လျက်​နေ​ရ​ကြ၏။ 5 သူ​တို့​သည် အ​လုပ်​လုပ်​ခြင်း​ငှာ တော၌​ရိုင်း​သော​မြည်း​ကဲ့​သို့ ထွက်​ရ​ကြ၏။ စား​စ​ရာ​ကို​ရှာ​ခြင်း​ငှာ နံ​နက်​စော​စော​သွား၍၊ ကိုယ်​အ​ဖို့​နှင့် သား​သ​မီး​တို့​အ​ဖို့​ကို တော၌​တွေ့​ရ​ကြ၏။ 6 လယ်​ပြင်၌​ကား၊ ညှဉ်း​ဆဲ​သော​သူ၏​စ​ပါး​ကို ရိတ်၍၊ သူ၏​စ​ပျစ်​သီး​ကို သိမ်း​ရ​ကြ၏။ 7 ချမ်း​သော​ကာ​လ၌ ကိုယ်​ကို​ဖုံး​လွှမ်း​စ​ရာ အ​ဝတ်​မ​ရှိ။ အ​ချည်း​စည်း အိပ်​ရ​ကြ၏။ 8 တည်း​ခို​စ​ရာ တဲ​မ​ရှိ​သော​ကြောင့်၊ တောင်​ပေါ်၌ မိုး​ရေ​စို​စွတ်​လျက် ကျောက်​ကြား​မှာ ခို​ရ​ကြ၏။ 9 အ​ဘ​မ​ရှိ​သော​သူ​ငယ်​သည် အ​မိ​နို့​နှင့်​ကွာ​ရ၏။ ဆင်း​ရဲ​သား​သည် မိ​မိ​ဥ​စ္စာ​ကို ပေါင်​ထား​ရ၏။ 10 အ​ဝတ်​မ​ရှိ အ​ချည်း​စည်း​လှည့်​လည်၍ မွတ်​သိပ်​လျက်၊ သူ​တစ်​ပါး​ကောက်​လှိုင်း​ကို ထမ်း​ရ၏။ 11 သူ​တစ်​ပါး​အိမ်​မှာ ဆီ​ကို​ကြိတ်​လျက်၊ စ​ပျစ်​သီး​ကို​နင်း​နယ်​လျက် အ​ငတ်​ခံ​ရ၏။ 12 လူ​တို့​သည် မြို့​ထဲ​မှာ ညည်း​တွား​ကြ၏။ နာ​သော​သူ​တို့​သည် အော်​ဟစ်​ကြ၏။ သို့​သော်​လည်း သူ​တို့​ဆု​တောင်း​သော​စ​ကား​ကို ဘု​ရား​သ​ခင်​သည် ပ​မာ​ဏ​ပြု​တော်​မ​မူ။

13 အ​ချို့​သော​သူ​တို့​သည် အ​လင်း​ကို​ဆန့်​ကျင်​ဘက်​ပြု၍ အ​လင်း​သ​ဘော​ကို​မ​သိ။ လင်း​သော​လမ်း​သို့ မ​လိုက်​တတ်​ကြ။ 14 လူ​သတ်​သည်​စော​စော​ထ၍ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို သတ်​တတ်၏။ ည​အ​ခါ သူ​ခိုး​လုပ်​တတ်၏။ 15 သူ့​မ​ယား​ကို ခိုး​သော​သူ​သည် ညဉ့်​ဦး​ယံ​အ​ချိန်​ကို​မျှော်​လင့်၍၊ မိ​မိ​မျက်​နှာ​ကို​ဖုံး​လျက် အ​ဘယ်​သူ​မျှ​မ​မြင်​ရ​ဟု ဆို​တတ်၏။ 16 လူ​ဆိုး​တို့​သည် ည​အ​ချိန်၌ သူ​တစ်​ပါး၏​အိမ်​ကို ဖောက်​ထွင်း​တတ်​ကြ၏။ နေ့​အ​ချိန်၌ ပုန်း​လျက်​နေ၍ အ​လင်း​ကို​ရှောင်​တတ်​ကြ၏။ 17 နံ​နက်​ယံ​ကို သေ​မင်း​အ​ရိပ်​ကဲ့​သို့ ထင်​မှတ်၍၊ သေ​မင်း​အ​ရိပ်​ကြောက်​မက်​ဖွယ်​သော ဘေး​တို့​ကို သိ​ရ​ကြ၏။ 18 ရေ​ပေါ်​မှာ ပေါ့​ပါး​ကြ၏။ မြေ​ပေါ်​မှာ ကျိန်​ဆဲ​သော​အ​ဖို့​ကို ခံ​ရ၍၊ စ​ပျစ်​ဥ​ယျာဉ်​အ​နီး​သို့ မ​ချဉ်း​ရ​ကြ။ 19 မိုး​ရေ​သည် ခန်း​ခြောက်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ နေ​ပူ​အ​ရှိန်​အား​ဖြင့်​လည်း​ကောင်း၊ ကွယ်​ပျောက်​တတ်​သ​ကဲ့​သို့၊ မ​တ​ရား​သော​သူ​သည် သေ​မင်း​နိုင်​ငံ၌ ကွယ်​ပျောက်​တတ်၏။ 20 သူ၏​အ​မိ​သည် သူ့​ကို​မေ့​လျော့၍၊ တီ​ကောင်​တို့​သည် မြိန်​စွာ စား​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ။ မ​တ​ရား​သော​သူ​သည် သစ်​ပင်​ကဲ့​သို့ ကျိုး​ရ​လိမ့်​မည်။

21 မ​တ​ရား​သော​သူ​သည် သား​မ​ဖွား​သော​မိန်း​မ​ကို ညှဉ်း​ဆဲ​တတ်၏။ မု​ဆိုး​မ​ကို​လည်း ကျေး​ဇူး​မ​ပြု​တတ်။ 22 အား​ကြီး​သော​သူ​ကို​ပင် မိ​မိ​တန်​ခိုး​ကြောင့် ပယ်​ရှင်း​တတ်၏။ ထ​သော​အ​ခါ လူ​တိုင်း ကိုယ်​အ​သက်​အ​ဖို့ စိုး​ရိမ်​တတ်၏။ 23 သို့​ရာ​တွင် ရဲ​ရင့်​စွာ ခို​လှုံ​ရာ​အ​ခွင့်​ကို သူ့​အား​ပေး၍၊ ထို​သို့​သော သူ​တို့၏​အ​မှု​များ​ကို ပ​မာ​ဏ​ပြု​တော်​မူ၏။ 24 ခ​ဏ​ချီး​မြှောက်​ခြင်း​သို့​ရောက်၍ တစ်​ဖန် ကွယ်​ပျောက်​ကြ၏။ နှိမ့်​ချ​ခြင်း​သို့​ရောက်​သ​ဖြင့်၊ အ​ခြား​သော​သူ​ကဲ့​သို့ အ​သက်​ချုပ်​ခြင်း​ကို​လည်း​ကောင်း၊ စ​ပါး​နှံ​အ​ဖျား​ကဲ့​သို့ ရိတ်​ဖြတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​ကြ၏။ 25 သို့​မ​ဟုတ်​လျှင်၊ ငါ၏​မု​သား​အ​ပြစ်​ကို အ​ဘယ်​သူ​ပြ​မည်​နည်း။ ငါ၏​စ​ကား​ကို အ​ဘယ်​သူ​ချေ​မည်​နည်း​ဟု မြွက်​ဆို၏။

Todos os capítulos de Job 42
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.