Pular para o conteúdo
Publicidade Remover anúncios

Job 31

WLC · Westminster Leningrad Codex

1 בְּ֭רִית כָּרַ֣תִּי לְעֵינָ֑י וּמָ֥ה אֶ֝תְבּוֹנֵ֗ן עַל־בְּתוּלָֽה׃ 2 וּמֶ֤ה ׀ חֵ֣לֶק אֱל֣וֹהַּ מִמָּ֑עַל וְֽנַחֲלַ֥ת שַׁ֝דַּ֗י מִמְּרֹמִֽים׃ 3 הֲלֹא־אֵ֥יד לְעַוָּ֑ל וְ֝נֵ֗כֶר לְפֹ֣עֲלֵי אָֽוֶן׃ 4 הֲלֹא־ה֭וּא יִרְאֶ֣ה דְרָכָ֑י וְֽכָל־צְעָדַ֥י יִסְפּֽוֹר׃ 5 אִם־הָלַ֥כְתִּי עִם־שָׁ֑וְא וַתַּ֖חַשׁ עַל־מִרְמָ֣ה רַגְלִֽי׃ 6 יִשְׁקְלֵ֥נִי בְמֹאזְנֵי־צֶ֑דֶק וְיֵדַ֥ע אֱ֝ל֗וֹהַּ תֻּמָּתִֽי׃ 7 אִ֥ם תִּטֶּ֣ה אַשֻּׁרִי֮ מִנִּ֪י הַ֫דָּ֥רֶךְ וְאַחַ֣ר עֵ֭ינַי הָלַ֣ךְ לִבִּ֑י וּ֝בְכַפַּ֗י דָּ֣בַק מֻאֽוּם׃ פ 8 אֶ֭זְרְעָה וְאַחֵ֣ר יֹאכֵ֑ל וְֽצֶאֱצָאַ֥י יְשֹׁרָֽשׁוּ׃ 9 אִם־נִפְתָּ֣ה לִ֭בִּי עַל־אִשָּׁ֑ה וְעַל־פֶּ֖תַח רֵעִ֣י אָרָֽבְתִּי׃ 10 תִּטְחַ֣ן לְאַחֵ֣ר אִשְׁתִּ֑י וְ֝עָלֶ֗יהָ יִכְרְע֥וּן אֲחֵרִֽין׃ 11 כִּי־הוא זִמָּ֑ה והיא עָוֺ֥ן פְּלִילִֽים׃ 12 כִּ֤י אֵ֣שׁ הִ֭יא עַד־אֲבַדּ֣וֹן תֹּאכֵ֑ל וּֽבְכָל־תְּב֖וּאָתִ֣י תְשָׁרֵֽשׁ׃ 13 אִם־אֶמְאַ֗ס מִשְׁפַּ֣ט עַ֭בְדִּי וַאֲמָתִ֑י בְּ֝רִבָ֗ם עִמָּדִֽי׃ 14 וּמָ֣ה אֶֽ֭עֱשֶׂה כִּֽי־יָק֣וּם אֵ֑ל וְכִֽי־יִ֝פְקֹ֗ד מָ֣ה אֲשִׁיבֶֽנּוּ׃ 15 הֲֽ֝לֹא־בַ֭בֶּטֶן עֹשֵׂ֣נִי עָשָׂ֑הוּ וַ֝יְכֻנֶ֗נּוּ בָּרֶ֥חֶם אֶחָֽד׃ 16 אִם־אֶ֭מְנַע מֵחֵ֣פֶץ דַּלִּ֑ים וְעֵינֵ֖י אַלְמָנָ֣ה אֲכַלֶּֽה׃ 17 וְאֹכַ֣ל פִּתִּ֣י לְבַדִּ֑י וְלֹא־אָכַ֖ל יָת֣וֹם מִמֶּֽנָּה׃ 18 כִּ֣י מִ֭נְּעוּרַי גְּדֵלַ֣נִי כְאָ֑ב וּמִבֶּ֖טֶן אִמִּ֣י אַנְחֶֽנָּה׃ 19 אִם־אֶרְאֶ֣ה א֭וֹבֵד מִבְּלִ֣י לְב֑וּשׁ וְאֵ֥ין כְּ֝ס֗וּת לָאֶבְיֽוֹן׃ 20 אִם־לֹ֣א בֵרֲכ֣וּנִי חלצו וּמִגֵּ֥ז כְּ֝בָשַׂי יִתְחַמָּֽם׃ 21 אִם־הֲנִיפ֣וֹתִי עַל־יָת֣וֹם יָדִ֑י כִּֽי־אֶרְאֶ֥ה בַ֝שַּׁ֗עַר עֶזְרָתִֽי׃ 22 כְּ֭תֵפִי מִשִּׁכְמָ֣ה תִפּ֑וֹל וְ֝אֶזְרֹעִ֗י מִקָּנָ֥ה תִשָּׁבֵֽר׃ 23 כִּ֤י פַ֣חַד אֵ֭לַי אֵ֣יד אֵ֑ל וּ֝מִשְּׂאֵת֗וֹ לֹ֣א אוּכָֽל׃ 24 אִם־שַׂ֣מְתִּי זָהָ֣ב כִּסְלִ֑י וְ֝לַכֶּ֗תֶם אָמַ֥רְתִּי מִבְטַחִֽי׃ 25 אִם־אֶ֭שְׂמַח כִּי־רַ֣ב חֵילִ֑י וְכִֽי־כַ֝בִּ֗יר מָצְאָ֥ה יָדִֽי׃ 26 אִם־אֶרְאֶ֣ה א֖וֹר כִּ֣י יָהֵ֑ל וְ֝יָרֵ֗חַ יָקָ֥ר הֹלֵֽךְ׃ 27 וַיִּ֣פְתְּ בַּסֵּ֣תֶר לִבִּ֑י וַתִּשַּׁ֖ק יָדִ֣י לְפִֽי׃ 28 גַּם־ה֭וּא עָוֺ֣ן פְּלִילִ֑י כִּֽי־כִחַ֖שְׁתִּי לָאֵ֣ל מִמָּֽעַל׃ 29 אִם־אֶ֭שְׂמַח בְּפִ֣יד מְשַׂנְאִ֑י וְ֝הִתְעֹרַ֗רְתִּי כִּֽי־מְצָ֥אוֹ רָֽע׃ 30 וְלֹא־נָתַ֣תִּי לַחֲטֹ֣א חִכִּ֑י לִשְׁאֹ֖ל בְּאָלָ֣ה נַפְשֽׁוֹ׃ 31 אִם־לֹ֣א אָ֭מְרוּ מְתֵ֣י אָהֳלִ֑י מִֽי־יִתֵּ֥ן מִ֝בְּשָׂר֗וֹ לֹ֣א נִשְׂבָּֽע׃ 32 בַּ֭חוּץ לֹא־יָלִ֣ין גֵּ֑ר דְּ֝לָתַ֗י לָאֹ֥רַח אֶפְתָּֽח׃ 33 אִם־כִּסִּ֣יתִי כְאָדָ֣ם פְּשָׁעָ֑י לִטְמ֖וֹן בְּחֻבִּ֣י עֲוֺֽנִי׃ 34 כִּ֤י אֶֽעֱר֨וֹץ ׀ הָ֘מ֤וֹן רַבָּ֗ה וּבוּז־מִשְׁפָּח֥וֹת יְחִתֵּ֑נִי וָ֝אֶדֹּ֗ם לֹא־אֵ֥צֵא פָֽתַח׃ 35 מִ֤י יִתֶּן־לִ֨י ׀ שֹׁ֘מֵ֤עַֽ לִ֗י הֶן־תָּ֭וִי שַׁדַּ֣י יַעֲנֵ֑נִי וְסֵ֥פֶר כָּ֝תַ֗ב אִ֣ישׁ רִיבִֽי׃ 36 אִם־לֹ֣א עַל־שִׁ֭כְמִי אֶשָּׂאֶ֑נּוּ אֶֽעֶנְדֶ֖נּוּ עֲטָר֣וֹת לִֽי׃ 37 מִסְפַּ֣ר צְ֭עָדַי אַגִּידֶ֑נּוּ כְּמוֹ־נָ֝גִ֗יד אֲקָרֲבֶֽנּוּ׃ 38 אִם־עָ֭לַי אַדְמָתִ֣י תִזְעָ֑ק וְ֝יַ֗חַד תְּלָמֶ֥יהָ יִבְכָּיֽוּן׃ 39 אִם־כֹּ֭חָהּ אָכַ֣לְתִּי בְלִי־כָ֑סֶף וְנֶ֖פֶשׁ בְּעָלֶ֣יהָ הִפָּֽחְתִּי׃ 40 תַּ֤חַת חִטָּ֨ה ׀ יֵ֥צֵא ח֗וֹחַ וְתַֽחַת־שְׂעֹרָ֥ה בָאְשָׁ֑ה תַּ֝֗מּוּ דִּבְרֵ֥י אִיּֽוֹב׃ פ

JBMLE · Judson Bible

1 ငါ​သည်​အ​ပျို​ကို​မျှ မ​ကြည့်​ရှု​မည်​အ​ကြောင်း၊ ကိုယ်​မျက်​စိ​နှင့် ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကို ပြု​ပြီ။ 2 သို့​မ​ဟုတ် အ​ထက်​အ​ရပ်​က ဘု​ရား​သ​ခင်​သည် အ​ဘယ်​ကျေး​ဇူး​ကို​လည်း​ကောင်း၊ မြင့်​ရာ​အ​ရပ်​က အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​သို့​သော အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း ပေး​တော်​မူ​မည်​နည်း။ 3 ဆိုး​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​လည်း​ကောင်း ရောက်​ရ​ကြ​မည် မ​ဟုတ်​လော။ 4 ဘု​ရား​သ​ခင်​သည် ငါ​သွား​ရာ​လမ်း​တို့​ကို မြင်​တော်​မူ​သည် မ​ဟုတ်​လော။ ငါ့​ခြေ​ရာ​ရှိ​သ​မျှ​တို့​ကို ရေ​တွက်​တော်​မူ​သည်​မ​ဟုတ်​လော။ 5 မု​သား​လမ်း​သို့ ငါ​လိုက်​မိ​သော်​လည်း​ကောင်း၊ လှည့်​စား​ခြင်း​ငှာ ငါ​ပြေး​မိ​သော်​လည်း​ကောင်း၊ 6 မှန်​သော​ချိန်​ခွင်၌ ငါ့​ကို​ချိန်​ပါ​စေ။ ဘု​ရား​သ​ခင်​သည် ငါ​ဖြောင့်​မတ်​ခြင်း​ကို သိ​တော်​မူ​ပါ​စေ။ 7 ငါ​သည် လမ်း​လွှဲ​မိ​သော်​လည်း​ကောင်း၊ ငါ့​စိတ်​နှ​လုံး​သည် ငါ့​မျက်​စိ​အ​လို​သို့ လိုက်​မိ​သော်​လည်း​ကောင်း၊ ငါ့​လက်၌ အ​ညစ်​အ​ကြေး​ကပ်​မိ​သော်​လည်း​ကောင်း၊ 8 ငါ​ကြဲ​သော မျိုး​စေ့၏​အ​သီး​အ​နှံ​ကို သူ​တစ်​ပါး​စား​ပါ​စေ။ ငါ့​ပျိုး​ပင်​များ​ကို သူ​တစ်​ပါး​နုတ်​ပါ​စေ။ 9 သူ့​မ​ယား​ကို ငါ​တပ်​မက်​မိ​သော်​လည်း​ကောင်း၊ အိမ်​နီး​ချင်း​တံ​ခါး​နား​မှာ ငါ​ချောင်း​မိ​သော်​လည်း​ကောင်း၊ 10 ငါ့​မ​ယား​သည် သူ​တစ်​ပါး​ထံ၌ ကြိတ်​ဆုံ​ကြိတ်​ရ​ပါ​စေ။ သူ​တစ်​ပါး​သည် ငါ့​မ​ယား​ကို ရှုတ်​ချ​ပါ​စေ။ 11 ငါ​သည်​ထို​သို့​ပြု​မိ​လျှင် အ​ပြစ်​ကြီး၏။ ရာ​ဇ​ဝတ်​ခံ​ထိုက်​သော အ​ပြစ်​ရှိ၏။ 12 ထို​အ​ပြစ်​သည် အ​ကုန်​အ​စင်​လောင်​သော​မီး၊ ငါ့​စည်း​စိမ်​ရှိ​သ​မျှ​ကို သုတ်​သင်​ပယ်​ရှင်း​သော​မီး​ဖြစ်၏။ 13 ငါ့​ကျွန်​နှင့် ငါ့​ကျွန်​မ​သည် ငါ​နှင့်​တ​ရား​တွေ့​စ​ရာ​အ​မှု ရှိ​သော​အ​ခါ၊ ငါ​နား​မ​ထောင်​ဘဲ​နေ​မိ​လျှင်၊ 14 ဘု​ရား​သ​ခင်​ထ​တော်​မူ​သော​အ​ခါ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။ စစ်​ကြော​တော်​မူ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​လျှောက်​ရ​မည်​နည်း။ 15 ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သည် သူ့​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော​ဘု​ရား​သည် ငါ​တို့​နှစ်​ယောက်​ကို အ​မိ​ဝမ်း​ထဲ၌ ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။

16 ငါ​သည် ဆင်း​ရဲ​သား​တောင့်​တ​သော​အ​ရာ​ကို မ​ပေး​ဘဲ​နေ​ဖူး​သ​လော။ မု​ဆိုး​မ​မျက်​စိ​ကို ပျက်​စေ​ခြင်း​ငှာ ပြု​ဖူး​သ​လော။ 17 မိ​ဘ​မ​ရှိ​သော​သူ​တို့​အား စား​စ​ရာ​ကို​မ​မျှ​ဘဲ၊ ငါ​တစ်​ယောက်​တည်း စား​ဖူး​သ​လော။ 18 ဆင်း​ရဲ​သား​သည် အ​ဘ​ထံ​မှာ​နေ​သ​ကဲ့​သို့၊ ငါ့​အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ငါ​နှင့်​အ​တူ ကျွေး​မွေး​ခြင်း​ကို ခံ​ပြီ။ ငါ​သည် ဖွား​မြင်​သော​နေ့​မှ​စ၍ မု​ဆိုး​မ​ကို မ​စ​ပြီ။ 19 အ​ဝတ်​မ​ရှိ​သော​ကြောင့် သေ​ခြင်း​သို့​ရောက်​သော သူ​တစ်​စုံ​တစ်​ယောက်​နှင့်၊ ခြုံ​စ​ရာ​မ​ရှိ​ဘဲ ဆင်း​ရဲ​စွာ​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​ကို ငါ​မြင်၍၊ 20 သူ၏​ခါး​သည် ငါ့​ကို​ကောင်း​ချီး​မ​ပေး။ ငါ့​သိုး​မွေး​အား​ဖြင့် မ​နွေး​ဘဲ​နေ​သော်​လည်း​ကောင်း၊ 21 ရုံး​တော်​တွင် ငါ့​ဘက်၌ နေ​သော​မင်း​ကို ငါ​သည်​မြင်၍၊ မိ​ဘ​မ​ရှိ​သော​သူ​ကို ညှဉ်း​ဆဲ​မိ​သော်​လည်း​ကောင်း၊ 22 ငါ့​လက်​မောင်း​သည် ပ​ခုံး​က​ကျ​ပါ​စေ။ ငါ့​လက်​ရိုး ကျိုး​ပါ​စေ။ 23 ငါ​သည် ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​ခြင်း​ဘေး​ကို ကြောက်​ရွံ့၍၊ တန်​ခိုး​အာ​နု​ဘော်​တော်​ကြောင့် မ​ပြစ်​မှား​ဝံ့​ဘဲ​နေ​ပါ​ပြီ။ 24 ငါ​သည်​ရွှေ​ကို​ကိုး​စား၍ ရွှေ​စင်​အား၊ သင်​သည် ငါ​ခို​လှုံ​ရာ​ဖြစ်၏​ဟု ဆို​မိ​သော်​လည်း​ကောင်း၊ 25 ငါ၌​စည်း​စိမ်​ကြီး၍ များ​စွာ​သော ဥ​စ္စာ​ရ​တတ်​သော​ကြောင့်၊ ငါ​ဝါ​ကြွား​ဝမ်း​မြောက် မိ​သော်​လည်း​ကောင်း၊ 26 ရောင်​ခြည်​ထွက်​သော​နေ၊ ထွန်း​လင်း​လျက်​သွား​သော​လ​ကို ငါ​ကြည့်​ရှု​သော​အ​ခါ၊ 27 ငါ့​စိတ်​နှ​လုံး​သည် တိတ်​ဆိတ်​စွာ​နူး​ညွတ်၍ ငါ့​လက်​ကို ငါ​နမ်း​မိ​သော်​လည်း​ကောင်း၊ 28 ရာ​ဇ​ဝတ်​ခံ​ထိုက်​သော အ​ပြစ်​ရှိ၏။ အ​ထက်​အ​ရပ်၌ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ရာ​ရောက်၏။ 29 ငါ့​ကို​မုန်း​သော​သူ​သည် ပျက်​စီး​သော​အ​ခါ ငါ​ဝမ်း​မြောက်​သ​လော။ သူ၌​ဘေး​ရောက်​သော​အ​ခါ၊ ငါ​ဝါ​ကြွား​သ​လော။ 30 ငါ​သည် သူ့​အ​သက်​ကို ကျိန်​ဆဲ၍၊ ကိုယ်​နှုတ်၌ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး။ 31 ငါ့​အိမ်​သူ​အိမ်​သား​တို့​က၊ အ​ဘယ်​သူ​သည် ငါ​တို့​သ​ခင်၏ အ​မဲ​သား​ကို​တောင့်​တ၍ မ​ဝ​ဘဲ​နေ​ရ​သ​နည်း​ဟု မ​ဆို​တတ်​သ​လော။ 32 ဧည့်​သည်​သည် လမ်း၌​ည​ကို မ​လွန်​ရ​မည်​အ​ကြောင်း၊ ငါ​သည် ခ​ရီး​သွား​သော​သူ​တို့​အား ကိုယ်​တံ​ခါး​ကို ဖွင့်​ထား​ပြီ။ 33 ငါ​သည် လူ​ပြု​တတ်​သ​ကဲ့​သို့၊ ကိုယ်​ဒု​စ​ရိုက်​ကို​ဖုံး၍၊ ကိုယ်​ရင်​ထဲ၌ ကိုယ်​အ​ပြစ်​ကို ဝှက်​ထား​ဖူး​သ​လော။ 34 ထို​သို့​ပြု​မိ​လျှင်၊ ကြီး​သော​ပ​ရိ​သတ်ရှေ့​မှာ ငါ့​မျက်​နှာ​ပျက်​ပါ​စေ။ လူ​အ​မျိုး​မျိုး​တို့​သည် ကဲ့​ရဲ့၍ ငါ့​အ​ရှက်​ကွဲ​ပါ​စေ။ အိမ်​ပြင်​သို့​မ​ထွက်​ဘဲ တိတ်​ဆိတ်​စွာ နေ​ရ​ပါ​စေ။ 35 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​ပါ​စေ​သော။ ငါ့​လက်​မှတ်​ကို ငါ​ပေး​မည်။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​ကို​စစ်​ကြော​တော်​မူ​ပါ​စေ။ ငါ့​တ​ရား​တွေ့​ဘက်​သည် စာ​ရေး​သား​ထား​ပါ​စေ။ 36 အ​ကယ်​စင်​စစ် ထို​စာ​ကို ပ​ခုံး​ပေါ်​မှာ ငါ​တင်​ထား​ပါ​မည်။ ဗောင်း​ကဲ့​သို့ ဆောင်း​ပါ​မည်။ 37 ငါ​သည် ကိုယ်​အ​ပြု​အ​မူ​အ​လုံး​စုံ​တို့​ကို ဖော်​ပြ​ပါ​မည်။ မင်း​ကဲ့​သို့ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​မည်။ 38 ငါ့​မြေ​သည် ငါ့​ကို​အ​ပြစ်​တင်​သ​ဖြင့်၊ အော်​ဟစ်၍ လည်​ချောင်း​တို့​သည် တ​ညီ​တည်း​မြည်​တမ်း​သော်​လည်း​ကောင်း၊ 39 စ​ရိတ်​မ​ကုန်​ဘဲ မြေ​အ​သီး​အ​နှံ​ကို​ငါ​စား၍ မြေ​ဆိုင်​သော​သူ​တို့​ကို ညှဉ်း​ဆဲ​မိ​သော်​လည်း​ကောင်း၊ 40 စ​ပါး​ပင်​အ​တွက် ဆူး​ပင်​ပေါက်​ပါ​စေ။ မု​ယော​ပင်​အ​တွက် ဗော​ရှ​ပင်​ပေါက်​ပါ​စေ​ဟု မြွက်​ဆို၏။ ယော​ဘ​မြွက်​ဆို​သော​စ​ကား​ပြီး၏။

Todos os capítulos de Job 42
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.