Pular para o conteúdo
Publicidade Remover anúncios

Job 6

WLC · Westminster Leningrad Codex

1 וַיַּ֥עַן אִיּ֗וֹב וַיֹּאמַֽר׃ 2 ל֗וּ שָׁק֣וֹל יִשָּׁקֵ֣ל כַּעְשִׂ֑י והיתי בְּֽמֹאזְנַ֥יִם יִשְׂאוּ־יָֽחַד׃ 3 כִּֽי־עַתָּ֗ה מֵח֣וֹל יַמִּ֣ים יִכְבָּ֑ד עַל־כֵּ֝֗ן דְּבָרַ֥י לָֽעוּ׃ 4 כִּ֤י חִצֵּ֪י שַׁדַּ֡י עִמָּדִ֗י אֲשֶׁ֣ר חֲ֭מָתָם שֹׁתָ֣ה רוּחִ֑י בִּעוּתֵ֖י אֱל֣וֹהַּ יַֽעַרְכֽוּנִי׃ 5 הֲיִֽנְהַק־פֶּ֥רֶא עֲלֵי־דֶ֑שֶׁא אִ֥ם יִגְעֶה־שּׁ֝֗וֹר עַל־בְּלִילֽוֹ׃ 6 הֲיֵאָכֵ֣ל תָּ֭פֵל מִבְּלִי־מֶ֑לַח אִם־יֶשׁ־טַ֝֗עַם בְּרִ֣יר חַלָּמֽוּת׃ 7 מֵאֲנָ֣ה לִנְגּ֣וֹעַ נַפְשִׁ֑י הֵ֝֗מָּה כִּדְוֵ֥י לַחְמִֽי׃ 8 מִֽי־יִ֭תֵּן תָּב֣וֹא שֶֽׁאֱלָתִ֑י וְ֝תִקְוָתִ֗י יִתֵּ֥ן אֱלֽוֹהַּ׃ 9 וְיֹאֵ֣ל אֱ֭לוֹהַּ וִֽידַכְּאֵ֑נִי יַתֵּ֥ר יָ֝ד֗וֹ וִֽיבַצְּעֵֽנִי׃ 10 וּ֥תְהִי ע֨וֹד ׀ נֶ֘חָ֤מָתִ֗י וַאֲסַלְּדָ֣ה בְ֭חִילָה לֹ֣א יַחְמ֑וֹל כִּי־לֹ֥א כִ֝חַ֗דְתִּי אִמְרֵ֥י קָדֽוֹשׁ׃ 11 מַה־כֹּחִ֥י כִֽי־אֲיַחֵ֑ל וּמַה־קִּ֝צִּ֗י כִּֽי־אַאֲרִ֥יךְ נַפְשִֽׁי׃ 12 אִם־כֹּ֣חַ אֲבָנִ֣ים כֹּחִ֑י אִֽם־בְּשָׂרִ֥י נָחֽוּשׁ׃ 13 הַאִ֬ם אֵ֣ין עֶזְרָתִ֣י בִ֑י וְ֝תֻשִׁיָּ֗ה נִדְּחָ֥ה מִמֶּֽנִּי׃ 14 לַמָּ֣ס מֵרֵעֵ֣הוּ חָ֑סֶד וְיִרְאַ֖ת שַׁדַּ֣י יַעֲזֽוֹב׃ 15 אַ֭חַי בָּגְד֣וּ כְמוֹ־נָ֑חַל כַּאֲפִ֖יק נְחָלִ֣ים יַעֲבֹֽרוּ׃ 16 הַקֹּדְרִ֥ים מִנִּי־קָ֑רַח עָ֝לֵ֗ימוֹ יִתְעַלֶּם־שָֽׁלֶג׃ 17 בְּ֭עֵת יְזֹרְב֣וּ נִצְמָ֑תוּ בְּ֝חֻמּ֗וֹ נִדְעֲכ֥וּ מִמְּקוֹמָֽם׃ 18 יִ֭לָּ֣פְתוּ אָרְח֣וֹת דַּרְכָּ֑ם יַעֲל֖וּ בַתֹּ֣הוּ וְיֹאבֵֽדוּ׃ 19 הִ֭בִּיטוּ אָרְח֣וֹת תֵּמָ֑א הֲלִיכֹ֥ת שְׁ֝בָ֗א קִוּוּ־לָֽמוֹ׃ 20 בֹּ֥שׁוּ כִּֽי־בָטָ֑ח בָּ֥אוּ עָ֝דֶ֗יהָ וַיֶּחְפָּֽרוּ׃ 21 כִּֽי־עַ֭תָּה הֱיִ֣יתֶם לא תִּֽרְא֥וּ חֲ֝תַ֗ת וַתִּירָֽאוּ׃ 22 הֲֽכִי־אָ֭מַרְתִּי הָ֣בוּ לִ֑י וּ֝מִכֹּחֲכֶ֗ם שִׁחֲד֥וּ בַעֲדִֽי׃ 23 וּמַלְּט֥וּנִי מִיַּד־צָ֑ר וּמִיַּ֖ד עָרִיצִ֣ים תִּפְדּֽוּנִי׃ 24 ה֭וֹרוּנִי וַאֲנִ֣י אַחֲרִ֑ישׁ וּמַה־שָּׁ֝גִ֗יתִי הָבִ֥ינוּ לִֽי׃ 25 מַה־נִּמְרְצ֥וּ אִמְרֵי־יֹ֑שֶׁר וּמַה־יּוֹכִ֖יחַ הוֹכֵ֣חַ מִכֶּֽם׃ 26 הַלְהוֹכַ֣ח מִלִּ֣ים תַּחְשֹׁ֑בוּ וּ֝לְר֗וּחַ אִמְרֵ֥י נֹאָֽשׁ׃ 27 אַף־עַל־יָת֥וֹם תַּפִּ֑ילוּ וְ֝תִכְר֗וּ עַל־רֵֽיעֲכֶֽם׃ 28 וְ֭עַתָּה הוֹאִ֣ילוּ פְנוּ־בִ֑י וְעַל־פְּ֝נֵיכֶ֗ם אִם־אֲכַזֵּֽב׃ 29 שֻֽׁבוּ־נָ֭א אַל־תְּהִ֣י עַוְלָ֑ה ושבי ע֝וֹד צִדְקִי־בָֽהּ׃ 30 הֲיֵשׁ־בִּלְשׁוֹנִ֥י עַוְלָ֑ה אִם־חִ֝כִּ֗י לֹא־יָבִ֥ין הַוּֽוֹת׃

JBMLE · Judson Bible

တ​ရား​သော​ညည်း​တွား​ခြင်း

1 တစ်​ဖန် ယော​ဘ​မြွက်​ဆို​သည်​ကား၊ 2 ငါ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို သေ​ချာ​စွာ ချိန်​တွယ်​ပါ​စေ။ ငါ​ခံ​ရ​သော ဒု​က္ခ​များ​ကို​လည်း ချိန်​ခွင်၌ စု​ထား​ပါ​စေ။ 3 သို့​ဖြစ်​လျှင် သ​မု​ဒ္ဒ​ရာ​သဲ​ထက်​သာ၍ လေး​လိမ့်​မည်။ ထို​ကြောင့် ငါ့​စ​ကား​လွန်​မိ​ပြီ။ 4 အ​န​န္တ​တန်​ခိုး​ရှင် ပစ်​တော်​မူ​သော မြား​တို့​သည် ငါ၌​စွဲ၍၊ အ​ဆိပ်​အ​တောက်​ဖြင့် ငါ့​ဝိ​ညာဉ်​ကို မွန်း​စေ၏။ ဘု​ရား​သ​ခင်​ပြ​တော်​မူ​သော ကြောက်​မက်​ဖွယ်​အ​ရာ​တို့​သည် ငါ့​ရှေ့​မှာ စီ​လျက်​ရှိ​ကြ၏။ 5 တော​မြည်း​သည် မြက်​ပင်​ပေါ​သော​အ​ခါ မြည်​တတ်​သ​လော။ နွား​သည် စား​စ​ရာ​ရှိ​သော​အ​ခါ အော်​တတ်​သ​လော။ 6 မ​မြိန်​သော​အ​ရာ​ကို ဆား​မ​ပါ​ဘဲ စား​နိုင်​သ​လော။ ကြက်​ဥ​အ​ကာ​သည် ဆိမ့်​သော​အ​ရ​သာ ရှိ​သ​လော။ 7 လက်​နှင့်​မျှ မ​တို့​နိုင်၊ ငါ​မ​နှစ်​သက်​နိုင်​သော​အ​ရာ​ကို ရွံ​လျက်​နှင့် ငါ​စား​ရ၏။

8 ငါ​တောင်း​သော​အ​ရာ​ကို ရ​ပါ​စေ။ ငါ​တောင့်​တ​သော​အ​ရာ​ကို ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ပါ​စေ။ 9 တောင့်​တ​သော​အ​ရာ ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို ဖျက်​ဆီး​တော်​မူ​ပါ​စေ။ လက်​တော်​ကို​ဆန့်၍ ငါ့​ကို ဆုံး​စေ​တော်​မူ​ပါ​စေ။ 10 ထို​သို့​ဖြစ်​လျှင် ငါ​သည် သက်​သာ​ရ၏။ ငြို​ငြင်​သော်​လည်း သည်း​ခံ​မည်။ ငါ့​ကို နှ​မြော​တော်​မ​မူ​ပါ​စေ​နှင့်။ သန့်​ရှင်း​တော်​မူ​သော​သူ၏ စ​ကားတော်​ကို ငါ​မ​ငြင်း​မ​ဆန်​ပြီ။ 11 ငါ​မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​ရ​မည်​အ​ကြောင်း၊ ငါ့​ခွန်​အား​ကား အ​ဘယ်​သို့​နည်း။ ငါ​သည် ကိုယ်​အ​သက်​ကို စောင့်​ရ​မည်​အ​ကြောင်း၊ နောက်​ဆုံး​ခံ​ရ​သော အ​ကျိုး​ကား အ​ဘယ်​သို့​နည်း။ 12 ငါ့​ခွန်​အား​သည် ကျောက်​ခွန်​အား ဖြစ်​သ​လော။ ငါ့​အ​သား​သည် ကြေး​ဝါ​ဖြစ်​သ​လော။ 13 ငါ​သည် ကိုယ်​ကို​မ မ​စ​နိုင်။ ငါ့​ဉာဏ်​လည်း ကုန်​ပြီ။

14 ဆင်း​ရဲ​ခြင်း​သို့​ရောက်​သော​သူ၏ အ​ဆွေ​ခင်​ပွန်း​သည် သ​နား​အပ်၏။ မ​သ​နား​လျှင် အ​န​န္တ​တန်​ခိုး​ရှင်​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ကင်း​လွတ်၏။ 15 ငါ့​ညီ​အစ်​ကို​တို့​သည် ချောင်း​ရေ​ကဲ့​သို့ လှည့်​စား၍၊ ချိုင့်၌​စီး​သော​ရေ​ကဲ့​သို့ ရွေ့​သွား​ကွယ်​ပျောက် တတ်​ကြ၏။ 16 ထို​ချောင်း​ရေ​သည် ရေ​ခဲ​ကြောင့်​လည်း​ကောင်း၊ မ​ထင်​ရှား​သော မိုး​ပွင့်​ကြောင့်​လည်း​ကောင်း၊ 17 အ​လွန်​စီး​တတ်​သော်​လည်း၊ နွေး​သော​အ​ခါ ကွယ်​ပျောက်​တတ်၏။ နေ​ပူ​သော​အ​ခါ မိ​မိ​နေ​ရာ၌ ခန်း​ခြောက်​တတ်၏။ 18 ထို​ရေ​စီး​သော​ချောင်း​တို့​သည် လွဲ​သွား၍ တ​ရွေ့​တ​ရွေ့ ကွယ်​ပျောက်​တတ်​ကြ၏။ 19 တေ​မန်​အ​မျိုး​သား အ​စု​အ​ဝေး​တို့​သည် ရှာ​ကြ၏။ ရှေ​ဘ​ပြည်​မှ ခ​ရီး​သွား​သော​သူ အ​စု​အ​ဝေး​တို့​သည် မျှော်​လင့်​လျက် လာ​ကြ၏။ 20 မျှော်​လင့်၍ စိတ်​ပျက်​ကြ၏။ ထို​အ​ရပ်​သို့ ရောက်​သော​အ​ခါ ရှက်​ကြောက်​လျက် နေ​ကြ၏။ 21 ထို​အ​တူ သင်​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ငါ​နှိမ့်​ချ​ခြင်း​ကို​မြင်​လျှင် ဆုတ်၍​နေ​ကြ၏။ 22 ငါ့​ထံ​သို့ လက်​ဆောင်​ကို ယူ​ခဲ့​ကြ​ပါ။ သင်​တို့ ပ​စ္စည်း​ဥ​စ္စာ​ထဲ​က​ထုတ်၍ ငါ့​ကို​ပေး​ကြ​ပါ။ 23 ရန်​သူ​လက်​မှ ငါ့​ကို​ကယ်​ယူ​ကြ​ပါ။ သူ​ရဲ​လက်​မှ​ရွေး​နုတ်​ကြ​ပါ​ဟု ငါ​ပြော​သ​လော။ 24 ငါ့​ကို ဆုံး​မ​ကြ​ပါ။ တိတ်​ဆိတ်​လျက်​နေ​ပါ​မည်။ ငါ​မှား​သော​အ​ရာ​ကို ငါ့​အား​ဖော်​ပြ​ကြ​ပါ။ 25 မှန်​သော​စ​ကား​သည် တန်​ခိုး​ကြီး၏။ သင်​တို့ ကဲ့​ရဲ့​သော​စ​ကား​သည် အ​ဘယ်​မှာ နေ​ရာ​ကျ​သ​နည်း။ 26 ငါ​စ​ကား​ပြော​ရုံ​ကာ​မျှ​ကို အ​ပြစ်​တင်​မည် ကြံ​စည်​ကြ​သ​လော။ မျှော်​လင့်​စ​ရာ​မ​ရှိ​သော​သူ ပြော​သော​စ​ကား​သည် လေ​သက်​သက်​ဖြစ်၏။ 27 အ​ကယ်၍​သင်​တို့​သည် မိ​ဘ​မ​ရှိ​သော​သူ​ငယ်​ကို နှိပ်​စက်​ကြ၏။ အ​ဆွေ​ခင်​ပွန်း​ဖို့ တွင်း​ကို​တူး​ကြ၏။ 28 ငါ့​ကို​စိတ်​မ​ရှိ​ဘဲ ကြည့်​ရှု​ကြ​ပါ​လော့။ သင်​တို့​ရှေ့​မှာ ငါ​လှည့်​စား​သ​လော။ 29 ပြန်၍ ဆင်​ခြင်​ကြ​ပါ။ မ​တ​ရား​သ​ဖြင့် မ​ပြု​ကြ​ပါ​နှင့်။ ပြန်၍ ဆင်​ခြင်​ကြ​ပါ။ ဤ​အ​မှု၌ ငါ​သည် ဖြောင့်​မတ်​ပါ၏။ 30 ငါ့​လျှာ၌ ကောက်​သော​သ​ဘော ရှိ​သ​လော။ ငါ​သည် မြည်း​စမ်း၍ အ​ပြစ်​ပါ​သော​အ​ရာ​ကို ပိုင်း​ခြား မ​သိ​နိုင်​သ​လော။

Todos os capítulos de Job 42
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.