Pular para o conteúdo
Publicidade Remover anúncios

Job 7

WLC · Westminster Leningrad Codex

1 הֲלֹא־צָבָ֣א לֶאֱנ֣וֹשׁ על־אָ֑רֶץ וְכִימֵ֖י שָׂכִ֣יר יָמָֽיו׃ 2 כְּעֶ֥בֶד יִשְׁאַף־צֵ֑ל וּ֝כְשָׂכִ֗יר יְקַוֶּ֥ה פָעֳלֽוֹ׃ 3 כֵּ֤ן הָנְחַ֣לְתִּי לִ֭י יַרְחֵי־שָׁ֑וְא וְלֵיל֥וֹת עָ֝מָ֗ל מִנּוּ־לִֽי׃ 4 אִם־שָׁכַ֗בְתִּי וְאָמַ֗רְתִּי מָתַ֣י אָ֭קוּם וּמִדַּד־עָ֑רֶב וְשָׂבַ֖עְתִּי נְדֻדִ֣ים עֲדֵי־נָֽשֶׁף׃ 5 לָ֘בַ֤שׁ בְּשָׂרִ֣י רִ֭מָּה וגיש עָפָ֑ר עוֹרִ֥י רָ֝גַ֗ע וַיִּמָּאֵֽס׃ 6 יָמַ֣י קַ֭לּוּ מִנִּי־אָ֑רֶג וַ֝יִּכְל֗וּ בְּאֶ֣פֶס תִּקְוָֽה׃ 7 זְ֭כֹר כִּי־ר֣וּחַ חַיָּ֑י לֹא־תָשׁ֥וּב עֵ֝ינִ֗י לִרְא֥וֹת טֽוֹב׃ 8 לֹֽא־תְ֭שׁוּרֵנִי עֵ֣ין רֹ֑אִי עֵינֶ֖יךָ בִּ֣י וְאֵינֶֽנִּי׃ 9 כָּלָ֣ה עָ֭נָן וַיֵּלַ֑ךְ כֵּ֥ן יוֹרֵ֥ד שְׁ֝א֗וֹל לֹ֣א יַעֲלֶֽה׃ 10 לֹא־יָשׁ֣וּב ע֣וֹד לְבֵית֑וֹ וְלֹא־יַכִּירֶ֖נּוּ ע֣וֹד מְקֹמֽוֹ׃ 11 גַּם־אֲנִי֮ לֹ֤א אֶחֱשָׂ֫ךְ פִּ֥י אֲֽ֭דַבְּרָה בְּצַ֣ר רוּחִ֑י אָ֝שִׂ֗יחָה בְּמַ֣ר נַפְשִֽׁי׃ 12 הֲֽיָם־אָ֭נִי אִם־תַּנִּ֑ין כִּֽי־תָשִׂ֖ים עָלַ֣י מִשְׁמָֽר׃ 13 כִּֽי־אָ֭מַרְתִּי תְּנַחֲמֵ֣נִי עַרְשִׂ֑י יִשָּׂ֥א בְ֝שִׂיחִ֗י מִשְׁכָּבִֽי׃ 14 וְחִתַּתַּ֥נִי בַחֲלֹמ֑וֹת וּֽמֵחֶזְיֹנ֥וֹת תְּבַעֲתַֽנִּי׃ 15 וַתִּבְחַ֣ר מַחֲנָ֣ק נַפְשִׁ֑י מָ֝֗וֶת מֵֽעַצְמוֹתָֽי׃ 16 מָ֭אַסְתִּי לֹא־לְעֹלָ֣ם אֶֽחְיֶ֑ה חֲדַ֥ל מִ֝מֶּ֗נִּי כִּי־הֶ֥בֶל יָמָֽי׃ 17 מָֽה־אֱ֭נוֹשׁ כִּ֣י תְגַדְּלֶ֑נּוּ וְכִי־תָשִׁ֖ית אֵלָ֣יו לִבֶּֽךָ׃ 18 וַתִּפְקְדֶ֥נּוּ לִבְקָרִ֑ים לִ֝רְגָעִ֗ים תִּבְחָנֶֽנּוּ׃ 19 כַּ֭מָּה לֹא־תִשְׁעֶ֣ה מִמֶּ֑נִּי לֹֽא־תַ֝רְפֵּ֗נִי עַד־בִּלְעִ֥י רֻקִּֽי׃ 20 חָטָ֡אתִי מָ֤ה אֶפְעַ֨ל ׀ לָךְ֮ נֹצֵ֪ר הָאָ֫דָ֥ם לָ֤מָה שַׂמְתַּ֣נִי לְמִפְגָּ֣ע לָ֑ךְ וָאֶהְיֶ֖ה עָלַ֣י לְמַשָּֽׂא׃ 21 וּמֶ֤ה ׀ לֹא־תִשָּׂ֣א פִשְׁעִי֮ וְתַעֲבִ֪יר אֶת־עֲוֺ֫נִ֥י כִּֽי־עַ֭תָּה לֶעָפָ֣ר אֶשְׁכָּ֑ב וְשִׁ֖חֲרְתַּ֣נִי וְאֵינֶֽנִּי׃ פ

JBMLE · Judson Bible

အ​ဆုံး​မ​ရှိ​သော​ဝေ​ဒ​နာ

1 လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပင်​ပန်း​စွာ​အ​မှု​ထမ်း​ရ​သည် မ​ဟုတ်​လော။ သူ​နေ​ရ​သော နေ့​ရက်​တို့​သည် အ​ငှား​ခံ​သော​သူ၏ နေ့​ရက်​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။ 2 ကျွန်​ခံ​ရ​သော​သူ​သည် မိုး​ချုပ်​သော​အ​ချိန်​ကို တောင့်​တ၍၊ အ​ငှား​ခံ​သော​သူ​သည် အ​ခ​ရ​မည့်​အ​ချိန်​ကို မျှော်​လင့်​သ​ကဲ့​သို့၊ 3 ထို​နည်း​တူ ငါ​သည် ဒု​က္ခ​နေ့​လ​တို့​နှင့် ဆိုင်​ရ၏။ ပင်​ပန်း​စွာ​ခံ​ရ​သော ည​တို့​သည်​လည်း ငါ၏ အ​ငန်း​အ​တာ​ဖြစ်၏။ 4 အ​ဘယ်​အ​ခါ​မှ ည​ကုန်၍ ငါ​ထ​ရ​ပါ​မည်​နည်း​ဟု ငါ​သည် ညည်း​တွား​လျက် အိပ်​ရ၏။ မိုး​လင်း​သည်​တိုင်​အောင် လှိမ့်​လျက်​လူး​လျက် နေ​ရ၏။ 5 လောက်​နှင့်​ရွှံ့​တို့​သည် အ​ဝတ်​ကဲ့​သို့ ငါ့​ကိုယ်​ကို ဖုံး​လွှမ်း​ကြ၏။ ငါ့​အ​ရေ​သည် ကွဲ၍ ယိ​လျက်​ရှိ၏။ 6 ငါ့​နေ့​ရက်​တို့​သည် ရက်​ကန်း​လွန်း​ထက်​မြန်၍ မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ လွန်​သွား​တတ်​ကြ၏။ 7 ငါ့​အ​သက်​သည် လေ​သက်​သက်​ဖြစ်​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ နောက်​တစ်​ဖန် ကောင်း​သော​အ​ကျိုး​ကို ငါ​မ​မြင်​ရ။ 8 ငါ့​ကို မြင်​သော​သူ​သည် နောက်​တစ်​ဖန် မ​မြင်​ရ။ ကိုယ်​တော်​သည် ကြည့်​ရှု​တော်​မူ​သော​အ​ခါ ငါ​ပျောက်​ပါ​ပြီ။ 9 မိုး​တိမ်​သည် ပြယ်​ပျောက် ကွယ်​လွင့်​သ​ကဲ့​သို့၊ သင်္ချိုင်း​တွင်း​ထဲ​သို့ ဆင်း​သော​သူ​သည် နောက်​တစ်​ဖန် မ​တက်​ရ။ 10 မိ​မိ​အိမ်​သို့ မ​ပြန်​ရ။ သူ၏​နေ​ရင်း​အ​ရပ်​သည် နောက်​တစ်​ဖန် သူ့​ကို​မ​သိ​ရ။ 11 ထို​ကြောင့်​ငါ​သည် ကိုယ်​နှုတ်​ကို မ​ချုပ်​တည်း။ စိတ်​ပင်​ပန်း​လျက်​နှင့် စ​ကား​ပြော​ရ၏။ အ​လွန်​ညှိုး​ငယ်​သော စိတ်​နှင့် မြည်​တမ်း​ရ၏။

12 ငါ​သည် ပင်​လယ်​ဖြစ်​သ​လော။ န​ဂါး​ဖြစ်​သ​လော။ ထို​သို့​ဖြစ်​သော​ကြောင့် ငါ့​ကို အ​စောင့်​ထား​တော်​မူ​ရ​သ​လော။ 13 ငါ​သည်​အိပ်၍ သက်​သာ​မည်။ ငါ့​ခု​တင်​သည် ချမ်း​သာ​ပေး​မည်​ဟု ငါ​ဆို​လျှင်၊ 14 ကိုယ်​တော်​သည် ကြောက်​မက်​ဖွယ်​သော အိပ်​မက်​ကို ပေး​တော်​မူ၏။ ည​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို ထိတ်​လန့်​စေ​တော်​မူ၏။ 15 ငါ​သည် ကိုယ်​အ​ရိုး​ကို နှ​မြော​သည်​ထက် အ​သက်​ချုပ်၍ သေ​ရ​သော​အ​ခွင့်​ကို သာ၍​တောင့်​တ​ပါ၏။ 16 ငါ​သည် အား​လျော့​လျက်​ရှိ၏။ အ​စဉ်​မ​ပြတ် အ​သက်​မ​ရှင်​ရာ။ ငါ့​ကို တတ်​တိုင်း​ရှိ​စေ​တော်​မူ​ပါ။ ငါ့​အ​သက်​သည် အ​ခိုး​အ​ငွေ့​ဖြစ်၏။ 17 ကိုယ်​တော်​သည် လူ​ကို​ပ​မာ​ဏ​ပြု၍ စိတ်​စွဲ​လမ်း​တော်​မူ​မည်​အ​ကြောင်း၊ 18 သူ့​ကို နံ​နက်​တိုင်း အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ ခ​ဏ​ခ​ဏ စုံ​စမ်း​တော်​မူ​မည်​အ​ကြောင်း၊ လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ 19 အ​ဘယ်​ကာ​လ​မှ ငါ့​ကို​မ​ကြည့်​မ​ရှု၊ မျက်​နှာ​လွှဲ​တော်​မူ​မည်​နည်း။ ငါ​သည် ကိုယ်​တံ​တွေး​ကို မျို​ရ​သည်​တိုင်​အောင်၊ အ​ဘယ်​ကာ​လ​မှ တတ်​တိုင်း ရှိ​စေ​တော်​မူ​မည်​နည်း။ 20 လူ​ကို စောင့်​တော်​မူ​သော​အ​ရှင်၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သည် မှန်​ပါ​စေ​တော့။ ကိုယ်​တော်​ရှေ့​မှာ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ရ​သည်​တိုင်​အောင် အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် ပစ်စရာစက်သွင်း​တော်​မူ​သ​နည်း။ 21 အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​ကို အ​ဘယ်​ကြောင့် သည်း​ခံ​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​အ​ပြစ်​ကို အ​ဘယ်​ကြောင့် ဖြေ​ရှင်း​တော်​မ​မူ​သ​နည်း။ ယ​ခု​မှာ အ​ကျွန်ုပ်​သည် မြေ​မှုန့်၌​အိပ်​ရ​ပါ​မည်။ ကိုယ်​တော်​သည် နံ​နက်​အ​ချိန်၌ ရှာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​မ​ရှိ​ပါ​ဟု မြွက်​ဆို၏။

Todos os capítulos de Job 42
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.