1 דְּבַר־יְהוָה֙ אֲשֶׁ֣ר הָיָ֔ה אֶל־יוֹאֵ֖ל בֶּן־פְּתוּאֵֽל׃ 2 שִׁמְעוּ־זֹאת֙ הַזְּקֵנִ֔ים וְהַֽאֲזִ֔ינוּ כֹּ֖ל יוֹשְׁבֵ֣י הָאָ֑רֶץ הֶהָ֤יְתָה זֹּאת֙ בִּֽימֵיכֶ֔ם וְאִ֖ם בִּימֵ֥י אֲבֹֽתֵיכֶֽם׃ 3 עָלֶ֖יהָ לִבְנֵיכֶ֣ם סַפֵּ֑רוּ וּבְנֵיכֶם֙ לִבְנֵיהֶ֔ם וּבְנֵיהֶ֖ם לְד֥וֹר אַחֵֽר׃ 4 יֶ֤תֶר הַגָּזָם֙ אָכַ֣ל הָֽאַרְבֶּ֔ה וְיֶ֥תֶר הָאַרְבֶּ֖ה אָכַ֣ל הַיָּ֑לֶק וְיֶ֣תֶר הַיֶּ֔לֶק אָכַ֖ל הֶחָסִֽיל׃ 5 הָקִ֤יצוּ שִׁכּוֹרִים֙ וּבְכ֔וּ וְהֵילִ֖לוּ כָּל־שֹׁ֣תֵי יָ֑יִן עַל־עָסִ֕יס כִּ֥י נִכְרַ֖ת מִפִּיכֶֽם׃ 6 כִּֽי־גוֹי֙ עָלָ֣ה עַל־אַרְצִ֔י עָצ֖וּם וְאֵ֣ין מִסְפָּ֑ר שִׁנָּיו֙ שִׁנֵּ֣י אַרְיֵ֔ה וּֽמְתַלְּע֥וֹת לָבִ֖יא לֽוֹ׃ 7 שָׂ֤ם גַּפְנִי֙ לְשַׁמָּ֔ה וּתְאֵנָתִ֖י לִקְצָפָ֑ה חָשֹׂ֤ף חֲשָׂפָהּ֙ וְהִשְׁלִ֔יךְ הִלְבִּ֖ינוּ שָׂרִיגֶֽיהָ׃ 8 אֱלִ֕י כִּבְתוּלָ֥ה חֲגֻֽרַת־שַׂ֖ק עַל־בַּ֥עַל נְעוּרֶֽיהָ׃ 9 הָכְרַ֥ת מִנְחָ֛ה וָנֶ֖סֶךְ מִבֵּ֣ית יְהוָ֑ה אָֽבְלוּ֙ הַכֹּ֣הֲנִ֔ים מְשָׁרְתֵ֖י יְהוָֽה׃ 10 שֻׁדַּ֣ד שָׂדֶ֔ה אָבְלָ֖ה אֲדָמָ֑ה כִּ֚י שֻׁדַּ֣ד דָּגָ֔ן הוֹבִ֥ישׁ תִּיר֖וֹשׁ אֻמְלַ֥ל יִצְהָֽר׃ 11 הֹבִ֣ישׁוּ אִכָּרִ֗ים הֵילִ֨ילוּ֙ כֹּֽרְמִ֔ים עַל־חִטָּ֖ה וְעַל־שְׂעֹרָ֑ה כִּ֥י אָבַ֖ד קְצִ֥יר שָׂדֶֽה׃ 12 הַגֶּ֣פֶן הוֹבִ֔ישָׁה וְהַתְּאֵנָ֖ה אֻמְלָ֑לָה רִמּ֞וֹן גַּם־תָּמָ֣ר וְתַפּ֗וּחַ כָּל־עֲצֵ֤י הַשָּׂדֶה֙ יָבֵ֔שׁוּ כִּֽי־הֹבִ֥ישׁ שָׂשׂ֖וֹן מִן־בְּנֵ֥י אָדָֽם׃ ס 13 חִגְר֨וּ וְסִפְד֜וּ הַכֹּהֲנִ֗ים הֵילִ֨ילוּ֙ מְשָׁרְתֵ֣י מִזְבֵּ֔חַ בֹּ֚אוּ לִ֣ינוּ בַשַּׂקִּ֔ים מְשָׁרְתֵ֖י אֱלֹהָ֑י כִּ֥י נִמְנַ֛ע מִבֵּ֥ית אֱלֹהֵיכֶ֖ם מִנְחָ֥ה וָנָֽסֶךְ׃ 14 קַדְּשׁוּ־צוֹם֙ קִרְא֣וּ עֲצָרָ֔ה אִסְפ֣וּ זְקֵנִ֗ים כֹּ֚ל יֹשְׁבֵ֣י הָאָ֔רֶץ בֵּ֖ית יְהוָ֣ה אֱלֹהֵיכֶ֑ם וְזַעֲק֖וּ אֶל־יְהוָֽה׃ 15 אֲהָ֖הּ לַיּ֑וֹם כִּ֤י קָרוֹב֙ י֣וֹם יְהוָ֔ה וּכְשֹׁ֖ד מִשַׁדַּ֥י יָבֽוֹא׃ 16 הֲל֛וֹא נֶ֥גֶד עֵינֵ֖ינוּ אֹ֣כֶל נִכְרָ֑ת מִבֵּ֥ית אֱלֹהֵ֖ינוּ שִׂמְחָ֥ה וָגִֽיל׃ 17 עָבְשׁ֣וּ פְרֻד֗וֹת תַּ֚חַת מֶגְרְפֹ֣תֵיהֶ֔ם נָשַׁ֨מּוּ֙ אֹֽצָר֔וֹת נֶהֶרְס֖וּ מַמְּגֻר֑וֹת כִּ֥י הֹבִ֖ישׁ דָּגָֽן׃ 18 מַה־נֶּאֶנְחָ֣ה בְהֵמָ֗ה נָבֹ֨כוּ֙ עֶדְרֵ֣י בָקָ֔ר כִּ֛י אֵ֥ין מִרְעֶ֖ה לָהֶ֑ם גַּם־עֶדְרֵ֥י הַצֹּ֖אן נֶאְשָֽׁמוּ׃ 19 אֵלֶ֥יךָ יְהוָ֖ה אֶקְרָ֑א כִּ֣י אֵ֗שׁ אָֽכְלָה֙ נְא֣וֹת מִדְבָּ֔ר וְלֶ֣הָבָ֔ה לִהֲטָ֖ה כָּל־עֲצֵ֥י הַשָּׂדֶֽה׃ 20 גַּם־בַּהֲמ֥וֹת שָׂדֶ֖ה תַּעֲר֣וֹג אֵלֶ֑יךָ כִּ֤י יָֽבְשׁוּ֙ אֲפִ֣יקֵי מָ֔יִם וְאֵ֕שׁ אָכְלָ֖ה נְא֥וֹת הַמִּדְבָּֽר׃ פ
1 ပေသွေလ၏သား ယောလသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
ပျက်စီးမှုအတွက်မြည်တမ်းခြင်း
2 အသက်ကြီးသောသူတို့၊ ကြားကြလော့။ ပြည်သူပြည်သား အပေါင်းတို့၊ နားထောင်ကြလော့။ ဤသို့သောအမှုသည် သင်တို့ လက်ထက်၌ ဖြစ်ဖူးသလော။ ဘိုးဘေးတို့လက်ထက်၌ ဖြစ်ဖူးသလော။ 3 ကိုယ်သားတို့အား ပြောကြလော့။ သူတို့သည် သူတို့သားတို့အား ပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွယ်သော အခြားသူတို့အား ပြောကြစေ။ 4 ဂါဇံကျိုင်း ခြွင်းထားသောအရာကို အရာဘကျိုင်းစား၏။ အရာဘကျိုင်း ခြွင်းထားသောအရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်း ခြွင်းထားသောအရာကို ခါသိလကျိုင်း စား၏။ 5 သေသောက်ကြူးတို့၊ နိုး၍ ငိုကြွေးကြလော့။ စပျစ်ရည်ကို သောက်ကြူးသောသူတို့၊ သင်တို့သောက်ရန် ချိုသောစပျစ်ရည် ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြလော့။ 6 အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုး၏ သွားသည် ခြင်္သေ့သွားကဲ့သို့လည်းကောင်း၊ အံသွားသည်လည်း ခြင်္သေ့မ အံသွားကဲ့သို့လည်းကောင်းဖြစ်၏။ဗျာ၊ ၉:၈။7 ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ ငါ့သင်္ဘောသဖန်းပင်ကို ကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက်လေပြီ။ အခက်အလက်တို့သည် ဖြူကြ၏။
8 အသက်ငယ်စဉ် လက်ထပ်သော ခင်ပွန်းအတွက် လျှော်တေအဝတ်ကိုဝတ်သော သတို့သမီးကဲ့သို့ ငိုကြွေး မြည်တမ်းလော့။ 9 ဘောဇဉ်ပူဇော်သကာနှင့် သွန်းလောင်းရာ ပူဇော်သကာသည် ထာဝရဘုရား၏အိမ်တော်၌ ပြတ်၏။ ထာဝရဘုရား၏ အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့သည် ငိုကြွေးမြည်တမ်းကြ၏။ 10 လယ်သည် ပျက်၏။ မြေသည် ညှိုးငယ်၏။ စပါးလည်း ပျက်၏။ ချိုသော စပျစ်ရည် ကုန်ပြီ။ ဆီလည်း လျော့ပြီ။ 11 လယ်လုပ်သောသူတို့၊ လယ်၌ ရိတ်ရသော အသီးအနှံပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါးအတွက် ရှက်ကြောက်ခြင်း ရှိကြလော့။ ဥယျာဉ်ကို ပြုစုသောသူတို့၊ မြည်တမ်းကြလော့။ 12 စပျစ်နွယ်ပင်သည် ညှိုးနွမ်း၏။ သင်္ဘောသဖန်းပင်လည်း သွေ့ခြောက်၏။ သလဲပင်၊ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်းကြ၏။ အကယ်စင်စစ် လူသားတို့၌ ဝမ်းမြောက်စရာအကြောင်းသည် သွေ့ခြောက်၏။
နောင်တရရန်ဖိတ်ခေါ်ခြင်း
13 အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက် တစ်ညလုံးအိပ်ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကို သင်တို့ဘုရားသခင်၏ အိမ်တော်၌ မဆက်ကပ်ဘဲ နေကြပါပြီတကား။ 14 အစာရှောင်ရသော အချိန်ကို ခန့်ထားကြလော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သား အပေါင်းတို့ကို သင်တို့ဘုရားသခင် ထာဝရဘုရား၏အိမ်တော်၌ စည်းဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။ 15 ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည်။ဟေရှာ၊ ၁၃:၆။16 ငါတို့စားစရာသည် ငါတို့မျက်မှောက်၌ ပြတ်သည်မဟုတ်လော။ ငါတို့ဘုရားသခင်၏အိမ်တော်၌ ဝမ်းမြောက်ရွှင်လန်းခြင်း အကြောင်းလည်း ပြတ်သည် မဟုတ်လော။ 17 မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။ 18 တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ၏။ နွားစုတို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ၏။ သိုးစုတို့သည်လည်း သေကြ၏။ 19 အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ဟစ်ကြော်ပါ၏။ တော၌ ကျက်စားရာအရပ်တို့ကို မီးရှို့ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။ 20 တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ်ကြော်ကြပါ၏။ မြစ်ရေ ခန်းခြောက်ပါပြီ။ တော၌ ကျက်စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။