Pular para o conteúdo
Publicidade Remover anúncios

Jonah 3

WLC · Westminster Leningrad Codex

1 וַיְהִ֧י דְבַר־יְהוָ֛ה אֶל־יוֹנָ֖ה שֵׁנִ֥ית לֵאמֹֽר׃ 2 ק֛וּם לֵ֥ךְ אֶל־נִֽינְוֵ֖ה הָעִ֣יר הַגְּדוֹלָ֑ה וִּקְרָ֤א אֵלֶ֨יהָ֙ אֶת־הַקְּרִיאָ֔ה אֲשֶׁ֥ר אָנֹכִ֖י דֹּבֵ֥ר אֵלֶֽיךָ׃ 3 וַיָּ֣קָם יוֹנָ֗ה וַיֵּ֛לֶךְ אֶל־נִֽינְוֶ֖ה כִּדְבַ֣ר יְהוָ֑ה וְנִֽינְוֵ֗ה הָיְתָ֤ה עִיר־גְּדוֹלָה֙ לֵֽאלֹהִ֔ים מַהֲלַ֖ךְ שְׁלֹ֥שֶׁת יָמִֽים׃ 4 וַיָּ֤חֶל יוֹנָה֙ לָב֣וֹא בָעִ֔יר מַהֲלַ֖ךְ י֣וֹם אֶחָ֑ד וַיִּקְרָא֙ וַיֹּאמַ֔ר ע֚וֹד אַרְבָּעִ֣ים י֔וֹם וְנִֽינְוֵ֖ה נֶהְפָּֽכֶת׃ 5 וַֽיַּאֲמִ֛ינוּ אַנְשֵׁ֥י נִֽינְוֵ֖ה בֵּֽאלֹהִ֑ים וַיִּקְרְאוּ־צוֹם֙ וַיִּלְבְּשׁ֣וּ שַׂקִּ֔ים מִגְּדוֹלָ֖ם וְעַד־קְטַנָּֽם׃ 6 וַיִּגַּ֤ע הַדָּבָר֙ אֶל־מֶ֣לֶך נִֽינְוֵ֔ה וַיָּ֨קָם֙ מִכִּסְא֔וֹ וַיַּעֲבֵ֥ר אַדַּרְתּ֖וֹ מֵֽעָלָ֑יו וַיְכַ֣ס שַׂ֔ק וַיֵּ֖שֶׁב עַל־הָאֵֽפֶר׃ 7 וַיַּזְעֵ֗ק וַיֹּ֨אמֶר֙ בְּנִֽינְוֵ֔ה מִטַּ֧עַם הַמֶּ֛לֶךְ וּגְדֹלָ֖יו לֵאמֹ֑ר הָאָדָ֨ם וְהַבְּהֵמָ֜ה הַבָּקָ֣ר וְהַצֹּ֗אן אַֽל־יִטְעֲמוּ֙ מְא֔וּמָה אַ֨ל־יִרְע֔וּ וּמַ֖יִם אַל־יִשְׁתּֽוּ׃ 8 וְיִתְכַּסּ֣וּ שַׂקִּ֗ים הָֽאָדָם֙ וְהַבְּהֵמָ֔ה וְיִקְרְא֥וּ אֶל־אֱלֹהִ֖ים בְּחָזְקָ֑ה וְיָשֻׁ֗בוּ אִ֚ישׁ מִדַּרְכּ֣וֹ הָֽרָעָ֔ה וּמִן־הֶחָמָ֖ס אֲשֶׁ֥ר בְּכַפֵּיהֶֽם׃ 9 מִֽי־יוֹדֵ֣עַ יָשׁ֔וּב וְנִחַ֖ם הָאֱלֹהִ֑ים וְשָׁ֛ב מֵחֲר֥וֹן אַפּ֖וֹ וְלֹ֥א נֹאבֵֽד׃ 10 וַיַּ֤רְא הָֽאֱלֹהִים֙ אֶֽת־מַ֣עֲשֵׂיהֶ֔ם כִּי־שָׁ֖בוּ מִדַּרְכָּ֣ם הָרָעָ֑ה וַיִּנָּ֣חֶם הָאֱלֹהִ֗ים עַל־הָרָעָ֛ה אֲשֶׁר־דִּבֶּ֥ר לַעֲשׂוֹת־לָהֶ֖ם וְלֹ֥א עָשָֽׂה׃

JBMLE · Judson Bible

နိ​နေ​ဝေ​မြို့​နောင်​တ​ရ​ခြင်း

1 နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယော​န​သို့ ရောက်​လာ​သည်​ကား၊ 2 သင်​ထ၍ နိ​နေ​ဝေ​မြို့​ကြီး​သို့ သွား​လော့။ ငါ​မှာ​ထား​သည်​အ​တိုင်း ကြွေး​ကြော်​လော့​ဟု မိန့်​တော်​မူ၏။ 3 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း ယော​န​သည် ထ၍ နိ​နေ​ဝေ​မြို့​သို့ သွား၏။ နိ​နေ​ဝေ​မြို့​သည် အ​လွန်​ကြီး​သော​မြို့၊ သုံး​ရက်​ခ​ရီး ကျယ်​ဝန်း​သော​မြို့ ဖြစ်​သ​တည်း။ 4 ယော​န​သည် မြို့​ထဲ​သို့​ဝင်၍ တစ်​နေ့​ခ​ရီး​သွား​လျက်၊ အ​ရက်​လေး​ဆယ်​လွန်​သော်၊ နိ​နေ​ဝေ​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်ဟု ကြွေး​ကြော်​လေ၏။မ၊ ၁၂:၄၁။ လု၊ ၁၁:၃၂။

5 နိ​နေ​ဝေ​မြို့​သား​တို့​သည် ဘု​ရား​သ​ခင်၏ အ​မိန့်​တော်​ကို​ယုံ၍၊ လူ​ကြီး​လူ​ငယ်​အ​ပေါင်း​တို့​သည် အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြော်​ငြာ၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ၏။ 6 နိ​နေ​ဝေ​မင်း​ကြီး​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ နန်း​တော်​မှ​ဆင်း၍ မင်း​မြောက်​တန်​ဆာ​ကို​ချွတ်​ပြီး​မှ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ပြာ​ထဲ၌ ထိုင်​တော်​မူ၏။ 7 လူ​သ​တ္တ​ဝါ တိ​ရ​စ္ဆာန်​သိုး​နွား​တို့​သည် အ​လျှင်း မ​မြည်စေ​နှင့်။ အ​စာ​ကို မ​စား၊ ရေ​ကို​မ​သောက်​စေ​နှင့်။ 8 လူ​သ​တ္တ​ဝါ တိ​ရ​စ္ဆာန်​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ​စေ။ ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​စေ။ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လိုက်​သော အ​ဓ​မ္မ​လမ်း၊ မိ​မိ​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ရှောင်​ကြ​စေ။ 9 ငါ​တို့​သည် ပျက်​စီး​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်​ပြောင်း​လဲ၍ နောင်​တ​ရ​သ​ဖြင့်၊ ပြင်း​စွာ​သော အ​မျက်​တော်​ကို ငြိမ်း​စေ​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း​ဟု မင်း​ကြီး​အာ​ဏာ၊ မှူး​မတ်​အာ​ဏာ​နှင့် နိ​နေ​ဝေ​တစ်​မြို့​လုံး​တွင် သ​တင်း​ကြား​ပြော၍ ကြော်​ငြာ​စေ​တော်​မူ၏။ 10 မြို့​သား​တို့​သည် မိ​မိ​တို့​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်၍၊ ကျင့်​သော​အ​ကျင့်​များ​ကို ဘု​ရား​သ​ခင်​သည် မြင်​လျှင်၊ အ​ရင်​ခြိမ်း​သော ဘေး​ဒဏ်​ကို မ​ပေး​ဘဲ​နေ​တော်​မူ၏။

Todos os capítulos de Jonah 4
  1. 1
  2. 2
  3. 3
  4. 4

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.