Pular para o conteúdo
Publicidade Remover anúncios

Jeremiah 10

WLC · Westminster Leningrad Codex

1 שִׁמְע֣וּ אֶת־הַדָּבָ֗ר אֲשֶׁ֨ר דִּבֶּ֧ר יְהוָ֛ה עֲלֵיכֶ֖ם בֵּ֥ית יִשְׂרָאֵֽל׃ 2 כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה אֶל־דֶּ֤רֶךְ הַגּוֹיִם֙ אַל־תִּלְמָ֔דוּ וּמֵאֹת֥וֹת הַשָּׁמַ֖יִם אַל־תֵּחָ֑תּוּ כִּֽי־יֵחַ֥תּוּ הַגּוֹיִ֖ם מֵהֵֽמָּה׃ 3 כִּֽי־חֻקּ֥וֹת הָֽעַמִּ֖ים הֶ֣בֶל ה֑וּא כִּֽי־עֵץ֙ מִיַּ֣עַר כְּרָת֔וֹ מַעֲשֵׂ֥ה יְדֵ֥י־חָרָ֖שׁ בַּֽמַּעֲצָֽד׃ 4 בְּכֶ֥סֶף וּבְזָהָ֖ב יְיַפֵּ֑הוּ בְּמַסְמְר֧וֹת וּבְמַקָּב֛וֹת יְחַזְּק֖וּם וְל֥וֹא יָפִֽיק׃ 5 כְּתֹ֨מֶר מִקְשָׁ֥ה הֵ֨מָּה֙ וְלֹ֣א יְדַבֵּ֔רוּ נָשׂ֥וֹא יִנָּשׂ֖וּא כִּ֣י לֹ֣א יִצְעָ֑דוּ אַל־תִּֽירְא֤וּ מֵהֶם֙ כִּי־לֹ֣א יָרֵ֔עוּ וְגַם־הֵיטֵ֖יב אֵ֥ין אוֹתָֽם׃ ס 6 מֵאֵ֥ין כָּמ֖וֹךָ יְהוָ֑ה גָּד֥וֹל אַתָּ֛ה וְגָד֥וֹל שִׁמְךָ֖ בִּגְבוּרָֽה׃ 7 מִ֣י לֹ֤א יִֽרָאֲךָ֙ מֶ֣לֶךְ הַגּוֹיִ֔ם כִּ֥י לְךָ֖ יָאָ֑תָה כִּ֣י בְכָל־חַכְמֵ֧י הַגּוֹיִ֛ם וּבְכָל־מַלְכוּתָ֖ם מֵאֵ֥ין כָּמֽוֹךָ׃ 8 וּבְאַחַ֖ת יִבְעֲר֣וּ וְיִכְסָ֑לוּ מוּסַ֥ר הֲבָלִ֖ים עֵ֥ץ הֽוּא׃ 9 כֶּ֣סֶף מְרֻקָּ֞ע מִתַּרְשִׁ֣ישׁ יוּבָ֗א וְזָהָב֙ מֵֽאוּפָ֔ז מַעֲשֵׂ֥ה חָרָ֖שׁ וִידֵ֣י צוֹרֵ֑ף תְּכֵ֤לֶת וְאַרְגָּמָן֙ לְבוּשָׁ֔ם מַעֲשֵׂ֥ה חֲכָמִ֖ים כֻּלָּֽם׃ 10 וַֽיהוָ֤ה אֱלֹהִים֙ אֱמֶ֔ת הֽוּא־אֱלֹהִ֥ים חַיִּ֖ים וּמֶ֣לֶךְ עוֹלָ֑ם מִקִּצְפּוֹ֙ תִּרְעַ֣שׁ הָאָ֔רֶץ וְלֹֽא־יָכִ֥לוּ גוֹיִ֖ם זַעְמֽוֹ׃ ס 11 כִּדְנָה֙ תֵּאמְר֣וּן לְה֔וֹם אֱלָ֣הַיָּ֔א דִּֽי־שְׁמַיָּ֥א וְאַרְקָ֖א לָ֣א עֲבַ֑דוּ יֵאבַ֧דוּ מֵֽאַרְעָ֛א וּמִן־תְּח֥וֹת שְׁמַיָּ֖א אֵֽלֶּה׃ ס 12 עֹשֵׂ֥ה אֶ֨רֶץ֙ בְּכֹח֔וֹ מֵכִ֥ין תֵּבֵ֖ל בְּחָכְמָת֑וֹ וּבִתְבוּנָת֖וֹ נָטָ֥ה שָׁמָֽיִם׃ 13 לְק֨וֹל תִּתּ֜וֹ הֲמ֥וֹן מַ֨יִם֙ בַּשָּׁמַ֔יִם וַיַּעֲלֶ֥ה נְשִׂאִ֖ים מִקְצֵ֣ה ארץ בְּרָקִ֤ים לַמָּטָר֙ עָשָׂ֔ה וַיּ֥וֹצֵא ר֖וּחַ מֵאֹצְרֹתָֽיו׃ 14 נִבְעַ֤ר כָּל־אָדָם֙ מִדַּ֔עַת הֹבִ֥ישׁ כָּל־צוֹרֵ֖ף מִפָּ֑סֶל כִּ֛י שֶׁ֥קֶר נִסְכּ֖וֹ וְלֹא־ר֥וּחַ בָּֽם׃ 15 הֶ֣בֶל הֵ֔מָּה מַעֲשֵׂ֖ה תַּעְתֻּעִ֑ים בְּעֵ֥ת פְּקֻדָּתָ֖ם יֹאבֵֽדוּ׃ 16 לֹֽא־כְאֵ֜לֶּה חֵ֣לֶק יַעֲקֹ֗ב כִּֽי־יוֹצֵ֤ר הַכֹּל֙ ה֔וּא וְיִ֨שְׂרָאֵ֔ל שֵׁ֖בֶט נַֽחֲלָת֑וֹ יְהוָ֥ה צְבָא֖וֹת שְׁמֽוֹ׃ ס 17 אִסְפִּ֥י מֵאֶ֖רֶץ כִּנְעָתֵ֑ךְ ישבתי בַּמָּצֽוֹר׃ ס 18 כִּֽי־כֹה֙ אָמַ֣ר יְהוָ֔ה הִנְנִ֥י קוֹלֵ֛עַ אֶת־יוֹשְׁבֵ֥י הָאָ֖רֶץ בַּפַּ֣עַם הַזֹּ֑את וַהֲצֵר֥וֹתִי לָהֶ֖ם לְמַ֥עַן יִמְצָֽאוּ׃ ס 19 א֥וֹי לִי֙ עַל־שִׁבְרִ֔י נַחְלָ֖ה מַכָּתִ֑י וַאֲנִ֣י אָמַ֔רְתִּי אַ֛ךְ זֶ֥ה חֳלִ֖י וְאֶשָּׂאֶֽנּוּ׃ 20 אָהֳלִ֣י שֻׁדָּ֔ד וְכָל־מֵיתָרַ֖י נִתָּ֑קוּ בָּנַ֤י יְצָאֻ֨נִי֙ וְאֵינָ֔ם אֵין־נֹטֶ֥ה עוֹד֙ אָהֳלִ֔י וּמֵקִ֖ים יְרִיעוֹתָֽי׃ 21 כִּ֤י נִבְעֲרוּ֙ הָֽרֹעִ֔ים וְאֶת־יְהוָ֖ה לֹ֣א דָרָ֑שׁוּ עַל־כֵּן֙ לֹ֣א הִשְׂכִּ֔ילוּ וְכָל־מַרְעִיתָ֖ם נָפֽוֹצָה׃ ס 22 ק֤וֹל שְׁמוּעָה֙ הִנֵּ֣ה בָאָ֔ה וְרַ֥עַשׁ גָּד֖וֹל מֵאֶ֣רֶץ צָפ֑וֹן לָשׂ֞וּם אֶת־עָרֵ֧י יְהוּדָ֛ה שְׁמָמָ֖ה מְע֥וֹן תַּנִּֽים׃ ס 23 יָדַ֣עְתִּי יְהוָ֔ה כִּ֛י לֹ֥א לָאָדָ֖ם דַּרְכּ֑וֹ לֹֽא־לְאִ֣ישׁ הֹלֵ֔ךְ וְהָכִ֖ין אֶֽת־צַעֲדֽוֹ׃ 24 יַסְּרֵ֥נִי יְהוָ֖ה אַךְ־בְּמִשְׁפָּ֑ט אַל־בְּאַפְּךָ֖ פֶּן־תַּמְעִטֵֽנִי׃ 25 שְׁפֹ֣ךְ חֲמָתְךָ֗ עַל־הַגּוֹיִם֙ אֲשֶׁ֣ר לֹֽא־יְדָע֔וּךָ וְעַל֙ מִשְׁפָּח֔וֹת אֲשֶׁ֥ר בְּשִׁמְךָ֖ לֹ֣א קָרָ֑אוּ כִּֽי־אָכְל֣וּ אֶֽת־יַעֲקֹ֗ב וַאֲכָלֻ֨הוּ֙ וַיְכַלֻּ֔הוּ וְאֶת־נָוֵ֖הוּ הֵשַֽׁמּוּ׃ פ

JBMLE · Judson Bible

စစ်​မှန်​သော​ဘု​ရား​နှင့်​မှား​ယွင်း​သော​ဘု​ရား

1 အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။ 2 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သာ​သ​နာ​ပ​လူ​တို့၏​ဘာ​သာ​ဓ​လေ့၌ မ​ကျင်​လည်​ကြ​နှင့်။ သာ​သ​နာ​ပ​လူ​တို့ ထိတ်​လန့်​ကြောက်​တတ်​သော မိုး​ကောင်း​ကင်​နိ​မိတ်​တို့​မှ မ​ထိတ်​လန့် မ​ကြောက်​ကြ​နှင့်။ 3 လူ​အ​မျိုး​မျိုး​ကျင့်​သော အ​ကျင့်​ဓ​လေ့​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တော၌ သစ်​ပင်​ကို​ခုတ်​လှဲ၍၊ ပု​ဆိန်​နှင့်​လုပ်​တတ်​သော လက်​သ​မား၏ လက်​လုပ်​ရာ​ဖြစ်​သော​အ​ရာ​ကို၊ 4 ရွှေ​ငွေ​နှင့် လှ​ပ​စွာ ချယ်​လှယ်​ပြီး​လျှင်၊ မ​လှုပ်​ရှား​စေ​ခြင်း​ငှာ သံ​ချွန်​ကို တူ​နှင့်​ရိုက်​ထား​ကြ၏။ 5 သူ​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့ ခိုင်​မာ၍ စ​ကား​မ​ပြော​တတ်။ မိ​မိ​အ​လို​အ​လျောက်​မ​သွား​နိုင်​သော​ကြောင့်၊ ထမ်း၍​သွား​ရ၏။ ထို​အ​ရာ​တို့​ကို မ​ကြောက်​ကြ​နှင့်။ အ​န္တ​ရာယ်​ကို မ​ပြု​နိုင်။ ကျေး​ဇူး​ကို​လည်း မ​ပြု​နိုင်။

6 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့် အ​ဘယ်​သူ​မျှ မ​တူ​ပါ။ ကိုယ်​တော်​သည် ကြီး​မြတ်​တော်​မူ၏။ နာ​မ​တော်​သည်​လည်း၊ တန်​ခိုး​တော်​အား​ဖြင့် ကြီး​မြတ်​တော်​မူ၏။ 7 အို လူ​အ​မျိုး​မျိုး​တို့၏ ဘု​ရင်၊ ကိုယ်​တော်​ကို ကြောက်​သင့်​သည် ဖြစ်၍၊ အ​ဘယ်​သူ​သည် မ​ကြောက်​ဘဲ​နေ​ရ​ပါ​မည်​နည်း။ အ​မျိုး​မျိုး​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​တို့၌​လည်း​ကောင်း ကိုယ်​တော်​နှင့် တူ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ဗျာ၊ ၁၅:၄။8 သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း တိ​ရ​စ္ဆာန်​သ​ဘော​နှင့် မိုက်​သော​သ​ဘော​ရှိ​ကြ၏။ သစ်​သား​သော်​လည်း မိုက်​သော​အ​ယူ​ကို ဆုံး​မ​တတ်၏။ 9 ထု​လုပ်​တတ်​သော​သူ၊ သွန်း​တတ်​သော​သူ၏ လက်​လုပ်​ရာ​ငွေ​ပြား​ကို တာ​ရှု​မြို့​မှ​လည်း​ကောင်း၊ ရွှေ​ကို​လည်း ဥ​ဖတ်​မြို့​မှ​လည်း​ကောင်း ဆောင်​ခဲ့​တတ်၏။ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်​နှင့် ခြုံ​တတ်၏။ လိ​မ္မာ​သော​သူ လုပ်​ရာ​သက်​သက်​ဖြစ်​သ​တည်း။ 10 ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မှန်​သော​ဘု​ရား၊ အ​သက်​ရှင်​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ၏။ အ​မျက်​တော်​ထွက်​လျှင် မြေ​ကြီး​တုန်​လှုပ်​ရ၏။ လူ​အ​မျိုး​မျိုး​တို့​သည် အ​မျက်​တော်​ကို​မ​ခံ​နိုင်​ကြ။ 11 သာ​သ​နာ​ပ​လူ​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို မ​ဖန်​ဆင်း​သော​ဘု​ရား​တို့​သည် ဤ​ကောင်း​ကင်​အောက်၊ ဤ​မြေ​ကြီး​ပြင်​မှ ကွယ်​ပျောက်​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​အား​ချီး​မွမ်း​သီ​ချင်း

12 ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​တော်​အား​ဖြင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပြီ။ ပ​ညာ​တော်​အား​ဖြင့် လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ကြက်​တော်​မူ​ပြီ။ 13 အ​သံ​တော်​ကို​လွှတ်​တော်​မူ​သော​အ​ခါ၊ မိုး​ရေ​အ​သံ​ဗ​လံ ဖြစ်​တတ်၏။ မြေ​ကြီး​စွန်း​မှ မိုး​တိမ်​ကို တက်​စေ​တော်​မူ၏။ မိုး​ရွာ​သည်​နှင့် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။ လေ​ကို​လည်း၊ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က ထုတ်​တော်​မူ၏။ 14 လူ​မည်​သည်​ကား၊ မိ​မိ​ဉာဏ်​အား​ဖြင့် တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်၏။ ရုပ်​တု​ကို သွန်း​သော​သူ​တိုင်း မိ​မိ​လုပ်​သော ရုပ်​တု​အား​ဖြင့် မှောက်​မှား​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သွန်း​သော​ရုပ်​တု​သည် မု​သား​ဖြစ်၏။ သူ၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ။ 15 ထို​သို့​သော​အ​ရာ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ လှည့်​စား​သော​အ​ရာ​လည်း ဖြစ်​ကြ၏။ စစ်​ကြော​ခြင်း​ကို​ခံ​ရ​သည်​ကာ​လ၌ ကွယ်​ပျောက်​ကြ​လိမ့်​မည်။ 16 ယာ​ကုပ်​အ​မျိုး၏​အ​ဖို့​သည် ထို​သို့​သော​အ​ရာ​နှင့် တူ​တော်​မ​မူ။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ​ဖြစ်၏။ နာ​မ​တော်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

ကျ​ရောက်​လာ​မ​ည့်​ပြည်​နှင်​ဒဏ်

17 အို ရဲ​တိုက်၌​နေ​သော​သူ၊ မြေ​ပေါ်​မှာ​ရှိ​သော သင်၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို စု​သိမ်း​လော့။ 18 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ပင်​ငါ​သည် လောက်​လွှဲ​စာ​ကို​ပစ်​သ​ကဲ့​သို့၊ ပြည်​သား​များ​ကို လောက်​လွှဲ​ထဲ​က​ပစ်၍၊ ရန်​သူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ ညှဉ်း​ဆဲ​မည်​ဟု မိန့်​တော်​မူ၏။

19 ငါ​သည် ချိုး​ဖျက်​ခြင်း​ကို ခံ​ရ​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ငါ့​အ​နာ​ပြင်း​လှ၏။ သို့​သော်​လည်း၊ ငါ​တွေ့​သော ဤ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ဆက်​ဆက်​ခံ​ရ​မည်​ဟု ငါ​ဆို၏။ 20 ငါ့​တဲ​လည်း​ပျက်၏။ ငါ့​ကြိုး​ရှိ​သ​မျှ​တို့​လည်း ပြတ်​ကြ၏။ ငါ့​သား​တို့​လည်း ငါ့​ထံ​မှ​ထွက်​သွား၍ ပျောက်​ကြ၏။ နောက်​တစ်​ဖန် ငါ့​တဲ​ကို ဆောက်​ရ​သော​သူ၊ ငါ့​ကု​လား​ကာ​တို့​ကို ဆွဲ​ကာ​ရ​သော​သူ မ​ရှိ။ 21 အ​ကြောင်း​မူ​ကား၊ သိုး​ထိန်း​တို့​သည် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​မ​ရှာ​ဖွေ​သော​ကြောင့် အ​ကြံ​မ​မြောက်​ရ​ကြ။ သိုး​စု​အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ရ​ကြ၏။ 22 အ​သံ​ကို ကြား​ရ၏။ အ​နီး​သို့​လာ၏။ ယု​ဒ​မြို့​တို့​ကို ဖျက်​ဆီး၍၊ မြေ​ခွေး​နေ​ရာ​တွင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ကြီး​သော အ​သံ​ဗ​လံ​သည် မြောက်​မျက်​နှာ​က​လာ၏။

23 အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို အ​စိုး​မ​ရ။ သွား​စဉ်​အ​ခါ မိ​မိ​ခြေ​ရာ​တို့​ကို မ​စီ​ရင်​တတ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ 24 အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ဆုံး​မ​တော်​မူ​လျှင်၊ အ​ကျိုး​နည်း​စေ​ခြင်း​ငှာ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တ​ရား​တော်​အ​တိုင်း​သာ ဆုံး​မ​တော်​မူ​ပါ။ 25 ကိုယ်​တော်​ကို​မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​မျိုး​အ​နွယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ကုန်​အ​စင်​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို သုတ်​သင်​ပယ်​ရှား​ကြ​ပါ​ပြီ။

Todos os capítulos de Jeremiah 52
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.