Pular para o conteúdo
Publicidade Remover anúncios

Jeremiah 12

WLC · Westminster Leningrad Codex

1 צַדִּ֤יק אַתָּה֙ יְהוָ֔ה כִּ֥י אָרִ֖יב אֵלֶ֑יךָ אַ֤ךְ מִשְׁפָּטִים֙ אֲדַבֵּ֣ר אוֹתָ֔ךְ מַדּ֗וּעַ דֶּ֤רֶךְ רְשָׁעִים֙ צָלֵ֔חָה שָׁל֖וּ כָּל־בֹּ֥גְדֵי בָֽגֶד׃ 2 נְטַעְתָּם֙ גַּם־שֹׁרָ֔שׁוּ יֵלְכ֖וּ גַּם־עָ֣שׂוּ פֶ֑רִי קָר֤וֹב אַתָּה֙ בְּפִיהֶ֔ם וְרָח֖וֹק מִכִּלְיוֹתֵיהֶֽם׃ 3 וְאַתָּ֤ה יְהוָה֙ יְדַעְתָּ֔נִי תִּרְאֵ֕נִי וּבָחַנְתָּ֥ לִבִּ֖י אִתָּ֑ךְ הַתִּקֵם֙ כְּצֹ֣אן לְטִבְחָ֔ה וְהַקְדִּשֵׁ֖ם לְי֥וֹם הֲרֵגָֽה׃ ס 4 עַד־מָתַי֙ תֶּאֱבַ֣ל הָאָ֔רֶץ וְעֵ֥שֶׂב כָּל־הַשָּׂדֶ֖ה יִיבָ֑שׁ מֵרָעַ֣ת יֹֽשְׁבֵי־בָ֗הּ סָפְתָ֤ה בְהֵמוֹת֙ וָע֔וֹף כִּ֣י אָמְר֔וּ לֹ֥א יִרְאֶ֖ה אֶת־אַחֲרִיתֵֽנוּ׃ 5 כִּ֣י אֶת־רַגְלִ֥ים ׀ רַ֨צְתָּה֙ וַיַּלְא֔וּךָ וְאֵ֥יךְ תְּתַֽחֲרֶ֖ה אֶת־הַסּוּסִ֑ים וּבְאֶ֤רֶץ שָׁלוֹם֙ אַתָּ֣ה בוֹטֵ֔חַ וְאֵ֥יךְ תַּעֲשֶׂ֖ה בִּגְא֥וֹן הַיַּרְדֵּֽן׃ 6 כִּ֧י גַם־אַחֶ֣יךָ וּבֵית־אָבִ֗יךָ גַּם־הֵ֨מָּה֙ בָּ֣גְדוּ בָ֔ךְ גַּם־הֵ֛מָּה קָרְא֥וּ אַחֲרֶ֖יךָ מָלֵ֑א אַל־תַּאֲמֵ֣ן בָּ֔ם כִּֽי־יְדַבְּר֥וּ אֵלֶ֖יךָ טוֹבֽוֹת׃ ס 7 עָזַ֨בְתִּי֙ אֶת־בֵּיתִ֔י נָטַ֖שְׁתִּי אֶת־נַחֲלָתִ֑י נָתַ֛תִּי אֶת־יְדִד֥וּת נַפְשִׁ֖י בְּכַ֥ף אֹיְבֶֽיהָ׃ 8 הָיְתָה־לִּ֥י נַחֲלָתִ֖י כְּאַרְיֵ֣ה בַיָּ֑עַר נָתְנָ֥ה עָלַ֛י בְּקוֹלָ֖הּ עַל־כֵּ֥ן שְׂנֵאתִֽיהָ׃ 9 הַעַ֨יִט צָב֤וּעַ נַחֲלָתִי֙ לִ֔י הַעַ֖יִט סָבִ֣יב עָלֶ֑יהָ לְכ֗וּ אִסְפ֛וּ כָּל־חַיַּ֥ת הַשָּׂדֶ֖ה הֵתָ֥יוּ לְאָכְלָֽה׃ 10 רֹעִ֤ים רַבִּים֙ שִֽׁחֲת֣וּ כַרְמִ֔י בֹּסְס֖וּ אֶת־חֶלְקָתִ֑י נָֽתְנ֛וּ אֶת־חֶלְקַ֥ת חֶמְדָּתִ֖י לְמִדְבַּ֥ר שְׁמָמָֽה׃ 11 שָׂמָהּ֙ לִשְׁמָמָ֔ה אָבְלָ֥ה עָלַ֖י שְׁמֵמָ֑ה נָשַׁ֨מָּה֙ כָּל־הָאָ֔רֶץ כִּ֛י אֵ֥ין אִ֖ישׁ שָׂ֥ם עַל־לֵֽב׃ 12 עַֽל־כָּל־שְׁפָיִ֣ם בַּמִּדְבָּ֗ר בָּ֚אוּ שֹֽׁדְדִ֔ים כִּ֣י חֶ֤רֶב לַֽיהוָה֙ אֹֽכְלָ֔ה מִקְצֵה־אֶ֖רֶץ וְעַד־קְצֵ֣ה הָאָ֑רֶץ אֵ֥ין שָׁל֖וֹם לְכָל־בָּשָֽׂר׃ ס 13 זָרְע֤וּ חִטִּים֙ וְקֹצִ֣ים קָצָ֔רוּ נֶחְל֖וּ לֹ֣א יוֹעִ֑לוּ וּבֹ֨שׁוּ֙ מִתְּבוּאֹ֣תֵיכֶ֔ם מֵחֲר֖וֹן אַף־יְהוָֽה׃ ס 14 כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה עַל־כָּל־שְׁכֵנַי֙ הָֽרָעִ֔ים הַנֹּֽגְעִים֙ בַּֽנַּחֲלָ֔ה אֲשֶׁר־הִנְחַ֥לְתִּי אֶת־עַמִּ֖י אֶת־יִשְׂרָאֵ֑ל הִנְנִ֤י נֹֽתְשָׁם֙ מֵעַ֣ל אַדְמָתָ֔ם וְאֶת־בֵּ֥ית יְהוּדָ֖ה אֶתּ֥וֹשׁ מִתּוֹכָֽם׃ 15 וְהָיָ֗ה אַֽחֲרֵי֙ נָתְשִׁ֣י אוֹתָ֔ם אָשׁ֖וּב וְרִֽחַמְתִּ֑ים וַהֲשִׁבֹתִ֛ים אִ֥ישׁ לְנַחֲלָת֖וֹ וְאִ֥ישׁ לְאַרְצֽוֹ׃ 16 וְהָיָ֡ה אִם־לָמֹ֣ד יִלְמְדוּ֩ אֶת־דַּֽרְכֵ֨י עַמִּ֜י לְהִשָּׁבֵ֤עַ בִּשְׁמִי֙ חַי־יְהוָ֔ה כַּאֲשֶׁ֤ר לִמְּדוּ֙ אֶת־עַמִּ֔י לְהִשָּׁבֵ֖עַ בַּבָּ֑עַל וְנִבְנ֖וּ בְּת֥וֹךְ עַמִּֽי׃ 17 וְאִ֖ם לֹ֣א יִשְׁמָ֑עוּ וְנָ֨תַשְׁתִּ֜י אֶת־הַגּ֥וֹי הַה֛וּא נָת֥וֹשׁ וְאַבֵּ֖ד נְאֻם־יְהוָֽה׃ ס

JBMLE · Judson Bible

ထာ​ဝ​ရ​ဘု​ရား​ကို​ယေ​ရ​မိ​မေး​မြန်း​ခြင်း

1 အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် တ​ရား​စ​ကား​ကို​ဆွေး​နွေး​သော​အ​ခါ၊ ကိုယ်​တော်​သည် တ​ရား​တော်​မူ၏။ သို့​သော်​လည်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မေး​လျှောက်​ပါ​မည်။ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် အ​ကြံ​မြောက်​ရ​ကြ​ပါ​သ​နည်း။ အ​လွန်​သ​စ္စာ​ပျက်​သော သူ​အ​ပေါင်း​တို့​သည် အ​ဘယ်​ကြောင့် ချမ်း​သာ​ရ​ကြ​ပါ​သ​နည်း။ 2 ကိုယ်​တော်​သည် သူ​တို့​ကို စိုက်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​မြစ်​ကျ၍​ကြီး​ပွား​လျက် အ​သီး​ကို သီး​ကြ​ပါ၏။ ကိုယ်​တော်​သည် သူ​တို့​နှုတ်​နှင့် နီး၍ နှ​လုံး​နှင့် ဝေး​တော်​မူ၏။ 3 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သိ​မြင်​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် သ​ဘော​တူ​ကြောင်း​ကို စစ်​ကြော​တော်​မူ​ပြီ။ သိုး​တို့​ကို ထုတ်​သ​ကဲ့​သို့၊ ထို​မ​တ​ရား​သော​သူ​တို့​ကို အ​သေ​သတ်​ခြင်း​ငှာ ဆွဲ​ထုတ်​တော်​မူ​ပါ။ သတ်​ရ​သော​နေ့​အ​ဖို့ ပြင်​ဆင်​တော်​မူ​ပါ။ 4 ပြည်​သား​များ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်၊ ပြည်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မြည်​တမ်း​ရ​ပါ​အံ့​နည်း။ အ​ရပ်​ရပ်​တို့၌​ရှိ​သော မြက်​ပင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ညှိုး​နွမ်း​ရ​ပါ​အံ့​နည်း။ ငါ​တို့​ခံ​ရ​သော​အ​ကျိုး​အ​ပြစ် ကို ဘု​ရား​သ​ခင် မ​သိ​မ​မြင်​ဟု ပြည်​သား​များ ဆို​သော​ကြောင့်၊ သား​များ​နှင့် ငှက်​များ​တို့​သည် ပျောက်​ပျက်​ကြ​ပါ​ပြီ။

5 သင်​သည် ခြေ​သည်​တို့​နှင့် ပြိုင်​ပြေး၍​မော​လျှင် မြင်း​တို့​နှင့် အ​ဘယ်​သို့​ပြိုင်​နိုင်​မည်​နည်း။ စိုး​ရိမ်​ခြင်း​မ​ရှိ၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ပြည်၌ မော​လျှင်၊ ယော်​ဒန်​မြစ်၏​ဂုဏ်​အ​သ​ရေ​ထဲ​မှာ အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း။ 6 သင်၏​ညီ​အစ်​ကို၊ အ​ဘ၏​အိမ်​သူ​အိမ်​သား​တို့​ပင် သင့်​ကို​သ​စ္စာ​ဖျက်၍၊ သင့်​နောက်​သို့ အော်​ဟစ်​လျက် လိုက်​ကြ၏။ သူ​တို့​သည် ကောင်း​သော​စ​ကား​ကို ပြော​သော်​လည်း​မ​ယုံ​နှင့်။

လူ​မျိုး​တော်​အ​တွက်​ဝမ်း​နည်း​ခြင်း

7 ငါ​သည် ကိုယ်​အိမ်​ကို​စွန့်၍၊ ကိုယ်​အ​မွေ​ကို​ပစ်​ထား​ပြီ။ ငါ​အ​လွန်​ချစ်​သော​အစ်​မ​ကို သူ၏​ရန်​သူ​လက်​သို့ အပ်​နှံ​ပြီ။ 8 ငါ့​အ​မွေ​သည် တော၌​တွေ့​သော​ခြင်္သေ့​ကဲ့​သို့ ငါ့​အား​ဖြစ်၍၊ ငါ့​ကို​ဟောက်​သော​ကြောင့် ငါ​မုန်း​လေ၏။ 9 ငါ့​အ​မွေ​သည် ဇ​ဘော​သား​ရဲ​ကဲ့​သို့ ငါ့​အား​ဖြစ်၏။ ပတ်​လည်၌​ရှိ​သော သား​ရဲ​တို့​သည် တိုက်​ကြ၏။ လာ​ကြ။ တော​သား​ရဲ​အ​ပေါင်း​တို့၊ စည်း​ဝေး​ကြ။ ကိုက်​စား​ခြင်း​ငှာ လာ​ကြ​စေ။ 10 များ​စွာ​သော သိုး​ထိန်း​တို့​သည် ငါ့​စ​ပျစ်​ဥ​ယျာဉ်​ကို ဖျက်​ဆီး​ကြ​ပြီ။ ငါ​ရ​ထိုက်​သော​အ​ဖို့​ကို ကျော်​နင်း​ကြ​ပြီ။ ငါ​ရ​ထိုက်​သော နှစ်​သက်​ရာ​အ​ဖို့​ကို လူ​ဆိတ်​ညံ​ရာ​တော​ဖြစ်​စေ​ကြ​ပြီ။ 11 သုတ်​သင်​ပယ်​ရှင်း​သော​ကြောင့်၊ လူ​ဆိတ်​ညံ​လျက်​ရှိ၍၊ ငါ့​အား​ညည်း​တွား​လေ၏။ တစ်​ပြည်​လုံး​ပျက်​စီး​သော်​လည်း၊ အ​ဘယ်​သူ​မျှ ပ​မာ​ဏ​မ​ပြု​တတ်။ 12 တော၌ မြင့်​သော​အ​ရပ် အ​လုံး​စုံ​တို့​အ​ပေါ်​မှာ လု​ယက်​သော​သူ​တို့​သည် တက်​ကြ​ပြီ။ အ​ကယ်​စင်​စစ် ပြည်​စွန်း​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် ဖျက်​ဆီး​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​ချမ်း​သာ​မ​ရ။ 13 သူ​တို့​သည် ဂျုံ​စ​ပါး​မျိုး​စေ့​ကို ကြဲ၍ ဆူး​ပင်​ကို​သာ ရိတ်​ရ​ကြ၏။ ပင်​ပန်း​စွာ​ကြိုး​စား​သော်​လည်း ကျေး​ဇူး​မ​ရှိ​ကြ။ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​အ​ရှိန်​ကြောင့်၊ မိ​မိ​တို့​ခံ​ရ​သော​အ​ကျိုး​ကို ထောက်၍ ရှက်​ကြ​လိမ့်​မည်။

အိမ်​နီး​ချင်း​တို့​အတွက်​က​တိ​တော်

14 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ပေး​သ​နား၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ပိုင်​ထိုက်​သော​အ​မွေ​ကို ထိ​ခိုက်​သော၊ ငါ၏​အိမ်​နီး​ချင်း​ဆိုး​အ​ပေါင်း​တို့​ကို၊ သူ​တို့​ပြည်​ထဲ​က ငါ​နုတ်​မည်။ သူ​တို့​အ​ထဲ​က​လည်း ယု​ဒ​အ​မျိုး​ကို ငါ​နုတ်​မည်။ 15 နုတ်​ပြီး​မှ တစ်​ဖန်​ငါ​သ​နား၍၊ အ​သီး​အ​သီး​တို့​ကို မိ​မိ​တို့ ပိုင်​ထိုက်​သော​မြေ၊ မိ​မိ​တို့​နေ​ရင်း​ပြည်​သို့ ငါ​ပြန်​ပို့​မည်။ 16 ဗာ​လ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​စေ​ခြင်း​ငှာ၊ သူ​တို့​သည် ငါ၏​လူ​မျိုး​ကို သွန်​သင်​ဖူး​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု၊ ငါ၏​နာ​မ​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ငှာ၊ ငါ့​လူ​မျိုး၏ ဘာ​သာ​ဓ​လေ့​ကို ကြိုး​စား၍​သင်​လျှင်၊ ငါ၏​လူ​မျိုး​အ​ထဲ၌ သူ​တို့​ကို ငါ​တည်​စေ​မည်။ 17 သို့​မ​ဟုတ်၊ နား​မ​ထောင်​ဘဲ​နေ​လျှင်၊ နား​မ​ထောင်​သော လူ​မျိုး​ကို ငါ​သည် ရှင်း​ရှင်း​နုတ်​ပယ်​ဖျက်​ဆီး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

Todos os capítulos de Jeremiah 52
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.