1 וַיַּ֥עַן אִיּ֗וֹב וַיֹּאמַֽר׃ 2 מֶה־עָזַ֥רְתָּ לְלֹא־כֹ֑חַ ה֝וֹשַׁ֗עְתָּ זְר֣וֹעַ לֹא־עֹֽז׃ 3 מַה־יָּ֭עַצְתָּ לְלֹ֣א חָכְמָ֑ה וְ֝תוּשִׁיָּ֗ה לָרֹ֥ב הוֹדָֽעְתָּ׃ 4 אֶת־מִ֭י הִגַּ֣דְתָּ מִלִּ֑ין וְנִשְׁמַת־מִ֝י יָצְאָ֥ה מִמֶּֽךָּ׃ 5 הָרְפָאִ֥ים יְחוֹלָ֑לוּ מִתַּ֥חַת מַ֝֗יִם וְשֹׁכְנֵיהֶֽם׃ 6 עָר֣וֹם שְׁא֣וֹל נֶגְדּ֑וֹ וְאֵ֥ין כְּ֝ס֗וּת לָֽאֲבַדּֽוֹן׃ 7 נֹטֶ֣ה צָפ֣וֹן עַל־תֹּ֑הוּ תֹּ֥לֶה אֶ֝֗רֶץ עַל־בְּלִי־מָֽה׃ 8 צֹרֵֽר־מַ֥יִם בְּעָבָ֑יו וְלֹא־נִבְקַ֖ע עָנָ֣ן תַּחְתָּֽם׃ 9 מְאַחֵ֥ז פְּנֵי־כִסֵּ֑ה פַּרְשֵׁ֖ז עָלָ֣יו עֲנָנֽוֹ׃ 10 חֹֽק־חָ֭ג עַל־פְּנֵי־מָ֑יִם עַד־תַּכְלִ֖ית א֣וֹר עִם־חֹֽשֶׁךְ׃ 11 עַמּוּדֵ֣י שָׁמַ֣יִם יְרוֹפָ֑פוּ וְ֝יִתְמְה֗וּ מִגַּעֲרָתֽוֹ׃ 12 בְּ֭כֹחוֹ רָגַ֣ע הַיָּ֑ם ובתובנתו מָ֣חַץ רָֽהַב׃ 13 בְּ֭רוּחוֹ שָׁמַ֣יִם שִׁפְרָ֑ה חֹֽלֲלָ֥ה יָ֝ד֗וֹ נָחָ֥שׁ בָּרִֽיחַ׃ 14 הֶן־אֵ֤לֶּה ׀ קְצ֬וֹת דרכו וּמַה־שֵּׁ֣מֶץ דָּ֭בָר נִשְׁמַע־בּ֑וֹ וְרַ֥עַם גבורתו מִ֣י יִתְבּוֹנָֽן׃ ס
ဘုရားသခင်၏ကြီးမြတ်ခြင်း
1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊ 2 သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။ 3 မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသောပညာကို အဘယ်သို့ပြသနည်း။ 4 ဤစကားကို အဘယ်သူအား မြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။
5 အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေများနှင့် ရေ၌နေသောသူများတို့သည် တုန်လှုပ်ကြ၏။ 6 မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။ 7 မိုးကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက်တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။ 8 ထူထပ်သော မိုးတိမ်တော်နှင့် ရေကိုထုပ်တော်မူ၍၊ မိုးတိမ်သည် မစုတ်မပြတ်နေ၏။ 9 မိုးတိမ်တော်ကိုဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။ 10 အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။ 11 ဆုံးမတော်မူခြင်းကြောင့်၊ မိုးကောင်းကင်တိုင်တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။ 12 တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော်မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော်မူ၏။ 13 ဝိညာဉ်တော်အားဖြင့် မိုးကောင်းကင်တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကိုလည်း ဖန်ဆင်းတော်မူ၏။ 14 ဤရွေ့ကား၊ အမှုတော်အရိပ်အမြွက်သာ ဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုးကြိုးသံကို အဘယ်သူနားလည်နိုင်သနည်းဟု မြွက်ဆို၏။