Pular para o conteúdo
Publicidade Remover anúncios

Leviticus 21

WLC · Westminster Leningrad Codex

1 וַיֹּ֤אמֶר יְהוָה֙ אֶל־מֹשֶׁ֔ה אֱמֹ֥ר אֶל־הַכֹּהֲנִ֖ים בְּנֵ֣י אַהֲרֹ֑ן וְאָמַרְתָּ֣ אֲלֵהֶ֔ם לְנֶ֥פֶשׁ לֹֽא־יִטַּמָּ֖א בְּעַמָּֽיו׃ 2 כִּ֚י אִם־לִשְׁאֵר֔וֹ הַקָּרֹ֖ב אֵלָ֑יו לְאִמּ֣וֹ וּלְאָבִ֔יו וְלִבְנ֥וֹ וּלְבִתּ֖וֹ וּלְאָחִֽיו׃ 3 וְלַאֲחֹת֤וֹ הַבְּתוּלָה֙ הַקְּרוֹבָ֣ה אֵלָ֔יו אֲשֶׁ֥ר לֹֽא־הָיְתָ֖ה לְאִ֑ישׁ לָ֖הּ יִטַּמָּֽא׃ 4 לֹ֥א יִטַּמָּ֖א בַּ֣עַל בְּעַמָּ֑יו לְהֵ֖חַלּֽוֹ׃ 5 לֹֽא־יקרחה קָרְחָה֙ בְּרֹאשָׁ֔ם וּפְאַ֥ת זְקָנָ֖ם לֹ֣א יְגַלֵּ֑חוּ וּבִ֨בְשָׂרָ֔ם לֹ֥א יִשְׂרְט֖וּ שָׂרָֽטֶת׃ 6 קְדֹשִׁ֤ים יִהְיוּ֙ לֵאלֹ֣הֵיהֶ֔ם וְלֹ֣א יְחַלְּל֔וּ שֵׁ֖ם אֱלֹהֵיהֶ֑ם כִּי֩ אֶת־אִשֵּׁ֨י יְהוָ֜ה לֶ֧חֶם אֱלֹהֵיהֶ֛ם הֵ֥ם מַקְרִיבִ֖ם וְהָ֥יוּ קֹֽדֶשׁ׃ 7 אִשָּׁ֨ה זֹנָ֤ה וַחֲלָלָה֙ לֹ֣א יִקָּ֔חוּ וְאִשָּׁ֛ה גְּרוּשָׁ֥ה מֵאִישָׁ֖הּ לֹ֣א יִקָּ֑חוּ כִּֽי־קָדֹ֥שׁ ה֖וּא לֵאלֹהָֽיו׃ 8 וְקִדַּשְׁתּ֔וֹ כִּֽי־אֶת־לֶ֥חֶם אֱלֹהֶ֖יךָ ה֣וּא מַקְרִ֑יב קָדֹשׁ֙ יִֽהְיֶה־לָּ֔ךְ כִּ֣י קָד֔וֹשׁ אֲנִ֥י יְהוָ֖ה מְקַדִּשְׁכֶֽם׃ 9 וּבַת֙ אִ֣ישׁ כֹּהֵ֔ן כִּ֥י תֵחֵ֖ל לִזְנ֑וֹת אֶת־אָבִ֨יהָ֙ הִ֣יא מְחַלֶּ֔לֶת בָּאֵ֖שׁ תִּשָּׂרֵֽף׃ ס 10 וְהַכֹּהֵן֩ הַגָּד֨וֹל מֵאֶחָ֜יו אֲֽשֶׁר־יוּצַ֥ק עַל־רֹאשׁ֣וֹ ׀ שֶׁ֤מֶן הַמִּשְׁחָה֙ וּמִלֵּ֣א אֶת־יָד֔וֹ לִלְבֹּ֖שׁ אֶת־הַבְּגָדִ֑ים אֶת־רֹאשׁוֹ֙ לֹ֣א יִפְרָ֔ע וּבְגָדָ֖יו לֹ֥א יִפְרֹֽם׃ 11 וְעַ֛ל כָּל־נַפְשֹׁ֥ת מֵ֖ת לֹ֣א יָבֹ֑א לְאָבִ֥יו וּלְאִמּ֖וֹ לֹ֥א יִטַּמָּֽא׃ 12 וּמִן־הַמִּקְדָּשׁ֙ לֹ֣א יֵצֵ֔א וְלֹ֣א יְחַלֵּ֔ל אֵ֖ת מִקְדַּ֣שׁ אֱלֹהָ֑יו כִּ֡י נֵ֠זֶר שֶׁ֣מֶן מִשְׁחַ֧ת אֱלֹהָ֛יו עָלָ֖יו אֲנִ֥י יְהוָֽה׃ 13 וְה֕וּא אִשָּׁ֥ה בִבְתוּלֶ֖יהָ יִקָּֽח׃ 14 אַלְמָנָ֤ה וּגְרוּשָׁה֙ וַחֲלָלָ֣ה זֹנָ֔ה אֶת־אֵ֖לֶּה לֹ֣א יִקָּ֑ח כִּ֛י אִם־בְּתוּלָ֥ה מֵעַמָּ֖יו יִקַּ֥ח אִשָּֽׁה׃ 15 וְלֹֽא־יְחַלֵּ֥ל זַרְע֖וֹ בְּעַמָּ֑יו כִּ֛י אֲנִ֥י יְהוָ֖ה מְקַדְּשֽׁוֹ׃ פ 16 וַיְדַבֵּ֥ר יְהוָ֖ה אֶל־מֹשֶׁ֥ה לֵּאמֹֽר׃ 17 דַּבֵּ֥ר אֶֽל־אַהֲרֹ֖ן לֵאמֹ֑ר אִ֣ישׁ מִֽזַּרְעֲךָ֞ לְדֹרֹתָ֗ם אֲשֶׁ֨ר יִהְיֶ֥ה בוֹ֙ מ֔וּם לֹ֣א יִקְרַ֔ב לְהַקְרִ֖יב לֶ֥חֶם אֱלֹהָֽיו׃ 18 כִּ֥י כָל־אִ֛ישׁ אֲשֶׁר־בּ֥וֹ מ֖וּם לֹ֣א יִקְרָ֑ב אִ֤ישׁ עִוֵּר֙ א֣וֹ פִסֵּ֔חַ א֥וֹ חָרֻ֖ם א֥וֹ שָׂרֽוּעַ׃ 19 א֣וֹ אִ֔ישׁ אֲשֶׁר־יִהְיֶ֥ה ב֖וֹ שֶׁ֣בֶר רָ֑גֶל א֖וֹ שֶׁ֥בֶר יָֽד׃ 20 אֽוֹ־גִבֵּ֣ן אוֹ־דַ֔ק א֖וֹ תְּבַלֻּ֣ל בְּעֵינ֑וֹ א֤וֹ גָרָב֙ א֣וֹ יַלֶּ֔פֶת א֖וֹ מְר֥וֹחַ אָֽשֶׁךְ׃ 21 כָּל־אִ֞ישׁ אֲשֶׁר־בּ֣וֹ מ֗וּם מִזֶּ֨רַע֙ אַהֲרֹ֣ן הַכֹּהֵ֔ן לֹ֣א יִגַּ֔שׁ לְהַקְרִ֖יב אֶת־אִשֵּׁ֣י יְהוָ֑ה מ֣וּם בּ֔וֹ אֵ֚ת לֶ֣חֶם אֱלֹהָ֔יו לֹ֥א יִגַּ֖שׁ לְהַקְרִֽיב׃ 22 לֶ֣חֶם אֱלֹהָ֔יו מִקָּדְשֵׁ֖י הַקֳּדָשִׁ֑ים וּמִן־הַקֳּדָשִׁ֖ים יֹאכֵֽל׃ 23 אַ֣ךְ אֶל־הַפָּרֹ֜כֶת לֹ֣א יָבֹ֗א וְאֶל־הַמִּזְבֵּ֛חַ לֹ֥א יִגַּ֖שׁ כִּֽי־מ֣וּם בּ֑וֹ וְלֹ֤א יְחַלֵּל֙ אֶת־מִקְדָּשַׁ֔י כִּ֛י אֲנִ֥י יְהוָ֖ה מְקַדְּשָֽׁם׃ 24 וַיְדַבֵּ֣ר מֹשֶׁ֔ה אֶֽל־אַהֲרֹ֖ן וְאֶל־בָּנָ֑יו וְאֶֽל־כָּל־בְּנֵ֖י יִשְׂרָאֵֽל׃ פ

JBMLE · Judson Bible

ယဇ်​ပု​ရော​ဟိတ်​များ​သန့်​ရှင်း​ရ​ခြင်း

1 တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျိုး​သား​ချင်း​သေ​သော​သူ​အ​တွက် သင်​တို့​တွင်​အ​ဘယ်​သူ​မျှ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။ 2 သို့​ရာ​တွင် ပေါက်​ဖော်​ရင်း​တည်း​ဟူ​သော မိ​ဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ 3 လင်​မ​နေ​သော က​ညာ​နှ​မ​ရင်း​အ​တွက် ညစ်​ညူး​ခြင်း​ကို ခံ​ရ​သော​အ​ခွင့်​ရှိ၏။ 4 အ​မျိုး​သား​ချင်း​သူ​ကြီး​အ​တွက်၊ ကိုယ်​ကို​ကိုယ်​ရှုတ်​ချ၍ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။ 5 ယဇ်​ပု​ရော​ဟိတ်​သည် ဆံ​ပင်​ကို​မ​ရိတ်​ရ။ ပါး​မုန်း​ကို​မ​ရိတ်​ရ။ အ​သား၌ ခုတ်​ရှ​ခြင်း​ကို​မ​ပြု​ရ။ 6 သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ မိ​မိ​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ မိ​မိ​ဘု​ရား​သ​ခင်၏ အ​စာ​အာ​ဟာ​ရ​ကို ပူ​ဇော်​သော​ကြောင့် သန့်​ရှင်း​ခြင်း​ရှိ​ရ​မည်။ 7 သူ​သည်​ပြည့်​တန်​ဆာ​မိန်း​မ၊ သီ​လ​ပျက်​သော​မိန်း​မ၊ လင်​နှင့်​ကွာ​သော​မိန်း​မ​နှင့် မ​စုံ​ဖက်​ရ။ မိ​မိ​ဘု​ရား​သ​ခင်​အ​ဖို့ သန့်​ရှင်း၏။ 8 သင်၏​ဘု​ရား​သ​ခင်​ပွဲ​တော်​ကို ဆက်​သော​ကြောင့်၊ သူ့​ကို​သန့်​ရှင်း​စေ၍၊ သူ​သည် သင့်​အ​ဖို့​သန့်​ရှင်း​ရ​မည်။ သင်​တို့​ကို​သန့်​ရှင်း​စေ​သော ငါ​ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း၏။ 9 ယဇ်​ပု​ရော​ဟိတ်​သ​မီး​သည်၊ ပြည့်​တန်​ဆာ​လုပ်၍ ကိုယ်​ကို​ကိုယ် ရှုတ်​ချ​လျှင်၊ မိ​မိ​အ​ဘ​ကို ရှုတ်​ချ​ရာ​ရောက်၏။ ထို​သူ​ကို မီး​ရှို့​ရ​မည်။

10 မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင်၊ အ​ဝတ်​တန်​ဆာ​ဆင်​လျက်၊ အ​ရာ၌​ခန့်​ထား၍ မိ​မိ​ခေါင်း​ပေါ်​မှာ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ခံ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည်၊ မိ​မိ​ခေါင်း၌ တန်​ဆာ​ကို​မ​ချွတ်​ရ။ မိ​မိ​အ​ဝတ်​ကို မ​ဆုတ်​ရ။ 11 အ​သေ​ကောင်​ကို မ​ချဉ်း​ရ။ မိ​ဘ​အ​တွက် ညစ်​ညူး​ခြင်း​ကို​မ​ခံ​ရ။ 12 သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​က မ​ထွက်​ရ။ မိ​မိ​ဘု​ရား​သ​ခင်၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မ​ရှုတ်​မ​ချ​ရ။ အ​ကြောင်း​မူ​ကား၊ မိ​မိ​ဘု​ရား​သ​ခင်၏ ဘိ​သိက်​ဆီ​နှင့်​ဆိုင်​သော သင်း​ကျစ်​ကို ဆောင်း​ရ​သော​သူ​ဖြစ်၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 13 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်၊ အ​ပျို​က​ညာ​နှင့်​သာ စုံ​ဖက်​ရ​မည်။ 14 မု​ဆိုး​မ၊ လင်​နှင့်​ကွာ​သော​မိန်း​မ၊ သီ​လ​ပျက်​သော​မိန်း​မ၊ ပြည့်​တန်​ဆာ​မိန်း​မ​နှင့် မ​စုံ​ဖက်​ရ။ မိ​မိ​အ​မျိုး​သား​ချင်း အ​ပျို​က​ညာ​နှင့်​သာ စုံ​ဖက်​ရ​မည်။ 15 မိ​မိ​သား​ကို၊ အ​မျိုး​သား​ချင်း​တို့​တွင် မ​ရှုတ်​မ​ချ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ကို သန့်​ရှင်း​စေ​သည်​ဟု​မိန့်​တော်​မူ၏။

16 တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်​အား​ဆင့်​ဆို​ရ​မည်​မှာ၊ 17 သင်၏​အ​မျိုး​အ​စဉ်​အ​ဆက်​တွင် ကိုယ်၌​အ​ပြစ်​ရှိ​သော​သူ​သည်၊ မိ​မိ​ဘု​ရား​သ​ခင်၏​ပွဲ​တော်​ကို ဆက်​ကပ်​အံ့​သော​ငှာ မ​ချဉ်း​မ​ကပ်​ရ။ 18 မျက်​စိ​ကန်း​သော​သူ၊ ခြေ​ဆွံ့​သော​သူ၊ နှာ​ခေါင်း​ပိ​သော​သူ၊ အင်္ဂါ​ပို​လွန်​သော​သူ၊ 19 လက်​ကျိုး​သော​သူ၊ ခြေ​ကျိုး​သော​သူ၊ 20 ကျော​ကုန်း​သော​သူ၊ ပု​သော​သူ၊ မျက်​စိ​နာ​သော​သူ၊ ဝဲ​စွဲ​သော​သူ၊ ယား​နာ​စွဲ​သော​သူ၊ ဝှေး​စေ့​ပျက်​သော​သူ​သည် မ​ချဉ်း​မ​ကပ်​ရ။ 21 ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အ​မျိုး​တွင်၊ ကိုယ်၌​အ​ပြစ်​ပါ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​အံ့​သော​ငှာ မ​ချဉ်း​မ​ကပ်​ရ။ ကိုယ်၌​အ​ပြစ်​ပါ​သော​ကြောင့်၊ မိ​မိ​ဘု​ရား​သ​ခင်၏​မုန့်​တော်​ကို ဆက်​ကပ်​အံ့​သော​ငှာ မ​ချဉ်း​မ​ကပ်​ရ။ 22 သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ အ​လွန်​သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ မိ​မိ​ဘု​ရား​သ​ခင်၏ မုန့်​တော်​ကို​စား​ရ​မည်။ 23 ကိုယ်၌​အ​ပြစ်​ပါ​သော​ကြောင့်၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​အ​ရပ်​တို့​ကို ရှုတ်​ချ​မည်​ကို စိုး​ရိမ်၍၊ ကု​လား​ကာ​အ​တွင်း​သို့ မ​ဝင်​ရ။ ယဇ်​ပ​လ္လင်​သို့ မ​ချဉ်း​မ​ကပ်​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​ရပ်​တို့​ကို သန့်​ရှင်း​စေ​သည်​ဟု မိန့်​တော်​မူ၏။ 24 မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​လေ၏။

Todos os capítulos de Leviticus 27
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.