Pular para o conteúdo
Publicidade Remover anúncios

Malachi 1

WLC · Westminster Leningrad Codex

1 מַשָּׂ֥א דְבַר־יְהוָ֖ה אֶל־יִשְׂרָאֵ֑ל בְּיַ֖ד מַלְאָכִֽי׃ 2 אָהַ֤בְתִּי אֶתְכֶם֙ אָמַ֣ר יְהוָ֔ה וַאֲמַרְתֶּ֖ם בַּמָּ֣ה אֲהַבְתָּ֑נוּ הֲלוֹא־אָ֨ח עֵשָׂ֤ו לְיַֽעֲקֹב֙ נְאֻם־יְהוָ֔ה וָאֹהַ֖ב אֶֽת־יַעֲקֹֽב׃ 3 וְאֶת־עֵשָׂ֖ו שָׂנֵ֑אתִי וָאָשִׂ֤ים אֶת־הָרָיו֙ שְׁמָמָ֔ה וְאֶת־נַחֲלָת֖וֹ לְתַנּ֥וֹת מִדְבָּֽר׃ 4 כִּֽי־תֹאמַ֨ר אֱד֜וֹם רֻשַּׁ֗שְׁנוּ וְנָשׁוּב֙ וְנִבְנֶ֣ה חֳרָב֔וֹת כֹּ֤ה אָמַר֙ יְהוָ֣ה צְבָא֔וֹת הֵ֥מָּה יִבְנ֖וּ וַאֲנִ֣י אֶהֱר֑וֹס וְקָרְא֤וּ לָהֶם֙ גְּב֣וּל רִשְׁעָ֔ה וְהָעָ֛ם אֲשֶׁר־זָעַ֥ם יְהוָ֖ה עַד־עוֹלָֽם׃ 5 וְעֵינֵיכֶ֖ם תִּרְאֶ֑ינָה וְאַתֶּ֤ם תֹּֽאמְרוּ֙ יִגְדַּ֣ל יְהוָ֔ה מֵעַ֖ל לִגְב֥וּל יִשְׂרָאֵֽל׃ 6 בֵּ֛ן יְכַבֵּ֥ד אָ֖ב וְעֶ֣בֶד אֲדֹנָ֑יו וְאִם־אָ֣ב אָ֣נִי אַיֵּ֣ה כְבוֹדִ֡י וְאִם־אֲדוֹנִ֣ים אָנִי֩ אַיֵּ֨ה מוֹרָאִ֜י אָמַ֣ר ׀ יְהוָ֣ה צְבָא֗וֹת לָכֶם֙ הַכֹּֽהֲנִים֙ בּוֹזֵ֣י שְׁמִ֔י וַאֲמַרְתֶּ֕ם בַּמֶּ֥ה בָזִ֖ינוּ אֶת־שְׁמֶֽךָ׃ 7 מַגִּישִׁ֤ים עַֽל־מִזְבְּחִי֙ לֶ֣חֶם מְגֹאָ֔ל וַאֲמַרְתֶּ֖ם בַּמֶּ֣ה גֵֽאַלְנ֑וּךָ בֶּאֱמָרְכֶ֕ם שֻׁלְחַ֥ן יְהוָ֖ה נִבְזֶ֥ה הֽוּא׃ 8 וְכִֽי־תַגִּשׁ֨וּן עִוֵּ֤ר לִזְבֹּ֨חַ֙ אֵ֣ין רָ֔ע וְכִ֥י תַגִּ֛ישׁוּ פִּסֵּ֥חַ וְחֹלֶ֖ה אֵ֣ין רָ֑ע הַקְרִיבֵ֨הוּ נָ֜א לְפֶחָתֶ֗ךָ הֲיִּרְצְךָ֙ א֚וֹ הֲיִשָּׂ֣א פָנֶ֔יךָ אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ 9 וְעַתָּ֛ה חַלּוּ־נָ֥א פְנֵי־אֵ֖ל וִֽיחָנֵ֑נוּ מִיֶּדְכֶם֙ הָ֣יְתָה זֹּ֔את הֲיִשָּׂ֤א מִכֶּם֙ פָּנִ֔ים אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ 10 מִ֤י גַם־בָּכֶם֙ וְיִסְגֹּ֣ר דְּלָתַ֔יִם וְלֹֽא־תָאִ֥ירוּ מִזְבְּחִ֖י חִנָּ֑ם אֵֽין־לִ֨י חֵ֜פֶץ בָּכֶ֗ם אָמַר֙ יְהוָ֣ה צְבָא֔וֹת וּמִנְחָ֖ה לֹֽא־אֶרְצֶ֥ה מִיֶּדְכֶֽם׃ 11 כִּ֣י מִמִּזְרַח־שֶׁ֜מֶשׁ וְעַד־מְבוֹא֗וֹ גָּד֤וֹל שְׁמִי֙ בַּגּוֹיִ֔ם וּבְכָל־מָק֗וֹם מֻקְטָ֥ר מֻגָּ֛שׁ לִשְׁמִ֖י וּמִנְחָ֣ה טְהוֹרָ֑ה כִּֽי־גָד֤וֹל שְׁמִי֙ בַּגּוֹיִ֔ם אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ 12 וְאַתֶּ֖ם מְחַלְּלִ֣ים אוֹת֑וֹ בֶּאֱמָרְכֶ֗ם שֻׁלְחַ֤ן אֲדֹנָי֙ מְגֹאָ֣ל ה֔וּא וְנִיב֖וֹ נִבְזֶ֥ה אָכְלֽוֹ׃ 13 וַאֲמַרְתֶּם֩ הִנֵּ֨ה מַתְּלָאָ֜ה וְהִפַּחְתֶּ֣ם אוֹת֗וֹ אָמַר֙ יְהוָ֣ה צְבָא֔וֹת וַהֲבֵאתֶ֣ם גָּז֗וּל וְאֶת־הַפִּסֵּ֨חַ֙ וְאֶת־הַ֣חוֹלֶ֔ה וַהֲבֵאתֶ֖ם אֶת־הַמִּנְחָ֑ה הַאֶרְצֶ֥ה אוֹתָ֛הּ מִיֶּדְכֶ֖ם אָמַ֥ר יְהוָֽה׃ ס 14 וְאָר֣וּר נוֹכֵ֗ל וְיֵ֤שׁ בְּעֶדְרוֹ֙ זָכָ֔ר וְנֹדֵ֛ר וְזֹבֵ֥חַ מָשְׁחָ֖ת לַֽאדֹנָ֑י כִּי֩ מֶ֨לֶךְ גָּד֜וֹל אָ֗נִי אָמַר֙ יְהוָ֣ה צְבָא֔וֹת וּשְׁמִ֖י נוֹרָ֥א בַגּוֹיִֽם׃

JBMLE · Judson Bible

ယာကုပ်အ​တွက်မေတ္တာ

1 ထာ​ဝ​ရ​ဘု​ရား​သည် မာ​လ​ခိ​လက်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သို့ ပေး​လိုက်​တော်​မူ​သော ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊ 2 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊ သင်​တို့​ကို ငါ​ချစ်​လေ​ပြီ။ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​သို့ ချစ်​တော်​မူ​သ​နည်း​ဟု သင်​တို့​မေး​ကြ​လျှင်၊ ဧ​သော​သည် ယာ​ကုပ်၏​အစ်​ကို ဖြစ်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ယာ​ကုပ်​ကို​ငါ​ချစ်၏။ရော၊ ၉:၁၃။ဟေ​ရှာ၊ ၃၄:၅-၁၇၊ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေ​ဇ၊၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ သြ၊ ၁-၁၄။3 ဧ​သော​ကို ငါ​မုန်း၍ သူ​နေ​သော​တောင်​တို့​ကို လွင်​ပြင်​ဖြစ်​စေ​ပြီ။ သူ့​အ​မွေ​ခံ​ရာ​မြေ​ကို မြေ​ခွေး​တို့၌ အပ်​လေ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 4 ဧ​ဒုံ​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည်​ပျက်​စီး​သော်​လည်း၊ ပျက်​စီး​သော​အ​ရပ်​တို့​ကို တစ်​ဖန် တည်​ဆောက်​ဦး​မည်​ဟု ဆို​ရာ​တွင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည်​တည်​ဆောက်​သော်​လည်း ငါ​ဖြို​ဖျက်​မည်။ သူ​တို့​ကို ဒု​စ​ရိုက်​ပြည်​သား၊ ထာ​ဝ​ရ​ဘု​ရား အ​စဉ်​အ​မျက်​ထွက်​တော်​မူ​သော လူ​မျိုး​ဟူ၍ သ​မုတ်​ကြ​လိမ့်​မည်။ 5 ထို​အ​မှု​ကို သင်​တို့​သည် မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်၏​ပြင်​မှာ ဘုန်း​တန်​ခိုး​ကြီး​တော်​မူ​သည်​ဟု ဆို​ကြ​လိမ့်​မည်။

ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပြစ်​တင်​ခြင်း

6 သား​သည် အ​ဘ​ကို ရို​သေ​တတ်၏။ ကျွန်​သည် သ​ခင်​ကို ကြောက်​ရွံ့​တတ်၏။ ငါ​သည် အ​ဘ​မှန်​လျှင်၊ ငါ့​ကို အ​ဘယ်​သူ ရို​သေ​သ​နည်း။ သ​ခင်​မှန်​လျှင်၊ အ​ဘယ်​သူ​ကြောက်​ရွံ့​သ​နည်း​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား မေး​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် နာ​မ​တော်​ကို အ​ဘယ်​သို့ မ​ထီ​မဲ့​မြင်​ပြု​ပါ​သ​နည်း​ဟု သင်​တို့​မေး​ရာ​တွင်၊ 7 ညစ်​ညူး​သော​အ​စာ​ကို ငါ့​ယဇ်​ပ​လ္လင်​သို့ ဆောင်​ခဲ့​ကြ​သည်​တ​ကား။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့ ရှုတ်​ချ​ပါ​သ​နည်း​ဟု မေး​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​စား​ပွဲ​သည် ယုတ်​မာ၏​ဟု​ဆို​သော​ကြောင့် ငါ့​ကို ရှုတ်​ချ​ကြ​ပြီ။ 8 မျက်​စိ​ကန်း​သော​အ​ကောင်​ကို ယဇ်​ပူ​ဇော်​လျှင် အ​ပြစ်​ရှိ​သည် မ​ဟုတ်​လော။ ခြေ​ဆွံ့​သော​အ​ကောင်​နှင့် နာ​သော​အ​ကောင်​ကို ယဇ်​ပူ​ဇော်​လျှင် အ​ပြစ်​ရှိ​သည် မ​ဟုတ်​လော။ မြို့​ဝန်​မင်း​အား ဆက်​ပါ​လော့။ မင်း၏​စိတ်​နှင့် တွေ့​လိမ့်​မည်​လော။ သင့်​မျက်​နှာ​ကို ထောက်​လိမ့်​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။တ​ရား၊ ၁၅:၂၁။9 ယ​ခု​မှာ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ကယ်​မ​သ​နား​တော်​မူ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ကြ​ပါ​လော့။ သင်​တို့​လက်​ခံ​သော​ကြောင့် ဤ​သို့ ပြု​တတ်​ကြ၏။ သင်​တို့​မျက်​နှာ​ကို ထောက်​ရ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 10 သင်​တို့​တွင် အ​ဘယ်​သူ​သည် ငါ့​တံ​ခါး​တို့​ကို ပိတ်​လိမ့်​မည်​နည်း။ သင်​တို့​သည် ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို အ​ချည်း​နှီး​မ​ညှိ​ရ​ကြ။ သင်​တို့​ကို ငါ​အ​လို​မ​ရှိ၊ သင်​တို့​ပြု​သော ပူ​ဇော်​သ​ကာ​ကို ငါ​လက်​မ​ခံ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

11 နေ​ထွက်​ရာ​အ​ရပ်​မှ​သည် နေ​ဝင်​ရာ​အ​ရပ်​တိုင်​အောင် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​နာ​မ​တော်​သည် ကြီး​မြတ်​ရ​လိမ့်​မည်။ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ နံ့​သာ​ပေါင်း​ကို ငါ၏​နာ​မ​တော်​အား​မီး​ရှို့၍၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​တော်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကြီး​မြတ်​ရ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 12 သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​စား​ပွဲ​တော်​သည် ညစ်​ညူး၏။ တင်​ထား​သော​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​သည် ယုတ်​မာ၏​ဟု ဆို​သော​ကြောင့် စား​ပွဲ​တော်​ကို ရှုတ်​ချ​ကြ​ပြီ။ 13 တစ်​ဖန် သင်​တို့​က၊ အ​မှု​တော်​ကို ဆောင်​ရွက်၍ ပင်​ပန်း​စွ​တ​ကား​ဟု ဆို​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​တတ်​ကြ​သည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လု​ယူ​သော​အ​ကောင်၊ ခြေ​ဆွံ့​သော​အ​ကောင်၊ နာ​သော​အ​ကောင်​ကို ဆောင်​ခဲ့​ကြ​ပြီ။ ထို​သို့​သော ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ကြ​ပြီ​တ​ကား။ သင်​တို့​လက်​မှ ငါ​ခံ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ 14 သ​စ္စာ​က​တိ​ထား​ပြီး​မှ မိ​မိ​သိုး​စု၌ အ​ထီး​ရှိ​လျက်​ပင်​လှည့်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​အား ချို့​တဲ့​သော အ​ကောင်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ငါ​သည် ကြီး​မြတ်​သော ရှင်​ဘု​ရင်​ဖြစ်၏။ ငါ၏​နာ​မ​တော်​သည် လူ​အ​မျိုး​မျိုး​တို့​တွင် ကြောက်​မက်​ဖွယ်​ဖြစ်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Todos os capítulos de Malachi 3
  1. 1
  2. 2
  3. 3

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.