Pular para o conteúdo
Publicidade Remover anúncios

Nehemiah 4

WLC · Westminster Leningrad Codex

1 וַיְהִ֣י כַאֲשֶׁ֣ר שָׁמַ֣ע סַנְבַלַּ֡ט וְ֠טוֹבִיָּה וְהָעַרְבִ֨ים וְהָעַמֹּנִ֜ים וְהָאַשְׁדּוֹדִ֗ים כִּֽי־עָלְתָ֤ה אֲרוּכָה֙ לְחֹמ֣וֹת יְרוּשָׁלִַ֔ם כִּי־הֵחֵ֥לּוּ הַפְּרֻצִ֖ים לְהִסָּתֵ֑ם וַיִּ֥חַר לָהֶ֖ם מְאֹֽד׃ 2 וַיִּקְשְׁר֤וּ כֻלָּם֙ יַחְדָּ֔ו לָב֖וֹא לְהִלָּחֵ֣ם בִּירוּשָׁלִָ֑ם וְלַעֲשׂ֥וֹת ל֖וֹ תּוֹעָֽה׃ 3 וַנִּתְפַּלֵּ֖ל אֶל־אֱלֹהֵ֑ינוּ וַנַּעֲמִ֨יד מִשְׁמָ֧ר עֲלֵיהֶ֛ם יוֹמָ֥ם וָלַ֖יְלָה מִפְּנֵיהֶֽם׃ 4 וַיֹּ֣אמֶר יְהוּדָ֗ה כָּשַׁל֙ כֹּ֣חַ הַסַּבָּ֔ל וְהֶעָפָ֖ר הַרְבֵּ֑ה וַאֲנַ֨חְנוּ֙ לֹ֣א נוּכַ֔ל לִבְנ֖וֹת בַּחוֹמָֽה׃ 5 וַיֹּאמְר֣וּ צָרֵ֗ינוּ לֹ֤א יֵדְעוּ֙ וְלֹ֣א יִרְא֔וּ עַ֛ד אֲשֶׁר־נָב֥וֹא אֶל־תּוֹכָ֖ם וַהֲרַגְנ֑וּם וְהִשְׁבַּ֖תְנוּ אֶת־הַמְּלָאכָֽה׃ 6 וַֽיְהִי֙ כַּאֲשֶׁר־בָּ֣אוּ הַיְּהוּדִ֔ים הַיֹּשְׁבִ֖ים אֶצְלָ֑ם וַיֹּ֤אמְרוּ לָ֨נוּ֙ עֶ֣שֶׂר פְּעָמִ֔ים מִכָּל־הַמְּקֹמ֖וֹת אֲשֶׁר־תָּשׁ֥וּבוּ עָלֵֽינוּ׃ 7 וָֽאַעֲמִ֞יד מִֽתַּחְתִּיּ֧וֹת לַמָּק֛וֹם מֵאַחֲרֵ֥י לַחוֹמָ֖ה בצחחיים וָֽאַעֲמִ֤יד אֶת־הָעָם֙ לְמִשְׁפָּח֔וֹת עִם־חַרְבֹתֵיהֶ֛ם רָמְחֵיהֶ֖ם וְקַשְּׁתֹתֵיהֶֽם׃ 8 וָאֵ֣רֶא וָאָק֗וּם וָאֹמַ֞ר אֶל־הַחֹרִ֤ים וְאֶל־הַסְּגָנִים֙ וְאֶל־יֶ֣תֶר הָעָ֔ם אַל־תִּֽירְא֖וּ מִפְּנֵיהֶ֑ם אֶת־אֲדֹנָ֞י הַגָּד֤וֹל וְהַנּוֹרָא֙ זְכֹ֔רוּ וְהִֽלָּחֲמ֗וּ עַל־אֲחֵיכֶם֙ בְּנֵיכֶ֣ם וּבְנֹתֵיכֶ֔ם נְשֵׁיכֶ֖ם וּבָתֵּיכֶֽם׃ פ 9 וַיְהִ֞י כַּֽאֲשֶׁר־שָׁמְע֤וּ אוֹיְבֵ֨ינוּ֙ כִּי־נ֣וֹדַֽע לָ֔נוּ וַיָּ֥פֶר הָאֱלֹהִ֖ים אֶת־עֲצָתָ֑ם ונשוב כֻּלָּ֨נוּ֙ אֶל־הַ֣חוֹמָ֔ה אִ֖ישׁ אֶל־מְלַאכְתּֽוֹ׃ 10 וַיְהִ֣י ׀ מִן־הַיּ֣וֹם הַה֗וּא חֲצִ֣י נְעָרַי֮ עֹשִׂ֣ים בַּמְּלָאכָה֒ וְחֶצְיָ֗ם מַחֲזִיקִים֙ וְהָרְמָחִ֣ים הַמָּגִנִּ֔ים וְהַקְּשָׁת֖וֹת וְהַשִּׁרְיֹנִ֑ים וְהַ֨שָּׂרִ֔ים אַחֲרֵ֖י כָּל־בֵּ֥ית יְהוּדָֽה׃ 11 הַבּוֹנִ֧ים בַּחוֹמָ֛ה וְהַנֹּשְׂאִ֥ים בַּסֶּ֖בֶל עֹמְשִׂ֑ים בְּאַחַ֤ת יָדוֹ֙ עֹשֶׂ֣ה בַמְּלָאכָ֔ה וְאַחַ֖ת מַחֲזֶ֥קֶת הַשָּֽׁלַח׃ 12 וְהַ֨בּוֹנִ֔ים אִ֥ישׁ חַרְבּ֛וֹ אֲסוּרִ֥ים עַל־מָתְנָ֖יו וּבוֹנִ֑ים וְהַתּוֹקֵ֥עַ בַּשּׁוֹפָ֖ר אֶצְלִֽי׃ 13 וָאֹמַ֞ר אֶל־הַחֹרִ֤ים וְאֶל־הַסְּגָנִים֙ וְאֶל־יֶ֣תֶר הָעָ֔ם הַמְּלָאכָ֥ה הַרְבֵּ֖ה וּרְחָבָ֑ה וַאֲנַ֗חְנוּ נִפְרָדִים֙ עַל־הַ֣חוֹמָ֔ה רְחוֹקִ֖ים אִ֥ישׁ מֵאָחִֽיו׃ 14 בִּמְק֗וֹם אֲשֶׁ֤ר תִּשְׁמְעוּ֙ אֶת־ק֣וֹל הַשּׁוֹפָ֔ר שָׁ֖מָּה תִּקָּבְצ֣וּ אֵלֵ֑ינוּ אֱלֹהֵ֖ינוּ יִלָּ֥חֶם לָֽנוּ׃ 15 וַאֲנַ֖חְנוּ עֹשִׂ֣ים בַּמְּלָאכָ֑ה וְחֶצְיָ֗ם מַחֲזִיקִים֙ בָּֽרְמָחִ֔ים מֵעֲל֣וֹת הַשַּׁ֔חַר עַ֖ד צֵ֥את הַכּוֹכָבִֽים׃ 16 גַּ֣ם בָּעֵ֤ת הַהִיא֙ אָמַ֣רְתִּי לָעָ֔ם אִ֣ישׁ וְנַעֲר֔וֹ יָלִ֖ינוּ בְּת֣וֹךְ יְרוּשָׁלִָ֑ם וְהָֽיוּ־לָ֧נוּ הַלַּ֛יְלָה מִשְׁמָ֖ר וְהַיּ֥וֹם מְלָאכָֽה׃ 17 וְאֵ֨ין אֲנִ֜י וְאַחַ֣י וּנְעָרַ֗י וְאַנְשֵׁ֤י הַמִּשְׁמָר֙ אֲשֶׁ֣ר אַחֲרַ֔י אֵין־אֲנַ֥חְנוּ פֹשְׁטִ֖ים בְּגָדֵ֑ינוּ אִ֖ישׁ שִׁלְח֥וֹ הַמָּֽיִם׃ ס

JBMLE · Judson Bible

ဆီး​တား​မှု​ကို​အောင်​မြင်​ခြင်း

1 ထို​သို့ ငါ​တို့​သည် မြို့​ရိုး​တည်​ကြောင်း​ကို၊ သ​မ္ဘာ​လတ်​သည် သ​တင်း​ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​အ​မျက်​ထွက်၍၊ ယု​ဒ​လူ​တို့​ကို ပြက်​ရယ်​ပြု​လျက်၊ 2 အား​မ​ရှိ​သော ထို​ယု​ဒ​လူ​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ကိုယ်​ကို ခိုင်​ခံ့​စေ​မည်​လော။ ယဇ်​ပူ​ဇော်​မည်​လော။ တစ်​နေ့​ချင်း​တွင် လက်​စ​သတ်​မည်​လော။ ကျွမ်း​လောင်​သော ကျောက်​တို့​ကို အ​မှိုက်​ပုံ​များ​ထဲ​က​ထုတ်၍ ပြု​ပြင်​မည်​လော​ဟု မိ​မိ​အ​မျိုး​သား​ချင်း၊ ရှ​မာ​ရိ တပ်​သား​ရှေ့​မှာ ပြော​ဆို၏။ 3 သူ့​အ​နား​မှာ​ရှိ​သော အ​မ္မုန်​အ​မျိုး​သား တော​ဘိ​က​လည်း၊ သူ​တို့​တည်​သော ကျောက်​ရိုး​ကို တော​ခွေး​ထိ​ခိုက်​လျှင် ပြို​လဲ​လိမ့်​မည်​ဟု ပြန်​ပြော၏။ 4 အို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​ပါ၏။ သူ​တို့​ကဲ့​ရဲ့​သော​စ​ကား​သည်၊ သူ​တို့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​ပါ​စေ​သော။ သိမ်း​သွား​ခြင်း​ကို ခံ​ရာ​ပြည်၌ လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။ 5 သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကို ဖုံး​အုပ်​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်၌ သူ​တို့​အ​ပြစ် မ​ပြေ​ပါ​စေ​နှင့်။ မြို့​ရိုး​ကို​တည်​သော သူ​တို့၏​စိတ်​ကို နာ​စေ​ခြင်း​ငှာ၊ ပြော​တတ်​ကြ​ပါ​သည်​တ​ကား။ 6 သို့​ရာ​တွင် ငါ​တို့​သည် မြို့​ရိုး​ကို​တည်​ကြ၏။ တည်​လုပ်​သော သူ​တို့​သည် စေ​တ​နာ​ကြီး​သော​ကြောင့်၊ မြို့​ပတ်​လည် မြို့​ရိုး​အ​မြင့် တစ်​ဝက်​တိုင်​အောင် ပြီး​လေ၏။

7 ယေ​ရု​ရှ​လင်​မြို့​ရိုး​မြင့်၍ ပြို​ပျက်​ရာ​တို့​ကို ပြင်​စ​ပြု​ကြ​သည်​ဟု သ​မ္ဘာ​လတ်​နှင့် တော​ဘိ​အ​စ​ရှိ​သော အာ​ရပ်​လူ၊ အ​မ္မုန်​လူ၊ အာ​ဇုတ်​လူ​တို့​သည် ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​စိတ်​ရှိ​သ​ဖြင့်၊ 8 ယေ​ရု​ရှ​လင်​မြို့​ကို စစ်​ချီ၍​တိုက်​မည်။ ထို​အ​မှု​ကို ဖျက်​မည်​ဟု တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြ၏။ 9 သို့​ရာ​တွင် ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍၊ ရန်​သူ​ကြောင့် နေ့​ည​မ​ပြတ် ကင်း​စောင့်​ထား​ကြ၏။ 10 ယု​ဒ​လူ​အ​ချို့​က​လည်း၊ ဝန်​ထမ်း​သော သူ​တို့​သည် အား​ကုန်​ကြ​ပြီ။ အ​မှိုက်​များ​လှ၏။ မြို့​ရိုး​ပြီး​စီး​အောင် မ​တတ်​နိုင်​ကြ​ဟု ဆို​ကြ၏။ 11 ရန်​သူ​တို့​က​လည်း၊ သူ​တို့​သည် အ​မှတ်​တ​မဲ့၊ သ​တိ​မ​ရှိ​ဘဲ​နေ​စဉ်​တွင်၊ ငါ​တို့​သည် သူ​တို့​အ​ထဲ​သို့​ဝင်၍ လုပ်​ကြံ​သ​ဖြင့်၊ ထို​အ​လုပ်​ကို ဖျက်​မည်​ဟု ဆို​ကြ၏။ 12 သူ​တို့​အ​နား​မှာ​နေ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ လာ၍ ရန်​သူ​တို့​သည် နေ​ရာ​အ​ရပ်​ရပ်​တို့​က၊ သင်​တို့​ကို တိုက်​လာ​ကြ​လိမ့်​မည်​ဟု ငါ​တို့​အား အ​ထပ်​ထပ်​ဆို​ကြ၏။ 13 ထို​ကြောင့် မြို့​ရိုး​နောက်၊ နိမ့်​သော​အ​ရပ်၊ ရှင်း​လင်း​သော အ​ရပ်​တို့၌ ဓား၊ လှံ၊ လေး​လက်​နက်​ပါ​သော လူ​များ​ကို အ​ဆွေ​အ​မျိုး​အ​လိုက် ငါ​ခန့်​ထား၏။ 14 ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု​စီ​ရင်​ပြီး​မှ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ခေါ်၍၊ ရန်​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ် ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​ကြ​လော့။ ညီ​အစ်​ကို သား​မ​ယား​အိမ်​ရာ​အ​ဖို့ တိုက်​ကြ​လော့​ဟု ဆို၏။ 15 ထို​သို့​ငါ​တို့​သည် သ​တိ​ရ၍၊ ရန်​သူ​အ​ကြံ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို သူ​တို့​ကြား​သိ​သော​အ​ခါ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​သီး​အ​သီး လုပ်​ရာ​အ​ရပ် မြို့​ရိုး​သို့​ပြန်​လုပ်​ကြ၏။ 16 နောက်​မှ ငါ့​ကျွန်​တစ်​ဝက်​သည် အ​လုပ်​လုပ်​ကြ၏။ တစ်​ဝက်​သည် လှံ၊ ဒိုင်း၊ လေး၊ သံ​ချပ်​တို့​ကို ကိုင်​ကြ၏။ မင်း​တို့​သည် ယု​ဒ​အ​မျိုး​သား​များ​နောက်​မှာ နေ​ကြ၏။ 17 မြို့​ရိုး​တည်​သော​သူ၊ ဝန်​ထမ်း​သော​သူ၊ ဝန်​ကို​တင်​သော​သူ အ​ပေါင်း​တို့​သည် လက်​တစ်​ဖက်​နှင့် လုပ်​ကြ၏။ လက်​တစ်​ဖက်​နှင့် လက်​နက်​ကို​ကိုင်​ကြ၏။ 18 တည်​လုပ်​သော သူ​အ​ပေါင်း​တို့​သည်၊ ခါး၌ ဓား​ဆွဲ​လျက် တည်​လုပ်​ကြ၏။ တံ​ပိုး​မှုတ်​သော​သူ​သည် ငါ့​အ​နား​မှာ ရပ်​နေ၏။ 19 ငါ​က​လည်း၊ အ​လုပ်​သည် ကြီး​ကျယ်​လှ၏။ မြို့​ရိုး​ပေါ်​မှာ တစ်​ယောက်​တ​ခြား​စီ သူ​နှင့်​ငါ ဝေး​ဝေး​လုပ်​ရ၏။ 20 သို့​ဖြစ်၍၊ တံ​ပိုး​မှုတ်​သံ​ကို ကြား​လေ​ရာ​ရာ​အ​ရပ်​မှ၊ ငါ​တို့​ထံ​သို့ စည်း​ဝေး​ကြ။ ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ငါ​ဆို၏။ 21 ထို​သို့ ငါ​တို့​သည် အ​လုပ်​လုပ်​ကြ၏။ လူ​တစ်​ဝက်​သည် မိုး​လင်း​သည်​မှ​စ၍ ကြယ်​ပေါ်​သည်​တိုင်​အောင်၊ လှံ​လက်​နက်​တို့​ကို ကိုင်​ကြ၏။ 22 ထို​အ​ခါ၌​လည်း၊ ငါ​က လူ​တိုင်း မိ​မိ​ကျွန်​နှင့်​တ​ကွ ည​အ​ချိန်​တွင်၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အိပ်​စေ။ သို့​ပြု​လျှင်၊ ကျွန်​တို့​သည် နေ့​အ​ခါ အ​လုပ်​လုပ်​လျက်၊ ည​အ​ခါ အ​လှည့်​လှည့်​စောင့်​လျက် ရှိ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား​ဆို၏။ 23 ထို​သို့ ငါ​နှင့်​ငါ့​ညီ၊ ငါ့​ကျွန်၊ ငါ့​နောက်၌​လိုက်​သော တပ်​သား​တို့​သည်၊ ကိုယ်​အ​ဝတ်​ကို မ​ချွတ်​ဘဲ နေ​ရ​ကြ၏။

Todos os capítulos de Nehemiah 13
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.